backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မှို စားပေးခြင်းဖြင့် ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မှို စားပေးခြင်းဖြင့် ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ

မှို ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အစားအစာအဖြစ် လူသိများကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant တွေအများအပြား ပါဝင်တဲ့ မှိုဟာ အရေပြားအလှအပအတွက်လည်း အထူးကောင်းတဲ့ ဓာတ်စာ ဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေ အများစုက မီးပြင်းပြင်းနဲ့ ချက်ပြုတ်လိုက်တဲ့အခါမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားတတ်ပါတယ်။ မှိုကတော့ များသောအားဖြင့် ဆီနည်းနည်းနဲ့ ကြော်ချက်ပြီး စားတဲ့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝစုံလင်စွာ ရရှိနိုင်ပါတယ်။

မှို ထဲမှာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေ ပေါကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု နည်းပါတယ်။ ဗီတာမင် B အုပ်စု၊ အသားအရေအတွက် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ဗီတာမင် D နဲ့ ပိုတက်စီယမ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

မှို စားပေးခြင်းဖြင့် အသားအရေအတွက် ဘာကောင်းကျိုးတွေ ရစေနိုင်လဲ။

၁။ အသားအရေကို ရေဓာတ် ဖြည့်တင်းပေးတယ်။ ပုံမှန်စားပေးရင် ကျန်းမာပြီး နူးညံ့လှပတဲ့ အရေပြားအလှကို ပိုင်ဆိုင်ရမှာပါ။ အသားအရေကို ညီညာတင်းရင်းစေပြီး အရောင်ညီစေပါတယ်။

၂။ မှို မှာ ပါဝင်တဲ့ ဗီတာမင် D ဓာတ်ဟာ ဝက်ခြံတွေကို သက်သာစေနိုင်တဲ့အပြင် ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

၃။ မှိုမှာ အသားအရေကို ဝင်းမွတ်တောက်ပစေတဲ့ ဓာတ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ အရေပြားပေါ်က ဆဲလ်အသေတွေ ကွာကျသွားတဲ့အခါ အသစ်ဖြစ်လာမယ့် အရေပြားဆဲလ်တွေကို အားဖြစ်စေပါတယ်။

မှို စားပေးခြင်းဖြင့် ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ

၄။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့အပြင် မျက်နှာက အရေးအကြောင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

၅။ ဝက်ခြံ၊ တင်းတိပ်၊ နှင်းခူ အစရှိတဲ့ အရေပြား ပြဿနာတွေကိုလည်း ပျောက်ကင်းစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေ ခြောက်သွေ့ယားယံတာ၊ နီရဲတာကို သက်သာစေနိုင်ပါတယ်။

၆။ ဆံသားမွေးညှင်းပေါက်တွေကို အားဖြစ်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ ဆံသား သန်စွမ်းစေတယ်။ ဆံပင်အများအပြား မကျွတ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၇။ မှို မှာပါဝင်တဲ့ ဆယ်လီနီယမ်ဓာတ် (selenium) က ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ဦးရေပြားမှာ ဗောက်မထအောင်လည်း ကာကွယ်ပေးပါတယ်။

မှိုက ပေးနိုင်တဲ့ တခြားကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ

၁။ မှို မှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ အင်ဇိုင်းနဲ့ ကစီဓာတ်တွေ ပါဝင်ပြီး ကိုယ်ခန္ဓာကို ဘေးဥပါဒ်ဖြစ်စေတဲ့ အဆီနဲ့ ကိုလက်စထရောတွေကို လောင်ကျွမ်းစေပါတယ်။

၂။ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါကြွယ်ဝပြီး သွေးထဲမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ ဆီးချိုရောဂါရှင်တွေအတွက်လည်း အကောင်းဆုံး ဓာတ်စာထဲမှာ ပါဝင်ပါတယ်။ သဘာ၀ ပဋိပစ္စည်းတွေ ပါဝင်လို့ ရောဂါတွေ အလွယ်တကူဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။

၄။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ခန္ဓာကိုယ်ထဲ ဝင်လာမယ့် ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

မှို စားပေးခြင်းဖြင့် ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ

၅။ သွေးတွင်း အဆီဓာတ်နဲ့ ကိုလက်စထရောတွေကို ကျစေလို့ ကိုယ်အလေးချိန် ထိန်းနေတဲ့ ပျိုမေတွေအတွက်လည်း ဝိတ်ကျစေတဲ့ (diet) အစားအစာအဖြစ် စားသုံးပေးနိုင်ပါတယ်။

၆။ ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ စိတ်ကျရောဂါတွေကို မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

၇။ အရိုးကို သန်စွမ်းစေတဲ့ ဖောလစ်အက်ဆစ် ပါဝင်လို့ အမျိုးသမီးတွေ အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ဖို့အတွက် နေ့စဉ် စားပေးသင့်ပါတယ်။

မှိုဟာ ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေတယ်။ အသားအရေနဲ့ ဦးရေပြားကိုလည်း ကျန်းမာစေလို့ အလှအပကြိုက်တဲ့ သူတွေ မဖြစ်မနေ စားပေးသင့်တယ်နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement