ဘေဘီလေးကို ဘယ်အချိန်မှာ အာလူး စကျွေးမလဲ!
ဘေဘီလေးကို အသက် ၆ လပြည့်ပြီးချိန်မှာ အာလူးလေးကို သေချာလေး နူးအိအောင် ချက်ပြုတ် ပြင်ဆင်ပြီး ကျွေးပေးလို့ ရပါတယ်။ အာလူးက ကစီဓာတ် ကြွယ်ဝသလို ဘေဘီလေးတို့အတွက် သင့်တော်တဲ့ စားစရာလေး တစ်ခုပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက စစချင်းမှာ အာလူးကို ကြော်စားတာမျိုး မလုပ်ပေးဘဲ အာလူးကို ပြုတ်ပေးတာ၊ ပေါင်းပေးတာမျိုး ခပ်ပျော့ပျော့အနေအထားက ပိုအဆင်ပြေပါတယ်။
နောက်ပိုင်း အစာမာကို ဝါးလာနိုင်ပြီဆိုမှ အာလူးကို အချောင်းလေးတွေ၊ အတုံးလေးတွေ ဖြစ်အောင် လုပ်ပြီး ကျွေးလို့ ရပါတယ်။ စစချင်းမှာတော့ အာလူးဟင်းရည်ကို အရည်ကျဲ၊ နည်းနည်းကျင့်သားရလာရင် pureeလို ခပ်ပျစ်ပျစ်ကနေ စကျွေးပေးပါ။
ဘေဘီလေး အာလူး စားလို့ရမလား!
ဘေဘီလေး အာလူး စားလို့ရမလား! ဆိုတော့ စားလို့ ရပါတယ်။ ဘေဘီလေးကို အာလူး ကျွေးပေးတာက အခုလို ကျန်းမာရေး ကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပါတယ်။
ကစီဓာတ် ကြွယ်ဝတဲ့ အာလူးက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးပြီး ကလေးကို အားရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို solid food စတင် မိတ်ဆက်ချိန်မှာ အာလူးကို စားပေးလို့ ရပါတယ်။
အာလူးက ကလေးရဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး အမျှင်ဓာတ် ကြွယ်ဝတာက ကလေးကို ဝမ်းချုပ်မှုက ကင်းစေပြီး အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို ရှင်သန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အာလူးမှာ ဗီတာမင် C ပါဝင်နေပြီး ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်သလို ကလေးကို ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ကို ကျန်းမာစေဖို့ ဆိုရင် အာလူး ကျွေးပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။