backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ

ဆေးမြီးတိုတော့ မဟုတ်ပေမယ့် လူတွေကြားမှာ ရေပန်းစားနေတဲ့ အလွဲလေးတစ်ခုဖြစ်တဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး မျက်နှာပေါ်က ဝက်ခြံကို ပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်လို့ သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ

လူပျို၊ အပျိုဖြစ်လာတဲ့အချိန်ကစပြီး မျက်နှာနဲ့ ကိုယ်ခန္ဓာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။ ဝက်ခြံကို အလွယ်ပျောက်ချင်တဲ့သူတွေက သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာ သုတ်လိမ်းပြီး ထားထားလိုက်တယ်။ မနက်ရောက်တော့ နီရဲနေတဲ့ ဝက်ခြံက ခြောက်ပြီး ပြားချပ်သွားတယ်။ ဒီလိုနဲ့ပဲ သွားတိုက်ဆေးက ဝက်ခြံပျောက်စေတဲ့ အိမ်တွင်းဆေးဆိုပြီး လူသိများလာကြပါတယ်။

သွားတိုက်ဆေးဟာ အမှန်တကယ်ပဲ ဝက်ခြံပျောက်စေနိုင်သလား။

သွားတိုက်ဆေးမှာ ပါဝင်တဲ့ triclosan – ထရိုင်ကလိုစန် ဒြပ်ပေါင်းဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ မျက်နှာပေါ်က အဆီတွေကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်လာပြီး ဝက်ခြံဖြစ်လာပါတယ်။

ထရိုင်ကလိုစန်အပြင် သွားတိုက်ဆေးမှာ ပါဝင်တဲ့ မုန့်ဖုတ်ဆိုဒါ၊ အယ်လ်ကိုဟောလ်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ဓါတ်တွေဟာ ဘက်တီးရီးယားပိုးကို သေစေပြီး ဝက်ခြံကို ပြားချပ်သွားစေပါတယ်။

သွားတိုက်ဆေးမှာ အသားအရေအတွက် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။

သိထားရမှာ တစ်ခုကတော့ သွားတိုက်ဆေးမှာ ပါဝင်တဲ့ သွားကိုဖြူစေတဲ့ ဓာတ်ပေါင်းတွေဟာ မျက်နှာပေါ်က နူးညံ့လွန်းတဲ့ အရေပြားကို ကောင်းကျိုးထက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

သွားတိုက်ဆေးကို အသုံးပြုလိုက်တဲ့အခါမှာ ဝက်ခြံတော့ ပျောက်သွားတယ်။ ဒါပေမဲ့ ပြားချပ်သွားတဲ့နေရာမှာ အသားအရေခြောက်သွားပြီး ယားယံစေတယ်။ နောက်ထပ် ဝက်ခြံပိုပေါက်လာစေဖို့ ကူညီပေးလိုက်သလို ဖြစ်သွားပါတယ်။

သွားတိုက်ဆေးကို အရေပြားပေါ် တင်လိုက်တဲ့အခါမှာ အဖုအပိမ့်တွေ ထွက်လာစေနိုင်တယ်။ ပူစပ်ပူလောင် ဖြစ်စေနိုင်တယ်။ နဂိုအသားအရေကို ပျက်စီးသွားစေနိုင်ပါတယ်။

နောက်ပိုင်း သွားတိုက်ဆေးအများစုမှာ ထရိုင်ကလိုစန် မပါဝင်တော့တဲ့အတွက် ဝက်ခြံကို အရင်ကလောက် မပြားချပ်စေနိုင်တော့တဲ့အပြင် အချိန်ကြာကြာ အသားအရေပေါ် တင်ထားလိုက်ရင် ခြောက်သွားပြီး ဝက်ခြံကို ပိုပေါက်စေနိုင်ပါတယ်။

ဒါကြောင့် သွားတိုက်ဆေးကို ဝက်ခြံပျောက်ဆေးအဖြစ် အသုံးပြုတဲ့ နည်းလမ်းဟာ ပိုပြီးဆိုးရွားသွားစေနိုင်တဲ့အတွက် အသုံးမပြုတာ အကောင်းဆုံးပါပဲ။

ဒါဆိုရင် ဝက်ခြံပေါက်တဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။

၁။ မျက်နှာကို တစ်နေ့ ၂ကြိမ် မှန်မှန်သစ်ပေးပါ။ ရေမှန်မှန် ချိုးပါ။

၂။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေကိုပဲ ဝယ်ယူသုံးစွဲပါ။

၃။ လက်သည်းရှည်တွေဟာ အသားအရေကို ပွန်းပဲ့စေနိုင်တဲ့အပြင် ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေက ဝက်ခြံထဲ ဝင်သွားတဲ့အခါ ပိုပြီးဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းပုံမှန်ညှပ်ပေးပါ။

၄။ ဝက်ခြံပေါက်နေတဲ့နေရာမှာ ဆံပင်အတိုထားပါ။ ဒါမှမဟုတ် ဆံပင်ကို နောက်စည်းထားပါ။

၅။ မျက်နှာကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အယ်လ်ကိုဟော သိပ်မပါတဲ့ အစိုဓါတ်ထိန်းခရင်မ်တွေ လိမ်းပေးပါ။

၆။ နေပူထဲ၊ ဖုန်ထူထပ်တဲ့ နေရာ၊ လူများတဲ့ နေရာတွေ သွားတာ တတ်နိုင်သလောက် ရှောင်ပါ။

၇။ အပူ၊ အစပ်တွေ လျှော့စားပေးပါ။

၈။ အိပ်ရေး၀၀အိပ်ပါ။

၉။ စိတ်ဖိစီးမှုမဖြစ်စေဖို့ တရားထိုင်ပါ။ ယောဂကျင့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။

၁၀။ ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်ယူလို့ ရတဲ့ ဆေးတွေလိမ်းလိုက်တာမျိုးထက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement