အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ

ဒီကိစ္စဟာ လူတွေ သတိမထားတတ်တာရော၊ ပြောရမှာ ရှက်ရွံ့စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ခံစားနေရတာကြောင့်ရော သိပ်မပြောကြပါဘူး။ ဒါပေမယ့် ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လိင်အင်္ဂါနား နီးစပ်နေတဲ့ ပေါင်ကြား (ပေါင်ခြံ) မည်းနိုင်ပါတယ်။ ဒီလိုနဂိုအသားအရောင် ပျောက်ပြီး မည်းလာတာ၊ အရောင်မွဲခြောက်လာတာ ဘာကြောင့်လဲ။ ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ ........ နဂိုတည်းကလည်း ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ အရေပြားက မယ်လနင်ဓာတ်တွေ အများအပြား ထုတ်လွှတ်တဲ့အခါ အရေပြားဟာ မူလအရောင်မှိန်လာပြီး အချိန်ကြာလာတာနဲ့အမျှ အမည်းရောင်ကို ပြောင်းသွားတတ်ပါတယ်။ ကျန်းမာရေးအရ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ကမ်းခြေတွေ သွားလို့ အတိုအပြတ်တွေ ဝတ်တဲ့အခါမှာ ရှက်စရာ၊ ကိုယ့်စိတ်ထဲမှာ မလုံခြုံသလို ခံစားရနိုင်ပါတယ်။ ပေါင်ကြား မည်းလာရခြင်း အကြောင်းရင်းများ ၁။ လမ်းလျှောက်ချိန်၊ အားကစားလုပ်ချိန်မှာ အသားချင်း ပွတ်တိုက်မိတာ၊ ၂။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊ […]


အသားအရေ ထိန်းသိမ်းခြင်း

အကြောပြတ်ရာတွေ ပါးသွားအောင် ကူညီပေးမယ့် သူရဲကောင်း(၅)ဖော်

အရေပြားမှာဖြစ်တဲ့ အကြောပြတ်ရာလေးတွေက အသက်အရွယ်မရွေးဖြစ်လာနိုင်တဲ့အရာတွေပါ။ တင်ပါး၊ပေါင်၊ ဒူး၊ခြေသလုံးနဲ့ ရင်သားတွေမှာဖြစ်လာတတ်ပါတယ်။ ဒီအကြောပြတ်ရာနဲ့ပတ်သက်ပြီး လူတွေတွေးထင်ကြတဲ့ အယူအဆလွဲတွေကလည်း အများသား။ ဒီအကြောပြတ်ရာတွေ ရှိရင်ပဲ ကိုယ့်ကိုသူများတမျိုးထင်တော့မှာပဲဆိုတဲ့စိုးရိမ်စိတ်နဲ့ တချို့က အကြောပြတ်ရာတွေကို လူမသိအောင် ဖုံးကွယ်တတ်ကြပါတယ်။ ဘောင်းဘီတို စကပ်တို မဝတ်ရဲဘူး၊ ရေကူးဝတ်စုံ မဝတ်ရဲဘူးဆိုတော့ ဒါတွေ သက်သာပျောက်ကင်းသွားစေမယ့် နည်းတွေ မသိချင်ကြဘူးလား။ အများအားဖြင့် ဘာတွေကြောင့်ဖြစ်တတ်လဲဆိုတော့ - ပျိုဖော်ဝင်လို့ လူကောင်ထွားလာတဲ့အခါ ကိုယ်ဝန်ရှိလာတဲ့အခါ ကိုယ်အလေးချိန် အတက်အကျမြန်တဲ့အခါတွေ ကြွက်သားအမြန်တက်စေတဲ့ အလေးမလေ့ကျင့်ခန်းတွေကြောင့်ဖြစ်တတ်ပါတယ်။ တချို့ကတော့ စတီးရွိုက်ပါတဲ့လိမ်းဆေးတွေ၊ ခရင်မ်တွေကို အချိန်အတော်ကြာလိမ်းပြီးတဲ့နောက် အကြောပြတ်ရာတွေဖြစ်လာနိုင်ပါတယ်။ အကြောပြတ်ရာတွေ ပါးသွားအောင် ကူညီပေးမယ့် သူရဲကောင်း(၅)ဖော် အရေပြားအမာရွတ်တစ်မျိုးဖြစ်တဲ့ အကြောပြတ်ရာတွေကို အုံဖွဆိုပြီးပျောက်ကင်းစေဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းပါးလာပြီး မှေးမှိန်ပျောက်ကင်းမှုမြန်ဆန်စေဖို့ သဘာဝပစ္စည်းတချို့က ကူညီပေးနိုင်ပါတယ်။ ဗီတာမင် A ဗီတာမင် A ကို အားဆေးအဖြစ်သောက်သုံးတာ […]


အသားအရေ ထိန်းသိမ်းခြင်း

ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ

ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ ..... စကတ် တိုတိုလေးတွေ ဝတ်ချင်တယ်၊ ဘောင်းဘီ တိုလေးတွေ ဝတ်ချင်ပေမယ့် ခြေသလုံးမှာ အမွေးတွေ ရှိနေလို့ ဝတ်ချင်ပေမယ့် မဝတ်ရဘဲ ဖြစ်နေတဲ့ ပျိုမေလေးတွေ အတွက် ဒီ ဆောင်းပါးလေးက အကူအညီ ပေးနိုင်မှာပါ။ ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ .... ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ခြေသလုံးက မလိုချင်တဲ့ အမွေးအမျှင်တွေကို ဒီနည်းတွေသုံးပြီး ဖယ်ရှားကြရအောင်နော်။ ခြေသလုံးမွေးတွေရှိနေလို့ လှလှပပမဝတ်ရတဲ့အတွက် စိတ်ပျက်နေတယ်ဆိုရင်တော့ နနွင်း နဲ့ ဆား နနွင်းက အမွေးအမျှင်တွေကို ဖယ်ရှား ပေးနိုင်စွမ်း ရှိပါတယ်။ နနွင်း နဲ့ ဆားကြမ်းကို ရေနည်းနည်းနဲ့ ရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်လိုက်ပါ။ ပြီးရင် ခြေထောက်မှာ လူးလိုက်ပါ။ ခြောက်အောင် ထားလိုက်ပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။ […]


အသားအရေ ထိန်းသိမ်းခြင်း

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ်

ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ် ..... ထောပတ်သီးဟာ ကျန်းမာရေးအတွက် အကျိုးပြုရုံသာမက အရေပြားကိုလည်း ဝင်းပစိုပြည်စေတာကြောင့် အလှအပေရေးရာ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ ထောပတ်သီးဟာ အသားအရေကို ဝင်းပကြည်လင်စေတယ်။ ဝက်ခြံတွေကို သက်သာစေတဲ့အပြင် ထပ်ပြီး ဖြစ်မလာအောင် တားဆီးပေးနိုင်တယ်။ ခြောက်သွေ့နေတဲ့ အသားအရေကို အိစက်ညက်ညောစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အသားအရေကိုလည်း ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။ ဒါကြောင့် အခုလို အေးမြတဲ့ ဆောင်းရာသီမှာ အိမ်မှာပဲ အလွယ်တကူ အသားအရေ ထိန်းသိမ်းချင်တဲ့ ပျိုမေတွေအတွက် ထောပတ်သီး Mask ပြုလုပ်နည်းတွေ အမျိုးမျိုးကို ပြောပြပေးမယ်နော်။ ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ် ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ် ဆိုတော့ နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်နော်။ ၁။ အစိုဓါတ်ထိန်းပေးမယ့် ထောပတ်သီးနဲ့ ပျားရည် Mask လိုအပ်တဲ့ ပစ္စည်းတွေကတော့ ထောပတ်သီးတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ရေနွေး ၂ဇွန်းပဲဖြစ်ပါတယ်။ အရင်ဆုံး မှည့်နေတဲ့ […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေက သင့်ထက် အသက်ကြီးနေပြီလား ။ ဒီလို ကာကွယ်လိုက်ပါ ။ ။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ကို ဘယ်လိုကာကွယ်မလဲ ။ ။ မှန်ထဲကြည့်လိုက်တာနဲ့ ကိုယ်က လက်ရှိအရွယ်ထက် ရင့်နေတာမျိုး ဖြစ်ဖူးပါသလား။ ရုပ်ချောတာ၊ ရုပ်ဆိုးတာကို ဆိုလိုတာ မဟုတ်ပါဘူး။ မျက်နှာပေါ်က အသားအရေလေး စိုပြေနေလား၊ ခြောက်သွေ့နေလား၊ ချောမွတ်နေလား၊ အရေးအကြောင်းများနေလား ဆိုတာကို ပြောတာဖြစ်ပါတယ်။ ရွယ်တူ သူငယ်ချင်းတွေကြားထဲမှာလည်း ကိုယ်က ပိုရင့်နေတယ်၊ အရေးအကြောင်းတွေလည်းများနေမယ်၊ အသားအရေကလည်း ခြောက်သွေ့ပြီး မစိုပြေတော့ဘူးဆိုရင် အရွယ်မတိုင်ခင် ရင့်ရောက်နေပါပြီ။ ကိုယ့်အသက်ကတော့ ၃၀ ဝန်းကျင် ကိုယ့်ရုပ်ကျတော့ ၅၀ ပါးနီးလောက်ရှိနေတဲ့ အသွင်အပြင်မျိုးဆိုလို့ကတော့ သင်အသားအရေက သင့်ထက် အသက်ကြီးနေပါပြီ။ ။ ဘယ်အချက်တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဖြစ်စေတာလဲ ။ ။ ညဘက် မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်တာ နေလောင်ကာ လိမ်းဆေးမလိမ်းဘဲ အပြင်သွားတာ အပြင်းစားတဲ့ မျက်နှာသစ်ဆေးတွေ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်ဟာထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တစ်ယောက်လား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။

ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လောက် အလှကုန်ပစ္စည်းဝယ်ရတဲ့နေရာမှာ အလုပ်ရှုပ်တာ မရှိပါဘူး။ သူများတွေ လှတော့ကိုယ်လည်းလှချင်တယ်။ ဒါလေးကကောင်းတယ်၊ ဟိုဟာလေးကကောင်းတယ်ဆိုပြီးညွှန်းကြတော့ လိုက်ဝယ်သုံးတယ်။ ဒီလိုနဲ့ ကံဆိုးသူမယ်ရှင် အဖြစ် ကံစမ်းမဲပေါက်တော့တာပဲ။ ကိုယ်အသားအရေက ထိခိုက်လွယ်နေတော့ သူများတွေနဲ့ အကုန်တည့်တာတွေက ကိုယ့်ကျမှ မတည့်ဖြစ်ပြီး ဓါတ်မတည့်မှုတွေဖြစ်လို့ မျက်နှာလေးက အဖုအပိန့်တွေ၊ အနီကွက်တွေနဲ့ ခြောက်သရောင်းပြီး ရုပ်ဆိုးသွားပါရော။ ဒါကြောင့် ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေအနေနဲ့ ဘာတွေကို သိထားသင့်လဲဆိုတာနဲ့ ပက်သက်ပြီးပြောပြပေးတော့မှာပါ။ ။ မဝယ်ခင် ဘူးနောက်ကျောက စာတွေ၊ ပါဝင်ပစ္စည်းတွေကို အရင်ဆုံး ဖတ်ပါ။ ဘူးပေါ်မှာ ရှာရမယ့် အဓိက စာလုံးကတော့ “ for sevsitive skin ” ( ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်များအတွက် “ Gentle on skin” […]


အသားအရေ ထိန်းသိမ်းခြင်း

လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့

ပစ္စည်းလေးတစ်ခုခုကိုပဲကောက်ကိုင်ကောက်ကိုင်၊ ကွန်ပျူတာမှာစာရိုက်ရင်းဖြစ်ဖြစ်၊ လက်ချောင်းလေးတွေကို လှုပ်ရှားရတဲ့ ကိစ္စတစ်ခုခုကိုလုပ်တိုင်း ကိုယ့်လက်ချောင်းလေးတွေက အသားအရောင် သိပ်မကောင်းလို့များစိတ်ညစ်နေလား။ ကြည့်လိုက်တိုင်းလှနေစေမယ့် လက်ချောင်းလေးတွေဖြစ်အောင် မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပြုပြင်ရအောင်လား။ လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့  ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့ လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့ လုပ်ဆောင်မယ့် နည်းလမ်းလေးတွေကတော့ ရေနွေး - လက်လေးတွေကိုရေကြက်သီးနွေးလေးထဲစိမ်ပေးပါ။ စိမ်မယ့်ရေနွေးထဲကို လာဗင်ဒါဆီ ဒါမှမဟုတ် နှင်းဆီပန်းအဆီ အနည်းငယ်ထည့်ဖို့တော့လိုပါမယ်။ ၁၀ မိနစ်လောက် စိမ်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါနော်။ Vaseline - ယနေ့ခေတ်မှာ အသုံးများလာတဲ့ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးပေါ့။ လက်ကိုရေနွေးနွေးလေးထဲစိမ်ပြီးသွားရင်ဖြစ်ဖစ် ညမအိပ်ခင်ဖြစ်ဖြစ် vaselineလေးလူးပြီး လက်အိတ်လေးစွပ်အိပ်ပေးပါ။ နူးညံ့ဖြူဝင်းတဲ့လက်ကလေးပိုင်ဆိုင်နိုင်မှာပါ။ သကြားနဲ့ သံလွင်ဆီ - အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း တစ်ခုပေါ့။ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရောစပ်လိုက်ပါ။ ရလာတဲ့အနှစ်ကို လက်မှာ […]


အသားအရေ ထိန်းသိမ်းခြင်း

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ်

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ် ...... ဆောင်းရာသီမှာ မိန်းကလေးတွေအတွက် သဘာဝကရတဲ့ ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းလို့ ရမယ့်နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ယောက်ျားလေးတွေလည်း အဆင်ပြေရင် လုပ်ကြည့်လို့ ရတယ်နော်။ အချိန်လည်း သိပ်ပေးစရာမလိုပဲ ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေဖြစ်လို့ အားလပ်ချိန်တွေမှာ အသားအရေကို ထိန်းသိမ်းချင်သူတွေအတွက် သင့်လျော်မယ်လို့ ထင်ပါတယ်။ ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ် ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ် ဘယ်လို ထိန်းသိမ်းကြမလဲဆိုတော့ အစိုဓာတ်ထိန်းပေးမယ့် ပျားရည် Mask ၁။ ပထမနည်းလမ်းကတော့ ပျားရည်ကို ဇွန်းအပြည့် တစ်ဇွန်းခပ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးပါ။ ၅မိနစ်ကနေ နာရီဝက်လောက် မျက်နှာပေါ်မှာ ဒီအတိုင်းထားပြီးမှ ရေနွေးနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။ ၂။ ဒုတိယနည်းလမ်းက နွားနို့တစ်ဇွန်း၊ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီနှင့် အရေပြားအလှအပ ထိန်းသိမ်းခြင်း

ဘာလိုလိုနဲ့ ဆောင်းရာသီထဲကို ဝင်လာပြီနော်။ မနက်ပိုင်းတွေမှာတော့ သိပ်မသိသာပေမယ့် ညနက်လာလေ အေးစိမ့်စိမ့်လေး ဖြစ်လာတာ သတိထားမိကြမှာပါ။ ဆောင်းတွင်းေရာက်ပြီဆိုတာနဲ့ လူတော်တော်များများက အအေးမိဖျားနာမှာ ကြောက်ကြလို့ ကျန်းမာရေးကို ပိုဂရုစိုက်တတ်ကြတယ်။ ဒါဟာ ကောင်းတဲ့အလေ့အကျင့်လေး တစ်ခုပါပဲ။ ဒါပေမယ့် ကျန်းမာရေးတစ်ခုတည်းကိုပဲ ဂရုစိုက်လို့ မဖြစ်ဘူးနော်။ အေးပြီး ခြောက်သွေ့နေတဲ့ ရာသီဥတုမျိုးမှာ မကြာခဏဖြစ်တတ်တဲ့ အရေပြား ခြောက်တာ၊ အက်ကွဲတာမျိုးမဖြစ်ရလေအောင် ဘယ်လိုကာကွယ်မလဲ၊ ဆောင်းရာသီမှာ ကိုယ့်အသားအရေကို ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတဲ့ အလှအပဆိုင်ရာ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်မယ်နော်။ ၁။ ရေနွေးလေးနဲ့ ရေချိုးပေးပါ။ ဆောင်းရာသီလို အေးစက်နေတဲ့ အချိန်ကာလမျိုးမှာ ရေနွေးလေးနဲ့ ရေချိုးပေးတာဟာ အရေပြားအတွင်းထဲမှာ ပိတ်နေတဲ့ အညစ်အကြေး၊ အဆီတွေကို သန့်စင်ပေးလို့ အသားအရေကို ကြည်လင်စေတယ်။ အစိုဓါတ်ကိုလည်း ခမ်းခြောက်မသွားစေဖို့ ရေနွေးက ကာကွယ်ပေးနိုင်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်စေလို့ ရေပူ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ လေဒီလှလှလေးဖြစ်စေဖို့

အေးမြတဲ့ ဆောင်းရာသီ က ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ကောင်းတယ်။ ဓါတ်ပုံရိုက်လို့လှတယ်။ အိပ်ရတာလည်းကောင်းတယ်။ ခရီးသွားရတာလည်းကောင်းတယ်နော်။ပျော်စရာတွေပြည့်နေတဲ့ ကာလအပိုင်းအခြားလေးပေါ့။ အားလုံးတော့ကောင်းပေမယ့်ဆောင်းအအေးဒဏ်က အသားအရေအတွက်တော့ မကောင်းပါဘူး။ ဆောင်းအအေးဒဏ်ကြောင့် အသားအရေခြောက်သွေ့တာ၊ ကွဲအက်တာ၊သွေးထွက်တာတွေဖြစ်နိုင်ပါတယ်။ အပေါ်ယံအရေပြားအဖတ်လန်တာမျိုးတွေဖြစ်နိုင်သလို အရေပြားပြဿနာတော်တော်လေးကြုံတွေ့ရနိုင်တယ်နော်။ ဒီလိုမျိုးလူတိုင်းအရေပြားပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ်ကအသားအရေစိုစိုပြေပြေလှေလှပပလေးနဲ့မြင်သူတိုင်း အားကျရတဲ့လေဒီလေးဖြစ်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။ ဆောင်းရာသီမှာလိုက်နာရမယ့် အလှအပရေးရာအချက်များ ဆောင်းရာသီမှာ အရေပြားပြဿနာကင်းစင်ပြီး စိုပြေလှပတဲ့အသားအရေလေးနဲ့ကြော့ကြော့မော့မော့လေးလျစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။ ရေနွေးနွေးလေးနဲ့ သန့်စင်ပါ မျက်နှာပဲသစ်သစ်၊ရေပဲချိုးချိုး၊ခြေလက်ပဲသန့်သန့်ရေအေးထက်ရေနွေးနွေးလေးကို အသုံးပြုဆေးကြောတာကချွေးပေါက်တွေကို အဆီပိတ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ရေနွေးနွေးလေးနဲ့ရေချိုးပေးတာက စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေမှာပါ။ ကိုယ်လက်သန့်စင်ပြီးတာနဲ့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ ဆောင်းရာသီမှာ ပုံမှန်ထက်ပိုပြီး အသားအရေကို အစိုဓါတ်ထိန်းဖို့လိုအပ်မှာပါ။နောက်တစ်ခုက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကရေချိုးပြီးစ မျက်နှာသစ်ပြီးစမှာ လူးပေးတာက အာနိသင်အကောင်းဆုံးပါ။ ဒါကြောင့်ရေချိုးပြီးတိုင်း မျက်နှာသစ်ပြီးတိုင်း အသားအရေကို ခြောက်သွေ့အက်ကွဲမှုတွေကင်းစင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။ အသားအရေကို ကာကွယ်ပါ အသားအရေကိုဆောင်းအအေးဒဏ်ကနေရော၊နေရောင်ကနေပါကာကွယ်ရပါမယ်။ ဒါကြောင့်ဆောင်းရာသီဆိုပေမယ့်လည်းနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်လေးဖြစ်ဖြစ် ဝတ်သွားပေးပါ။လေနဲ့နေရောင်ကြောင့် အသားအရေထိခိုက်မှုနည်းစေဖို့အတွက်ပါ။ အစိုဓါတ်ထိန်းစက်ေလးဖွင့်ထားပေးပါ ဆေင်းရာသီမှာ အပူပေးစက်ဖွင့်ထားမယ့်အစားနွေးနွေးထွေးထွေးလေးဝတ်ထားပြီး အိမ်ခန်းထဲမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ထားပေးလိုက်ပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း