backup og meta

ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုသလား

ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုသလား

လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်အပြင် စအိုတို့၊ ပါးစပ်တို့နဲ့ပါ ဆက်ဆံတတ်ကြပါတယ်။ မိန်းမကိုယ်တို့၊ စအိုတို့ဆိုရင် ဆက်ဆံပြီးတဲ့အခါ ရေနဲ့ သေချာဆေးကြသလို ပါးစပ်နဲ့ ဆက်ဆံ ပြီးရင် ချက်ချင်းသွားတိုက်တတ်ကြပါတယ်။ တကယ်တော့ အဲ့တာက မလုပ်ရပါဘူးတဲ့။ ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ မလောစေချင်တာ ခုပြောမဲ့ အချက်တွေကြောင့်ပါ။

ပါးစပ်နဲ့ ဆက်ဆံတာကြောင့် ဘယ်လိုရောဂါပိုးတွေ ကူးစက်နိုင်သလဲ

ပါးစပ်နဲ့ ဆက်ဆံ တာက စအိုတို့၊ မိန်းမကိုယ်တို့နဲ့ယှဉ်ရင် ရောဂါပိုးကူးစက်နိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ လုံးဝမကူးနိုင်တာတော့ မဟုတ်ပါဘူး။ ပါးစပ်နဲ့ ဆက်ဆံရာကနေ ကူးနိုင်တဲ့ ရောဂါပိုးတွေကတော့

  • HIV
  • ကာလသားရောဂါ
  • ဆီးပူညောင်းကျရောဂါ
  • ကလက်မိုင်းဒီးယား
  • ရေယုန်
  • ကြွက်နို့
  • အသည်းရောင်အသားဝါ အေ၊ ဘီ၊ အီး
  • အစာခြေစနစ်ကပိုး
  • ဆီးလမ်းကြောင်းပိုးတွေပဲ ဖြစ်ပါတယ်။

အထူးသဖြင့် လိင်အင်္ဂါမှာ ဒါမှမဟုတ် ပါးစပ်မှာ ပေါက်ပြဲဒဏ်ရာတွေ ရှိရင် ကူးနိုင်ခြေ ပိုများပါတယ်။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။

ပါးစပ်နဲ့ ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုသလား

သွားတိုက်လိုက်တဲ့အခါ သွားဖုံးနဲ့ ခံတွင်းမှာ အနည်းနဲ့ အများတော့ ပွန်းပဲ့တာ ဖြစ်သွားပါတယ်။ ကိုယ်ကတော့ သတိထားမိချင်မှ သတိထားမိမှာပါ။ ပါးစပ်နဲ့ ဆက်ဆံထားတဲ့အခါ ပိုပြီး သန့်သွားအောင်ဆိုပြီး ခပ်ကြမ်းကြမ်းတိုက်တတ်တော့ ပွန်းပဲ့တာတွေက သာမန်ထက်တောင် ပိုများနိုင်ပါတယ်။

ဒီလို ပွန်းပဲ့ရာတွေက ရောဂါပိုးတွေကို အလွယ်တကူ ဝင်စေနိုင်ပါတယ်။ သူ့ဟာသူထားလိုက်ရင် ပြဿနာမရှိဘဲ ကိုယ်က သွားတိုက်လိုက်မှ ပွန်းပဲ့ရာတွေ ဖြစ်ပြီး ရောဂါပိုးဝင်နိုင်ခြေ ပိုများသွားနိုင်ပါတယ်။

တချို့ကလည်း ပါးစပ်ထဲကို သုက်ရည်တွေ ဝင်သွားလို့ ကိုယ်ဝန်ရမှာစိုးလို့ လက်ထိုးအန်တာ၊ သွားတိုက်တာတွေ လုပ်ကြပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတာ၊ သုက်ရည်မျိုချမိတာတွေက ကိုယ်ဝန်မရစေပါဘူး။ ဒါကြောင့် ဒါတွေ လုပ်စရာ မလိုပါဘူး။

ပါးစပ်နဲ့ ဆက်ဆံ ပြီးပြီးခြင်းမှာ ရိုးရိုးရေနဲ့ပဲ ပလုပ်ကျင်းပါ။ နာရီဝက်လောက်နေမှ သွားတိုက်ပါ။

ပါးစပ်နဲ့ဆက်ဆံတဲ့အခါ ရောဂါပိုးတွေ မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

လူမှုရေးပြဿနာနဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့

  • လိင်ဆက်ဆံဖော် မများပါစေနဲ့
  • အခုမှ စသိသူနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ပါ
  • ပါးစပ်နဲ့ ဆက်ဆံဖို့ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။ ကိုယ်မလုပ်ချင်ရင် မလုပ်ချင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပါ။
  • ပါးစပ်နဲ့ ဆက်ဆံ တဲ့အခါ ရောဂါပိုးတွေ မကူးစေဖို့ ကွန်ဒုံး ဒါမှမဟုတ် ပါးစပ်အကာ (dam)ကို သုံးပါ။

ခံတွင်းကနေရောဂါပိုး မကူးစေဖို့

  • သွားတိုက်ထားတယ်၊ သွားပွတ်ကြိုး သုံးထားတယ်ဆိုရင် နာရီဝက်လောက်နေမှ ပါးစပ်နဲ့ ဆက်ဆံပါ။ ဆက်ဆံပြီးရင်လည်း အဲ့လိုပဲ။ နာရီဝက်လောက်နေမှ သွားတိုက်၊ သွားပွတ်ကြိုး သုံးပါ။
  • ပါးစပ်နဲ့ မဆက်ဆံခင်နဲ့ ဆက်ဆံအပြီးမှာ ခံတွင်းကို ပွန်းစေနိုင်တဲ့ အစားအစာ အမာတွေ မစားပါနဲ့။ ဥပမာ ကြက်ရိုးကိုက်တာ၊ မြေပဲစားတာ
  • သွားနဲ့ ခံတွင်းမှာ ရောင်ရမ်းနေတာ၊ သွားဖုံးသွေးယိုတာလိုမျိုး ပြဿနာ တစ်ခုခုရှိနေရင် ပါးစပ်နဲ့ မဆက်ဆံပါနဲ့။
  • သွားဆေးခန်းသွားပြီး ကုသမှု တစ်ခုခု လုပ်ထားတာ (ဥပမာ သွားကျောက်ခြစ်ထားတာ) ရှိရင် အဲ့နေ့မှာ ပါးစပ်နဲ့ ဆက်ဆံတာကို ရှောင်ပါ။ သက်သာမှ ပြန်ဆက်ဆံပါ။
  • ပါးစပ်ထဲမှာ မိန်းမကိုယ်အရည်၊ လိင်တံက အရည်တွေကို ကြာကြာ မထားပါနဲ့။ ကြာကြာထားမိရင် ပိုးသတ်ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။

ဒါတင်မကသေးပါဘူး။ ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။ ကိုယ်မသိလိုက်ဘဲ အထဲမှာ ရောဂါတစ်ခုခု ဖြစ်နေတာမျိုး ရှိနိုင်လို့ပါ။ ဒါ့ပြင် လိင်ကူးစက်ရောဂါတွေကိုလည်း ပုံမှန်စစ်ဆေးပါ။ လက္ခဏာတွေရှိတယ်လို့ သံသယရှိတဲ့အခါ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။

အကြံပြုချက်

ပါးစပ်နဲ့ ဆက်ဆံ ခြင်း မဆက်ဆံခြင်းက ကိုယ့်နဲ့ ကိုယ့်အဖော်ကြားက ခံစားချက်ပါ။ တကယ်လို့ တစ်ဖက်ဖက်က မလုပ်ချင်ဘူးဆိုရင် အတင်းအကျပ် မတောင်းဆိုပါနဲ့။ ကိုယ်ကိုယ်တိုင်လည်း မလုပ်ချင်ရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ ပါးစပ်နဲ့ ဆက်ဆံပြီး ရောဂါတွေ မကူးစက်စေဖို့ ခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။

# ပါးစပ်နဲ့ လိင်ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုမလား!

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Oral sex https://www.opendoors.nhs.uk/content/oral-sex Accessed date Jul 5, 2023

Brushing after oral sex https://www.healthtap.com/sexual-health/questions/1337246-if-you-brush-your-teeth-after-oral-sex-will-that-kill-all-the-sperm-in-your-mouth/ Accessed date Jul 5, 2023

Oral sex and mouth care https://www.healthdirect.gov.au/oral-sex-mouth-care Accessed date Jul 5, 2023

Oral Sex, Oral Health and Orogenital Infections https://www.ncbi.nlm.nih.gov/pmc/articles/PMC2840968/ Accessed date Jul 5, 2023

HIV and oral sex https://www.cdc.gov/hiv/risk/oralsex.html Accessed date Jul 5, 2023

ယခုပုံစံ

29/08/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement