backup og meta

စပျစ်စေ့ကရတဲ့အဆီ ဆံသားအတွက် ဘယ်လိုအသုံးဝင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စပျစ်စေ့ကရတဲ့အဆီ ဆံသားအတွက် ဘယ်လိုအသုံးဝင်သလဲ

    စပျစ်စေ့အဆီဟာ သံလွင်ဆီ၊ အုန်းဆီတို့လိုပဲ ဆံကေသာကို  အားဖြည့်ပေးနိုင်ပါတယ်။ ၎င်းကို ဦးရေပြားက စုပ်ယူနိုင်စွမ်းပိုကောင်းပြီး ဗောက်ပျောက်စေပါတယ်။ စပျစ်စေ့အဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကြွယ်ဝပါတယ်။ စပျစ်အစေ့နဲ့အခွံမှာ ဆံသားမခြောက်သွေ့အောင်ထိန်းသိမ်းပေးမယ့် fatty acids နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။

    ဆံသားအတွက် သူ့ရဲ့အကျိုးကျေးဇူးတွေက –

    ၁။ ဆံသားပျော့ပျောင်းစေတယ်

    အုန်းဆီနဲ့မတူတာက စပျစ်စေ့အဆီဟာ အေးစိမ့်တဲ့ရာသီမှာ ခဲသွားမှာမဟုတ်ဘဲ ၎င်းကို လိမ်းပေးခြင်းအားဖြင့် စေးကပ်မှုမရှိဘဲ ဆံသားကိုအားဖြည့်ပေးမှာဖြစ်ပါတယ်။ ခပ်ကျဲကျဲအဆီဖြစ်တာကြောင့် jojoba oil လို၊ သံလွင်ဆီတို့ထက် ပိုအဆင်ပြေမှာပါ။

    ၂။ ဆံပင်ကို သန်စွမ်းစေတယ်

    စပျစ်စေ့အဆီကို အိန္ဒိယ တိုင်းရင်းဆေးလောကမှာ ဆံပင် ပြန်လည်သန်စွမ်းစေနိုင်တဲ့ဆေးအဖြစ် သိကြပါတယ်။ သူ့မှာဆံသားကို အားဖြည့်ပေးတဲ့ oleic acid, linoleic acid နဲ့ fatty acids တို့ ကြွယ်ဝစွာ ပါဝင်ပါ တယ်။Linoleic acid ဆိုတာ ဆံကေသာသန်စွမ်းမှုကို နှိုးဆွပေးတဲ့ omega 6 fatty acid တစ်မျိုးဖြစ်ပါတယ်။ စပျစ်စေ့အဆီမှာ ပါဝင်တဲ့သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲ ဗီတာမင်အီး လည်း ပါဝင်ပြီး ဦးရေပြားပျက်စီးမှုကို ကုသပြုပြင်ပေးနိုင်ပါတယ်။

    ၃။ ဆံပင်ပြန်ပေါက်စေတယ်

    စပျစ်စေ့အဆီက မွေးကျွတ်ရောဂါကြောင့်ဖြစ်ရတဲ့ဆံပင်ကျွတ် ခြင်းကို ကုသရာမှာ အထောက်အကူပေးနိုင်တယ်လို့ သုတေသနတွေက ဖော်ပြလာပါတယ်။ သည် အဆီကို တစ်မျိုးတည်းသုံးတာထက် ရို့စ်မေရီ၊ လာဗန်ဒါ၊ စမုန်ဖြူနဲ့ သစ်ကတိုးသားတို့ကရတဲ့ အဆီတွေနဲ့အတူ အသုံးပြုပေးတာက အာနိသင်ပိုကောင်းတယ်လို့ သုတေသနက ဆိုပါတယ်။

    ၄။ ဦးရေပြားအစိုဓါတ် ထိန်းသိမ်းပေးတယ်

    စပျစ်စေ့မှာ အဆီဓါတ်ပမာဏမြင့်မားတာကြောင့် ခြောက်သွေ့နေတဲ့ ဦးရေပြားနဲ့ ဆံသားကို အစိုဓါတ်ထိန်းသိမ်းပေးဖို့ အသုံးဝင်ပါတယ်။

    ၅။ ဆံသားရင့်ရော်မှုနှေးကွေးစေတယ်

    စပျစ်စေ့အဆီရဲ့ ရောင်ရမ်းမှု လျော့ကျစေနိုင်စွမ်း၊ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောဂါပိုးမွှားသေစေနိုင်တဲ့ အစွမ်းတို့ကြောင့် ခန္ဓါကိုယ်တွင်းက Free Radical ကြောင့် ထိခိုက်မှုကို ရင်ဆိုင်အံတုနိုင်ပါတယ်။ Free Radical ထိခိုက်မှုဟာ ဆံပင်တွေ ဖြူလာရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ သုတေသနက ဆိုပါတယ်။

    ၆။ ဗောက်ပျောက်စေတယ်

    စပျစ်စေ့အဆီ ကျဲကျဲက ဦးရေပြားမှာ ယားယံပြီး အဖတ်လိုက် ကွာကျစေတတ်တဲ့ ဗောက်ထတာတွေကို ပျောက်ကင်းစေနိုင်စွမ်းရှိပါတယ်။

    ၇။ ဦးရေပြားရောင်ရမ်းမှုသက်သာစေတယ်

    ၎င်းမှာ ကြွယ်ဝတဲ့ fatty acid နဲ့ leucoanthocyanins အပြင် ပိုလီဖနောဓါတ်တွေကြောင့် အနာကျက်မြန်စေတဲ့ အာနိသင်လည်းရှိပါတယ်။ ဦးရေပြားမှာ အနာဖြစ်နေတာ၊ ရောင်ရမ်းနေတာတွေအတွက်က သည်အဆီက ဆေးကောင်းတစ်လက်ပါပဲ။

    ဆံပင်ပေါင်းတင်နည်း

    ဆံပင်ပေါင်းတင်ရာမှာ စပျစ် စေ့အဆီတစ်မျိုးတည်း ဖြစ်ဖြစ်၊ တခြားနှစ်သက်ရာအဆီတွေနဲ့ ရောစပ်ပြီးဖြစ်ဖြစ် သုံးနိုင်ပါတယ်။ အပူဓါတ်နဲ့ပေါင်းတင်တာက ပိုကောင်းတယ်လို့ ဆိုပါတယ်။

    စပျစ်စေ့အဆီ လက်ဖက်ရည် ဇွန်းလေးဇွန်းကနေ ခြောက်ဇွန်းခန့်ကို တခြား ဆံပင်လိမ်းအဆီတစ်မျိုးမျိုးရဲ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောပါ။ လာဗန်ဒါအဆီနဲ့ လက်ဖက်ပင်အဆီတို့ကို ရွေးချယ်နိုင်ပါတယ်။ ရောစပ်ထားတဲ့ အဆီ တွေကို ဦးရေပြားပေါ် စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ရင်း နှစ်မိနစ်ကြာ သုတ်လိမ်းပေးပါ။ နောက်တစ်ဆင့်က ခေါင်းကို တဘက်နွေးနွေးနဲ့ပတ်ပြီး အဆီတွေကို ဦးရေပြားက စုပ်ယူနိုင်လောက်တဲ့အထိ နာရီဝက်လောက်ထားပေးပါ။  အဲသည်နောက်မှ ခေါင်းလျှော်ချပါ။ ဒီနည်းအတိုင်း မကြာခဏ ပြုလုပ်ပေးနိုင်ပါတယ်။

    စပျစ်စေ့အဆီမှာ အဆီဓါတ် ကြွယ်ဝပြီး ပြည့်ဝဆီတွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေး အတွက် မကောင်းတဲ့အတွက် သိပ်မစားသုံးသင့်ပါဘူး။ အပြင် ပန်းအသုံးပြုမှုတွေအတွက်က အများအားဖြင့် ဘေးဥပဒ်ကင်း တတ်ပေမဲ့ အရေပြားဓါတ်မတည့် မှုဖြစ်တတ်တဲ့သူတွေ သုံးမယ်ဆိုရင်တော့ အရင်စမ်းသပ်ဖို့ လိုအပ်တယ်လို့ သတင်းဆောင်းပါးမှာ သတိပေးထားပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement