ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး ကာကွယ်ဆေးဆိုတာက ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကူးစက်ပြန့်နှံ့နိုင်တဲ့ ရောဂါတွေကို ထိန်းချုပ်ပေးတဲ့ အရာတစ်ခုပါ။ ကမ္ဘာတလွှားက ကူးစက်နိုင်တဲ့ရောဂါတွေကို ထိန်းချုပ်ရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပေါ့။ ကာကွယ်ဆေးထိုးတာက ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ရုံတင်မဟုတ်ဘဲ လူမှုရေးစီးပွားရေး ဝန်ပိုတွေကိုပါ လျှော့ချနိုင်တဲ့အရာပါ။ အချို့သော ရောဂါတွေ ကူးစက်ခံရတဲ့အခါ ကုသနိုင်မယ့် နည်းလမ်းမရှိဘဲ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာမျိုး ရှိပါတယ်။ ဒီလို ရောဂါတွေကနေ ကာကွယ်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။ ဥပမာပေးရမယ်ဆိုရင် ကမ္ဘာတလွှားက နိုင်ငံအတော်များများမှာ ရေကျောက်ရောဂါနဲ့ ပိုလီယိုရောဂါ ကင်းစင်ခဲ့ရတာ ကာကွယ်ဆေးတွေကြောင့်ပါ။ ဒါကြောင့် ကာကွယ်ဆေးက ရောဂါတွေကို ထိန်းချုပ်ကာကွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘေဘီလေးတွေကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးတွေ စုံလင်အောင် ထိုးနှံပေးတာဟာ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

သင့်ကလေးရဲ့ ကာကွယ်ဆေးတွေထဲမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုပါ ဘာကြောင့်ဦးစားပေးထိုးသင့်တာလဲ

ခုခံအားကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေကို ရောဂါပိုးဒဏ်တွေကနေ ကာကွယ်နိုင်မယ့် ထိရောက်တဲ့နည်းလမ်းက ကာကွယ်ဆေးထိုးတာပါပဲ။ ကလေးငယ်တွေဟာ နေရာပေါင်းစုံ၊ လူပေါင်းစုံကနေ ရောဂါပိုးကူးစက်နိုင်တာကြောင့် မွေးစကတည်းက ကာကွယ်ဆေးတွေကို စနစ်တကျထိုးထားပေးသင့်ပါတယ်။ ကလေးတွေကို ကာကွယ်ဆေးတွေ အများကြီးထိုးပေးတဲ့အတွက် ဒီဆေးတွေက ကလေးအတွက် လိုအပ်လို့လားလို့ မေမေတို့ တွေးမိမှာပါ။ အထူးသဖြင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးပေါ့။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ဘာကြောင့် မဖြစ်မနေထိုးပေးသင့်တာလဲ။ အဖြစ်များလို့ ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ကူးစက်တာကတော့ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ဒီရောဂါပိုးက ကလေးကိုရော လူကြီးကိုပါ ကူးစက်နိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေမှာ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ရောဂါတစ်ခုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ ဖြစ်ပြီးမှ ကုသတာထက် ပိုထိရောက်ပါတယ်။ နေရာအနှံ့မှာ ရောဂါပိုး မျိုးစုံရှိနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းတာ တစ်ခုက ကြောက်စရာကောင်းတဲ့ ရောဂါတွေလို့ သတ်မှတ်လို့ ရတဲ့ ပိုလီယို၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး၊ ဂျာမန်ဝက်သက်၊ ရိုတာဗိုင်းရပ်စ်၊ မေးခိုင်ပိုးစတဲ့ ရောဂါပိုးတွေကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရနေတာပါ။ ဒါကြောင့် ကူးစက်ရောဂါတွေ ဝင်လွယ်တဲ့ ကလေးတွေကို ကာကွယ်ဆေးတွေပြည့်စုံအောင် ထိုးဖို့ အရေးကြီးပါတယ်။ ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ ကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။  ကာကွယ်ဆေးတွေကြောင့် နှစ်ပေါင်းများစွာအတွင်း ချစ်ရတဲ့ ရင်သွေးလေးတွေကို […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးဖို့ရာ မေမေတို့ ကျော်လွှားရတဲ့ အခက်အခဲများစွာ

ဘေဘီလေးက မေမေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပါ။ ဒီအဖိုးမဖြတ်နိုင်တဲ့ ရတနာကို အရိပ်တကြည့်​ကြည့် စောင့်ကြည့်ရင်း  လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးရင်းကို ပျော်နေတတ်တာလည်း မေမေတစ်ယောက်ရဲ့ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိပါ။ ဘေဘီလေးကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်နေတဲ့ မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးကို ကျန်းမာစေဖို့ အခက်အခဲတွေကို ကျော်လွှားပြီး လုပ်ဆောင်ပေးရတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို ကာကွယ်ဆေးထိုးတာပါ။ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ ထောက်ကူပေးမယ့်အရာ (သို့မဟုတ်) ကာကွယ်ဆေး ရင်သွေးလေးတွေက နုနယ်လွန်းပြီး ရောဂါဘယတွေဒဏ်ကို ခံနိုင်ရည် နည်းပါးလွန်းပါတယ်။ မွေးစမှာ ကိုယ်ခံအားက အပြည့်အဝ မဖွံ့ဖြိုးသေးတာ​ကြောင့်ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ရစေဖို့ မေမေတွေက အာဟာရ ပြည့်ဝအောင်စားပြီး ဘေဘီလေးကို မိခင်နို့ရည် ပြည့်ပြည့်ဝဝ တိုက်ရပါတယ်။ ဒီလို အာဟာရ ဖြည့်ဆည်းမှုနဲ့အတူ ဘေဘီလေးကို ရောဂါပိုးတွေ အန္တရာယ်ကနေ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

မြန်မာနိုင်ငံမှာနေရင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးထားသင့်လား။

ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ကူးစက်တာကတော့ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါပိုးကူးစက်ခံရတဲ့အခါ ဦးနှောက်မှာ ပိုးပြန့်ပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါလို့ ခေါ်တာပါ။ ဒီရောဂါပိုးက ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါက ကြီးမားတဲ့ နောက်ဆက်တွဲ အနေနဲ့ သေဆုံးတာမျိုး ဖြစ်နိုင်သလို ဦးနှောက် ထိခိုက်ပျက်စီးတာ၊ မှတ်ဉာဏ် နဲ့ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးထားသင့်လား။

ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ကူးစက်တာကတော့ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါပိုးကူးစက်ခံရတဲ့အခါ ဦးနှောက်မှာ ပိုးပြန့်ပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါလို့ ခေါ်တာပါ။ ဒီရောဂါပိုးက ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါက ကြီးမားတဲ့ နောက်ဆက်တွဲ အနေနဲ့ သေဆုံးတာမျိုး ဖြစ်နိုင်သလို ဦးနှောက် ထိခိုက်ပျက်စီးတာ၊ မှတ်ဉာဏ် နဲ့ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ။ ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့အတိုင်း ရောဂါတစ်ခုခု မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ထားနိုင်တာက နည်းလမ်းကောင်း တစ်ရပ်ပါပဲ။ ဒါကြောင့်လည်း ကာကွယ်ဆေးဆိုတာ လူသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာတာပါ။ နှစ်စဉ် ကာကွယ်ဆေးကြောင့် လူသန်းပေါင်းများစွာကို ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ တချို့ရောဂါတွေဆို ကမ္ဘာပေါ်ကနေ အပြီးသတ် ပျောက်ကွယ်သွားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် အားပျော့ပြီးသားတွေကို သုံးတဲ့အတွက် သင့်ကို ရောဂါမဖြစ်စေပါဘူး။ တချို့ ကာကွယ်ဆေးတွေဆို ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။ ကာကွယ်ဆေးက သင့်ခန္ဓာကိုယ်က ခုခံအားကို လှုံ့ဆော်ပေးတဲ့အတွက် ပဋိပစ္စည်း (Antibodies) ဆိုတာ ထွက်လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ရောဂါပိုးဝင်လာလို့ တုံ့ပြန်ပုံနဲ့ အတူတူပါပဲ။ ကွာတာက ကာကွယ်ဆေးထိုးပြီးသွားရင် […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးကြားက အမှန် အမှားများ

ကာကွယ်ဆေးဆိုတာ ကလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ လိုအပ်ချက်တွေထဲက တစ်ခုပါပဲ။ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေဟာ ရောဂါပိုးတွေ ဝင်လွယ်တယ်ဆိုပေမယ့် ခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရောဂါတော်တော်များများကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေပါပြီ။ ဒါပေမယ့် ဒီလို အလွယ်တကူထိုးလို့ ရတဲ့ ကာကွယ်ဆေးတွေကို ကလေးတိုင်း ထိုးခွင့် မရတာဟာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ဆေးကြားက အမှန် အမှားများ ကြောင့်  ကလေးတွေဟာ ကာကွယ်ဆေး အပြည့်အဝမရဘဲ ပြင်းထန်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါလျက်နဲ့ အသက်အန္တရာယ်ထိခိုက်ကုန်ကြပါတယ်။ ကာကွယ်ဆေးကြားက အမှန် အမှားများ ခေတ်အဆက်ဆက်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကတော့ ရှိမြဲပါပဲ။ ဒီယုံတမ်းစကားတွေကို တတ်သိပညာရှင်တွေက ဘယ်လိုပဲ ဖြေရှင်းပေးနေပေမယ့် ခုထက်ထိ ကာကွယ်ဆေးထိုးရမှာ ကြောက်လို့ ကာကွယ်ဆေး […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားတာ စိုးရိမ်စရာလား။

အချို့ မိဘတွေက ဘေဘီလေးကို နာကျင်မှာစိုးတဲ့ စိတ်၊ ကာကွယ်ဆေးထိုးမှ ကလေးဖျားသွားဦးမယ်ဆိုတဲ့စိတ်နဲ့ ကာကွယ်ဆေး မထိုးပေးတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်ကတော့ ငယ်ရွယ်နုနယ်လှတဲ့ ဘေဘီ​လေးတွေကို ကြောက်စရာ ရောဂါတွေရန်ကနေ ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးပေးတာက ထိရောက်တဲ့ နည်းလမ်းပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကာကွယ်ဆေးထိုးတဲ့အခါ ဖျားတာ ဘာကြောင့်လဲ။ စိုးရိမ်ရမယ့် အကြောင်းအရင်း ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို ဆွေးနွေးပြောပြပေးသွားပါမယ်။ ကာကွယ်ဆေးထိုးတဲ့အခါ မိဘတွေ တွေးကြောက်တဲ့အရာ ကာကွယ်ဆေးထိုးတာက မိဘတိုင်းအတွက် ခက်ခဲတဲ့ အချိန်တစ်ခုပါ။ ကလေးက ကာကွယ်ဆေးထိုးပြီး ငိုတဲ့အခါ ကူကယ်ရာမဲ့သလိုကို ခံစားရပါတယ်။ တကယ်ကတော့ ကာကွယ်ဆေးက ဘေဘီလေးကို ထိခိုက်စေတဲ့အရာ မဟုတ်ပါဘူး။ ဘေဘီလေးကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ရောဂါဆိုးတွေ အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးတဲ့အရာပါ။ ကာကွယ်ဆေးထိုးတဲ့အခါ ကလေးက ဖျားမှာလားဆိုတာက မိဘတိုင်း တွေးကြောက်ကြတဲ့အရာပါ။ ကာကွယ်ဆေးထိုးပြီးချိန်မှာ ဖျားတာက ပုံမှန်ပဲလား။ အချို့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ကလေးက ထွားလိုက်တာ၊ ဉာဏ်လည်းကောင်းတယ်နော်ဆိုတဲ့ စကားသံတွေက မေမေတိုင်းကြားချင်မယ့် စကားတွေပါ။ ကိုယ်ပြုစုစောင့်ရှောက်ထားတဲ့ သားသားမီးမီး အကောင်းဆုံး ကြီးပြင်းလာတာက မေမေတို့အတွက်တော့ ပင်ပန်းသမျှကို ပြေစေတဲ့အရာပေါ့။ အရင်တုန်းကတော့ ကလေးထွားအောင် ထမင်းများများကျွေးလေ။ ပဲတွေ၊ ငါးတွေ ကျွေးပေါ့ဆိုတာလောက်ပဲနော်။ ဒါ့အပြင် ပိုလာနိုင်တာက ကလေးကို နွားနို့တိုက်ပါဦးဆိုတာပေါ့။ ကလေး အရမ်းညှက်ရင် အားဆေးတိုက်လေဆိုတာမျိုးတွေပါ။ ဒီဘက်ခေတ်မှာတော့ ကလေးထွားဖို့ အားဆေးတိုက်တာ၊ ထမင်းကျွေးတာထက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါက ဘာပါလိမ့် သားသားမီးမီးကို ကျန်းမာဖွံ့ထွားစေမယ့် အရာလေးတစ်ခုပေါ့။ မေမေတို့ သိချင်နေပြီလား…။ သားသားမီးမီး ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် တပ်မှူးလေး သားသားမီးမီးတို့ကို ကျန်းမာဖွံ့ထွားစေဖို့ ထောက်ပံ့ပေးမယ့် တပ်မှူးလေးက prebiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပါ။ သားသားမီးမီးတို့ရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေ များစွာ ရှိပါတယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း