အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံသားခြောက်တဲ့ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ဆံသားခြောက် တယ်ဆိုတာ မိန်းကလေးတွေအတွက်တော့ စိတ်ညစ်စရာ ကိစ္စ တစ်ခုပါပဲ။ နေပူထဲ မကြာခဏထွက်တာ၊ ဆေးလိပ်သောက်တာ၊ ခေါင်းမကြာခဏ လျှော်တာကြောင့်ရော၊ ဆံပင်ဖြောင့်၊ ကောက် ခဏခဏ လုပ်နေတဲ့အခါမှာ ဆံသားဟာ ကြမ်းပြီး ခြောက်လာတယ်။ ကျန်းမာရေးပြဿနာ ကြီးကြီးမားမား မရှိပေမဲ့ မိန်းကလေးတွေအတွက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာစေတဲ့ ကိစ္စပါပဲ။ ဒါကြောင့် ဆံသားခြောက်လို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက် အိမ်မှာ အလွယ်တကူ လုပ်ယူပြင်ဆင်လို့ ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ပျက်စီးနေတဲ့ ဆံသားအစလေးတွေကို ညှပ်ပစ်ပါ။ ဆံသားခြောက် ပြီးပျက်စီးနေပြီဆိုရင် အသစ်ပြန်ပြင်ဆင်ဖို့အတွက် ညှပ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်လိုက်တဲ့အခါမှာ နဂိုကောင်းမွန်တဲ့ ဆံသားတွေ ပြန်ပေါက်လာစေနိုင်ပါတယ်။ ၂။ ဖြည့်စွက်စာအားဆေးတွေ သောက်ပေးပါ။ တချို့သော အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို အားဖြစ်စေပြီး ပျက်စီးနေတဲ့ ဆံသားကို အကောင်းအတိုင်း […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ကျန်းမာတဲ့ လက်သည်းတစ်စုံ ပိုင်ဆိုင်ဖို့ ဘာတွေ သိထားရမလဲ ။ ။

လက်သည်း ခြေသည်း ကြည်ကြည်လှလှ လေး တစ်စုံဟာ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ သူ့ရဲ့အလှအပကို ဖော်ပြတယ်တဲ့။ ဒီလို လှပတဲ့ လက်လေးတစ်စုံ ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေ ဆောင်ရမလဲ၊ ဘာတွေ ရှောင်ရမလဲ ။ ။ ပုံမှန် ကျန်းမာတဲ့ လက်သည်းတစ်ခုဟာ ဘယ်လို ပုံစံရှိနေရမလဲ ။ ။ ပုံမှန် ကျန်းမာနေတဲ့ လက်သည်းလေးဟာ ပန်းရောင်ကြည်ကြည်လေးဖြစ်နေသင့်ပြီး ချောမွေ့နေတဲ့ မျက်နှာပြင် တစ်ခုရှိနေရပါမယ်။ ဒါ့အပြင် လက်သန်းပန်းကုံးလေးတွေ နဲ့ လက်အသားကြားထဲမှာလည်း ဘာအသားစမှ ထွက်မနေသင့်ပါဘူး။ ကျန်းမာတဲ့ လက်သည်းတစ်ခုရဖို့အတွက် ဘာတွေ ရှောင်ရမလဲ၊ ဆောင်ရမလဲ ။ ။ ဆောင်ရန် အချက်များ ။ ။ လက်သည်းကို ပုံမှန် ညှပ်ပါ။ - ချေးညှော်တွေ ကင်းစင်နေတဲ့ လက်သည်းတစ်ခုဖြစ်ဖို့ လက်သည်းပုံမှန်ညှပ်ပါ။ […]


အခြားအရေပြားပြဿနာများ

အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့

ခြင်ကိုက် မခံရဖူးတဲ့သူ ဆိုတာ မရှိသလောက် ပါပဲ။ ခြင်ကိုက်တဲ့အခါ အရေပြားမှာ ယားယံမှုတွေ ဖြစ်လာပြီး အနီရောင် အဖုလေးတွေ ကျန်နေတတ်ပါတယ်။ များသောအားဖြင့်ကတော့ အဝတ်တွေ လွတ်နေတတ်တဲ့ ခြေထောက် နဲ့ လက်တို့မှာ အဖြစ်များပါတယ်။ ဒီလို အရေပြားပေါ်က ခြင်ကိုက်ဖုတွေ များနေလို့ စိတ်ညစ်နေပြီလား ............. ခြင်ကိုက်ဖုက အချိန်ကြာလာတာနဲ့အမျှ အညိုရောင် အစက်လေးတွေ အဖြစ် ကျန်ရှိနေတတ်ပါတယ်။ အသားအရေက ထိခိုက်လွယ်သူတွေမှာဆိုရင်တော့ ခြင်ကိုက်ဖုတွေက အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲ ရှိနေတတ်ပါတယ်။ ဒီလိုအရေပြားမှာ ကျန်နေတဲ့ ခြင်ကိုက်ဖုတွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲ မသိဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။ အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို ဒီလိုသက်သာအောင်လုပ်ပါ အရေပြားပေါ်က ခြင်ကိုက်ဖုတွေ ကြောင့် စိတ်ညစ်ခံမနေပါနဲ့ ဒီနည်းလေးတွေ သုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။ ဗီတာမင် E အရေပြားကို အနာကျက်စေနိုင်ပါတယ်။ ခြင်ကိုက်ဖုတွေ ကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ […]


ဝက်ခြံ

ဝက်ခြံပေါက်တတ်ပါသလား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။

ဝက်ခြံ ပေါက်လို့ ပျော်ကြတဲ့သူတွေ ဘယ်သူမှ မရှိပါဘူး။ မျက်နှာမှာ ဝက်ခြံတွေပေါက်နေရင် အလှပျက်မယ်၊ အပြင်သွားရမှာလည်း ရှက်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။ ဒီလို ကိုယ့်ကို ရုပ်ဆိုးစေတဲ့ ၊ စိတ်ညစ်ညူးစေတဲ့ ဝက်ခြံနဲ့ ပက်သက်တဲ့ လူတိုင်းသိချင်နေကြတဲ့ အကြောင်းတွေက ဘာတွေလဲ ။ ။ Q - ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ ။ ။ မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းလေးကနေ အဆီတွေ ထုတ်များပြီး ဖုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောသွားလို့ ချွေးပေါက်ပိတ်ရာကနေ ရောင်လာပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ Q - ဝက်ခြံ ဘယ်နှစ်မျိုးှရှိလဲ ။ ။ ဆားဝက်ခြံ ( blackhead) - အဆီတွေနဲ့ဖုန်တွေရောပြီး ချွေးပေါက်ထဲပိတ်နေတာ အဆီဖု (whiteheads) - […]


ဝက်ခြံ

သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ

ဆေးမြီးတိုတော့ မဟုတ်ပေမယ့် လူတွေကြားမှာ ရေပန်းစားနေတဲ့ အလွဲလေးတစ်ခုဖြစ်တဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး မျက်နှာပေါ်က ဝက်ခြံကို ပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်လို့ သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ လူပျို၊ အပျိုဖြစ်လာတဲ့အချိန်ကစပြီး မျက်နှာနဲ့ ကိုယ်ခန္ဓာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။ ဝက်ခြံကို အလွယ်ပျောက်ချင်တဲ့သူတွေက သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာ သုတ်လိမ်းပြီး ထားထားလိုက်တယ်။ မနက်ရောက်တော့ နီရဲနေတဲ့ ဝက်ခြံက ခြောက်ပြီး ပြားချပ်သွားတယ်။ ဒီလိုနဲ့ပဲ သွားတိုက်ဆေးက ဝက်ခြံပျောက်စေတဲ့ အိမ်တွင်းဆေးဆိုပြီး လူသိများလာကြပါတယ်။ သွားတိုက်ဆေးဟာ အမှန်တကယ်ပဲ ဝက်ခြံပျောက်စေနိုင်သလား။ သွားတိုက်ဆေးမှာ ပါဝင်တဲ့ triclosan - ထရိုင်ကလိုစန် ဒြပ်ပေါင်းဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အပြင်က ဝင်လာတဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ပျက်စီးခြင်း ၇ မျိုးနဲ့ ကာကွယ်ရန် နည်းလမ်းများ ။

ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာပါ။ ဘယ်လောက်ပဲ အလှပြင်ထားပါစေ ဆံပင်ပုံကျပါမှ ဆွဲဆောင်မှု ရှိတဲ့သူတစ်ယောက်ဖြစ်မှာပါ ။ ဒီလို ဆံပင်လှလှလေးတစ်ခုရဖို့အတွက် ကောက်ကြ၊ဖြောင့်ကြ၊ ဆေးဆိုးကြနဲ့ ဆံပင်ကို ဖျက်စီးနေတဲ့ နည်းလမ်းများစွာရှိပါတယ်။ ဆံပင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ဒီလိုပျက်စီးနေတာတွေကို ဘယ်လိုပြန်ပြုပြင်မှာလဲ ။ ။ ၁။ ဆံပင်ပါးခြင်း ။ ။ ဆံပင်ပါးတယ်ဆိုတာကလည်း လူတိုင်း စိတ်ညစ်ကြတဲ့ အရာတွေထဲက တစ်ခုပါ။ ဆံပင်ပါးစေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေမျှတအောင် မစားတာတွေကြောင့် ဆံပင်ပါးနိုင်ပါတယ်။ ဆံပင်ပါးတာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဆံပင်ထူလာစေတဲ့ အစားအသောက်တွေဖြစ်တဲ့ သံဓါတ်ြကွယ်ဝတဲ့ အစားအသောက်တွေ၊ နဲ့ ဥ အမျိုးမျိုးကို စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် […]


အသားအရေ ထိန်းသိမ်းခြင်း

မှို စားပေးခြင်းဖြင့် ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ

မှို ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အစားအစာအဖြစ် လူသိများကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant တွေအများအပြား ပါဝင်တဲ့ မှိုဟာ အရေပြားအလှအပအတွက်လည်း အထူးကောင်းတဲ့ ဓာတ်စာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ အများစုက မီးပြင်းပြင်းနဲ့ ချက်ပြုတ်လိုက်တဲ့အခါမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားတတ်ပါတယ်။ မှိုကတော့ များသောအားဖြင့် ဆီနည်းနည်းနဲ့ ကြော်ချက်ပြီး စားတဲ့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝစုံလင်စွာ ရရှိနိုင်ပါတယ်။ မှို ထဲမှာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေ ပေါကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ဗီတာမင် B အုပ်စု၊ အသားအရေအတွက် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ဗီတာမင် D နဲ့ ပိုတက်စီယမ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ မှို စားပေးခြင်းဖြင့် အသားအရေအတွက် ဘာကောင်းကျိုးတွေ ရစေနိုင်လဲ။ ၁။ အသားအရေကို ရေဓာတ် […]


ဝက်ခြံ

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

ဝက်ခြံပေါက်တယ်ဆို ပါးနဲ့  နှာခေါင်းမှာပဲ အဖြစ်များ ကြပါတယ်။ မျက်နှာကို အသားအရေ ထိန်းသိမ်းရေးဆိုလည်း လုပ်လိုက်ကြတာပဲ။ ဂရုစိုက်ဖို့ ကျန်နေတဲ့ တစ်နေရာက ရှိနေပါတယ်။ အလှပြင်တဲ့ အခါ ခဲတံလေးတွေ နဲ့ ဆွဲလေ့ရှိကြတဲ့ မျက်ခုံးပါပဲ။ မျက်ခုံး လှရင်၊ ပုံစံ ကျရင် မျက်နှာ အလှမှာ ပြည့်စုံ ထင်ရှားစေတယ် ဆိုပေမယ့် အဲဒီ မျက်ခုံးထဲမှာ ပုန်းနေတတ်တဲ့ ဆားဝက်ခြံလေးတွေကြောင့် ပြဿနာ ရှိနိုင်ပါတယ်။ ကဲ ..... ဒီတော့ မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မျက်ခုံးမွေးရဲ့ အမြစ်အိတ်ထဲမှာ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့လာတဲ့အခါ ဝက်ခြံဆိုတာ ဖြစ်လာပါတော့တယ်။ ဆားဝက်ခြံတွေလည်း ရှိနေနိုင်တယ်၊ တစ်ခါတစ်ခါ ရောင်ရမ်းတဲ့ ဝက်ခြံဖုတွေလည်း ဖြစ်လာနိုင်တယ်။ ဘာကြောင့်ဖြစ်လာရသလဲ မျက်ခုံးမွေးရဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား

ဆံပင်ကျွတ် တယ်ဆိုတာဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုတွေထဲက တစ်ခုပါပဲ။ အမျိုးသားရော၊ အမျိုးသမီးပါမကျန် တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားထိ ပုံမှန် ကျွတ်နိုင်ပါတယ်။ ကျွတ်သွားတဲ့ နေရာမှာလည်း ဆံပင် အသစ်တွေက ပြန်လည်အစားထိုးပြီး ပေါက်ပါတယ်။ ရေချိုးတဲ့ အချိန် ဖြစ်စေ၊ မနက် အိပ်ရာ ထတဲ့ အချိန် ဖြစ်စေ၊ ကိုယ်က ခေါင်းဖြီးလိုက်တဲ့ အချိန် ဖြစ်စေ ဆံပင်တွေ အရမ်း ကျွတ်နေတယ်လို့ သံသယ ရှိလာပြီဆိုရင်တော့ သေချာ စစ်ဆေးကြည့်သင့်ပါတယ်။ ဆံပင် ကျွတ်တာဟာ ရံဖန်ရံခါ ဖြစ်နိုင်သလို ကိုယ့်ရဲ့ ကိုယ်ခန္ဓာထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှု ရှိလာတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား ။ ဒါဆိုရင်တော့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

စပျစ်စေ့ကရတဲ့အဆီ ဆံသားအတွက် ဘယ်လိုအသုံးဝင်သလဲ

စပျစ်စေ့အဆီဟာ သံလွင်ဆီ၊ အုန်းဆီတို့လိုပဲ ဆံကေသာကို  အားဖြည့်ပေးနိုင်ပါတယ်။ ၎င်းကို ဦးရေပြားက စုပ်ယူနိုင်စွမ်းပိုကောင်းပြီး ဗောက်ပျောက်စေပါတယ်။ စပျစ်စေ့အဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကြွယ်ဝပါတယ်။ စပျစ်အစေ့နဲ့အခွံမှာ ဆံသားမခြောက်သွေ့အောင်ထိန်းသိမ်းပေးမယ့် fatty acids နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဆံသားအတွက် သူ့ရဲ့အကျိုးကျေးဇူးတွေက - ၁။ ဆံသားပျော့ပျောင်းစေတယ် အုန်းဆီနဲ့မတူတာက စပျစ်စေ့အဆီဟာ အေးစိမ့်တဲ့ရာသီမှာ ခဲသွားမှာမဟုတ်ဘဲ ၎င်းကို လိမ်းပေးခြင်းအားဖြင့် စေးကပ်မှုမရှိဘဲ ဆံသားကိုအားဖြည့်ပေးမှာဖြစ်ပါတယ်။ ခပ်ကျဲကျဲအဆီဖြစ်တာကြောင့် jojoba oil လို၊ သံလွင်ဆီတို့ထက် ပိုအဆင်ပြေမှာပါ။ ၂။ ဆံပင်ကို သန်စွမ်းစေတယ် စပျစ်စေ့အဆီကို အိန္ဒိယ တိုင်းရင်းဆေးလောကမှာ ဆံပင် ပြန်လည်သန်စွမ်းစေနိုင်တဲ့ဆေးအဖြစ် သိကြပါတယ်။ သူ့မှာဆံသားကို အားဖြည့်ပေးတဲ့ oleic acid, linoleic acid နဲ့ fatty acids တို့ ကြွယ်ဝစွာ ပါဝင်ပါ တယ်။Linoleic […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း