backup og meta

နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ ပြင်ဆင်ကြစို့

နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ ပြင်ဆင်ကြစို့

 ကိုယ်ဝန်ဆောင်မေမေတွေ စိတ်အပူဆုံး ကိစ္စလေး တစ်ခု ရှိတယ်နော်။ ဒါကတော့ ကလေးကို မွေးဖွားချိန်မှာ အာဟာရ ပြည့်ဝတဲ့ နို့ဦးရည် ရပါ့မလား။ ကလေးအတွက် လုံလောက်တဲ့ မိခင်နို့ရည် ပြည့်ပြည့်ဝဝ ရရှိပါ့မလား ဆိုတာဟုတ်။  ဒီစိတ်ပူမှုတွေက မိခင်တိုင်း အထူးသဖြင့် ဘေဘီလေးကို ပထမဆုံး မွေးဖွားမယ့် မေမေတွေမှာ ပိုအဖြစ်များပါတယ်။ ဒီလိုမျိုး နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ပြင်ဆင်ပေးလို့ ရပါတယ်နော်။ နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ လို့ ဘယ်လို ပြင်ဆင်ပေးရမလဲဆိုတာကို  အခုတစ်ခေါက် ပြောပြပေးသွားဖို့ ရှိနေပါတယ်။

နို့ဦးရည် အရေးကြီးသလား!

နို့ဦးရည်ဆိုတာက ကလေးမီးဖွားပြီးချိန်မှာ ပထမဆုံး ထွက်လာတဲ့ နို့ရည်ပါ။ နို့ဦးရည်က ကိုယ်ဝန်ဆောင်ချိန် ကတည်းက ဖြစ်ပေါ်နေတဲ့ မိခင်နို့ရည် တစ်မျိုးပါ။ ကလေးရဲ့ ကိုယ်ခံအား တည်ဆောက်ဖို့အတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ 

နို့ဦးရည်မှာ ပရိုတင်း ကြွယ်ဝစွာ ပါဝင်ပြီး နောက်ပိုင်းထွက်မဲ့ နို့ရည်နဲ့ ယှဉ်ရင် အဆီ နဲ့ သကြားဓာတ် ပါဝင်မှု နည်းပါတယ်။ ဒါပေမဲ့ antibodies တွေကို ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေ ပါဝင်နေပါတယ်။ antibodies တွေက ကလေးကို ကိုယ်ခံအား ကောင်းစေပြီး ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။

နို့ဦးရည်မှာ ပရိုတင်း အပြင် ဘေဘီလေးရဲ့ အမြင်အာရုံနဲ့ အသားအရေ ကျန်းမာစေပြီး ကိုယ်ခံအား ကောင်းစေနိုင်တဲ့ ဗီတာမင် A နဲ့ ဘေဘီလေးရဲ့ နှလုံး ကျန်းမာစေပြီး အရိုးတွေကို သန်မာစေမယ့် မဂ္ဂနီဆီယမ်၊ copper နဲ့ ဇင့်ဓာတ်တို့လိုမျိုး သတ္တုဓာတ်တွေနဲ့ antibodies ကြွယ်ဝမှုက ကလေးကို ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့်လည်း မေမေတွေက နို့ဦးရည်မှာ အာဟာရ ပြည့်ဝမှု ရရှိဖို့ ကိုယ်ဝန်ရှိချိန်ကတည်းက အစစအရာရာ ဂရုစိုက်ရတာပေါ့။ 

နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ ပြင်ဆင်ကြစို့

နို့ဦးရည် အာဟာရ ပြည့်ဝမှ ကလေးက ကျန်းမာပြီး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာမှာပါ။ နို့ဦးရည်မှာ အာဟာရ ပြည့်ဝစေဖို့ဆိုရင် မေမေ အနေနဲ့ ကိုယ်ဝန်ဆောင်ကာလကတည်းက သေချာလေး ပြင်ဆင်ထားဖို့ လိုပါတယ်။ ပြောချင်တာကတော့  နို့ဦးရည်ကို အာဟာရ ပြည့်ဝစေဖို့နဲ့ မိခင်နို့ချို ထွက်ရှိမှု ကောင်းစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုမယ်ဆိုတာပါ။

ဒီလို ကိုယ်ဝန်ဆောင်ချိန်ကတည်းက မေမေက အစာအာဟာရကို ပြည့်ဝအောင် စားသုံးမယ်ဆိုရင် နို့ချို ထွက်ရှိမှု ကောင်းမှာ ဖြစ်သလို မိခင်နို့ထွက် ကောင်းမှလည်း ကလေးကို လုံလုံလောက်လောက် နို့တိုက်နိုင်မှာပါ။ ဒါမှလည်းကလေးက ဖျားနာမှု ကင်းစေပြီး ကောင်းကောင်း ကြီးထွားမှာပါ။

မိခင်နို့ရည် ဆိုတာက ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေတဲ့ သဘာဝရဲ့ အာဟာရ တစ်ခုဆိုလည်း မမှားပါဘူး။ ပထမ ၆ လပတ်လုံး အာဟာရအဖြစ် မှီဝဲရတဲ့ မိခင်နို့ရည်ကို ပြည့်ပြည့်ဝဝ ရရှိမှလည်း ကလေးက ကောင်းကောင်း ဖွံ့ဖြိုးလာမှာပါ။ 

ဒီနေရာမှာ နောက်တစ်ခု ပြောချင်တာက နို့ဦးရည်မှာရော မိခင်နို့ရည်မှာပါ antibodies တွေနဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် ကလေးကို

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ
  • နားပိုးဝင်တာ၊
  • ဆီးချို၊
  • အဝလွန်တာနဲ့
  • အမျိုးမျိုးသော ကင်ဆာတွေနဲ့
  • ကလေးကို မွေးကင်းစကလေး ရုတ်တရက် သေဆုံးမှုတွေကနေ ကာကွယ်ပေးပါတယ်။

ဒါတင် မကသေးပါဘူး  ဖွံ့ဖြိုးမှုပိုင်း အနေနဲ့

  • ဦးနှောက် ကောင်းကောင်း ဖွံ့ဖြိုးစေဖို့
  • ကလေးရဲ့ အမြင်အာရုံကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့
  • စကားကောင်းကောင်း ပြောတတ်စေဖို့နဲ့
  • မေးရိုးတွေနဲ့ ပါးစပ်ဖွံ့ဖြိုးမှုတွေကို အကောင်းဆုံး ထောက်ကူပေးပါတယ်။ နောက်ပြီး မိခင်နို့က ကလေးအတွက် လုံလောက်တဲ့ အာဟာရဓာတ်ကိုရော ရေဓာတ်ကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။

နို့ဦးရည် အာဟာရ ပြည့်ဝစေပြီး နို့ထွက်ကောင်းစေဖို့ စားပေးသင့်တာလေးများ

နို့ဦးရည် အာဟာရ ပြည့်ဝစေပြီး နို့ထွက်ကောင်းစေဖို့ဆိုရင် ကိုယ်ဝန်ဆောင် ပထမ ၃ လလောက်ကစပြီး အစားအစာတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒီလို အာဟာရ ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ 

  • နှံစားသီးနှံတွေ – ထမင်း၊ ဆန်လုံးညို၊ အုတ်ဂျုံစတဲ့ နှံစားသီးနှံတွေက မိခင်နို့ထွက် ကောင်းစေဖို့ရော နို့ဦးရည် အာဟာရ ပြည့်ဝစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 
  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ – အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ဆလတ်ရွက်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့မှာ ကယ်လ်ဆီယမ် အပါအဝင် အာဟာရ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒီလိုမျိုး အာဟာရ ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် အသီးအရွက်တွေက မိခင်နို့ထွက် ကောင်းစေဖို့ရော နို့ဦးရည် အာဟာရ ပြည့်ဝစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ 
  • ကြက်သွန်ဖြူ – ကြက်သွန်ဖြူက အာဟာရ ပြည့်ဝစွာ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့ရော မိခင်နို့ဦးရည် အာဟာရ ပြည့်ဝစေဖို့ နဲ့ မိခင်နို့ထွက် ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
  • ပဲအမျိုးမျိုး – ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲစင်းငုံ စတဲ့ ပဲအမျိုးမျိုးက ပရိုတင်း ကြွယ်ဝတာကြောင့် မိခင်ကို ကျန်းမာစေသလို ပရိုတင်း ကြွယ်ဝတာကလည်း နို့ထွက်ကောင်းစေဖို့ရော နို့ဦးရည် အာဟာရ ပြည့်ဝစေဖို့ပါ ထောက်ကူပေးပါ။
  • ကြက်ပေါင်းရည် – ကြက်ပေါင်းရည်မှာ မိခင်နို့ဦးရည် အာဟာရ ပြည့်ဝစေဖို့ရော နို့ထွက်ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ စုံလင်စွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင် အစောပိုင်းကာလ(ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမ ၃ လပတ်) ကတည်းက ပုံမှန်လေး သောက်သုံးပေးမယ်ဆိုရင် ကလေးကို မိခင်နို့ လုံလောက်ပြီး ကျန်းမာစေမယ့်အပြင် မေမေလည်း ကျန်းမာမှာ အသေအချာပါ။
  • အသား၊ ငါး – ပြဒါးပါဝင်မှု နည်းတဲ့ ငါးတွေ၊ ရေချိုငါးစတာနဲ့ အရေခွံ မပါတဲ့ ကြက်သား၊ အဆီမပါတဲ့ အနီရောင် အသားစတာတွေက ကိုယ်ဝန်ဆောင်မေမေကို ပရိုတင်း၊ သံဓာတ်နဲ့ အမျိုးမျိုးသော အာဟာရတွေကို ပြည့်စုံစေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေမှာ ဖြစ်သလို နို့ဦးရည် အာဟာရ ပြည့်ဝစေဖို့ရော မိခင်နို့ထွက်ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ 

ဒီအချက်တွေအပြင် ရေလုံလောက်အောင် သောက်သုံးတာ၊ အာဟာရ ပြည့်ဝအောင် အစာအုပ်စု စုံစုံလင်လင် စားသုံးတာ၊ အိပ်ရေးဝဝ အိပ်တာ၊ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု ခံယူတာတွေကို လုပ်ဆောင်ပေးမယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်မှာဖြစ်သလို ဖျားနာမှု ကင်းတာကြောင့် အာဟာရပြည့်ဝတဲ့ နို့ဦးရည်ကိုရော ဘေဘီလေးအတွက် လုံလောက်တဲ့ မိခင်နို့ရည်ကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ 

လျှော့စျေးရယူရန်

သင်က
  • ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူ
  • ကိုယ်ဝန်ဆောင်မိခင်
  • နို့တိုက်မိခင်တစ်ယောက် ဖြစ်ပါသလား။
ဒါဆိုရင်တော့  https://bit.ly/BRANDS_PROMO_CODE_OFFER ကို ဖြည့်ပြီး ဘရန်း(စ်)  ကြက်ပေါင်းရည်   42ml (သို့မဟုတ်) 70 ml ၆ လုံးပါတစ်ကတ်ဝယ်ယူတိုင်း ၃၀၀၀ကျပ်တန် လျှော့စျေးရဖို့ ကူပွန်ရယူလိုက်ပါ။
ကူပွန်တစ်စောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

 

How to Increase Breast Milk Supply: 7 Foods to Eat https://www.todaysparent.com/baby/breastfeeding/foods-to-increase-breast-milk/ Accessed Date 28 June 2023

 

Foods to Promote Breast Milk Production https://share.upmc.com/2022/09/foods-to-promote-breastmilk/  Accessed Date 28 June 2023

 

Foods to Increase Breast Milk Supply https://www.verywellfamily.com/foods-that-increase-breast-milk-supply-431598  Accessed Date 28 June 2023

 

Breastmilk and breastfeeding: benefits https://raisingchildren.net.au/newborns/breastfeeding-bottle-feeding/about-breastfeeding/breastmilk-breastfeeding-benefits Accessed Date 28 June 2023

 

How to Prepare for Breastfeeding in the Month Before Birth https://www.acog.org/womens-health/experts-and-stories/the-latest/how-to-prepare-for-breastfeeding-in-the-month-before-birth  Accessed Date 28 June 2023

 

How to Make Your Breast Milk Come in Faster: Top 8 Tips https://lactationnetwork.com/blog/how-to-make-your-breast-milk-come-in-faster-top-8-tips/  Accessed Date 28 June 2023

 

Colostrum https://my.clevelandclinic.org/health/body/22434-colostrum Accessed Date 28 June 2023

ယခုပုံစံ

05/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နို့ဦးရည်နဲ့ ပတ်သက်တဲ့ အမှန်၊ အမှားများ

ကလေးမွေးပြီးပြီးချင်း နို့မထွက်ရင် ဘယ်လိုလုပ်ရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement