backup og meta

တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား!

    တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား ဆိုတဲ့ မေးခွန်းကို သင်ကိုယ်တိုင် တွေးမိတဲ့ အဖြေက ဘာများဖြစ်မလဲ။ ဆောင်းပါးလေးကို မဖတ်ကြည့်ခင် အရင်ဆုံး ဖြေကြည့်ပေးပါဦးနော်။

    တားဆေးသောက်ဆေးဆိုတာက လေဒီတော်တော်များများ အသုံးပြုဖြစ်တဲ့ သားဆက်ခြားနည်း တစ်မျိုးပါ။ ထိထိရောက်ရောက်လည်း သားဆက်ခြားပေးနိုင်တယ်လေ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောပြချင်တာက သန္ဓေတား သောက်ဆေးက ကိုယ်ဝန်ကို တားပေးနိုင်ခြေက ၁၀၀ မပြည်ဘဲ ၉၉% ဝန်းကျင်ပဲ ရှိတယ်ဆိုတာပါ။ ဒါပေမယ့် တားဆေး သောက်ဆေးက သေချာ သောက်မယ်ဆိုရင် ကိုယ်ဝန်ကို ထိထိရောက်ရောက် တားပေးနိုင်ပါတယ်။

    တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား!

    သန္ဓေတား သောက်ဆေးမှာ ဟော်မုန်းတွေ ပါဝင်နေပြီး သားဥကြွေတာကို တားဆီးပေးပါတယ်။ တားဆေးသောက်ဆေးက သားအိမ်အချွဲမြှေးကို ထူစေပြီး သားအိမ်နံရံကို ပါးစေခြင်းဖြင့် သန္ဓေမအောင်စေဖို့ တားဆီးပေးပါတယ်။ တားဆေးရဲ့ ထိရောက်မှုက ၉၉% ဝန်းကျင်ပဲ ရှိတာကြောင့် တစ်နှစ်တာမှာ တားဆေးသောက်ပေမယ့် ကိုယ်ဝန်ရရှိသူ အမျိုးသမီးတွေက အယောက် ၁၀၀ မှာ ၁ ယောက်နှုန်းလောက် ရှိနေတယ်လို့ လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။

    တားဆေးက ပုံမှန် အားဖြင့်တော့ ထိထိရောက်ရောက် သန္ဓေတားပေးနိုင်ပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေတွေမှာတော့ တားဆေးရဲ့ ထိရောက်မှုက လျှော့ကျသွားပြီး  ကလေးရသွားနိုင်ပါတယ်။ ဘယ်လို အခြေအနေတွေလဲ ဆိုတော့

    • ဆေးသောက်ဖို့ မေ့သွားတာ

    သန္ဓေတားသောက်ဆေးက နေ့စဉ် အချိန်မှန် သောက်မှ ထိရောက်မှု ကောင်းမှာပါ။ တကယ်လို့ ဆေးသောက်ဖို့ တစ်ရက်တလေမေ့သွားလို့ ပြန်သောက်တာက ပြဿနာ မဟုတ်ပေမယ့် ၂-၃ရက်လောက် မေ့တာက ထိရောက်မှုကို လျှော့ကျစေပါတယ်။ ဒီအခြေအနေကပဲ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။

  • အော့အန်နေတာ
  • ဆေးကို အချိန်မှန် ရက်မှန် သောက်ပေမယ့် ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် အော့အန်နေမယ်ဆိုရင်တော့ အော့အန်တဲ့ထဲမှာ ဆေးပါသွားတာက ဆေးရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီအခြေအနေကလည်း ကိုယ်ဝန်ရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး ၂နာရီအတွင်း အော့အန်ရင် ဆေးပြန်သောက်ဖို့ လိုပါတယ်။ ဒါမှမဟုတ် အအန်ပျောက်ဆေးနဲ့ တွဲသောက်လို့လည်း ရပါတယ်။

    • ဝမ်းလျှောတာ

    ဝမ်းလျှောတာက ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်သလို တားဆေးရဲ့ ထိရောက်မှု အာနိသင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မကြာခဏ ဝမ်းလျှောတတ်တဲ့ အူလမ်းကြောင်း ရောဂါ ရှိသူတွေက တားဆေးအမျိုးအစား ပြောင်းသင့်ပါတယ်။

    • ဆေးကို အချိန်မှန် မသောက်တာ

    ဆေးကို နေ့စဉ်တော့ သောက်ပေမယ့် အချိန်မှန်မှန် မသောက်မိတာကလည်း ဟော်မုန်းပမာဏကို ထိခိုက်စေပြီး ဒီကာလမှာ အကာအကွယ်မဲ့ အတူနေမိမယ်ဆိုရင်တော့ မတော်တဆ ကလေးရသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ‌‌ဟော်မုန်း တစ်မျိုးတည်းပါတဲ့ ဆေးတွေဆိုရင် ပုံမှန်သောက်နေကျ အချိန်နဲ့ ၃နာရီအတွင်းမှာ အမြဲသောက်မိဖို့ လိုပါတယ်။ စော ၃နာရီ၊ နောက်ကျ ၃နာရီပါ။

  • ဆေးကဒ်အသစ်စသောက်တာ နည်းစနစ်မှန်မှန် မသောက်တာ
  • တားဆေးကို ပုံမှန် သောက်ပေမယ့် ဆေးတစ်ကဒ် ကုန်သွားပြီး နောက်ထပ် ဆေးကဒ်အသစ်ကို သောက်သုံးချိန်မှာ ဆေးကို  ကဒ်အဟောင်း ကုန်ပြီးပြီးချင်းမှာ တစ်ဆက်တည်း မသောက်မိတာမျိုးဖြစ်ပြီး ရက်အနည်းငယ်ခြားပြီးမှ သောက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့ တားဆေးရဲ့ ထိရောက်မှု အာနိသင်ကျပြီး မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    • အချို့သော ဆေးဝါးတွေ

    အချို့သော ဆေးဝါးတွေ အထူးသဖြင့် အတက်ရောဂါ သောက်ဆေး၊ HIV ပိုးအတွက် သောက်ရတဲ့ ဗိုင်းရပ်စ်သတ်ဆေး၊ သဘာဝ သစ်ဥသစ်ဖုတွေကလည်း တားဆေးရဲ့ ထိရောက်မှုကို ဟန့်တားနိုင်ပါတယ်။

    • သေချာ မသိမ်းထားမိတာ
    • အဝလွန်နေတာ

    တကယ်လို့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင်တော့ တားဆေးရဲ့ အာနိသင် ထိရောက်မှုကို ပြည့်ပြည့်ဝဝ ရရှိနိုင်ဖို့ ခက်ပါမယ်။ ဒါကြောင့် ကိုယ်က ကိုယ်အလေးချိန် အရမ်းများနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ဆေးပမာဏကို သေချာ  ချိန်ညှိ သောက်သုံးစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement