အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

အသားအရေက ထိခိုက်လွယ်တာ နဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက်

ရုတ်တရက် ကြည့်လိုက်ရင် အသားအရေက အားလုံး အတူတူပဲလို့ ထင်စရာ ရှိပါတယ်။ တကယ်ကတော့ အသားအရေ အမျိုးအစားတွေက တော်တော်များပါတယ်။ အသားအရေ အမျိုးအစားကို ပုံမှန် အသားအရေ၊ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ ပေါင်းစပ် အသားအရေ၊ ထိခိုက်လွယ်တဲ့ အသားအရေဆိုပြီး အမျိုးအစားတွေ ခွဲထားပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားက ထိခိုက်လွယ်နေတာလား။ အသားအရေ အမျိုးအစားကိုက ထိခိုက်လွယ် အသားအရေ အမျိုးအစားလားဆိုတာကို ကိုယ်တိုင် သေသေချာချာ ဆန်းစစ် ဆုံးဖြတ်နိုင်စေဖို့ ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးချင်ပါတယ်။ အသားအရေက ထိခိုက်လွယ်တာနဲ့ ထိခိုက်လွယ် အသားအရေကြားက ကွာခြားချက် အမြဲလိုလို အရေပြားက နာကျင်နေသလို၊ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသလို ခံစားနေရတယ်ဆိုတိုင်း အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေလို့ မဆိုနိုင်ပါဘူး။ ဒီအခြေအနေမှာ စဉ်းစားရမှာက အသားအရေက ထိခိုက်လွယ်လာတာလား။ နဂိုကတည်းက ထိခိုက်လွယ်တဲ့ […]


ဝက်ခြံ

မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား

တစ်နေ့တစ်နေ့ မျက်နှာပေါ်မှာ မလိုချင်ဘဲ တိုးလာနေတာက ဝက်ခြံ တွေ များလား။ မနက်နိုးလို့ မှန်ထဲကြည့်လိုက်မိတိုင်း မျက်နှာပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်က အကျအနကို နေရာယူလို့ မောင်းထုတ်မယ် ကြံပြန်တော့လည်း ချန်ခဲ့တဲ့ အမာရွတ်ကို အမှတ်တရ အနေနဲ့ သိမ်းထားရပြန်ရောလေ။ ဒီပြဿနာကို မကျေနပ်ခြင်းများစွာနဲ့ အဖြေထုတ်ကြည့်တော့ ဘာရယ် ရေရေရာရာ မသေချာဘဲ ကောက်ချက်ချလိုက်မိတာက မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ဆိုပြီး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ်ထုတ်ထားတဲ့ အဖြေက မှန်ရဲ့လားဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ကြည့်လိုက်နော်။ မျက်နှာပေါ်မှာ ဝက်ခြံပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား မျက်နှာပေါ်မှာ ဝက်ခြံ ပေါက်တာ ဖုန်းစခရင်ခ်ကြောင့်များလား ....... ဒီအဖြေက ရာနှုန်းပြည့်မမှန်ပါဘူး။ ဘာလို့ဒီလိုပြောရတာလဲဆိုတော့ လူတိုင်း ဖုန်းသုံးနေ၊ ဖုန်းနဲ့ မျက်နှာနဲ့ ကပ်ပြီး ပြောနေပေမဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

လေဒီလေးတိုင်း သိထားသင့်တဲ့ သဘာဝ Toner လေးတွေ

မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ညအိပ်ရာမဝင်ခင်ဘဲဖြစ်ဖြစ် လေဒီလေးတော်တော်များများလုပ်တတ်ကြတဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဒါကတော့ မျက်နှာကို micellar water လေးနဲ့ သန့်စင်တယ်။ ပြီးရင် မျက်နှာသစ်တယ်၊ နောက်တဆင့်က toner လေး သုံးတယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းမယ်။ ပြီးရင်တော့ ကျန်တဲ့အဆင့်လေးတွေကို ဆက်လူးတယ်နော်။ ဟုတ်လား..... Toner ဘာကြောင့်လိမ်းသင့်တာလဲ...... မျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်လိုက်ပေမယ့် အသားအရေက အလုံးစုံသန့်စင်သွားတာမဟုတ်ပါဘူး။ ချွေးပေါက်တွေထဲမှာ ဖုန်မှုန့်အကြွင်းအကျန်လေးတွေကျန်နေနိုင်ပါတယ်။ ဒါကို သေချာမသန့်စင်မိရင် ရေရှည်မှာ ချွေးပေါက်ကျယ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးကျန်ခဲ့တဲ့ ဖုန်မှုန့်အကြွင်းအကျန်တွေကိုဖယ်ရှားဖို့နဲ့ ချွေးပေါက်တွေကို ကျဉ်းစေဖို့အတွက် Toner ကိုသုံးပေးသင့်ပါတယ်။ အသားအရေအတွက် အသုံးပြုပေးလို့ရတဲ့ သဘာဝ Toner လေးတွေ အသားအရေလေးကောင်းဖို့ Toner လေး သုံးချင်ပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေပါနေလို့ အသားအရေထိခိုက်မှာလည်း စိုးတယ်။ သဘာဝ Toner လေးတွေ ကိုတော့ သုံးချင်တယ်ဆိုတဲ့ လေဒီလေးတွေအနေနဲ့ […]


ဝက်ခြံ

ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ အလွယ်ကူဆုံး အိမ်တွင်းကုထုံး (၅) ချက်

ဝက်ခြံ အမာရွတ်တွေက စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံး အရေပြားပြဿနာပါ။ ဒီအချက်ကို ဝက်ခြံပေါက်ပြီး အမာရွတ်တွေ အမည်းစက်တွေ ကျန်ခဲ့တဲ့သူတိုင်း လက်ခံကြမယ် ထင်ပါတယ်။ ဒါတွေက ပျောက်ရော ပျောက်ပါ့မလားဆိုတဲ့ အတွေးတွေလည်း ဝင်ခဲ့ဖူးမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံအမာရွတ်တွေက ပျောက်ပါတယ်။ အချိန် ပေးရတာပါ။ ဝက်ခြံ အမာရွတ်တွေက ဝက်ခြံတွေထက် ပျောက်ဖို့ အချိန်ပေးရတာပါ။ ဒီတစ်ခေါက်တော့ မျက်နှာလေးကို မှန်ထဲ ကြည့်လိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေမယ့် အိမ်မှာပဲ အလွယ်တကူ လုပ်ဆောင်လို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့ အချိန် ဘယ်လောက် ပေးရမလဲ ........ ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့က အပေါ်မှာ ပြောခဲ့သလို ဝက်ခြံတွေထက် အချိန်ပိုပေးရပါတယ်။ ဝက်ခြံတွေက အလွန်ဆုံး […]


အသားအရေ ထိန်းသိမ်းခြင်း

အမည်းစက် ရှိတဲ့ အရေပြားကို ကျန်းမာအောင် ဘယ်လို ထိန်းသိမ်းမလဲ .......

အသားအရေက ဝက်ခြံတော့ မရှိဘူး။ အဆီနည်းနည်း ပြန်တယ်။ ဝက်ခြံ အမာရွတ်လေးတွေ အမည်းစက် လေးတွေ ရှိတယ်။ ဒီလို အသားအရေမျိုးကို ကျန်းမာနေအောင် ဘယ်လို ထိန်းသိမ်းရမလဲဆိုပြီး စိတ်ပူနေပြီလား...... ဒါဆိုရင်တော့ စိတ်ပူမနေပါနဲ့တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ အမည်းစက်တွေက ပျောက်ပါ့မလား ....... အမည်းစက်တွေက အထပ်ထပ် ကုတ်ဖဲ့မခံရဘူးဆိုရင် အချိန် ၃ လကနေ ၆ လလောက်အတွင်းမှာ လုံးဝ အရှင်း သက်သာသွားနိုင်ပါတယ်။ ဒီလို သက်သာစေတာကို အချိန် တိုတိုနဲ့ လိုချင်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရေပြားဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းအောင် လုပ်ဆောင်ပေးတာ၊ အစိုဓာတ် ထိန်းပေးတာ၊ ဆဲလ်သေတွေ ဖယ်ရှားပေးတာက အရေပြားပေါ်က အမည်းစက်တွေကို ထိထိရောက်ရောက် သက်သာစေနိုင်မယ့် နည်းလမ်းကောင်းတွေပါ။ နောက်တစ်ချက်က ရေများများသောက်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

ဖောလစ်အက်ဆစ်က အရေပြား ကျန်းမာစေလား ........

ဖောလစ်အက်ဆစ် လို့ ပြောလိုက်ရင် ကိုယ်ဝန်ဆောင် မေမေတွေ သောက်ရတာလေ။ မွေးလာမယ့် ဘေဘီလေး ကျန်းမာစေဖို့လို့ ပြေးမြင်မယ် ထင်ပါတယ်။ မဟုတ်ဘူးဆိုရင် အော် ..... ဘေဘီလေးတွေ သောက်ရတာလေ ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးစေဖို့ ဆိုပြီးတော့လေ။ တကယ်ကတော့ ဖောလစ်အက်ဆစ်က ဘေဘီလေးတွေ ကိုယ်ဝန်ဆောင် လေဒီလေးတွေအတွက် အရေးပါသလို အသားအရေ လှချင်တဲ့ လေဒီလေးတွေအတွက်လည်း အရေးပါတဲ့ ဗီတာမင် တစ်ရပ်ပါ။  ဖောလစ်အက်ဆစ်က အရေပြား ကျန်းမာစေလား ........... ဖောလစ်အက်ဆစ်ကအရေပြား ကျန်းမာစေလား ...... ဆိုတော့ ကျန်းမာစေတယ်လို့ပဲ ပြောရပါမယ်။ ဖောလစ်အက်ဆစ်က ဗီတာမင် B အမျိုးအစားတစ်မျိုးပါ။ ဗီတာမင် B9 ပါ။ ရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်သလို […]


အခြားအရေပြားပြဿနာများ

အရေပြားပေါ်က ခပ်ဝိုင်းဝိုင်း အကွက်က စုန်းစုပ်တာ တဲ့လား .........

မနေ့ညက အိပ်တဲ့အထိ ဘာအကွက်မှ ရှိမနေပါဘူး။ မနက်နိုးတော့မှ  တဆစ်ဆစ် နာတယ်ဆိုပြီး ကြည့်လိုက်တော့ ပေါင်မှာ အကွက်လိုက်ကြီး ဖြစ်နေတယ်။ ခပ်ညိုညိုကြီး ဘာဖြစ်တာလဲ မသိဘူး။ သိလောက်မယ်ထင်တဲ့ သူတွေကို မေးကြည့်တော့လည်း စုန်းစုပ်တာ တဲ့။ စုန်းက ချစ်လို့ စုပ်တာ မုန်းရင် လုပ်တယ်။ ဘာမှ သွားမလုပ်နဲ့နော်။ ဒီအတိုင်းသာ ထားလိုက် သူ့ဘာသာ သူပျောက်သွားလိမ့်မယ်။ ဘယ်သူလဲ သိချင်ရင်တော့ နနွင်းမှုန့်လေး လိမ်း ဒါမှမဟုတ်ရင် စကောကို သွေးလိမ်းထားလိုက် လုပ်ထားတဲ့ စုန်းက စကော လာငှားလိမ့်မယ်။ နနွင်း လာချေးလိမ့်မယ်ဆိုတာတွေကို ငယ်ကတည်းက ကြားဖူးခဲ့မယ် ထင်ပါတယ်။ ဒါက တကယ်လား ..... ယုံတမ်း စကား သက်သက်လား ...... သိပ္ပံနည်းလမ်းကျကျ လေ့လာမှု ရလဒ်တွေကရော ဘာတွေဖြစ်မလဲဆိုတာကို […]


