ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။  ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။  https://hellosayarwon.com/parenting/child-health/digestive-problems/food-intolerance-in-children/ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား ယူကေမှာ […]

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးအာရုံကြောဆိုင်ရာရောဂါများ

သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း

ဦးနှောက်ဆိုတာက လူသားတွေရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာရှိတဲ့ အရေးပါပြီး ထိရှလွယ်တဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပေါ့။ အာရုံကြောဆိုင်ရာ ရောဂါတွေက ဦးနှောက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ် ရှိနေတဲ့ သဘောပါ။ ဦးနှောက်မှာ မူမမှန်တဲ့ အခြေအနေတစ်ရပ်ရပ် ရှိနေတာကြောင့်  ဦးနှောက်အပေါ်မှာ မှီခိုလှုပ်ရှားနေတဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ပြဿနာတွေ ရှိလာတာပါ။ ဒီတစ်ခေါက်တော့ သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း လေ့လာကြည့်ရအောင်နော်။ ဦးနှောက် ဘယ်အချိန်မှာ စတင် ဖွံ့ဖြိုးသလဲ ဦးနှောက်က  ဘေဘီလေး မေမေ့ဗိုက်ထဲမှာ ရှိတဲ့ အချိန်ကတည်းက စတင် ဖွံ့ဖြိုးတာပါ။ ဒီလိုကနေမှ အသက်အရွယ်လိုက် ဆက်လက်ဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။ ဦးနှောက်စတင် ဖွံ့ဖြိုးကတည်းက ဦးနှောက်ဆဲလ်တွေက ပုံစံပေါ်အောင် ဖွံ့ဖြိုးပြီး ဖြစ်ပေမယ့် နောက်ပိုင်းမှ အာရုံကြောတွေနဲ့ […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများက အဖြစ်များတဲ့ ကလေး ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ သတိထားမိနိုင်စေဖို့ သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အသက်ရှူလမ်းကြောင်း ဆိုတာ အသက်ရှူလမ်းကြောင်း ဆိုတာက ပြင်ပကလေတွေကို ရှူသွင်းပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။  ဒါကြောင့်ပဲ ရောဂါပိုးတွေက အသက်ရှူလမ်းကြောင်းကနေ အလွယ်တကူ ဝင်ရောက်ကူးစက်တာပါ။ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်တဲ့ ရောဂါတွေက နှာခေါင်း၊ အဆုတ် နဲ့ လည်ချောင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းကတဆင့် ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အကြောင်း […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေး  အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ

ကွဲပြားခြားနားမှုတွေက တစ်မူထူးခြားမှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် အချို့ ကလေးတွေအတွက်ကတော့ အများနဲ့မတူတာက အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေတာကြောင့်ပါ။ ဒီလိုမျိုး အပြုအမူ နဲ့ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူကွဲပြားတဲ့ ပုံစံတွေနဲ့ သက်ရောက်မှု ရှိနေပါတယ်။ ကလေးတွေမှာ အသေးစား အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေတာမျိုး ရှိနိုင်သလို ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်ဖို့ ခက်ခဲတာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးတစ်ယောက်မှာ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာရှိနေတာက တစ်သက်တာ ရှင်သန်မှုကို ထိခိုက်သွားစေတာမျိုး မဟုတ်ပါဘူး။ ကလေးမှာ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းလို့ ရပါတယ်။ ဒီတော့ ကလေး  အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ အကြောင်း နည်းနည်းလောက် လေ့လာကြည့်လိုက်ရအောင်နော်။  အပြုအမူနဲ့ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း

ကူးစက်ရောဂါတွေက လူကြီးတွေမှာရော ကလေးတွေမှာပါ ဖြစ်နိုင်ပါတယ်။ ကူးစက်ရောဂါ အများစုက ပြင်းထန်ကြသလို ကလေးတွေကို သေဆုံးစေတဲ့ အကြောင်းအရင်းတွေဆိုလည်း မမှားပါဘူး။ ကမ္ဘာတလွှားမှာ အဆုတ်ရောင်၊ ဝမ်းရောဂါ၊ ငှက်ဖျား နဲ့ သွေးဆိပ်သင့်တာလိုမျိုး ရောဂါတွေက အသက် ၁ နှစ် ကနေ ၉ နှစ်အတွင်း ကလေးတွေကို သေဆုံးစေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ဖြစ်လို့ နေပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာပြီး ရောဂါကင်းစေဖို့အတွက် ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ကျွေးတာ၊ ကာကွယ်ဆေး ထိုးတာ နဲ့ လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ သတိထားနိုင်စေဖို့အတွက် ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိဘတွေအတွက် အခက်အခဲဆုံးအချိန်က သားသားမီးမီးတို့ ဖျားနာတဲ့အချိန်ပါ။ ကလေးတွေ ဖျားနာတာက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာပါ။ မပြင်းထန်ဘူးဆိုရင်တောင်မှ စိတ်ပူတာက လျော့မသွားပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ ကတော့ အအေးမိဖျားနာ အအေးမိဖျားနာတာကတော့ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ အအေးမိဖျားနာတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး ပတ်ဝန်းကျင်မှာ အနီးကပ်ထိတွေ့နေတဲ့သူတွေဆီကနေ ကူးစက်ပါတယ်။ အအေးမိတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပေးတာက ထိရောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။ အအေးမိဖျားနာခဲ့ရင်လည်း OTC ဆေးတွေ သောက်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ဆေးပမာဏမှန်အောင် တိုက်ဖို့တော့ လိုပါတယ်။ အအေးမိတာနဲ့အတူ ကြွက်သားတွေ ကိုက်ခဲတာ၊ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

သားသားမီးမီးတို့အတွက် ကာကွယ်ဆေးများ

ကာကွယ်ဆေးဆိုတာက သားသားမီးမီးတို့ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ ဒါကြောင့်လည်း သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးတွေ စုံအောင် ထိုးထားကြဖို့ ပြောကြတာပေါ့။ ဒီတစ်ခေါက်တော့ သားသားမီးမီးတို့အတွက် ကာကွယ်ဆေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ နှစ်စဉ် ကာကွယ်ဆေးကြောင့် လူသန်းပေါင်းများစွာကို ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ တချို့ရောဂါတွေဆို ကမ္ဘာပေါ်ကနေ အပြီးသတ် ပျောက်ကွယ်သွားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးက ကလေးတွေကို ကာကွယ်ပေးသလား ကာကွယ်ဆေးတွေက ကလေးတွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုလီယို၊ မေးခိုင် နဲ့ ဆုံဆို့နာလိုမျိုး ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ကလေးတွေကို ကြောက်စရာကောင်းတဲ့ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးသလို က​လေးတစ်ယောက်ဆီကနေ တစ်ယောက်ကို ရောဂါပိုးတွေ မကူးစက်စေဖို့လည်း ဟန့်တားပေးပါတယ်။ ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အသည်းရောင် အသားဝါရောဂါ ဆိုတာ အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။ အသည်းရောင်တာက […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများနဲ့ သွေးချိုအတိုင်းအတာ

ဆီးချို လူကြီးတွေမှာပဲ အဖြစ်များတာပါ။ ကလေးတွေမှာ မဖြစ်လောက်ပါဘူးလို့ ယူဆနေတုန်းလား။ အမျိုးအစား - ၁ ဆီးချိုကတော့ မွေးရာပါဆီးချိုမို့လို့ ကလေးတွေမှာ အဖြစ်များတယ်။  အမျိုးအစား -၂ ဆီးချိုကတော့ အသက် ၄၀ ကျော်လောက်မှ ဖြစ်နိုင်တယ်လို့ ယူဆနေတုန်းလား ....... ဒါဆိုရင်တော့ မေမေဖေဖေတို့ သတိထားနိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကလေးတွေရဲ့ သွေးချိုအတိုင်းအတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ ကလေးများနဲ့ သွေးချိုအတိုင်းအတာ ဂလူးကို့စ်လို့ သိကြတဲ့ သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်ကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ အဓိကအရင်းအမြစ် တစ်ရပ်ပါ။ အရေးပါတဲ့ဓာတ် တစ်ခုဆိုပေမယ့် အရမ်းများရင်တော့ မကောင်းတာ အမှန်ပါ။ ဆီးချိုရှိနေတဲ့သူတွေမှာဆိုရင် သွေးတွင်းသကြားဓာတ်က ကျန်းမာတဲ့ အတိုင်းအတာထဲမှာ မရှိနေတာ များပါတယ်။ လူကြီးတွေရော ကလေးတွေပါ ကျန်းမာနေစေဖို့အတွက် ကျန်းမာတဲ့ သွေးတွင်းသကြားဓာတ် ပမာဏ ရှိနေဖို့ လိုအပ်ပါမယ်။ ကလေးတို့အတွက် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးကို ကားထဲမှာ ဘာကြောင့် တစ်ယောက်တည်းမထားခဲ့သင့်တာလဲ၊၊

ယူအက်စ်မှာ တစ်နှစ်ကို ကလေး ၃၈ယောက်လောက်က ကားထဲမှာ အပူလျှပ်ပြီး သေဆုံးကြရပါတယ်၊၊ အများစုက ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားရာက စတာပါ၊၊ ဒါကြောင့် ယူအက်စ်က ပြည်နယ်တွေ တော်တော်များများနဲ့ တချို့နိုင်ငံတွေမှာ ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားတာကို ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်၊၊ ဆိုလိုတာက ကလေးငယ်ငယ်လေးတွေ အထူးသဖြင့် ၆နှစ်အောက်ကလေးတွေကို ကားထဲမှာ တစ်ယောက်တည်း ရှိနေတာကို တစ်ယောက်ယောက်က တွေ့လို့ တိုင်လိုက်ရင် အရေးယူခံရပါတယ်၊၊ ကလေးကို ကားထဲမှာ တစ်ယောက်တည်း ထားခဲ့တာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မထိန်းကျောင်းတတ်တဲ့ ကလေးနဲ့ အတူထားတာက အန္တရာယ်များပါတယ်၊၊ အသက်အန္တရာယ်ထိခိုက်တဲ့အထိ  ဖြစ်နိုင်တာကြောင့် ဥပဒေနဲ့ ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်၊၊ ကလေးတွေ ကားထဲကို ဘယ်လိုရောက် တမင်ထားခဲ့တာလည်း ရှိသလို မတော်တဆ မေ့ခဲ့တာလည်း ရှိပါတယ်၊၊ ဥပမာ ကလေးက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်