အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

အခုနောက်ပိုင်းမှာ Collagen (ကော်လာဂျင်) ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရေပြားတွေ ကျန်းမာဖို့ အသားအရေတွေ တင်းရင်းလှပစေဖို့ ကော်လာဂျင်ကို လိုအပ်တယ်ဆိုတာကို အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်းရော ယောက်ျားလေးတိုင်းပါ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာ ကော်လာဂျင် နည်းလာလေလေ အရေးအကြောင်းတွေ ဖြစ်နိုင်ခြေ များလေလေ၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး အသားအရေထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ကော်လာဂျင် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင် ဆိုတာက အရေပြားကို ကျန်းမာပြီး အရွယ်တင်စေဖို့ လှပစေဖို့ အရိုးအဆစ်တွေနဲ့ အရွတ်တွေ ကျန်းမာစေဖို့ […]

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား

အလှအပဆိုတာ လူတိုင်း မငြင်းဆန်နိုင်တဲ့အရာပါ။ ဒီလိုလှပမှုကို Grade တင်ပေးနိုင်တဲ့အရာတစ်ခုရှိတယ်နော်။ လေဒီလေးတော်တော်များများ ဒီအချက်ကို သိပြီးဖြစ်မှာပါ။ အသားလေးက ကြည်လင်နေရင် ဘယ်လိုလေးနေနေလှတယ်ဆိုတာကိုလေ။ မျက်နှာလေးသစ်ပြီး ဘာမှမလိမ်းရင်တောင် ကြည်လင်တဲ့အသားအရေလေးကြောင့် ချစ်စရာကောင်းတဲ့သွင်ပြင်ကို ပိုင်ဆိုင်နေဦးမှာ အသေအချာပါ။ ကြည်လင်လှပတဲ့အသားအရေလေးနဲ့  ကြည့်လို့ကောင်းသူတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်ပါ။ အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား အသားအရေကို ပုံမှန်သန့်စင်ပေးဖြစ်ရဲ့လား လို့ မေးရတာက အသားအရေကို ပုံမှန် သန့်စင်ပေးတာက အသားအရေကြည်လင်ချင်သူတိုင်း လိုက်နာရမယ့် အခြေခံ အချက်တစ်ခု ဖြစ်နေလို့ပါ။ အသားအရေလှပမှုက ဆုတောင်းလို့ရတဲ့အရာမဟုတ်ပါ အသားအရေလှပမှုက ဆုတောင်းရုံနဲ့ပြည့်ဝသွားတဲ့အရာမဟုတ်ပါဘူး။ ကိုယ်တိုင်ဂရုစိုက်ရပါတယ်။ နေ့တိုင်းမှာ စိတ်ရှည်လက်ရှည်နဲ့ဂရုစိုက်ပေးနိုင်မှ အသားအရေကလည်း တစ်နေ့ထက်တစ်နေ့ လှလာမှာပါ။ အသားအရေကောင်းနေတာက ဆုတောင်းကောင်းခဲ့လို့မဟုတ်ပါဘူး။ သေချာဂရုစိုက်တတ်မှုကြောင့်ပါ။ အသားအရေအလှအပအတွက် ရန်သူတွေလည်းရှိနေတယ် မြို့ပြရဲ့လေထုညစ်ညမ်းစေတဲ့အရာတွေကလည်း အသားအရေကို ထိခိုက်စေနိုင်တယ်နော်။ ပြင်ပက နေရောင်ခြည်၊ တိုက်ခတ်လာတဲ့လေ၊ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ ထိတွေ့ရာကနေ အသားအရေမှာ နေလောင်တာ၊ ဝက်ခြံနဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ....

ဆောင်းလေးအေးလာပြီနော်။ အသားတွေကလည်း ခြောက်ကပ်နေပါပြီ။ အသားတွေခြောက်လို့ ယားတဲ့အထိတောင်ဖြစ်နေပြီ။ ဆောင်းအေးတာကိုတော့ ကြိုက်ပါရဲ့။ ဒါပေမယ့် အသားတွေ ခြောက်လို့ ဆိုပြီး အရမ်းလည်းစိတ်ညစ်မနေပါနဲ့။ စာဖတ်ပရိသတ်ကြီးရဲ့ အခက်အခဲတိုင်းကို ဖြေရှင်းပေးမယ့် Helloဆရာဝန် ရှိတယ်လေ။ အခုလည်း ဆောင်းအေးလို့ အသားတွေခြောက်နေတဲ့ ပရိသတ်ကြီးအတွက် နည်လမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ.... ဆောင်းအေးလို့ အသားတွေခြောက်နေပြီလား............. ဒါဆို ဆောင်းအေးချိန်မှာ ကြုံရတဲ့ အသားခြောက်ပြဿနာ ဘယ်လိုဖြေရှင်းမလဲ.... ဆိုတာကို အဖြေထုတ်ပေးပါမယ်။ အသားတွေခြောက်နေတာကို သိသိသာသာသက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေကို တူတူဆက်ကြည့်လိုက်ရအောင်လား။ နည်းလမ်းတွေကတော့ အမျိုးမျိုးပါပဲ။ ဒီနည်းလမ်းတွေထဲမှာ အဆင်ပြေဆုံးဖြစ်မယ့် နည်းလမ်းကို ကိုယ်တိုင်စိတ်ကြိုက်ရွေးလိုက်တော့နော်။ နေကြာဆီ နေကြာဆီက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်အနေနဲ့ လူးပေးလို့ရပါတယ်။ အသားအရေကိုရေဓာတ်ဖြည့်ပေးသလို  အသားအရေပျက်စီးမှုမရှိအောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသားခြောက်တာကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ သုံးလို့ရပါတယ်။ သံလွင်ဆီ ခေါင်းအစ ခြေအဆုံးအလှတရားအတွက် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်စေဖို့

ယောက်ျားတို့ဘုန်း လက်ရုံး။ မိန်းမတို့ဘုန်း ဆံထုံး ဆိုတဲ့စကားကြားဖူးကြမှာပါ။ ပိတုန်းရောင် ဆံသားလေးတွေ က လေဒီလေးတွေကို စွဲဆောင်မှုတိုးစေမယ့် အလှအပလျှို့ဝှက်ချက်တစ်ရပ်ပါ။ ဆံပင်က ဒုတိယမျက်နှာဆိုတော့ ဆံသားလှပဖို့က မဖြစ်မနေ လိုအပ်ပြီပေါ့။ ဆံသား လှပဖို့ဆိုတာကလည်း ဒီအတိုင်းဖြစ်လာမယ့်အရာမဟုတ်တော့ သေချာလေးဂရုစိုက်ပေးဖို့တော့ လိုတာပေါ့။ ဘယ်လိုများ ဂရုစိုက်ရမှာလဲ ခေါင်းလျှော်တယ်။ အဆီတစ်ခုခုလူးပေးတယ်ဆိုရင် လုံလောက်ပြီမဟုတ်လားဆိုရင်တော့ ဒီဆောင်ပါးလေးကို ဖတ်ကြည့်နေဖို့ လိုပြီလို့ပြောပါရစေနော်။ ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ဖို့ ဘာလုပ်မလဲ...... ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ပုံမှန်လုပ်ဆောင်ပေးဖို့လိုပါမယ်။ ခေါင်းမလျှော်ခင် ဆံပင်ဖြီးဖြစ်အောင် ဖြီးပါ ဆံပင်ကို နေ့စဉ်ဖြီးပေးတာက ဆံသားကျန်းမာစေပြီး ဦးရေပြားကို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်ခင်မှာ ခေါင်းဖြီးတာက ဆံသားတွေကို ပြတ်စေပြီး ဆံသားကျန်းမာသန်စွမ်းမှုကိုအားနည်းစေပါတယ်။ ခေါင်းမလျှော်ခင် နာရွဝက်လောက်မှာ ဦးရေပြားကိုရော ဆံသားကိုပါ သဘာဝအဆီတွေဖြစ်တဲ့ သံလွင်ဆီ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေအတွက် သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာကိုပဲ ရွေးချယ်ခြင်းရဲ့ ကောင်းကျိုးများ

လူ့ခန္ဓါကိုယ်မှာ အသားအရေက အရေးအကြီးဆုံးထဲကတစ်ခုအဖြစ်ပါဝင်တယ်။ ရောဂါပိုးတွေမဝင်ရောက်အောင် ပထမဆုံး ကာကွယ်တားဆီးပေးတဲ့ ခံတပ်တစ်ခုအပြင် လှပခြင်းရဲ့အကြောင်းရင်းခံလည်းဖြစ်ပါတယ်။ လှပပြီးကျန်းမာတဲ့အရေပြားလေးကို ပိုင်ဆိုင်ထားရင် မြင်သူတကာငေးကြည့်လောက်တယ်မဟုတ်လား။ ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင် အရေပြားထိန်းသိမ်းမှုအလှကုန်တွေ ရွေးချယ်မှုကအရေးပါတယ်။ ခုနောက်ပိုင်းမှာက ပစ္စည်းမျိုးစုံထွက်နေတယ်။ တံဆိပ်မျိုးစုံတင်သွင်းနေကြတယ်။ ရွေးချယ်စရာတွေအများကြီးထဲက ဘာလို့ သဘာဝအသားရေထိန်းသိမ်းမှုပစ္စည်းတွေကိုပဲ ရွေးချယ်သင့်လဲဆိုတာ အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ အထူးသဖြင့် အသားအရေကြမ်းတမ်းပျက်စီးနေတဲ့သူတွေ၊ ဝက်ခြံနဲ့ အဆီဖုတွေအစရှိတဲ့ အရေပြားပြဿနာကို ခံစားနေရသူတွေအတွက် ဒီဒဏ်ရာတွေပျောက်ကင်းဖို့နဲ့ နောက်ထပ်မဆိုးလာစေဖို့ သဘာဝပစ္စည်းတွေကို ရွေးချယ်အသုံးပြုဖို့က အရမ်းအရေးကြီးပါတယ်။ သဘာဝမဟုတ်တဲ့ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့အလှကုန်တွေရဲ့ ပြဿနာ။ လှစေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးကြောင့်လေးဆိုတဲ့ စကားပုံကို ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ခါတလေမှာ လှပချင်လို့ အသားရေထိန်းသိမ်းမှုပစ္စည်းတွေကို သုံးပေမယ့် သဘာဝထွက်ပစ္စည်းတွေကိုပဲ အသုံးပြုထားတာမဟုတ်တော့ အရေပြားအတွက် ဓါတ်မတည့်တာ၊ ဓါတုပစ္စည်းလောင်တာ၊ ဝက်ခြံတွေပိုထွက်လာတာစသဖြင့် ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့်တော့ အသားရေထိန်းသိမ်းမှုပစ္စည်းတော်တော်များများမှာ ပါဝင်နေတဲ့ phthalates နဲ့ parabens […]


ဝက်ခြံ

ဝက်ခြံတွေပျောက်ကင်းစေပြီး ကျန်းမာလှပတဲ့အရေပြားပိုင်ဆိုင်နိုင်ဖို့ Rosehip oil ရဲ့ ကောင်းကျိုး (၉)ခု

ပထမဆုံးမေးခွန်းက Rosehip oil ဆိုတာဘာလဲဆိုတာပါ။ Rosehip oil ဆိုတာက Rosehip အစေ့ကနေ ထုတ်ယူထားတဲ့ အဆီဖြစ်ပါတယ်။ ဒီအစေ့က ချီလီနိုင်ငံမှာ အများဆုံး အလေ့ကျပေါက်တဲ့ နှင်းဆီမျိုးစိတ်တစ်ခုဖြစ်တဲ့ rosa canina အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။ ဒီအဆီမှာ အသားအရေအတွက်ကောင်းကျိုးများစေတဲ့ ဗီတာမင်တွေ၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်တွေပြည့်ဝစွာပါဝင်နေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာနဲ့ ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။ ဒီဆောင်းပါးမှာတော့ rosehip oil ရဲ့ ဝက်ခြံတွေပျာက်ကင်းစေနိုင်တဲ့ အာနိသင်နဲ့ အရေပြားအလှအပအတွက် ကောင်းကျိုးတွေအကြောင်းကို ရှင်းပြပေးရင်း အသားအရေပြဿနာရှိနေသူတွေအတွက် ဘယ်လိုအကျိုးရှိနိုင်တယ်ဆိုတာကို ပြောပြပေးမှာပါ။ ၁။ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်။ ဝက်ခြံပေါက်တတ်တဲ့သူတွေအတွက် အသားရေထိန်းသိမ်းရေးပစ္စည်းရွေးချယ်ရတာ တကယ်ခက်ပါတယ်။ တည့်တာမတည့်တာ၊ ဝက်ခြံတွေ ပိုဆိုးလာနိုင်တာမျိုးတွေရှိတော့ အတော်လေးသတိထားရွေးရတယ်။ သတင်းကောင်းကတော့ Rosehip oil မှာ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ ဓာတ်တွေပါဝင်တယ်။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)