အသားအရေ ထိန်းသိမ်းခြင်း

အသားမာ တွေကြောင့် စိတ်ရှုပ်နေပြီလား

လက်ဖဝါး ခြေဖဝါးလေးတွေ နူးညံ့နေတာကို လူတိုင်း လိုလို သဘောကျတတ်ပါတယ်။ လေဒီလေးတွေဆိုရင် လက်ဖဝါး၊ ခြေဖဝါး နုနုကြည်ကြည်လေး ဖြစ်ချင်တဲ့ ဆန္ဒ မရှိသူ ခပ်ရှားရှားပါ။ ဒီတစ်ခေါက်တော့ ခြေဖဝါး လက်ဖဝါးတွေမှာ ဖြစ်တတ်တဲ့ အသားမာ တွေကြောင့် စိတ်ရှုပ်နေတဲ့သူတွေအတွက် ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အသားမာဆိုတာ အသားမာဆိုတာ နာမည်နဲ့လိုက်အောင် ပုံမှန် အရေပြားထက် ထူပြီး မာကြောတဲ့ အရေပြား အစိတ်အပိုင်းပါ။ များသောအားဖြင့် အရွယ်အစား သိပ်မကြီးဘဲ မာကျောနေတတ်ပြီး ယားယံတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ အသားမာက ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်သလို အန္တရာယ်လည်း မရှိပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသားမာ အမျိုးအစားများ အသားမာတွေကို အဓိက အနေနဲ့ အမျိုးအစား (၃) […]


အသားအရေ ထိန်းသိမ်းခြင်း

ရေအေးအေးလေးနဲ့ မျက်နှာသစ်တဲ့အခါ

မျက်နှာကို သန့်စင်တာ၊ မျက်နှာသစ်တာက နေ့စဉ်လုပ်နေကျ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထ တစ်ရပ်ပါ။ ဒီလို မျက်နှာသစ်တဲ့အခါ အသုံးပြုနေတဲ့ ရေရဲ့ အပူချိန်ပေါ်လိုက်ပြီး အရေပြားပေါ်မှာ သက်ရောက်မှုလေးတွေ ကွာခြားနိုင်ပါတယ်။ ဘယ်လိုရေနဲ့ သစ်သစ် မျက်နှာက သစ်ပြီးသွားတာ မှန်ပေမယ့် မျက်နှာသစ်တဲ့ ရေအပူချိန် မှန်မှန်နဲ့ သစ်တာကတော့ မျက်နှာအရေပြားကို အကျိုးကျေးဇူး များစေနိုင်ပါသတဲ့။ ဒီတစ်ခေါက်တော့ မနက်နိုးတဲ့အခါ ရေအေးအေးလေးနဲ့ မျက်နှာသစ်တဲ့အခါ ဘယ်လို ကောင်းကျိုးလေးတွေရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ ရေအေးအေးနဲ့ မျက်နှာသစ်လို့ ရလား ...... လူအတော်များများ လက်ခံထားတာက မျက်နှာပေါ်က အညစ်အကြေးတွေ စင်ကြယ်စေဖို့ဆိုရင် ရေနွေးနွေးလေးနဲ့ သစ်ရမယ်လို့ပေါ့။ ရေနွေးနဲ့ သစ်တာက အကျိုးကျေးဇူးလေးတွေရှိသလို မိုးလင်းလာတဲ့အခါ ရေအေးအေးလေးနဲ့ မျက်နှာသစ်တာကလည်း အကျိုးကျေးဇူးလေးတွေ ရှိပါတယ်။ ရေနွေးနွေး နဲ့ မျက်နှာသစ်လို့ ရသလို ရေအေးအေးနဲ့လည်း […]


အသားအရေ ထိန်းသိမ်းခြင်း

အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့

အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်သလို လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ အရေပြားက အနာအဆာတွေ ကင်းလေလေ လူအများကြားထဲမှာ ထင်းခနဲ လှလေလေပါပဲ။ အရေပြား အနာအဆာ ကင်းဖို့ဆိုတာကလည်း ပြောသလောက်တော့ မလွယ်ပါဘူး။ အရေပြားက ထိခိုက်လွယ်သလို ဟော်မုန်း အပြောင်းအလဲကြောင့်၊ ရာသီဥတုကြောင့်၊ ထိခိုက်မိတာတွေကြောင့်ဆိုပြီး အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ ဖြစ်ပေါ်လာတဲ့ အနာအဆာတွေကို ကင်းစေဖို့ ဘာတွေ စားပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့ နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အရေပြားပေါ်က အနာအဆာတွေကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ခရမ်းချဉ်သီး အရောင် နီနီရဲရဲလေးနဲ့ လှပနေတဲ့ ခရမ်းချဉ်သီးက သူကိုယ်တိုင်က လှပသလို စားသုံးသူကိုလည်း လှပစေပါတယ်။ ဗီတာမင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း