တုပ်ကွေးက အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်တဲ့ ဖျားနာမှုတစ်ရပ်ပါ။ ရောဂါပိုး ရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်တွေကနေတဆင့် ကူးစက်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် အိမ်တွင်း ကုထုံးတွေ ဖြစ်ကြတဲ့ အနားယူတာ၊ အရည်များများ သောက်တာ၊ ဆေးသောက်တာတွေ လုပ်ဆောင်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။
တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းက နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးနှံတာပါ။ တုပ်ကွေးကာကွယ်ဆေးက မျိုးစိတ်မတူလို့ မကာကွယ်ပေးနိုင်ရင်အောင် လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရအောင် ထောက်ကူပေးပါတယ်။
မျက်စိနာတာကလည်း ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ် ကူးစက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်လုံးထဲကို ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်တာကြောင့် ဖြစ်ရတာပါ။ သက်သာစေဖို့ဆိုရင် ပိုးသတ်လိမ်းဆေး ဒါမှမဟုတ် မျက်စဉ်းဆေး အသုံးပြုပေးလို့ ရပါတယ်။
မျက်စိနာပြီဆိုရင် မျက်ဖြူသား နီမြန်းမယ်၊ မျက်ဝတ်တွေ ထွက်မယ်၊ မျက်လုံး ယားမယ်၊ မျက်လုံး တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး ရောင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အထက်လန် အောက်လျှောဆိုတာက အစာခြေစနစ် ပြဿနာ တစ်ရပ်ပါ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ဒီဗိုင်းရပ်စ်က ကူးစက်မြန်ပါတယ်။ လက္ခဏာတွေက ရက်အနည်းငယ် အတွင်းမှာ သက်သာသွားတတ်ပြီး မြန်မြန်သက်သာစေဖို့ဆိုရင် ကောင်းကောင်း အနားယူဖို့ လိုမှာဖြစ်သလို အော့အန်တာနဲ့ ဝမ်းသွားတာကြောင့် ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် အရည်များများ သောက်ဖို့ လိုပါမယ်။
ခြေ၊ လက်၊ ပါးစပ်ရောဂါ (HMFD) က တော်တော်လေး ကူးစက်မြန်ပေမယ့် အရမ်းတော့ မပြင်းထန်ပါဘူး။ မွေးကင်းစ ကလေးတွေနဲ့ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ အသက် ၅ နှစ် အထက် နဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။
ခြေ၊ လက်၊ ပါးစပ်ရောဂါ (HMFD) ကူးစက်ခံရတဲ့အခါ အရေပြားမှာ အနီရောင် အပိမ့်တွေထွက်တာ၊ အဖျားတက်တာ၊ ပါးစပ်မှာ အနာပေါက်တာ၊ တုပ်ကွေးလို လက္ခဏာတွေ ခံစားရတာမျိုး ရှိနိုင်ပါတယ်။
ရောဂါပိုးရှိသူရဲ့ အညစ်အကြေးတွေ၊ မသန့်ရှင်းတဲ့ ရေတွေနဲ့ အစားအစာတွေကနေတဆင့် ကူးစက်နေပါတယ်။ ရောဂါ အစပျိုးချိန်က ၂ ပတ်လောက် ကြာနိုင်ပါတယ်။ တစ်ခါတလေမှာ ကူးစက်ခံထားရမှန်း မသိတာမျိုးတောင် ရှိနိုင်ပါတယ်။
တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာ၊ အစားအစာနဲ့ ရေသန့်ရှင်းရေးကို ဂရုစိုက်တာ၊ ကာကွယ်ဆေးထိုးတာမျိုးတွေ လုပ်ဆောင်ပြီး ကာကွယ်ပေးလို့ ရပါတယ်။
ကလေးတွေမှာတော့ မွေးစအချိန်မှာ မိခင်ဆီကနေတဆင့် ကူးစက်တာများပါတယ်။ အတူနေမိသားစုဝင်မှာ ရောဂါပိုးရှိမယ်ဆိုရင်လည်း သွေးကနတဆင့် မတော်တဆ ကူးစက်တတ်ပါတယ်။ ရောဂါ အစပျိုးချိန်က ၂ လကနေ ၃ လလောက်အထိ ကြာနိုင်ပါတယ်။
အသည်းရောင် အသားဝါ B မဖြစ်အောင် ကာကွယ်ဆေးထိုးပြီး ကာကွယ်ပေးလို့ ရပါတယ်။ အထူးသဖြင့် မိခင်မှာ ရောဂါပိုးရှိနေရင် မွေးလာတဲ့ကလေးကို မကူးစက်အောင် မွေးပြီးပြီးချင်းမှာ ကာကွယ်ဆေးရော၊ Immunoglobulinရော ထိုးထားပေးသင့်ပါတယ်။
ကလေးတွေမှာ အဖြစ်များတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ မွေးကင်းစကလေးတွေနဲ့ ဘေဘီလေးတွေမှာ အဖြစ်များပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါက နှာခေါင်းနဲ့ လည်ချောင်းကနေတဆင့် ဝင်ရောက်ကူးစက်တဲ့ ကူးစက်မြန် အသက်ရှူလမ်းကြောင်းရောဂါ တစ်မျိုးပါ။ ကူးစက်ခံရပြီး ၁၀ ရက်လောက်အကြာမှာ ရောဂါလက္ခဏာ ပေါ်ပါတယ်။
တခွက်ခွက်နဲ့ အဆင်မပြတ်ဆိုးနေတတ်ပြီး မျက်လုံးတွေပါ ရဲနေတတ်ပါတယ်။ ချောင်းဆိုးရလွန်းလို့ ကလေးက အသက်ရှူမဝတာ၊ အန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ရက်၁၀၀ချောင်းလို့လည်း ခေါ်ပါတယ်။ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေးဆိုပြီး ၃မျိုးစပ်ကာကွယ်ဆေးအနေနဲ့ ကလေးတွေမှာ ထိုးပေးပြီး ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။