ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ သရေစာစားလွန်းရင် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ

မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေချင်တာ သဘာဝပါပဲ။ ဒီလို ကျန်းမာကြံ့ခိုင်ခြင်းအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိဖို့ လိုအပ်သလို မှန်ကန်ပြီး အာဟာရမျှတတဲ့ စားသောက်နေထိုင်မှုပုံစံ ရှိဖို့လည်း လိုအပ်ပါတယ်။ မိဘတွေ စိုးရိမ်နေတတ်တဲ့ ပြဿနာတွေထဲမှာ ကိုယ့်ကလေးတွေ မုန့်ပဲသရေစာ စားလွန်းတဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်း တစ်ခုအပါအဝင်ပါပဲ။ မုန့်ပဲသရေစာတွေမှာ ဆီ၊ ဆား၊ သကြား ပါဝင်မှုများပြီး ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ မရှိသလောက် နည်းပါးတာကြောင့် လျှော့စားတာတော့ အကောင်းဆုံးပါပဲ။ ကလေးတွေနဲ့ မုန့်ပဲသရေစာ ကလေးတွေဟာ အာဟာရဖြစ်စေတဲ့ အစားအစာတွေထက် မုန့်ပဲသရေစာကို ပိုသဘောကျနှစ်သက်ကြတာ သဘာဝပါပဲ။ အဆီများတဲ့ အကြော်အလှော်တွေ၊ သကြားပါဝင်မှုများတဲ့ ကိတ်မုန့်၊ သကြားလုံး၊ ပူတင်း၊ ရေခဲမုန့်တွေအပြင် ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ ရတဲ့ အာလူးကြော်၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအာဟာရနဲ့ ပက်သက်လို့မေမေတို့ အမေးများတဲ့ မေးခွန်းတွေ။ ။

ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ မေမေတိုင်း တစ်ဘက်ကမ်းခတ်တော်နေကြတာ မဟုတ်ပါဘူး။ သူတို့ မသဲကွဲတဲ့အချက်တွေ မရှင်းတဲ့အချက်တွေ အများကြီးရှိပါသေးတယ်။ ဒီဆောင်းပါေးလးထဲမှာ မေမေတို့ အမေးများတဲ့ မေးခွန်းတွေအတွက် အဖြေလေးတွေ ဖြေပေးထားပါတယ်။ Q .ကလေးကို ဘယ်အရွယ်မှာ ရေစတိုက်လို့ရသလဲ။ ။ ကလေးအသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းတိုက်ရမှာဖြစ်တဲ့ အတွက် ရေတိုက်လို့မရပါဘူး။ ကလေးအသက် ၆လကျော် ဖြည့်စွက်စာစားတဲ့ အချိန်ရောက်မှသာ ရေတိုက်လို့ရမှာပါ။ Q .ကလေး ဝမ်းမှန်အောင် ဘာတွေကျွေးရမလဲ။ ။ ဖြည့်စွက်စာ စားချိန်ဆို ကလေးတွေအသီးအရွက်ထက် အသားပိုစားကြပါတယ်။ ဒါကြောင့် အမျှင်ဓါတ်ေတွမရတော့ဘဲ ကလေးတွေဝမ်းချုပ်ကြတာဖြစ်ပါတယ်။ ကလေးဝမ်းမှန်စေဖို့အတွက်ဆို အသီးအရွက်များများကျွေးပါ။ အသီးဖျော်ရည်လုပ်တိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။ ဝမ်းသွားချင်ရင် ချုပ်မထားသင့်ကြောင်း ပြောပြပါ။ ကလေးက မိခင်နို့်သောက်နေတဲ့သူဆိုရင်တော့ မေမေတို့ အသီးအရွက်များများ စားပေးပါ။ Q .ကလေးထွားဖို့ အားဆေးတိုက်ဖို့လိုလား ။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကိုယ့်ကလေး ဖျားနာမှုကင်းဝေးအောင် အစားအသောက်တွေကို ဒီလိုပြင်ဆင်ပေးပါ။ ။

မိဘဖြစ်သူတိုင်း ခံစားဖူးတဲ့ ကြောက်စရာ အိပ်မက်ဆိုးကြီး တစ်ခုရှိပါတယ်။ ဒါက ကိုယ်သေချာ ဂရုစိုက်နေရက်သားနဲ့ ကိုယ့်ကလေး နေမကောင်းဖြစ်သွားတာပါ။ ကလေးဆိုတာကလည်း နေမကောင်းဖြစ်ရင် ဘယ်နားက ဘယ်လိုနာတာ ဘယ်လိုခံစားရတာဆိုတာကို သဲသဲကွဲကွဲ မပြောနိုင်တဲ့အတွက် မိဘတွေ ပိုစိုးရိမ်တတ်ကြပါတယ်။ ကိုယ့်ကလေးကို ပန်းလေးတစ်ပွင့်လိုပဲ လန်းနေတာကို မြင်ချင်ကြတာ မိဘတိုင်းပါ။ ဒါကြောင့် မိဘတိုင်းရဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်တဲ့ ကလေးဖျားနာတာတွေကနေကင်းဝေးဖို့ မိဘတွေဘက်က ဘယ်လို ပြုစုပေးရမလဲဆိုတာပြောပြပေးချင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ် ။ ။ ကိုယ်ခံအားစနစ်တစ်ရပ်ကောင်းကောင်းဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေလိုအပ်ပါတယ်။ ။ အာဟာရပြည့်ဝအောင်စားသုံးဖို့ ကောင်းကောင်းအိပ်စက်ဖို့ သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ ပတ်ဝန်းကျင်အနေအထားတို့ လိုအပ်ပါတယ်။ ကလေးဖျားနာမှုကင်းစေဖို့ အစားအသောက်တွေကို ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။ ကလေးတစ်ယောက် ကျန်းမာဖွံ့ဖြိုးဖို့အတွက်၊ ခုခံအားကောင်းစေဖို့အတွက်ဆို ကလေးတွေနေ့စဉ်စားတဲ့ အစားအသောက်တွေကသာ အဓိကပါ။ ဒါကြောင့် ကိုယ့်ကလေးအမြဲကျန်းမာနေအောင် မေမေတို့ဘယ်လိုအစားအသောက်တွေကို […]


ကလေးအာဟာရချို့တဲ့ခြင်း

ကိုယ့်ကလေး သွေးအားမနည်းစေဖို့အစားအသောက်တွေကို မေမေတို့ ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။

သွေးအားနည်းရောဂါဆိုတာ ဘာလဲ။ ။ သာမန်ထက် သွေးနီ်ဥအရေအတွက် နည်းနေတာ ဒါမှမဟုတ် သွေးနီဥတစ်ခုချင်းစီမှာ ဟီမိုဂလိုဘင် နဂိုရှိသင့်တာထက်နည်းနေရင် သွေးအားနည်းနေပြီလို့ ဆိုပါတယ်။ သွေးအားနည်း ရောဂါက ဘာတွေကြောင့်ဖြစ်နိုင်တာလဲ။ ။ သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။ ဖော်လစ်အက်စစ်နဲ့ ဗီတာမင်B12 ချို့တဲ့ခြင်းကြောင့် သွေးအားနည်းတာ Thalassemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ နဲ့ အဖြစ်အများဆုံးကတော့ သံဓါတ်ချို့တဲ့တာကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါတို့ဖြစ်ပါတယ်။ ။ ခုပြောပြချင်တာကတော့ ကလေးတွေမှာ အတွေ့ရအများဆုံးဖြစ်တဲ့ သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ အကြောင်းပဲဖြစ်ပါတယ်။ သံဓါတ်က ကလေးအတွက် ဘာကြောင့်အရေးပါတာလဲ ။ ။ သံဓါတ်က ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ အဆုတ်ထဲကအောက်ဆီဂျင်ကို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေဆီကို ပို့ဖို့ နဲ့ ကြွက်သားတွေကအောက်ဆီဂျင်သိုလှောင်ပြီးအသုံးချနိုင်ဖို့လည်း သံဓါတ်ကကူညီပေးပါတယ်။ သံဓါတ်အားနည်းတယ်ဆိုတာ အနည်းငယ်လောက်ကနေသွေးအားနည်းရောဂါအထိပြင်းထန်မှုအဆင့်ဆင့်ရှိပါတယ်။ ဒါကိုသေချာဂရုမစိုက်ရင် ကလေးရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအားလုံးကို ထိခိုက်နိုင်ပါတယ်။ အများအားဖြင့် - လမစေ့၊ပေါင်မပြည့်ဘဲမွေးဖွားတဲ့ ကလေးတွေ အသက်တစ်နှစ်မပြည့်ခင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား

အသီးအရွက်တွေကို ရေသန့်သန့်လေးဆေးပြီး အစိမ်းလိုက် ဂျိုးဂျိုးဂျွက်ဂျွက်ဝါးစားရတာ မိုက်တယ်နော်။ ကိုယ်စားလို့ အရသာရှိတိုင်း ကိုယ်ရဲ့ ကိုယ်ပွားဖြစ်တဲ့ ကလေးကို ကျွေးချင်မိတယ်ဟုတ်။ ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား .... ကလေးက ငယ်သေးတော့ကျွေးလို့ရပါ့မလားလို့ စိတ်ပူနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေဖေဖေတို့အတွက်ပါ။ ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား ကလေးက ဖြည့်စွက်စာစစားပြီး နည်းနည်းလေး ကြီးလာပြီဆိုရင် လူကြီးတွေစားသမျှကို စားဖို့ စိတ်ဝင်စားစပြုလာပြီလေ။ ကိုကိုမမတွေရှိတဲ့ ကလေးတွေဆို အကြီးတွေစားသမျှကိုလိုက်စားချင်ပြီလေ။ ဒီလိုအချိန်မျာ ကလေးကိုကျွေးမှာလား ၊ မကျွေးဘူးလား ဘယ်လိုဆုံးဖြတ်မလဲ။ ကလေးတွေ ဟင်းသီးဟင်းရွက် အစိမ်းစားလို့ရလား ဆိုတော့ ကလေးက ၂ နှစ်လောက်ကျော်လာပြီဆိုရင်၊ ကျွတ်ဆတ်တဲ့ အစာမာတွေကို သေချာကြေညက်အောင် ဝါးပြီး မျိုချနိုင်ပြီဆိုရင် ကျွေးလို့ ရပါပြီ။ ကျွေးလို့ရတာဆိုရင်တော့ကျွေးလိုက်တာအကောင်းဆုံးပါ။ ကလေးအတွက် အရသာအသစ်အဆန်းကိုမြည်းစမ်းခွင့်ရစေမှာဖြစ်သလို ကလေးကို ကျန်းမာတဲ့ အစားအသောက်အလေ့အထပျိုးထောင်ခွင့်ရစေမှာပါ။ အသက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ

ကလေးတစ်ယောက် ဘဝထဲရောက်လာရင် သူကျန်းမာပျော်ရွှင်နေစေဖို့အတွက်က အရေးကြီးဆုံးကိစ္စဖြစ်လာပါပြီ။ ကလေးကို ပြုစုတဲ့အခါ ဘေးပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကြောင့် ဖိုးဖိုးဖွားဖွားတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ ပြောသမျှကို လိုက်လုပ်မိတတ်ကြပါတယ်။ အတွေ့အကြုံမရှိတော့ အတွေ့အကြုံရှိသူတွေရဲ့ အကြံဉာဏ်ကိုယူရတယ်ဆိုတဲ့သဘောပေါ့။ ဒီလိုအတွေ့အကြုံတွေထဲမှာ အကြံဉာဏ်ပေးသူကိုယ်တိုင်က အသိမှားထားတာလေးတွေရှိနေတတ်ပါတယ်။ ကဲ .... ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်တဲ့ လွဲလွဲလေးများ ကတော့ အလွဲ (၁) - ကလေးက မိခင်နို့နဲ့ ဓာတ်မတည့်ဖြစ်နိုင်တယ် ဒါက အင်မတန်ရှားတဲ့အခြေအနေပါ။ ကလေးတွေက မိခင်နို့နဲ့ ဓာတ်မတည့်ဘူးဆိုတာ ရှားပါတယ်။ ကလေးက မေမေ့ဆီက နို့တွေကို အငမ်းမရစို့တာကြောင့် နို့ပြန်အန်တာမျိုး၊ အရမ်းဆာနေတာကြောင့် နို့တွေကို အများကြီးသောက်မိရာကနေ အန်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။ ဒါက မိခင်နို့နဲ့ မတည့်လို့ မဟုတ်ပါဘူး။ […]


ကလေးအစာခြေစနစ်ပြဿနာများ

အစာခြေစနစ် အားနည်းတဲ့ ကလေးကို ဒီလိုပြင်ဆင်ပေးပါ

စားကောင်းတာလေး စားမိတိုင်း သားသမီးတွေက မိဘတွေကို သတိရခဲကြပေမယ့် မိဘတွေကတော့ စားကောင်းတာလေးစားမိတိုင်း သားသမီးတွေကိုကျွေးချင်တဲ့စိတ်အပြည့်ပါနော်။ မိဘမေတ္တာဆိုတာမျိုးပေါ့။ ကလေးက ဘာမှသေချာမစားနိုင်ခင်ကတည်းက ကလေးအရွယ်ရောက်လာရင်တော့ ဘာကျွေးမယ်၊ ဘယ်လိုလေးပြင်ပေးမယ်၊ လို့တွေးမိကြတယ်ဟုတ်။ ဒီခံစားချက်ကမေမေဖေဖေတိုင်းရှိကြမယ်ထင်ပါတယ်နော်။ ဒီနေရာမှာ သတိထားရမှာတစ်ခုက ကလေးရဲ့အစာခြေစနစ်က ဘယ်လိုအနေအထားမျိုးရှိလဲဆိုတာပါ။ ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးသလို ကလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ အစာခြေစနစ်ချင်းလည်း မတူနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ကလေးက အစာခြေစနစ် အားနည်းနေမယ်ဆိုရင်တော့မေမေဖေဖေတို့အနေနဲ့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါ ပိုပြီး သတိထားဖို့လိုအပ်မှာပါ။ ဒီလက္ခဏာလေးတွေရှိနေရင် ကလေးရဲ့အစာခြေစနစ် မှာပြဿနာရှိနေတာပါ ကလေးက - မကြာခဏဆိုသလို အန်နေမယ် တစ်ခါတလေ ဖျားမယ် ဝမ်းသွားမယ် ဝမ်းချုပ်မယ် အကြောင်းအရင်းမရှိဘဲ ငိုနေမယ် ဆိုရင်တော့ ကလေးရဲ့ အစာခြေစနစ်မှာပြဿနာရှိနေပါပြီ။ အစာခြေစနစ်ပြဿနာရှိတဲ့ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ ကိုယ့်ကလေးက သူများကလေးတွေနဲ့မတူဘဲ အစာခြေစနစ်မှာပြဿနာရှိနေပြီဆိုရင် အစားအစာပြင်ဆင်ပေးတဲ့အခါ ပုံမှန်ထက်ပိုဂရုစိုက်ပေးရပါမယ်။ အစာခပ်ပျော့ပျော့လေးပြင်ဆင်ပေးပါ - ကလေးကို Cereal လိုမျိုးခပ်ပျော့ပျော့အစားအစာလေးတွေပြင်ဆင်ပေးပါ။ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးသန်မထအောင် ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ

ဗိုက်အောင့်တယ်ဆိုတဲ့ စကားသံက ကလေးတွေဆီက အများဆုံးကြားရတဲ့စကားသံပါ။ ဒီအချိန်မှာ မိဘတွေတွေးလိုက်တာက ကလေးက တကယ်နာနေတာဟုတ်ရဲ့လား၊ကျောင်းမသွားချင်လို့ ညာနေတာများလားဆိုတာပါ။ များသောအားဖြင့်ကတော့ ကလေးကျောင်းမသွားချင်လို့ ဂျီတိုက်တယ်ထင်မှတ်ကြတယ်နော်။ နောက်ထပ်ကြားရတတ်တာ တစ်ခုရှိသေးတယ်။ ဒါကတော့ ခေါင်းမူးတယ် မေမေ၊ အိပ်ချင်တယ်ဆိုတဲ့စကားပါ။ တစ်ခါတလေမှာ ကလေးက ဗိုက်အောင့်တယ်ပြောတာက သန်ထနေတာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ သန်ထတာက ကလေးတော်တော်များများမှာဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခပ်ပေါ့ပေါ့ဆဆ မတွေးပါနဲ့နော်။ သန်ကောင်တွေက ကလေးရဲ့ အူလမ်းကြောင်းထဲမှာ ကလေးစားသုံးလိုက်တဲ့ အာဟာရတွေကို ရယူပြီး ရှင်သန်နေထိုင်ပါတယ်။ ဒီလိုရှင်သန်နေထိုင်မှုက အားကောင်းလေလေ ကလေးက အားနည်းလာပြီး ကိုယ်ခံအားနည်းလာပါတယ်။ ဒီအခါမှာ ကလေးက ရောဂါတွေကို အလွယ်တကူခံစားကြရသလို ကြီးထွားဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်တာမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ဒီတော့ ကလေးမှာ ဆိုးရွားတဲ့ ထိခိုက်မှုတွေမဖြစ်ခင် ကလေးကို သန်မထအောင် ကာကွယ်ဖို့လိုပါမယ်။ ကလေးမှာ သန်ထနေပြီဆိုတာကို ဘယ်လိုသိနိုင်သလဲ ကလေးက […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးကို ဝမ်းမှန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲ

အိမ်မှာ ချစ်တီးလေးတွေရှိလား။ ကလေးက ဝမ်းမှန်မှန်မသွားတော့ အစားလည်းသိပ်မစားဘူး၊ အင်အင်းတည်တိုင်း ငိုယိုရုန်းကန်တာ ကျွက်ကျွက်ကိုညံလို့ပါပဲ။ ကလေးက တစ်ပတ်ကို အများဆုံး သုံးကြိမ်လောက်ပဲဝမ်းသွားတယ်၊ သွားတဲ့အခါလည်း ဝမ်းကမာကျစ်ပြီး တစ်နေတယ်(စမြင်းတုံးပေါ့)၊၊ ဗိုက်အောင့်တယ်ဆို ချစ်တီးလေးဖြစ်နေပါပြီ။ ဝမ်းသွားဖို့ ညှစ်ရင် စအိုမှာနာကျင်ရမယ်၊ တအားညှစ်ရမှာပင်ပန်းမယ်ဆိုတာ သိနေတော့ အင်အင်းတည်ရင် အကြောက်အကန်ငြင်းတာပေါ့၊ ဝမ်းသွားချင်စိတ်လေးပေါ်လာရင်တောင်အောင့်ထားတတ်ပါတယ်။ ကလေးတွေ ဝမ်းချုပ်တဲ့ကိစ္စကရောဂါကြီးတော့မဟုတ်ပေမယ့် အဖြစ်များတဲ့ပြဿနာပါ။ ဒါပေမယ့် ဂရုမစိုက်ပေးဘဲ အချိန်ကြာလာရင်တော့စအိုဝမှာ ကွဲလာမယ်၊ စအိုကျွံကျခြင်း လိုမျိုး စအိုအတွင်းသားအပြင်ကိုထွက်လာမယ် စတဲ့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်သလိုရောဂါအကြောင်းရင်းတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ မပေါ့ဆသင့်တာဖြစ်ပါတယ်။ ဒါဆို ဝမ်းမချုပ်အောင် ဘယ်လိုကာကွယ်ရမလဲ အရည်များများတိုက်ပါ ရေ သို့မဟုတ် အရည်(နို့၊ဖျော်ရည်၊စွတ်ပြုတ်၊စတာတွေ) တွေကို လုံလောက်အောင် တိုက်ကျွေးရင် ဝမ်းမှန်စေပါတယ်။ ဘယ်ပမာဏလောက်ဆိုလုံလောက်မလဲဆိုတာကတော့ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ အသက်အရွယ်ကိုမူတည်ပါလိမ့်မယ်။ အဓိကကရေဓါတ်မနည်းစေဖို့ပါ။ ရေသောက်နည်းတဲ့ကလေးကို ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီးတို့ကို ကြိတ်တဲ့ဖျော်ရည်တိုက်ပေးပါ။ အမျှင်ဓါတ်ကြွယ်ဝတာတွေပိုကျွေးပါ အမျှင်ဓါတ်ပါဝင်မှုများတဲ့အစားအစာတွေ(သစ်သီး၊ဟင်းသီးဟင်းရွက်တွေနဲ့ ဂျုံကြမ်းပေါင်မုန့် စတာတွေ)က […]


ကလေးအာဟာရချို့တဲ့ခြင်း

အသားမကြိုက်တဲ့ကလေးကို အာဟာရဓာတ်လုံလောက်အောင် ဘာတွေကျွေးရမလဲ

အိမ်က သမီးလေးကလေ အသားဆိုမစားဘူး။ အသီးအရွက်လေးနဲ့မှ ထမင်းကျွေးလို့ရတယ် ဆိုတာမျိုး တချို့မေမေတွေဆီက ကြားရတတ်ပါတယ်။ တကယ်လည်းဟုတ်တယ်။ တချို့ကလေးတွေက ထမင်းစစားကတည်းက အသီးအရွက်ပဲကြိုက်တာ၊ အသားတွေ၊ ငါးတွေ လုံးဝမကြိုက်၊ထွေးထုတ်တတ်တယ်။ ဒါပေမယ့် အဲလိုဘာမှကျွေးမရတဲ့အခါ တချို့မိဘတွေက ဒီအတိုင်းထားလိုက်တယ်၊နောက်တော့ စားလာမှာပေါ့ ဆိုပြီးလေ။ သူစားတာလေးလိုက်ကျွေးပြီး ဒီအတိုင်းစောင့်နေတဲ့နည်းက မှန်ရဲ့လား မေမေတို့ပြောကြည့်ပါဦး။ အသားမကြိုက်တဲ့ကလေးကို အသားပါအောင်၊ အသားဓာတ်ရအောင် အတင်းထည့်ကျွေးတာမျိုး မလုပ်ဘဲနဲ့ အသားဓာတ်ရအောင် လုပ်ပေးလို့ရတဲ့နည်းတွေရှိပါတယ်နော်။ ဖွံ့ဖြိုးဖို့အရှိန်ယူဆဲအရွယ် ကလေးတွေအတွက် အာဟာရဓာတ်မျိုးစုံကို အလုံအလောက်ရနိုင်ဖို့ စီစဉ်ပေးသင့်တာမို့ ကလေးစားတာလေးကျွေးပြီး အလွယ်လမ်းမှာငြိမ်မနေပါနဲ့။ ခုနေခါ ကလေးရဲ့ကျန်းမာရေးနဲ့အာဟာရမှာ မိဘရဲ့ဂရုစိုက်မှုက ကြီးပြင်းလာတဲ့အခါ ရလဒ်အနေနဲ့ သက်ရောက်စေမှာဖြစ်လို့ပါ။ သက်သတ်လွတ်စားတယ်ပဲထားဦး၊ သေချာဂရုစိုက်စီစဉ်ပေးရင် အသားဓာတ်ရနိုင်တဲ့အပြင် တခြားမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကိုပါ အပြည့်အဝရရှိနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းနဲ့ သံဓာတ်က မပါမဖြစ်ဆိုတော့ ကလေးအာဟာရပြင်ဆင်တဲ့အခါ သတိထားသင့်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း