backup og meta

ဘေဘီလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ!

    သားသားမီးမီးလေးတွေက လူစိမ်းတွေကို ကြောက်တာ၊ လူကြောက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီအခြေအနေကို ဘယ်လိုများ ကျော်လွှားရမလဲဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား! ဒါဆိုရင်တော့ ကလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင် နော်။

    ကလေးတွေက ဘယ်အရွယ်မှာ စပြီး လူကြောက်တတ်သလဲ!

    ကလေးတွေက အသက် ၈ လ ကနေ ၁၀ လလောက် ရောက်လာချိန်မှာ သူစိမ်းတွေကို ကြောက်တတ်တဲ့ လူကြောက်တတ်တဲ့ ခံစားချက်ကို စခံစားလာရပါတယ်။ မိသားစုဝင် မဟုတ်သူတွေ မျက်နှာစိမ်းသူတွေကို မြင်ရင် ကြောက်တတ်ကြတာ သဘာဝပါ။ ဘေဘီလေးတွေရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုဆိုရင်လည်း မမှားဘူးပေါ့။ ဘေဘီလေးတွေက မြင်နေကျ လူက ဝတ်နေကျ မဟုတ်တဲ့ အဝတ်အစားတွေ ဝတ်ထားရင်ဖြစ်ဖြစ် မျက်မှန် တပ်ထားရင် ဖြစ်ဖြစ်တောင် ကလေးတွေက ကြောက်တတ်ကြပါသေးတယ်။

    ဘေဘီလေးက လူကြောက်တတ်လားဆိုတာကို ဘယ်လို သိနိုင်မလဲ!

    ဘေဘီလေးမှာ အခုလို လက္ခဏာလေးတွေ ခံစားနေရပြီဆိုရင် ကလေးက လူကြောက်တာပါ။ ကလေးက မြင်နေကျ မဟုတ်တဲ့သူတွေကို မြင်တဲ့အခါ – 

    • ငိုမယ်
    • ဂျီကျမယ်
    • ကလေး မျက်နှာမှာ ကြောက်တဲ့အရိပ်အယောင်တွေ ပေါ်နေမယ်
    • ကလေးက ပုံမှန်ထက် ပိုပြီး တိတ်ဆိတ်နေမယ်
    • ကလေးက ပုန်းဖို့ ကြိုးစားနေမယ်
    • ကလေးက မေမေ့လက် ဒါမှမဟုတ် သူယုံကြည်ရသူ တစ်ဦးဦးလက်ကို ဆွဲထားမယ်
    • လူကြီးနောက်မှာ ဝင်ပုန်းတာမျိုး လုပ်မယ်ဆိုရင်တော့ ကလေးက လူကြောက်တာပါ။

    ဘေဘီလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ!

    ကလေးက လူကြောက်တာကို မေမေတို့ ဘယ်လို ကျော်လွှားစေမလဲ! ဆိုတော့ 

    • ကလေးကို ကြိုတင်ရှင်းပြထားပါ

    ကလေးက လူကြောက်တတ်တယ်ဆိုရင်တော့ ကလေးကို ဧည့်သည်တွေနဲ့ ပေးမတွေ့ခင်မှာ တွေ့ရမယ်သူက ဘယ်သူဖြစ်တယ်။ သူက ဘာတွေ လုပ်တယ်ဆိုတာကစလို့ ကလေး သိထားဖို့လိုမယ့် အကြောင်းအရာလေး တွေကို ပြောပြရင်း ကလေးကို ရင်းနှီးမှု ဖြစ်စေဖို့ ကြိုတင် မိတ်ဆက်ပေးထားပါ။ မသိခြင်း များစွာကြောင့် ကလေးကို စိုးရိမ်စိတ် မများစေဖို့ပေါ့။ 

    • ကလေးကို စိတ်အေးအေးထားဖို့ ပြောပါ

    ကလေးကို စိတ်အေးအေးထားတတ်အောင် ပြောတာကလည်း ကလေးရဲ့ လူကြောက်တတ်တဲ့ ပြဿနာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို သူစိမ်းတွေနဲ့ တွေ့ချိန်မှာ စိတ်အေးအေးထားတတ်အောင် ပြောပြပေးပါ။

    • ကလေးကို အတင်းနှုတ်ဆက်ခိုင်းတာမျိုး မလုပ်ပါနဲ့

    ကလေးက သူစိမ်းကို ကြောက်တာကြောင့် နှုတ်ဆက်ဖို့ ငြင်းဆန်နေချိန်မှာ အတင်းနှုတ်ဆက်ခိုင်းတာက ကလေးရဲ့ သူစိမ်းကြောက်တဲ့ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးက မနှုတ်ဆက်ချင်ဘူးဆိုရင် အတင်း နှုတ်ဆက်ခိုင်းတာမျိုး မလုပ်ပါနဲ့။ 

    • ကလေးရဲ့ ခံစားချက်ကို နားလည်ပေးပါ

    ကလေးက သူစိမ်း မျက်နှာစိမ်းကြောင့် စိတ်ဖိစီးတာမျိုး၊ စိုးရိမ်စိတ် များတာမျိုး ပြသမယ်ဆိုရင်တော့ ကလေးကို မိမိက သူနဲ့ တစ်သားတည်း ရှိကြောင်း ပြသပေးပြီး ကလေးရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ကြောင်း ပြသပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်သက်သာရာ ရစေပြီး လူကြောက်တာကို သက်သာစေမှာပါ။ 

    • ကလေးကို အလေ့အကျင့် ရအောင် လုပ်ဆောင်ပေးပါ

    ကလေးကို မောင်နှမ ဝမ်းကွဲတွေ၊ ဦးလေးတွေ၊ အဒေါ်တွေနဲ့ စကားစမြည် ပြောဆိုဖြစ်အောင် လုပ်ဆောင်ပေးရင်း လူတွေနဲ့ ရင်းနှီးကျွမ်းဝင် ဆက်ဆံတတ်အောင် လုပ်ဆောင်ပေးလို့ ကလေး လူကြောက်တာကို သက်သာအောင် နဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတတ်အောင် အလေ့အကျင့်လေး လုပ်ပေးလို့ လူကြောက်တာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါ။

    ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးပြီး ကလေးကို လူကြောက်တတ်တဲ့ အလေ့အထလေးတွေကို သက်သာစေဖို့ သင်ကြားပေးလိုက်တော့နော်။ 

    # ဘေဘီလေးရဲ့ ကျန်းမာရေးကို စစ်ဆေးလို့ ရပါတယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement