Prednisone တွေ၊ ဒက်စာတွေကို အရောင်ရမ်းကျဖို့ ဒါမှမဟုတ် တချို့သော ဟော်မုန်းရောဂါတွေအတွက် သုံးတာကလည်း ဝက်ခြံကို ပြန်ပြန်ဖြစ်စေနိုင်ပါတယ်။ ပိုဆိုးတာက ကြွက်သားတက်စေတဲ့ anabolic steroids တွေပါ။ Gym ဆော့တဲ့ သူတွေ ကြွက်သားတက်အောင်ဆိုပြီး သုံးတတ်ကြပါတယ်။ ဒါကတော့ ဝက်ခြံကို ပြန်ပြန်ဖြစ်စေပါတယ်။
မျက်နှာမှာ လိမ်းတဲ့ skin careတွေ ဖြစ်ဖြစ်၊ ခေါင်းမှာလိမ်းတဲ့ ခေါင်းလိမ်းဆီ၊ ဂျယ် စတာတွေက စေးပျစ်တာမျိုးတွေ ဖြစ်ခဲ့ရင် ချွေးပေါက်တွေကို ပိတ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။
- လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ
လေ့ကျင့်ခန်း လုပ်ပြီဆိုရင် ချွေးတွေ ထွက်ပြီး ချွေးပေါက်တွေ ကျယ်လာပါတယ်။ အဆီတွေ ထုတ်တာလည်း ပိုများလာပါတယ်။ ဒီတော့ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေက ချွေးပေါက်ထဲကို အလွယ်တကူ ဝင်လာနိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်အောင် ကာကွယ်ရတာက လွယ်ပါတယ်။
လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးစုပ်လွယ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားကို ဝတ်ပါ။ လုပ်ပြီးသွားရင်လည်း ရေချိုးချပါ။ မျက်နှာသစ်ပါ။ ချွေးစိုနေတဲ့ အဝတ်အစားတွေနဲ့ အကြာကြီး မနေပါနဲ့။ ချွေးပေနေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သေချာသန့်ရှင်းရေး လုပ်ပါ။
အမျိုးသားများ ဝက်ခြံပေါက်တဲ့အခါ
အမျိုးသားတွေမှာ လူပျိုပေါက်အရွယ်တည်းက ထွက်တဲ့ ဝက်ခြံက အသက် ၃၀ကျော်တဲ့အထိ ဆက်ထွက်တတ်ပါတယ်။ အမျိုးသမီးတွေထက်လည်း ပိုဆိုးတတ်ပါတယ်။ ဝက်ခြံအကြီးတွေ၊ ပြည်ဖုကြီးတွေ ဖြစ်တတ်ပြီး အမာရွတ်တွေလည်း ကျန်တတ်ပါတယ်။
အမျိုးသားတွေမှာ ဝက်ခြံပေါက်ရတဲ့ အကြောင်းရင်းကို သိထားမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်တွေကို ဆင်ခြင်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။