(၄) ဟင်းနုနွယ် ။ ။ ဗီတာမင် C၊ beta-carotene နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဟင်းရွက်တစ်မျိုးပါ။ ဟင်းနုနွယ်ကနေရရှိတဲ့ အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝရရှိချင်တယ်ဆိုရင်တော့ အရမ်းကျက်အောင် မကြော်ဘဲစားသုံးပေးလို့ရပါတယ်။ အခြားအစိမ်းရောင် အရွက်တွေကလည်း ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။
(၅) ပန်းဂေါ်ဖီစိမ်း ။ ။ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ C နဲ့ E တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့သင့်တော်တဲ့ စားစရာတစ်ခုပါ။ ဒါတွေတင်မကသေးပါဘူး။ ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။
(၆) ဒိန်ချဉ် ။ ။ ဒိန်ချဉ်ထဲမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အာနိသင်တွေ များစွာပါဝင်နေပါတယ်။ မကြာသေးခင်ကလေ့လာမှုအရ ဒိန်ချဉ်မှာပါတဲ့ ဓာတ်တွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒိန်ချဉ်ကနေ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် Dကိုရရှိနိုင်ပါတယ်။
(၇) အယ်လ်မွန်စေ့ ။ ။ ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် E ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် အရေပြားအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို ကျန်းမာနေစေမှာ အသေအချာပါ။
(၈) ကြက်သွန်ဖြူ ။ ။ ကြက်သွန်ဖြူမှာ ဘက်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့allicin ပါဝင်နေပါတယ်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးသူတွေက မစားသုံးသူတွေထက် အအေးမိဖျားနာနိုင်ခြေ ၂ ဆ ကနေ ၃ ဆလောက်အထိလျော့နည်းနေနိုင်တယ်၊ လို့လေ့လာမှု အရသိရပါတယ်။ တစ်ပတ်ကို ကြက်သွန်ဖြူ ၆ မွှာလောက်စားသုံးပေးမယ်ဆိုရင်အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းလျော့ကျစေနိုင်ပြီးအစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် အာဟာရ အကုန်မျှတအောင် ရောဂါကာကွယ်ပေးတဲ့ ခုခံအားကောင်းစေတဲ့ အစာအုပ်စုအပြင် တစ်ခြား အင်အားဖြစ်စေသောအုပ်စု၊ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးစေတဲ့ အုပ်စုထဲက အစားအသာက်တွေ ပါအောင်လည်း စားပေးဖို့ လိုပါတယ်။
ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။
ကလေးတစ်ယောက်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ အာဟာရမျှတအောင် ပြင်ဆင်ပေးဖို့က အရေးကြီးသလို သန့်ရှင်းတဲ့ အစားအသောက်တွေ ကလေးစားဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်
- ဈေးစဝယ်တည်းက သန့်ရှင်းလတ်ဆတ်တဲ့ အစားသောက်တွေကိုသာ ရွေးဝယ်ပါ။
- အစားအသောက်တွေ ချက်ပြုတ်မယ့် မေမေကလည်း ဟင်းမချက်ခင်နဲ့ ကလေးအတွက် အစားအသောက် မပြင်ပေးခင် လက်ကို သေချာဆေးပါ။
- ကိုယ်ချက်ပြုတ်တဲ့ မီးဖိုချောင်ကို ကြွက်ရန်တွေကနေ ကင်းဝေးစေဖို့ သန့်သန့်ရှင်းရှင်းထားပါ။
- ကလေးကိုလည်း အစားမစားခင် လက်ဆေးဖို့ကလိုအပ်ကြောင်းနဲ့ အစားကို သပ်သပ်ရပ်ရပ်စားတတ်စေဖို့ သင်ထားပေးပါ။
ကလေး နေ့တိုင်းစားတဲ့ အစားသောက်တွေထဲမှာ ခုခံအားတက်စေတဲ့ အစားအသောက်တွေလည်းပါမယ်၊ ကလေးက အာဟာရမျှတအောင်လည်း စားတယ်၊ အစားအသောက်တွေပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာလည်း သန့်ရှင်းတယ်ဆိုရင် သင့်ကလေး ဖျားနာဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ။
ရေးသားသူ- Dr Thin [email protected] Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။