backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးသန်မထအောင် ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးသန်မထအောင် ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ

ဗိုက်အောင့်တယ်ဆိုတဲ့ စကားသံက ကလေးတွေဆီက အများဆုံးကြားရတဲ့စကားသံပါ။ ဒီအချိန်မှာ မိဘတွေတွေးလိုက်တာက ကလေးက တကယ်နာနေတာဟုတ်ရဲ့လား၊ကျောင်းမသွားချင်လို့ ညာနေတာများလားဆိုတာပါ။ များသောအားဖြင့်ကတော့ ကလေးကျောင်းမသွားချင်လို့ ဂျီတိုက်တယ်ထင်မှတ်ကြတယ်နော်။ နောက်ထပ်ကြားရတတ်တာ တစ်ခုရှိသေးတယ်။ ဒါကတော့ ခေါင်းမူးတယ် မေမေ၊ အိပ်ချင်တယ်ဆိုတဲ့စကားပါ။ တစ်ခါတလေမှာ ကလေးက ဗိုက်အောင့်တယ်ပြောတာက သန်ထနေတာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ သန်ထတာက ကလေးတော်တော်များများမှာဖြစ်တတ်တဲ့ ကိစ္စတစ်ခုပါ။ ခပ်ပေါ့ပေါ့ဆဆ မတွေးပါနဲ့နော်။

သန်ကောင်တွေက ကလေးရဲ့ အူလမ်းကြောင်းထဲမှာ ကလေးစားသုံးလိုက်တဲ့ အာဟာရတွေကို ရယူပြီး ရှင်သန်နေထိုင်ပါတယ်။ ဒီလိုရှင်သန်နေထိုင်မှုက အားကောင်းလေလေ ကလေးက အားနည်းလာပြီး ကိုယ်ခံအားနည်းလာပါတယ်။ ဒီအခါမှာ ကလေးက ရောဂါတွေကို အလွယ်တကူခံစားကြရသလို ကြီးထွားဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်တာမျိုးတွေ ကြုံလာရနိုင်ပါတယ်။ ဒီတော့ ကလေးမှာ ဆိုးရွားတဲ့ ထိခိုက်မှုတွေမဖြစ်ခင် ကလေးကို သန်မထအောင် ကာကွယ်ဖို့လိုပါမယ်။

ကလေးမှာ သန်ထနေပြီဆိုတာကို ဘယ်လိုသိနိုင်သလဲ

ကလေးက သန်ထနေပြီဆိုရင်တော့ အခုလိုလက္ခဏာတွေတွေ့ရတတ်ပါတယ်။

ကလေးက တံထွေးတွေ ထွက်နေမယ် – ကလေးက အကြောင်းအရင်းဘာရယ်မရှိဘဲ တံထွေးတွေ ခဏခဏထွက်နေမယ်ဆိုရင် ကလေးက သန်ထနေတာဖြစ်နိုင်ပါတယ်။

ဝမ်းအနံ့ဆိုးနေမယ် ကလေးက ဝမ်းအနံ့ဆိုးနေမယ်ဆိုရင် ဗိုက်ထဲမှာ သန်ကောင်တွေရှိနေတာဖြစ်နိုင်ပါတယ်။

စအိုတစ်ဝိုက် ယားယံနေမယ် – သန်ကောင်တွေက စအိုနားမှာ ဥတွေ ဥချတတ်တာကြောင့် ကလေးက စအိုတစ်ဝိုက်မှာ ယားယံတာမျိုးဖြစ်နိုင်ပါတယ်။

ဗိုက်အောင့်မယ်ဒါကတော့ ဗိုက်ထဲမှာ သန်ထနေရင်ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ခုပါ။ ကလေးက ခဏခဏဗိုက်အောင့်နေတာမျိုးဖြစ်နိုင်ပါတယ်။

ကောင်းကောင်းမအိပ်ဘူး – သန်ထနေတဲ့အခါ ကလေးက စအိုကယားယံတာရော၊ ဗိုက်အောင့်တာရော ညဘက်မှာကောင်းကောင်းမအိပ်တာမျိုးဖြစ်နိုင် ပါတယ်။

အခြားလက္ခဏာတွေအနေနဲ့ကတော့ ကလေးက

ဒါတွေကြောင့် ကလေးသန်ထနိုင်ပါတယ်

ကလေးတွေက လူကြီးတွေထက် သန်ထနိုင်ခြေပိုများနေပါတယ်။ ကလေးတွေက တွေ့ကရာကို ပါးစပ်ထဲကောက်ထည့်တာ အပြင်မှာထွက် ဆော့တာမျိုးတွေကနေတဆင့် သန်ထတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့် ကလေးကသန်ထနိုင်ပါတယ်။

ကလေးကို သန်မထအောင် ဒီလိုကာကွယ်ပါ

ကလေးကို သန်မထအောင်ကာကွယ်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိနေပါတယ်။ ဒီနည်းလမ်းတွေကို သုံးပြီး ကလေးမှာ သန်ထတာမျိုးမဖြစ်အောင် ကာကွယ်လိုက်ပါနော်။

  • လက်ကိုသေချာသန့်စင်ဆေးကြောပါ။ အထူးသဖြင့် အိမ်သာကအဆင်းနဲ့ အစားအစာတွေကို မကိုင်တွယ်ခင်မှာပေါ့။
  • လက်သည်းတွေ ပုံမှန်ညှပ်ပေးပါ။
  • ကလေးကို လက်တွေ ပေးမစုပ်ပါနဲ့။
  • ညစ်ပေတဲ့အရာတွေကို ပေးမကိုင်ပါနဲ့။ ကိုင်ပြီးရင်လည်း လက်သေချာ ဆေးပေးပါ။
  • ပုံမှန်သန်ချပေးပါ။
  • ကလေးမှာ သန်ထနေပြီဆိုရင် ကလေးရဲ့ အဝတ်အစားအသုံးအဆောင်တွေကို ရေနွေး၊ ဆပ်ပြာတို့ သုံးပြီး လျှော်ဖွတ်သန့်စင်ပေးပါ။
  • အိမ်သာကို သန့်ရှင်းရေးပုံမှန်လုပ်ပါ။
  • ကလေးကို နေ့တိုင်း ရေမှန်မှန်ချိုးပေးပါ
  • သေချာကျက်အောင်ချက်ထားတဲ့ အစားအစာတွေကိုပဲ ကျွေးမွေးပေးပါ။
  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ။

ဒီနည်းလေးတွေသုံးပြီး သားသားမီးမီးတို့ကို သန်ကောင်တွေ အန္တရာယ်ကနေ ကာကွယ်လိုက်ပါနော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement