backup og meta

လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား

    လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား။ အပြင်မှာ ပြီးရင် ကိုယ်ဝန်ရနိုင်လား။ စအိုထဲမှာ ပြီးလိုက်တယ် ကိုယ်ဝန်ရနိုင်လား စတဲ့ ကိုယ်ဝန်ရနိုင်လားဆိုတဲ့ မေးခွန်းတွေက ဒွိဟဖြစ်စရာ အဖြေရှိပါတယ်။ လက်နဲ့ အာသာဖြေတာကလည်း ဒီလို မေးခွန်းမျိုး ဖြစ်ပါတယ်။ ရနိုင်တယ်လို့ ပြောလို့ရသလို၊ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဘယ်အခြေအနေတွေမှာ ရနိုင်လဲ၊ ဘယ်အခြေအနေတွေမှာ မရနိုင်ဘူးလဲဆိုတာကို ဆက်ကြည့်ရအောင်။

    ကိုယ်ဝန်ဘယ်လိုရသလဲ။

    မိန်းမကိုယ်ထဲကို သုက်ကောင်ဝင်လာပြီး မမျိုးဥနဲ့ ပေါင်းတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒီတော့ မိန်းမကိုယ်ထဲကို သုက်ကောင်ဝင်နိုင်တဲ့ အခြေအနေတွေအားလုံးက ကိုယ်ဝန်ရနိုင်ပါတယ်။ ဆိုလိုတာက မိန်းမကိုယ်ထဲကို လိင်တံကနေဖြစ်ဖြစ်၊ လက်ချောင်းကနေဖြစ်ဖြစ်၊ အပြင်မှာ ပြီးလိုက်ပြီး မိန်းမကိုယ်ထဲကို သုက်ရည်တွေ စီးကျလာရင်ဖြစ်ဖြစ် သုက်ကောင်ရောက်လာမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ပြောလို့ရပါတယ်။

    လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား

    လက်ချောင်းကနေ သုက်ထွက်တာမျိုး မဟုတ်ပေမယ့် လက်မှာ သုက်ပိုးတွေ ပေနေတာ ရှိမယ်။ အဲ့ဒီလက်နဲ့ မိန်းမကိုယ်ထဲကို ထိုးသွင်းမယ်ဆိုရင် ရနိုင်ပါတယ်။

    လက်နဲ့ အာသာဖြေရာကနေ ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေတွေကတော့

    • အမျိုးသားက သူ့လက်နဲ့ သူ့လိင်တံကို အာသာဖြေပြီး သုက်ရည် ဒါမှမဟုတ် အရည်ကြည်ပေနေတဲ့လက်နဲ့ မိန်းမကိုယ်ထဲကို ထိုးသွင်းဆက်ဆံတာ
    • အမျိုးသမီးက အမျိုးသားရဲ့ လိင်တံကို အာသာဖြေပေးပြီး ပေနေတဲ့လက်နဲ့ ကိုယ့်မိန်းမကိုယ်ထဲကို ထိုးသွင်းပြီး အာသာဖြေတာ
    • မိန်းမကိုယ်အဝနားမှာ ပြီးလိုက်ပြီး အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လက်နဲ့ အာသာဆက်ဖြေတာကြောင့် ပြီးထားတဲ့ သုက်ရည်တွေ ဝင်သွားတာ

    ဒါမျိုး အခြေအနေတွေဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ခြုံပြောရရင် ဘယ်သူ့လက်မှာဖြစ်ဖြစ် သုက်ရည်တွေ ပေနေပြီး အဲ့ဒီလက်နဲ့ မိန်းမကိုယ်ထဲကို ထိုးသွင်းအာသာဖြေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

    ဒါဆို လက်ဆေးလိုက်ရင်ရော

    မိန်းမကိုယ်ထဲကို မထည့်ခင် ပေနေတဲ့ လက်ကို သေချာဆေးမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ လက်ကို မဆေးဖြစ်ဘူး။ အဝတ်တစ်ခုခုနဲ့ပဲ သုတ်လိုက်တယ်ဆိုရင် ရနိုင်ခြေ ရှိပါသေးတယ်။

    လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်မရနိုင်တဲ့ အခြေအနေတွေက

    အမျိုးသမီးအနေနဲ့ ကိုယ့်လက်နဲ့ ကိုယ် တစ်ကိုယ်ရည်အာသာဖြေရင် ကိုယ်ဝန်မရနိုင်ပါ။ ဆိုလိုတာက လက်မှာ သုက်ရည်၊ အရည်ကြည်မရှိတဲ့အတွက် ကိုယ်ဝန်ရမှာ မဟုတ်ပါဘူး။

    ဒီလိုပဲ အမျိုးသားက လက်မှာ ဘာမှမပေနေဘူး။ အမျိုးသမီးကို ဒီတိုင်းပဲ လက်နဲ့ အာသာဖြေပေးတယ်ဆိုရင်လည်း ကိုယ်ဝန်ရမှာ မဟုတ်ပါဘူး။

    လက်နဲ့ အာသာဖြေလို့ ကိုယ်ဝန်ရမရ ဆိုတာထက် အဲ့ဒီလက်မှာ သုက်ရည်၊ အရည်ကြည် ပေနေ မနေဆိုတာက ကိုယ်ဝန်ရမရနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။

    လက်နဲ့ အာသာဖြေ ပြီး ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင်

    လက်နဲ့ အာသာဖြေလိုက်တယ်။ သုက်ရည် ပေမပေလည်း မသေချာဘူး ဒါမှမဟုတ် ပေသွားတယ်။ ကိုယ်ဝန်လည် မလိုချင်သေးဘူးဆိုရင် ၇၂နာရီအတွင်းမှာ အရေးပေါ်တားဆေးသောက်ပါ။ ၇၂နာရီကျော်သွားပေမယ့် ၅ရက်အတွင်းပဲ ရှိသေးတယ်ဆိုရင် ကော့ပါး IUD (သားအိမ်ထဲထည့်တဲ့ပစ္စည်း)ကို အသုံးပြုပါ။ IUDကို ဆေးခန်းမှာ ထည့်ရမှာဖြစ်ပြီး သူက နှစ်ရှည်ခံ သန္ဓေတားနည်းလမ်းလည်း ဖြစ်ပါတယ်။ ဆိုလိုတာက ပြန်မထုတ်ဘဲနဲ့ သန္ဓေတားဆေးအနေနဲ့ ဆက်သုံးလို့ ရပါတယ်။

    ကိုယ်ဝန်ရမရ မသေချာဘူးဆိုရင်

    အရေးပေါ်တား နည်းလမ်းတွေ လုပ်ဖို့ မမီလိုက်ဘူး။ ကိုယ်ဝန်ရသွားပြီလား မသိဘူးဆိုရင် ဆီးစစ်ကြည့်တာက အကောင်းဆုံးပါ။ ဆီးစစ်ရမယ့်ရက်က

    • ရာသီပုံမှန်လာတဲ့သူက ရာသီလာရမယ့်ရက်ကျော်သွားတာနဲ့ (၁ရက်ကျော်တာနဲ့ စစ်လို့ ရပါပြီ)
    • ရာသီပုံမှန်မလာတဲ့သူက နောက်ဆုံးအတူနေခဲ့တာကနေ ၃ပတ်ပြည့်ရင် စစ်နိုင်ပါတယ်။

    တစ်ခုသိထားရမှာက မြန်မာနိုင်ငံမှာ မိခင်ကျန်းမာရေးကြောင့်ကလွဲပြီး တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မရှိတဲ့အတွက် ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင် အကာအကွယ်သုံးတာ၊ တားဆေးသုံးတာလုပ်ဖို့ အကြံပြုချင်ပါတယ်။

    သတင်းစကာား

    လက်နဲ့ အာသာဖြေရင် ကိုယ်ဝန်ရနိုင်လား ဆိုတာက လက်မှာ သုက်ရည်၊ အရည်ကြည် ပေနေသလားဆိုတာနဲ့ ဆိုင်ပါတယ်။ လက်နဲ့ အာသာဖြေရာကနေ ကိုယ်ဝန်ရနိုင်ခြေက နည်းတယ်ဆိုပေမယ့် လုံးဝမရဘူးလို့ ပြောမရတဲ့အတွက် သတိထားစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement