အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားနေရတဲ့အခါမျိုးမှာ ဦးနှောက်နဲ့ အာရုံကြောမှာ ထိခိုက်မှုတွေ ဖြစ်စေတာကြောင့်
- လှုပ်ရှားမှုပြဿနာ
- အာရုံခံစားသိရှိမှု ပြဿနာ
- ချိတ်ဆက်လုပ်ဆောင်မှု ပြဿနာ
- အမြင်အာရုံ
- အကြားအာရုံ
- အတွေးအခေါ်ပိုင်း
- စိတ်ခံစားမှုပိုင်းတွေမှာ ပြဿနာတွေ ရှိနိုင်ပါတယ်။
အာရုံကြောဆိုင်ရာ ရောဂါတွေက ကျယ်ပြန့်လွန်းပြီး အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် အာရုံကြောရောဂါတွေကို ခံစားရနိုင်သလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေနဲ့ အကျိုးဆက်တွေကိုပါ ခံစားရနိုင်ပါတယ်။ အချို့သော အခြေအနေတွေက ဘဝတစ်လျှောက်လုံး ထိခိုက်ခံစားရတာမျိုးလည်း ရှိပါတယ်။
လက္ခဏာတွေကလည်း အာရုံကြောရောဂါ အမျိုးအစားကို လိုက်ပြီး ကွဲပြားမှုရှိပါတယ်။ ဒီလို လက္ခဏာတွေထဲမှာ
- ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာ
- အသိအမြင်ပိုင်းဆိုင်ရာ ထိခိုက်တာ ( အတွေးအခေါ်ပိုင်း ထိခိုက်တာ)
- စိတ်ခံစားမှုပိုင်း ထိခိုက်တာ
- အပြုအမူပိုင်းဆိုင်ရာ ထိခိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။
- အချို့သော အခြေအနေတွေမှာ လက္ခဏာ တစ်မျိုးမက စုပြီး ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ – ဦးနှောက်ချို့ယွင်းတာကြောင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ထိခိုက်တာမျိုးပါ။ ADHD ဆိုရင် အပြုအမူပိုင်းမှာ ပိုပြီး ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။
များစွာသော အာရုံကြောဆိုင်ရာ ရောဂါတွေက ကလေးဖွံ့ဖြိုးမှု အစောပိုင်းကာလတွေမှာ စပြီး လက္ခဏာတွေ ပေါ်လာပါတယ်။ အချို့သော လက္ခဏာတွေက မွေးကတည်းက စပြီး သိရှိနိုင်တာ ဖြစ်ပါတယ်။ အချို့လက္ခဏာတွေကတော့ မွေးဖွားပြီး ကာလနည်းနည်းကြာမှ တွေ့ရတာမျိုး ရှိပါတယ်။ မြင်သာတဲ့ လက္ခဏာတွေ အနေနဲ့
- ကလေးက ဖွံ့ဖြိုးမှု နှေးတာပါ။ ကြီးထွားမှုမှာ နှောင့်နှေးနေတာမျိုးပါ (အော်တစ်ဇင် လိုမျိုးပေါ့)
- ထိခိုက်စေနိုင်တဲ့ ကူးစက်မှုတွေ ( ဦးနှောက်အမြှေးရောင်လိုမျိုးပေါ့)
- မတော်တဆ ဦးနှောက် ထိခိုက်တာ ( လေဖြတ်တာ၊ ဦးခေါင်းထိခိုက်တာမျိုးပေါ့)
အာရုံကြောရောဂါ အများစုက မွေးရာပါ ဖြစ်တာပါ။ ဆိုလိုတာကတော့ ကလေးမွေးကတည်းက ပါလာတာကို ဆိုလိုတာပါ။ အချို့ကတော့ မွေးဖွားပြီး နောက်ပိုင်းကာလမှ စပြီး အစပျိုးလာတာပါ။
မျိုးဗီဇကြောင့်လည်း အာရုံကြောဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ကလေးတွေဟာ ပုံမှန်အားဖြင့်ကတော့ မိဘတွေဆီက မျိုးဗီဇတွေကို လက်ခံရပါတယ်။ ဒီလိုဆိုတာနဲ့ မျိုးဗီဇပြောင်းလဲမှု အမြဲတစေ မိဘတွေကြောင့်လို့ပဲတော့ ဆိုလို့ မရပါဘူး။ ဒီအခြေအနေကို de novo (အသစ်ဖြစ်ပေါ်ခြင်း) လို့ ခေါ်ပါတယ်။
လူသားတွေရဲ့ ဆဲလ်တစ်ခုကို ခရိုမိုဆုမ်း ၄၆ ခု (၂၃ စုံ) နဲ့ ဖွဲ့စည်းထားပြီး ကလေးတွေက မေမေ့ဆီက တဝက် နဲ့ ဖေဖေ့ဆီက တစ်ဝက် လက်ခံ ရရှိတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။