backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

ဝက်ခြံပေါက်တယ်ဆို ပါးနဲ့  နှာခေါင်းမှာပဲ အဖြစ်များ ကြပါတယ်။ မျက်နှာကို အသားအရေ ထိန်းသိမ်းရေးဆိုလည်း လုပ်လိုက်ကြတာပဲ။ ဂရုစိုက်ဖို့ ကျန်နေတဲ့ တစ်နေရာက ရှိနေပါတယ်။ အလှပြင်တဲ့ အခါ ခဲတံလေးတွေ နဲ့ ဆွဲလေ့ရှိကြတဲ့ မျက်ခုံးပါပဲ။ မျက်ခုံး လှရင်၊ ပုံစံ ကျရင် မျက်နှာ အလှမှာ ပြည့်စုံ ထင်ရှားစေတယ် ဆိုပေမယ့် အဲဒီ မျက်ခုံးထဲမှာ ပုန်းနေတတ်တဲ့ ဆားဝက်ခြံလေးတွေကြောင့် ပြဿနာ ရှိနိုင်ပါတယ်။ ကဲ ….. ဒီတော့ မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

မျက်ခုံးမွေးရဲ့ အမြစ်အိတ်ထဲမှာ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့လာတဲ့အခါ ဝက်ခြံဆိုတာ ဖြစ်လာပါတော့တယ်။ ဆားဝက်ခြံတွေလည်း ရှိနေနိုင်တယ်၊ တစ်ခါတစ်ခါ ရောင်ရမ်းတဲ့ ဝက်ခြံဖုတွေလည်း ဖြစ်လာနိုင်တယ်။

ဘာကြောင့်ဖြစ်လာရသလဲ

မျက်ခုံးမွေးရဲ့ အမြစ်အိတ်တွေက ပိတ်ဆို့ လွယ်ပါတယ်။ အမြစ်အိတ် တစ်ခုစီမှာ အဆီ ဂလင်း ရှိပါတယ်။ အဲဒီ ဂလင်းမှာ အရေပြား ဆဲလ်သေတွေ ကပ်ငြိပြီး ပိတ်ဆို့သွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ဝက်ခြံ အမျိုးမျိုးမှာ-

  • အရေပြား အောက်မှာ ပိတ်ဆို့နေတဲ့ ဆားဝက်ခြံ အဖြူဆံလေးတွေ
  • မီလာနင်ကြောင့် အမည်းရောင် ဖြစ်နေတဲ့ ဆားဝက်ခြံအမည်းတွေ( ဖုန်မဟုတ်)
  • နီမြန်း၊ နာကျင်ရတဲ့ ဝက်ခြံဖု
  • ပြည်တည်နေတဲ့ (အလယ်မှာ အဖြူရောင် အဆံရှိနေ) ဝက်ခြံဖု
  • အရေပြား အတွင်းထဲထိ နက်တဲ့ နာကျင်ရတဲ့ ဝက်ခြံဖု(နည်းနည်း ကြီးတယ်) စတာတွေ ပါဝင်ပါတယ်။

အလှကုန်ပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်တယ်

ကိုယ်အသုံးပြုနေတဲ့ အလှကုန် ပစ္စည်းတွေကြောင့်လည်း မျက်ခုံးထဲမှာ ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။ မျက်နှာ သစ်တဲ့အခါမှာ၊ မိတ်ကပ် ဖျက်တဲ့အခါ မျက်ခုံးကိုတော့ သေချာသန့်စင်ဖို့ ဂရုမထား မိတတ်ကြပါဘူး။ မိတ်ကပ် လိမ်းတဲ့ ပစ္စည်းတွေက မသန့်ရင်၊ ဘက်တီးရီးယားတွေ ရှိနေရင်လည်း ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို အတူတူ ကြည့်လိုက် ရအောင်နော်။ ဝက်ခြံ ပေါက်လာတယ်ဆို benzoyl peroxide ပါတဲ့ ဆေးလေး တို့ထားလို့ ရပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေက ဝက်ခြံမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို လျော့ပါးစေပြီး အရေပြား ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဆားဝက်ခြံ အပါအဝင် မျက်ခုံးက ဝက်ခြံတွေကို ပိုမဆိုးအောင်နဲ့ အမာရွတ် မကျန်စေအောင် ရှောင်ရမယ့် အချက်တွေက –

  • မျက်နှာ သစ်တာကို တစ်နေ့ နှစ်ကြိမ်ထက် မပိုပါနဲ့။
  • ပြင်းတဲ့ မျက်နှာသစ်ဆေးနဲ့ scrubsတွေ မသုံးပါနဲ့။
  • အသားအရေကို ခြောက်သွေ့စေတာ( အစိုဓာတ် မထိန်းတာ)
  • မိတ်ကပ် မဖျက်ဘဲ အိပ်တာ
  • ဝက်ခြံ ကုထုံးတွေ တစ်ပတ်တစ်ခါ အသစ် ပြောင်းတာ

ဘယ်လို ကာကွယ်မလဲ

  • တစ်နေ့နှစ်ကြိမ် မျက်နှာ သစ်ပါ။ ချွေး တအား ထွက်ထားတဲ့အခါ အဆီပြန်တာ ကာကွယ်ပြီး ဆဲလ်သေ ဖယ်ရှားနိုင်ဖို့ မျက်နှာ သစ်ပါ။
  • ခေါင်း ပုံမှန် လျှော်ပါ။ ဆံပင်တွေ မျက်နှာပေါ် မကျအောင် ဂရုစိုက်ပါ။
  • စိတ်ဖိစီးမှုကို လျှော့ပါ။
  • ချွေးပေါက် မပိတ်စေမယ့် အသားအရေထိန်း ပစ္စည်းတွေကို သုံးပါ။
  • အဆီနည်းတဲ့ နေရောင်ကာ ခရင်မ် သုံးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement