ကာကွယ်ဆေးဆိုတာက သားသားမီးမီးတို့ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ ဒါကြောင့်လည်း သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးတွေ စုံအောင် ထိုးထားကြဖို့ ပြောကြတာပေါ့။ ဒီတစ်ခေါက်တော့ သားသားမီးမီးတို့အတွက် ကာကွယ်ဆေးများ အကြောင်း ပြောပြပေးချင်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ကာကွယ်ဆေးဆိုတာက သားသားမီးမီးတို့ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ ဒါကြောင့်လည်း သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးတွေ စုံအောင် ထိုးထားကြဖို့ ပြောကြတာပေါ့။ ဒီတစ်ခေါက်တော့ သားသားမီးမီးတို့အတွက် ကာကွယ်ဆေးများ အကြောင်း ပြောပြပေးချင်ပါတယ်။
နှစ်စဉ် ကာကွယ်ဆေးကြောင့် လူသန်းပေါင်းများစွာကို ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ တချို့ရောဂါတွေဆို ကမ္ဘာပေါ်ကနေ အပြီးသတ် ပျောက်ကွယ်သွားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ကာကွယ်ဆေးတွေက ကလေးတွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုလီယို၊ မေးခိုင် နဲ့ ဆုံဆို့နာလိုမျိုး ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ကလေးတွေကို ကြောက်စရာကောင်းတဲ့ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးသလို ကလေးတစ်ယောက်ဆီကနေ တစ်ယောက်ကို ရောဂါပိုးတွေ မကူးစက်စေဖို့လည်း ဟန့်တားပေးပါတယ်။
ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် အားပျော့ပြီးသားတွေကို သုံးတဲ့အတွက် ရောဂါမဖြစ်စေပါဘူး။ တချို့ ကာကွယ်ဆေးတွေဆို ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။
ကာကွယ်ဆေးက ခန္ဓာကိုယ် ခုခံအားကို လှုံ့ဆော်ပေးတဲ့အတွက် ပဋိပစ္စည်း (Antibodies) ဆိုတာ ထွက်လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ရောဂါပိုးဝင်လာလို့ တုံ့ပြန်ပုံနဲ့ အတူတူပါပဲ။ ကွာတာက ကာကွယ်ဆေးထိုးပြီးသွားရင် ခုခံအားပဲ ကျန်ခဲ့ပါတယ်။ ရောဂါမကျန်ခဲ့ပါဘူး။
ဒါကြောင့်လည်း ကာကွယ်ဆေးတွေက အစွမ်းထက်တဲ့ ဆေးတစ်လက် ဖြစ်နေခဲ့တာပါ။ တခြားဆေးတွေနဲ့ မတူတာက ကာကွယ်ဆေးတွေက ရောဂါကို မကုပေးနိုင်ပါဘူး။ ကာကွယ်ရုံပဲ ကာကွယ်ပေးနိုင်ပါတယ်။
ကာကွယ်ဆေး ထုတ်မယ်ဆိုရင် ပညာရှင်တွေက ခုခံအားက ဘယ်လိုတုံ့ပြန်မှာလဲ၊ ဘယ်သူတွေ ထိုးသင့်သလဲ၊ ဘယ်နည်းပညာကို သုံးပြီး ထုတ်ရင် အဆင်ပြေမလဲဆိုတာ စဉ်းစားလေ့ရှိပါတယ်။ ဒီပေါ်အခြေခံပြီး ကာကွယ်ဆေး ၄မျိုး ထွက်လာပါတယ်။
သားသားမီးမီးတို့ကို ရောဂါကင်းပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ မွေးစကနေစပြီး အသက် ၁၀ နှစ်အတွင်းမှာ အသက်အရွယ်အလိုက် အခုလို ကာကွယ်ဆေးလေးတွေ ထိုးနှံပေးဖို့ လိုပါမယ်။
သားသားမီးမီးတို့ကို အသက်အရွယ်ကို လိုက်ပြီး အခုလို ကာကွယ်ဆေးတွေကို ထိုးနှံပေးရပါမယ်။
ဒါတွေကတော့ အစိုးရရဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ပါဝင်တဲ့ ဆေးတွေပါ။ တစ်နည်းအားဖြင့် အခမဲ့ထိုးနိုင်တဲ့ ဆေးတွေပါ။ အပြင်မှာ မိမိစရိတ်နဲ့ မိမိထိုးမယ်ဆို အသည်းရောင် အသားဝါအေကာကွယ်ဆေး၊ တိုက်ဖွိုက်ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေးတွေကိုပါ ထိုးပေးလို့ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။