သံဓါတ်အားနည်းမှုကြောင့်ဖြစ်တဲ့သွေးအားနည်းရောဂါ လက္ခဏာတွေက –
ဘယ်လိုကာကွယ်ပေးမလဲ ။ ။
ကလေးတွေမှာ သံဓါတ်အားနည်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်စီစဉ်ပေးတာသာ အကောင်းဆုံးဖြစ်မှာပါ။ ။ ဘယ်လို ကျွေးရမလဲဆိုတော့
- အသားဓါတ်ရအောင် အမြဲစီစဉ်ပေးပါ။ အဆီမပါတဲ့ အနီရောင်အသားကို တစ်ပတ်သုံးလေးကြိမ်ထည့်ကျွေးပါ။ ပဲနီလေး အပါအဝင် ပဲအမျိုးမျိုး၊ ငါး၊ကြက်ဥနဲ့အစေ့အဆန်တွေလည်းကျွေးပါ။ ကလေးရဲ့တစ်နေ့တာအာဟာရထဲမှာ သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေပါဝင်နေဖို့ အရေးကြီးပါတယ်။
- ဗီတာမင် C ကလည်း ခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူမှုအားကောင်းအောင်ကူညီပေးနိုင်လို့ ဗီတာမင် C ပါတာတွေလည်း မကျန်ပါစေနဲ့။ လိမ္မော်သီး၊သံပုရာသီး၊ ဘယ်ရီသီးတွေ၊ ကီဝီ၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီစိမ်းတို့လို ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေကို နည်းနည်းလေးပဲဖြစ်ဖြစ် စားဖြစ်အောင်ကျွေးပါ။
- သန်ကောင် လိုမျိုး အူတွင်းကပ်ပါးပိုးတွေကြောင့် သံဓါတ်အားနည်းတာဖြစ်နိုင်သလို ဝမ်းပျက်တာကြာရှည်ရာကနေ ကလေးရဲ့သံဓါတ်တွေဆုံးရှုံးသွားနိုင်တာလည်း သိထားသင့်ပါတယ်။ ကလေးကို သန်ချဖို့ ၊ အစာခြေစနစ်ကျန်းမာဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။
- အစားကြေးများတဲ့ကလေးတွေက သူတို့စားတဲ့အစားအစာလေးတွေကနေ အာဟာရဓါတ်အပြည့်အစုံမရနိုင်ကြတာများပါတယ်။ ဒါ့ကြောင့် ကလေးအတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူပေးတဲ့ဖြည့်စွက်အာဟာရတွေ၊ နို့တွေ နဲ့ အားဆေးတွေ တိုက်ကျွေးမှ လိုနေတဲ့ဓါတ်တွေပြည့်ဝနိုင်မှာပါ။
- အနီရောင်အသား၊ ဆယ်လ်မွန်၊ တူနာ၊ ကြက်ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ ပါအောင် ကျွေးပါ။
အကောင်းဆုံးအကြံပေးချက်များ။ ။
- သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဗီတာမင်စီနဲ့ တွဲစားပေးတာက အလွယ်စုပ်ယူပေးဖို့ အားပေးပါတယ်။ မနက်စာ၊နေ့လည်စာနဲ့ ညစာတို့ကို အသီးအရွက်များများနဲ့ ဒါမှမဟုတ် လိမ္မော်ရည်ဖြင့် သုံးဆောင်သင့်ပါတယ်။
- မနက်စာ၊ နေ့လည်စာ၊ ညစာတွေမှာ အသားဟင်းထည့်စားပေးတာက အသားမဟုတ်တဲ့အစားအစာတွေကနေ သံဓါတ်စုပ်ယူနိုင်မှုကို အားပေးနိုင်မှာပါ။
- မနက်စာ၊ နေ့လည်စာ၊ ညစာတွေနဲ့ လက်ဖက်ရည်တွဲသောက်ခြင်းကို ရှောင်ကျဉ်ပါ။ လက်ဘက်ရည်က သံဓါတ်စုပ်ယူမှုကို လျော့နည်းစေလို့ပါ။ ဂျုံကြမ်းတွေကလည်း သံဓါတ်စုပ်ယူမှုကို နှောင့်ယှက်တတ်ပါတယ်။
- ခုနောက်ပိုင်းဆို သံဓါတ်အားဖြည့်ထားတဲ့ အာဟာရနို့မှုန့်တွေလည်း အများကြီးရှိနေတဲ့အတွက် အစားသိပ်မစားတဲ့ကလေးတွေကို အာဟာရနို့မှုန့်တွေတိုက်ပြီး သံဓါတ်ချို့တဲ့တာကို ကာကွယ်လို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။