backup og meta

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ

    မိခင်နို့တိုက်နေတဲ့ အချိန်မှာ တစ်ခုခုစားတိုင်း မိခင်အတွက် အာဟာရဖြစ်ရဲ့လား၊ ကလေးအတွက်ရော အန္တရာယ်ကင်းရဲ့လားဆိုတာကို ထည့်ပြီး စဉ်းစားဖို့ လိုပါတယ်။ ဒီနေရာမှာ အစွန်းရောက်တဲ့ မေမေနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က အကုန်တည့်တယ်ဆိုပြီး စားချင်တာ စားတဲ့ မေမေရယ်၊ ဘာမှမစားရဲဘဲ အမြဲတမ်း အစားရှောင်တဲ့ မေမေရယ်ပေါ့။ သူတို့ နှစ်ယောက်လုံးရဲ့ ကလေးတွေက လိုအပ်တဲ့ အာဟာရတွေရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ နဲ့ ပတ်သက်ပြီး ဘာတွေက လွဲနေလဲဆိုတာကို သိထားဖို့ လိုပါတယ်။

    နို့တိုက်မိခင်တွေ အာဟာရပြည့်ဝဖို့ ဘာကြောင့်လိုအပ်တာလဲ

    မိခင်တွေ ကျန်းကျန်းမာမာနဲ့ ကလေးကို နို့တိုက်နိုင်ဖို့ဆိုရင် ကိုယ်တိုင်ကလည်း အာဟာရပြည့်ဝနေဖို့ လိုပါတယ်။ အထူးသဖြင့် မွေးပြီးကာစအချိန်မှာဆိုရင် အားနည်းပြီး ခုခံအားလည်း ကျနေနိုင်တဲ့အတွက် ဒီလိုအချိန်ဆို ပိုပြီးတောင် ဂရုစိုက်ဖို့ လိုပါတယ်။

    မိခင်တွေက တော်ရုံနေမကောင်းဖြစ်နေရင်တောင် အာဟာရပြည့်ဝတဲ့ မိခင်နို့ရည်ကို ထုတ်ပေးနိုင်ပါတယ်။ ဒါက ကလေးတွေအတွက် သဘာဝက ပေးထားတာပါ။ ဒါပေမဲ့ အင်မတန်အာဟာရချို့တဲ့နေတဲ့ အချိန်ဆိုရင်တော့ မိခင်ကို အရင် အာဟာရပြည့်ဝအောင် လုပ်ပေးရမှာပါ။ ဒါမှ ကလေးကို လုံလုံလောက်လောက် နို့တိုက်နိုင်မှာပါ။

    နို့တိုက်မိခင် အာဟာရချို့တဲ့တဲ့အခါ မကြာခဏ ဖျားနာတာ၊ အားမရှိတာကြောင့် ကလေးကို နို့တိုက်ဖို့ ခက်မှာပါ။ ဒါဆိုရင် ကလေးမှာပါ မိခင်နို့ လုံလုံလောက်လောက် မရတာကြောင့် သူပါလိုက်ပြီး အားနည်းလာနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင် အာဟာရပြည့်ဖို့ အရေးကြီးတယ်လို့ ပြောရတာပါ။

    မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အစားအသောက် myths များ

    နို့တိုက်နေတဲ့ အချိန်မှာ မေမေတွေ လုပ်မိတတ်တဲ့ အမှား၂ခုရှိပါတယ်။ အပေါ်က မေမေနှစ်ယောက်ကိုပဲ ကြည့်ရအောင်။

    ပထမ မေမေဆိုရင် အကုန်တည့်တယ်ဆိုပြီး စားချင်တာ စားတဲ့ မေမေပါ။ နို့တိုက်မိခင်တွေက ကြီးကြီးမားမား အစား ရှောင်စရာ မလိုပါဘူး။ ဒါပေမဲ့ ကလေး ထိန်းရတာ တစ်ဖက်၊ နို့တိုက်ရတာ တစ်ဖက်နဲ့ဆိုတော့ စားသမျှက အာဟာရဖြစ်နေဖို့ လိုပါတယ်။ အာဟာရတန်ဖိုးရှိတဲ့ အစားအစာတွေကို စားဖို့ လိုပါတယ်။

    ဘာကြောင့်လဲဆိုတော့ အစားတော့ မရှောင်ဘူး။ ဒါပေမဲ့ စားသမျှက အငန်တွေ၊ အဆီများတာတွေ၊ အသင့်စားအစားအစာတွေ ဖြစ်နေမယ်ဆိုရင် တကယ်လိုအပ်တဲ့ အာဟာရတွေ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပေါ့။

    နောက်မေမေကတော့ ဘာမှမစားရဲဘဲ အမြဲတမ်း အစားရှောင်တဲ့ တစ်‌ယောက်ပေါ့။ ဒီမှာဆိုရင် မီးတွင်းမှာတည်းက ငါးခြောက်နဲ့ ဟင်းရည်လောက်ပဲ စားရပြီး အစားရှောင်တဲ့ မေမေတွေ အများကြီးပါ။ သူက ပိုဆိုးပါတယ်။

    မိခင်က တဖြည်းဖြည်းနဲ့ အာဟာရချို့တဲ့လာတဲ့အတွက် ခဏခဏ ဖျားနာတာ၊ ခြေလက်တွေ ထုံကျင်တာတွေပါ ဖြစ်လာပါတယ်။ သိပ်ဆိုးလွန်းတဲ့အခြေအနေမှာဆို မိခင်နို့စို့ရတဲ့ကလေးပါ အာဟာရချို့တဲ့ပြီး သူငယ်နာနဲ့ အသက်ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေကို အစားမရှောင်နဲ့၊ တည့်တာ အကုန်စားဆိုပြီး ပြောပြောနေကြတာပါ။

    ဒါဆို နို့တိုက်မိခင်တွေ အာဟာရပြည့်ဝအောင် ဘာစားကြမလဲ။

    များသောအားဖြင့် မိခင်တွေ စားလိုက်သောက်လိုက်တဲ့ အစားအစာတွေရဲ့ ပမာဏ အနည်းငယ်ကပဲ မိခင်နို့ကတဆင့် ကလေးဆီကို ရောက်တာပါ။ ဒါကြောင့် နို့တိုက်မိခင်တွေက အစားရှောင်စရာ မလိုပါဘူး။ သူတို့ စားသင့်တဲ့ ပုံစံကတော့

    • အသီးအရွက်တွေ၊ အသီးအနှံတွေဆိုရင် တစ်ရက်ကို တရုတ်ပန်းကန်လုံးနဲ့ ၅လုံးနီးပါး စားသင့် ရပါတယ်။ ဖျော်ရည်ဆိုရင်တော့ သကြားမပါ တစ်ရက်ကို ဖန်ခွက်တစ်ဝက်သာသာလောက်ပဲ သောက်လို့ရပါတယ်။ အမျှင်ဓာတ်အပြင် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ရပါတယ်။
    • ကစီဓာတ်ဆိုရင်လည်း ထမင်းအပြင် ‌ခေါက်ဆွဲ၊ ကြာဆန် ကိုယ်နှစ်သက်တာ စားလို့ ရပါတယ်။
    • ပရိုတင်းအနေနဲ့ အဆီမပါ ကြက်၊ ဥ၊ ငါး၊ အစေ့အဆန်၊ ပဲ၊ နို့ စတာတွေကို စားလို့ ရပါတယ်။ ဥပမာ ကြက်သားဆိုရင်လည်း အသားပဲစားစား၊ ကြက်ပေါင်းရည်ပဲ ဖြစ်ဖြစ် သောက်လို့ ရပါတယ်။ အိမ်မှာပြုတ်တာဆိုရင်တော့ အရည်အပြင် အသားပါစားပါ။ ဒါမှမဟုတ် အဆီအနှစ်တွေပါ ထည့်ပြီး ပေါင်းထားတဲ့ ကြက်ပေါင်းရည် (Chicken essence)ကို သောက်နိုင်ပါတယ်။

      Journal of Nutritional Biochemistryက ထုတ်တဲ့ လေ့လာချက်တစ်ခုမှာ အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ချိန် ၃၇ပတ်လောက်ကနေ မွေးပြီး ၃ရက်လောက်အထိ Chicken essenceကို တစ်ရက်၃ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ သူတို့ရဲ့ နို့ဦးရည်မှာ Epidermal growth factorက ၂၃၆%ထိ ပိုများတာကို တွေ့ရပါတယ်။

      Chinese Journal of Practical Gynecology and Obstetricsရဲ့ လေ့လာချက်မှာလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို ကလေးမွေးပြီးစရက်တွေမှာ Chicken essenceကို တစ်ရက်၂ဘူး သောက်ခိုင်းခဲ့ပါတယ်။ ရလဒ်အရ သူတို့တွေဟာ သာမန်စွပ်ပြုတ်၊ ဆေးမြစ်ပြုတ်တွေ သောက်သူတွေထက် နို့ထွက်နှုန်း သိသိသာသာ ကောင်းတာကို တွေ့ရပါတယ်။

      ဒါကြောင့် နို့တိုက်မိခင်က အားမရှိဘဲနုံးနေတာအပြင် မိခင်နို့ထွက်ဖို့ပါ အခက်အခဲရှိတယ်ဆိုရင်တော့ Chicken essenceသောက်ကြည့်နိုင်ပါတယ်။

    • ရေများများသောက်ဖို့ကိုလည်း မမေ့ပါနဲ့။ နို့မတိုက်ခင်နဲ့ နို့တိုက်ပြီးတိုင်းမှာ သတိတရနဲ့ ရေသောက်ပေးပါ။

    ဘာတွေ မစားရဘူးလဲ။

    လုံးဝ မစားရဘူးဆိုတာထက် လျှော့စားသင့်တဲ့ အစားအစာတွေကတော့

    • ကဖင်း

    ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ချောကလက်၊ အားဖြည့်အချိုရည် အကုန်ပါပါတယ်။ ကဖင်းပမာဏအနည်းငယ်က မိခင်နို့ကနေတဆင့် ကလေးဆီရောက်နိုင်တာကြောင့် တစ်ရက်ကို ၃၀၀မီလီဂရမ်ထက် မပိုသင့်ပါဘူး။ ကော်ဖီဆိုရင်တော့ တစ်ရက်ကို ၂-၃ခွက်ထက် မပိုသင့်ပါဘူး။

  • ပင်လယ်ငါး
  • ပင်လယ်ငါးတွေက အိုမီဂါ 3 ဖက်တီးအက်စစ်တွေ၊ ပရိုတင်းတွေ ပါသလို မာကျူရီပါဝင်မှုလည်း များတာကြောင့် တစ်ပတ်ကို ၂ကြိမ်ထက် ပိုမစားသင့်ပါဘူး။

    နောက်ပြီး အပေါ်မှာ ပြောခဲ့တဲ့ အာဟာရတန်ဖိုးမရှိတဲ့ အသင့်စားအစားအစာတွေ၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတာတွေကိုလည်း တတ်နိုင်သလောက် လျှော့စားသင့်ပါတယ်။

    နို့တိုက်မိခင်တွေက အစားရှောင်လွန်းတာလည်း မကောင်းသလို အာဟာရမရှိတာတွေဘဲ စားမိနေတာလည်း မကောင်းပါဘူး။ နို့တိုက်နေချိန်မှာ စားတဲ့အာဟာရက မိခင်ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် အာဟာရပြည့်အောင် သင့်တင့်မျှတအောင် စားတတ်ဖို့ လိုအပ်ပါတယ်။

    လျှော့စျေးရယူရန်

    သင်က
    • ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူ
    • ကိုယ်ဝန်ဆောင်မိခင်
    • နို့တိုက်မိခင်တစ်ယောက် ဖြစ်ပါသလား။
    ဒါဆိုရင်တော့  https://bit.ly/BRANDS_PROMO_CODE_OFFER ကို ဖြည့်ပြီး ဘရန်း(စ်)  ကြက်ပေါင်းရည်   42ml (သို့မဟုတ်) 70 ml ၆ လုံးပါတစ်ကတ်ဝယ်ယူတိုင်း ၃၀၀၀ကျပ်တန် လျှော့စျေးရဖို့ ကူပွန်ရယူလိုက်ပါ။
    ကူပွန်တစ်စောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement
    advertisement iconadvertisement