အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

ရှားစောင်းလက်ပပ် (သို့) အသားအရေအတွက် နတ်ဆေးတစ်ပါး

အလှအပအတွက်သာမက အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အိမ်တွင်းဆေးဝါးလို့ ဆိုလိုက်ရင် ရှားစောင်းလက်ပပ်ဟာ မပါမဖြစ် ထိပ်ဆုံးနေရာက ပါဝင်တဲ့ နတ်ဆေးတစ်ပါးပါပဲ။ အလွယ်တကူ ဝယ်လို့ရတယ်။ ကိုယ်တိုင်ပြုလုပ်ဖို့လည်း လွယ်ကူတယ်။ ကျား၊ မ၊ အသက်အရွယ်မရွေး အသုံးပြုလို့ရတယ်။ ဆေးဖက်ဝင်တယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အသုံးပြုနိုင်တယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို ရှေးယခင်မှ ယခုအချိန်ထိ လူတွေ ယုံယုံကြည်ကြည်နဲ့ လက်ခံအသုံးပြုနေကြပါတယ်။ ရှားစောင်းလက်ပပ်ကို အသားအရေကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လိုအခြေအနေမှာ အသုံးပြုလို့ရလဲဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ၁။ နေလောင်ခံရတဲ့ အသားအရေကို ကုသတဲ့နေရာမှာလည်း အသုံးပြုနိုင်တယ်။ ကမ်းခြေသွားပြီး ပြန်လာတဲ့အချိန်၊ အချိန်အတော်ကြာ နေပူစာလှုံတာ၊ နေပူထဲ အကာအကွယ်မပါပဲ ထွက်တာကြောင့် ပျက်စီးကြမ်းတမ်းပြီး နေလောင်သွားတဲ့ အသားအရေအတွက် အကောင်းဆုံး ဖြေဆေးကတော့ ရှားစောင်းလက်ပပ်ပါပဲ။ ရှားစောင်းလက်ပပ်က ရတဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့

ညဘက် ခေါင်းမလျှော်နဲ့နော်။ ရေစိုကြီးနဲ့ အိပ်ရင် ဖျားမယ်လို့ မေမေတို့ ဖွားဖွားတို့ဆီက ဆူတာ ခံရဖူးတာ။ ဆံပင်စိုကြီးနဲ့ အိပ်လို့ ဖျားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင် ရေစိုနေရင် အိပ်ရာ မဝင်သင့်တာကတော့ အမှန်ပါပဲ။ ခေါင်းလျှော်ပြီးရင် အိပ်ချင်တာကလည်း အမှန်ပဲနော်။ ဒါပေမယ့် ဆံပင် ခြောက်မှပဲ အိပ်ပါ။ ဘာကြောင့် ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ လို့ပြောရတာလဲ ဆိုတာကို ပြောပြပေးပါရစေနော်။ ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ ဆံပင် ရေစိုနေရင် မအိပ်သင့်ပါဘူး။ အိပ်ချင်ရင်တောင်မှ Dryer သုံးပြီး ဆံပင်ကို အခြောက်ခံပြီးမှ အိပ်ရာ ဝင်သင့်ပါတယ်။ ဆံပင်အခြောက်မခံဘဲ အိပ်ရာ ဝင်တဲ့အခါ ဒါလေးတွေ ဖြစ်နိုင်ပါတယ်။ ဝက်ခြံတွေ ဖြစ်စေနိုင်တယ် ခေါင်းက စိုနေတဲ့ ခေါင်းအုံးစွပ်နဲ့ ထိတွေ့မိပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှု ကနေတဆင့် မျက်နှာမှာ […]


အသားအရေ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ နှုတ်ခမ်းတွေ ကွဲအက်လို့ စိတ်ညစ်နေပြီလား

ရာသီအကူးအပြောင်းကာလမှာ နှုတ်ခမ်းသားအတွင်းမှာ ရှိတဲ့ အစိုဓါတ်တော်တော်များများ ဆုံးရှုံးသွားပါတယ်။ ဒီအခါမှာ နှုတ်ခမ်းက ခြောက်သွေ့လာတယ်။ အရောင်မှိန်လာတယ်။ အသားပပ်ပြီး နူးညံ့မှုမရှိတော့ပဲ မာကြမ်းကြမ်းဖြစ်ပြီး ကွဲအက်လာပါတယ်။ မကြာခဏ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်တဲ့သူတွေ၊ နှုတ်ခမ်းကိုက်တတ်သူတွေ၊ နှုတ်ခမ်းအပေါ်ယံ အရေပြားကို အမြဲတမ်းဖဲ့နေတတ်သူတွေ၊ ရေသောက်နည်းသူတွေ၊ အစာအာဟာရမမျှတသူတွေမှာ နှုတ်ခမ်းကွဲတာ အဖြစ်များပါတယ်။ ဆောင်းရာသီမှာပဲ နှုတ်ခမ်းအသားပပ်တာ၊ခြောက်တာ၊ ကွဲတာဖြစ်နိုင်တယ်လို့ ထင်ကြပေမယ့် တကယ်ကတော့ ကိုယ့်အသားအရေကိုသေချာဂရုမစိုက်ဘူးဆိုရင် တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆိုဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းကွဲတာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြီးကြီးမားမား မရှိပေမယ့် အလှအပကို တန်ဖိုးထားသူတွေအတွက်တော့ အကြည့်ရဆိုးစေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိခိုက်စေနိုင်လောက်တဲ့အထိ စိတ်ညစ်စရာကိစ္စပါပဲ။ ဒီတော့ အလှပြင်ဖို့ အချိန်သိပ်မပေးလိုတဲ့ အမျိုးသားတွေ၊ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အလွယ်တကူ နှုတ်ခမ်းသားပြုပြင်လို့တဲ့ အမျိုးသမီးတွေအတွက် နည်းလမ်းကောင်းတွေနဲ့ အသုံးဝင်မယ့် ပစ္စည်းလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ၁။ […]


အသားအရေ ထိန်းသိမ်းခြင်း

ကမ်းခြေသွားပြီး အသားအရေနေလောင် လို့ စိတ်ညစ်နေပြီလား

ကမ်းခြေကို အပန်းဖြေခရီးသွားပြီး ပြန်လာတဲ့အခါ တော်တော်များများ ပြောကြတဲ့အရာကတော့ “ငါ့အသားတွေ မည်းသွားတယ်” ဆိုတာပါပဲ။ လူအများစုက ကမ်းခြေရာက်ပြီဆိုရင် အင်္ကျီ၊ ဘောင်းဘီအတိုနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်ကြတာပါပဲ။ ဒါပေမယ့် ကိုယ့် အသားအရေနေလောင် နိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေဟာ ရေဓာတ်ခမ်းခြောက်ပြီး မွဲခြောက်လာတယ်။ ညိုပြီး မည်းလာတယ်။ နေလောင်ခံရတာ ပြင်းထန်တဲ့အခါ အရည်ကြည်ဖုတွေ ထွက်လာပြီး တော်တော်လေးကို နာကျင်တဲ့ ဒုက္ခ ခံစားရနိုင်ပါတယ်။ အသားအရေနေလောင် ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ နေပူထဲ အကာအကွယ်မပါဘဲ၊ လုံခြုံတဲ့ အဝတ်အစားတွေ မဝတ်ဆင်ဘဲ အကြာကြီးထွက်လိုက်တဲ့အခါ နေလောင်ခံရပြီး အရေပြားကို ထိခိုက်စေပါတယ်။ ၁။ နေလောင်သွားတဲ့ အသားအရေဟာ အရင်ဆုံး နီရဲပြီး ရောင်ရမ်းလာမယ်။ ၂။ ပူစပ်ပူလောင်ဖြစ်ပြီး အရည်ကြည်ဖုတွေ ထွက်လာမယ်။ ၃။ ရေဓာတ်ခမ်းခြောက်မယ်။ ၄။ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ဆံပင်ပေါက်စေမယ့် ကုထုံးတွေ

ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုလည်း မမှားပါဘူး။ တချို့တွေ ဆံပင်ပါးလို့၊ ဆံပင်တွေ အရမ်းကျွတ်လို့ စိတ်တွေ ညစ်ကြတယ်။ ကိုယ်က သူများတွေနဲ့ ယှဉ်လိုက်ရင် ဆံပင်ပေါက်တာနှေးတယ်၊ ဆံပင်မသန်ဘူး၊ ဆံပင်အုံမထူဘူး။ ဆံပင်ပါးတဲ့ ပြဿနာဟာ ကျား၊ မ မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့ သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ ဘာအကြောင်းရင်းကြောင့်ပဲ ဖြစ်စေ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆံပင်ပေါက်မြန်စေတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ၁။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်အနှစ်ကို ဗောက်ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အသုံးပြုကြသလို ဆံပင်ကျွတ်လွန်းတဲ့သူတွေ ဆံပင်အမြန်ပြန်ပေါက်စေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အဆီအနှစ်ဟာ ဦးရေပြားကို အေးမြစေပြီး ဗောက်တွေကို ဖယ်ရှားပေးတယ်။ ယားယံတာကိုလည်း သက်သာစေပြီး ဦးရေပြားခြောက်တာကို သက်သာစေတယ်။ ဆံသားမွှေးညှင်းပေါက်ထဲမှာ ပိတ်မိနေတဲ့ အဆီတွေ၊ ဖုန်မှုန့်နဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။ ။

ဆံပင် တစ်ခါ ညှပ်ပြီးရင် နောင်တတွေ ဗရပွနဲ့ မညှပ်လိုက်မိရင်ကောင်းသား။ အရင်တုန်းက ဆံပင် အရှည်လေးကို ပြန်လိုချင်လိုက်တာဆိုပြီး ဆံပင်ညှပ်ပြီးနောက်ပိုင်း ၁ လလောက်အထိ နေ့တိုင်း အဲဒီ အကြောင်းတွေ ချည်းပဲ ခေါင်းထဲမှာရှိနေတတ်တာ တို့ မိန်းကလေးတိုင်းပါ ။ ခုဆောင်းပါးလေးထဲမှာ ညှပ်လိုက်လို့ တိုသွားတဲ့ ဆံပင်တွေကြောင့် သောက ရောက်နေတဲ့ ပျိုမေတို့အတွက် ဆံပင် အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် တွေ အကြောင်း ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။ ဆံပင်အရှည်မြန်စေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်များ ။ ။ ဗီတာမင် A - ကိုယ်ခန္ဓါက ဆဲလ်တွေအားလုံး ကြီးထွားဖို့အတွက် ဗီတာမင် A ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် A ရဲ့ […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ။ ။

ခေါင်းယားတယ်၊ ခေါင်းယားတယ် ဆိုတာ တကယ်ကို ခံစားရခက်ပြီး စိတ်ရှုပ်ရတဲ့ အရာ တစ်ခုပါ။ ကုတ်လေ ယားလေနဲ့ ကုတ်လေ ယားလေနဲ့ သံသရာ လည်နေတော့တာပါပဲ ။ လူတိုင်းက ခေါင်းယားတယ် ဆိုတာနဲ့ ဗောက်ထတာကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဗောက်ထတာ အပြင် ခေါင်းယားစေတဲ့ အခြား အကြောင်း အရင်းများစွာ ရှိပါတယ်။ မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/skin-health/hair-scalp-care/can-dandruff-cause-hair-loss/ မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာ ဘာကြောင့်လဲ မနေနိုင် မထိုင်နိုင်အောင် ခေါင်းယားရတာက - ဗောက်ထခြင်း ။ ။ ဗောက်ထခြင်းဟာ ဦးရေပြား ယားယံခြင်းကို ဖြစ်စေတဲ့ အဖြစ် အများဆုံး အကြောင်းအရင်း တစ်ခုပါ။ ကုတ်လိုက်ရင် ပဲဖြစ်ဖြစ် ဒီအတိုင်းနေရင်ပဲဖြစ်ဖြစ် ဆံပင် မည်းမည်းလေးတွေ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး ပေါင်ခြံတစ်ဝိုက်မှာ အဖြစ်များပါတယ်။ လိင်အင်္ဂါနဲ့ တင်ပါး တစ်ဝိုက်မှာလည်း ပွေး ပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားအနှံ့ မှိုရောဂါပိုး ကူးစက်နိုင်ပြီး ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ခြေထောက်၊ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ကူးစက်နိုင်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး အနားသတ်တွေက ဖောင်းကြွပြီး နီရဲနေပါတယ်။ ယားယံလွန်းတာကြောင့် မကြာခဏ ကုတ်မိရာကနေ ပိုးဝင်သွားနိုင်ပြီး ရောဂါလက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသမှု မခံယူတဲ့အခါမှာ ရောဂါအပျောက်နှေးတာ၊ ဆေးယဉ်သွားတာ၊ ပွေးက နေရာအနှံ့ကို ပျံ့လာတာအပြင် အရေပြားအောက်က တစ်သျှူးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ပေါင်ခြံ ပွေး ဖြစ်ရခြင်း အကြောင်းရင်း ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေ၊ ချွေးမကြာခဏ ထွက်လွန်းတဲ့ နေရာတွေမှာ ပိုပြီး ပေါက်ဖွားဖို့ လွယ်ကူပါတယ်။ […]


ဝက်ခြံ

ဒါတွေလုပ်မိနေပြီလား

ကျန်းမာကြည်လင်ပြီး အစက်အပြောက်တွေကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့ စိတ်ကူးပါ။ စာဖတ်သူအနေနဲ့ ခန္ဓါကိုယ်ရဲ့ ဟော်မုန်းပြောင်းလဲမှုနဲ့ မျိုးရိုးကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကိုရှောင်လွှဲဖို့ မဖြစ်နိုင်ပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ နေ့စဉ်လုပ်မိနေတဲ့ အချို့အလေ့အထတွေကိုပြောင်းလဲလိုက်မယ်ဆိုရင်တော့ အသားအရေမှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေဖြစ်လာမှာ အသေအချာပါ။ ဒီတော့ ကျန်းမာလှပပြီး ဝက်ခြံကင်းစင်တဲ့ အသားအရေလေးဖြစ်အောင် ဘာတွေသတိထားဖို့လိုမလဲ။ ဝက်ခြံဆိုတာက အရေပြားပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့အရာဆိုလည်းဟုတ်သလို ယုံကြည်မှုကျဆင်းစေတဲ့အရာဆိုလည်းမမှားပါဘူး။ ဝက်ခြံပေါက်ရတဲ့ အဓိကအကြောင်းအရင်းကဟော်မုန်းကြောင့်ပါ။ ဒီအချက်ကြောင့်ပဲ လူတော်တော်များများက သူတို့ဝက်ခြံပေါက်တာကို ဟော်မုန်းကြောင့်လို့ အပြစ်ပြေးတင်တော့တာပါပဲ။ ဝက်ခြံပေါက်တာကဟော်မုန်းကြောင့်ဆိုတာထက် ကိုယ်လုပ်မိနေတဲ့ အပြုအမူတွေကြာင့်ဆိုတာရော သတိထားမိရဲ့လား။ ဒါတွေလုပ်မိနေပြီလား ဝက်ခြံတွေက အဆက်မပြတ်ထွက်နေပြီဆိုရင် အရင်ဆုံးလုပ်သင့်တာက သင့်အနေနနဲ့ ဒါတွေလုပ်မိနေပြီလားဆိုတာကိုဆန်းစစ်ကြည့်ပါလို့ ပြောပါရစေ။ ဓါတုပစ္စည်းတွေပါတဲ့ အလှကုန်တွေသုံးမိနေပြီလား - အလှကုန်ဆိုတိုင်း အလှတိုးစေနိုင်တာမဟုတ်သလို အသားအရေကို ထိခိုက်မှုမရှိဘူး၊ လို့ဆိုလို့မရပါဘူး။ ဒါကြောင့် အလှကုန်ပစ္စည်းရွေးချယ်တဲ့အခါ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေပါနေလား၊ အနံ့အရမ်းပြင်းလွန်းလားဆိုတာတွေကို သတိထားပေးပါ။ အစိုဓါတ်ထိန်းခရင်မ်မသုံးမိဘူးလား - […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား

ဗောက် ဆိုတာ ဦးရေပြားဆိုင်ရာ ပြဿနာဖြစ်ပြီး ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဦးရေပြားက မကြာခဏ ယားယံနေပြီး ခေါင်းဖြီးလိုက်တိုင်း အဖြူရောင်အမှုန်၊ အဖတ်တွေ ကျလာတတ်တာ ဗောက် ပြဿနာရဲ့ လက္ခဏာတွေပါ။ ဒါ့အပြင် ဦးရေပြားမှာ ဆီလို ချွဲကျိနေတဲ့ အကွက်တွေ ဖြစ်တတ်ပြီး အသားထဲက တစ်ခုခု ထိုးနေသလို ခံစားရနိုင်ပါတယ်။ မိန်းကလေးတွေ ဆံပင်မကြာခဏ ဖြောင့်တာ၊ ကောက်တာ၊ ပုံသွင်းတာကြောင့် ဆံသားခြောက်သွေ့ပျက်စီးပြီး ဗောက်ထတတ်ပါတယ်။ ယောက်ျားလေးတွေမှာလည်း တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာ၊ ခေါင်းသိပ်မလျှော်တာ၊ ဆံပင်ပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ သုံးလွန်းပြီး ခေါင်းမလျှော်ဘဲ ထားထားတာကြောင့်လည်း ဗောက်ထနိုင်ပါတယ်။ မျိုးရိုးဗီဇ၊ ရောဂါအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ရံဖန်ရံခါ ဗောက်ထနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဗောက်ထတဲ့ ပြဿနာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း