ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။

ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။ လူကြီးတစ်ယောက် ချောင်းဆိုးချွဲကြပ် ရင် ဆေးလေးဝယ်သောက်လိုက်တာဟာ ကိစ္စမရှိပေမယ့် ကလေးအရွယ်တွေကျတော့ တွေ့ကရာဆေးသောက်လို့ မရပါဘူး။ ကလေးဆေးတွေက ပမာဏကို ချိန်တွက်ပြီးမှ သောက်ရတာကြောင့် သေချာနားမလည်ရင် ပိုသောက်မိသွားပြီး ကလေးမှာ အန္တရာယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူကြီးတွေတောင် ခံရတာ နုနယ်တဲ့ကလေးတွေဆို ပြောစရာလိုမယ်မထင်ပါဘူး။ ဒါကြောင့် အိမ်က ကိုယ့်ကလေးတွေ ချောင်းဆိုးချွဲကြပ်ရင် ဆေးတွေတိုက်ဖို့ မစဉ်းစားဘဲ သဘာဝကုထုံးလေးတွေနဲ့အရင် သက်သာအောင်လုပ်ကြည့်ပါ။ ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။ ချောင်းဆိုးချွဲကြပ်နေတယ်၊ ဆေးတိုက်ဖို့ကျတော့လည်း ကလေးကငယ်နေသေးတယ်ဆို ဒါတွေလုပ်ကြည့်ပါ။ ဘာတွေလဲ ဆိုတော့ ကလေးခေါင်းကို မြင့်နေအောင်ထားပါ။ ။ အိပ်ချိန်ဆို ကလေး ကျော၊ ပခုံးနဲ့ ခေါင်းအောက်မှာ ခေါင်းအုံးလေးတွေထားပေးပါ။ ဒါမှ ချွဲတွေ အပေါ်ကို ပြန်တက်မလာလို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ

သားသားမီးမီးတွေကို ကျန်းမာကြံ့ခိုင်ပြီး အရပ်ရှည် ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ကလေးတွေ အရပ်ရှည်ပြီး ကိုယ်ခန္ဓာကြီးထွားစေဖို့ အစာအာဟာရက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နေ့စဉ် အစာအာဟာရမျှတစေဖို့ ချက်ပြုတ်ရာမှာ ခေါင်းစားနေရတဲ့ မေမေတွေအတွက် ဝယ်လို့လည်း လွယ်ကူပြီး ကလေးတွေ ကြိုက်လောက်မယ့်အပြင် ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကို ဝေမျှပေးချင်ပါတယ်။ ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကတော့ ၁။ ကြက်ဥ ကလေးတွေကို ကြီးထွားစေဖို့နဲ့ အရပ်ရှည်စေဖို့ ကူညီပေးနိုင်တဲ့ အာဟာရတွေထဲမှာ ပရိုတင်းဓာတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြက်ဥမှာ ပရိုတင်းဓာတ်နဲ့ အာဟာရတွေ များစွာ ပါဝင်တဲ့အပြင် ကလေးတွေလည်း ကြိုက်နှစ်သက်ကြတဲ့ အစားအစာပါပဲ။ မနက်စာကို ကြက်ဥကြော်နဲ့ ထမင်းဖြစ်စေ၊ ကြက်ဥပြုတ်နဲ့ နွားနို့ပူပူလေး တစ်ခွက်ဖြစ်စေ ကိုယ်ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ။ ။

ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ က ဘာတွေများ ဖြစ်မလဲ။ ကလေးရဲ့ချက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မပြောခင် ချက်ကြိုးဆိုဘာလဲ၊ သူ့တာဝန်က ဘာလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ ။ ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ။ ။ ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ကတော့ ချက်ကြိုးဆိုတာဘာလဲ။ ။ မေမေတို့ဗိုက်ထဲမှာရှိနေတဲ့ ရင်သွေးလေးတွေ အချင်းဆီကနေ အောက်ဆီဂျင်နဲ့ အာဟာရတွေရအောင်လို့ ချက်ကြိုးက ကလေးနဲ့ အချင်းကြားထဲကနေ ဆက်သွယ်ပေးထားပါတယ်။ ဒါကြောင့် ဗိုက်ထဲက ရင်သွေးလေးတွေ အတွက်တော့ချက်ကြိုးက မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။ ကလေးမွေးပြီးရင် ချက်ကြိုးကိုဘယ်လိုဂရုစိုက်ရမလဲ။ ။ ဗိုက်ထဲကနေ အပြင်ကိုရောက်လာတဲ့အခါမှာတော့ ချက်ကြိုးရှိနေဖို့ မလိုအပ်တော့တဲ့အတွက် ချက်ကြိုးကို ကလေးမွေးပြီးပြီးချင်း ဖြတ်ထုတ်လိုက်ရပါတယ်။ ဖြတ်ထုတ်ပြီး ကလေးဆီမှာ ကျန်ခဲ့တဲ့ ချက်ကြိုးအပိုင်းလေးကို ဂရုစိုက်ပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ သူကကလေးရဲ့ဗိုက်နဲ့ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေ ခေါင်းချွေးထွက်တာ ဘာများဖြစ်လို့လဲ

ချွေးထွက်တယ်ဆိုတာ ခန္ဓါကိုယ် သို့မဟုတ် ပတ်ဝန်းကျင်မှာ အပူချိန်ပိုလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကိုလျှော့ချထိန်းညှိပေးဖို့ချွေးဂလင်းတွေရဲ့လုပ်ဆောင်ချက်တစ်ခုပါ။ လူတိုင်းချွေးထွက်တတ်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေမှာ အမြဲလိုလိုချွေးထွက်တတ်တော့မေမေတချို့က စိတ်ပူကြပါတယ်။ ဒီသေးသေးလေးက ဘာလို့ဒီလောက်ချွေးထွက်ရတာလဲပေါ့။ခေါင်းမှာလည်းချွေးသီးချွေးပေါက်တွေနဲ့ဆိုတော့ ဘာလို့ဒီလိုမျိုး အမြဲလိုလိုဖြစ်နေရလဲဆိုတာ သိချင်ကြတယ်မဟုတ်လား။ ကလေးတွေမှာခေါင်းချွေးထွက်ရတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးတွေမှာ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ချွေးပိုထွက်တာဖြစ်နိုင်ပါတယ်။ လူကြီးတွေနဲ့ယှဉ်ရင် ကလေးရဲ့ခန္ဓါကိုယ်အပူချိန်ထိန်းညှိရေးစနစ်က ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့နှေးတာကြောင့်လည်းဖြစ်နိုင်တယ်။ အထူးသဖြင့်ပြင်ပက အပူချိန်များနေတဲ့အချိန် ခန္ဓါကိုယ်ကနေ တုံ့ပြန်မှုအနေနဲ့ချွေးထွက်တာဖြစ်ပါတယ်။ ကလေးတွေက အပူဒဏ်ကို မခံနိုင်ကြပါဘူး။ ဒါ့ကြောင့် အဝတ်အစားရွေးချယ်တဲ့နေရာမှာလေဝင်လေထွက်ကောင်းပြီး အသားအေးတာလေးတွေကို ဦးစားပေးဖို့ပြောကြတာပါ။ ဘာလို့ ခေါင်းချွေးပိုထွက်ကြတာလဲ ကလေးရဲ့ခေါင်းမှာ အတန်အသင့်ပမာဏလောက်ချွေးထွက်တာက သဘာဝပါပဲ။ ဒီအကြောင်းရင်းတွေကြောင့်ပေါ့။ အပေါ်မှာပြောခဲ့သလိုတခြားအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ကလေးရဲ့ဦးခေါင်းမှာချွေးဂလင်းလုပ်ဆောင်ချက်ပိုများတာကြောင့်ပါ။ ဒါ့ကြောင့် ကလေးမှာပူတယ်လို့ခံစားရရင်၊အထူးသဖြင့် နို့စို့ချိန်တွေမှာ ကျန်တဲ့နေရာတွေထက်ခေါင်းမှာပဲချွေးပိုထွက်လာတာဖြစ်ပါတယ်။ ကလေးဦးခေါင်းရဲ့အပူချိန်က ခန္ဓါကိုယ်ရဲ့ကျန်တဲ့အပိုင်းတွေထက် ပိုမြင့်နေလို့ပါ။ ကျန်းမာရေးပြဿနာတစ်ခုခုများ ရှိနေတာလား သားဦးမွေးထားတဲ့ မိဘတွေဆို ပိုတောင်စိုးရိမ်တတ်ကြသေးတယ်။ ဘာရောဂါကြောင့်များဖြစ်နေတာများလဲဆိုပြီး အတွေးပေါင်းများစွာနဲ့ ရင်ပူရပါတယ်။ ပုံမှန်အားဖြင့်တော့ ကလေးတွေမှာဖြစ်တတ်တဲ့သဘာဝမို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကျန်းမာရေးအတွက် အမျှင်ဓာတ်ရဲ့ အကျိုးပြုပုံ

အမျှင်ဓာတ်ဟာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အာဟာရဓာတ်တွေထဲက တစ်မျိုးဖြစ်ပေမယ့် လူတော်တော်များများက သတိမထားတတ်ကြပါဘူး။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံမှာ အမျှင်ဓာတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အမျှင်ဓာတ်ဟာ ဘယ်လောက်ထိ အရေးပါလဲ၊ ဘယ်လိုအစားအစာတွေမှာ အမျှင်ဓာတ်အများဆုံးပါဝင်လို့ ကလေးတွေ များများစားပေးသင့်လဲ အစရှိတဲ့ ဗဟုသုတအကြောင်းအရာတွေကို ဝေမျှပေးချင်ပါတယ်။ အမျှင်ဓာတ်ရဲ့ အရေးပါပုံ အမျှင်ဓာတ်ဟာ သွေးထဲက ကိုလက်စထရောကို လျှော့ချပေးနိုင်လို့ ဆီးချိုရောဂါ၊ နှလုံးရောဂါကို ကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ်။ သကြားစုပ်ယူမှုကိုလည်း နှေးစေပြီး ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အင်ဆူလင်ကို ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ ဗိုက်ကို ပြည့်ဝစေလို့ ကလေးကို မကြာခဏ အစာစားချင်စိတ် မဖြစ်စေတော့တာကြောင့် အဝလွန်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်မှာ ကယ်လိုရီတွေ မပါဝင်တဲ့အပြင် အစာခြေစနစ်ကို ကောင်းစေလို့ ကလေးတွေကို ဝမ်းမှန်စေတယ်။ ရင်ပြည့်တာမျိုး၊ ဝမ်းချုပ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ […]


ကလေးအစာခြေစနစ်ပြဿနာများ

ဘယ်လိုအစားအစာတွေက သင့်ကလေးကို အစာမကြေဖြစ်စေတာလဲ။ ။

အစာမကြေ ေလထိုးလေအောင့်ဆိုတာ လူကြီးတွေမှဖြစ်တာမဟုတ်ပါဘူး ။ ကလေးတွေမှာလည်း အဖြစ်များပြီး တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေဆို ဘယ်နေရာက ဘယ်လိုဖြစ်နေလဲဆိုတာ ပြောပြတတ်ပေမယ့် ကလေးကျတော့ ဗိုက်ထဲက တစ်နေရာရာ မသက်သာရင် ဘယ်လိုခံစားနေရလဲဆိုတာကို သေသေချာချာ မပြောနိုင်တဲ့အတွက် ဂျီကျလိုက်၊ ငိုလိုက်လုပ်နေရင် မေမေတို့ပဲ စိတ်ညစ်ရပါတယ်။ ။ အစာမကြေခြင်းဆိုတာဘာလဲ။ ။ ရင်ဘက်အောက်နား၊ ဝမ်းဗိုက်အပေါ်ပိုင်းမှာ မီးစနဲ့ထိုးသလိုပူလောင်နေတာမျိုး မကြာခဏခံစားဖူးမှာပါ။ ဗိုက်ကလည်း ပြည့်အင့်နေပြီး အီလည်လည်ပါဖြစ်နေပြီဆို ဒါ အစာမကြေတာပါပဲ။ အစာမကြေခြင်းဟာ တခါတလေမှာ GERD လို့ခေါ်တဲ့အစာများပြန်ဆန်တတ်ခြင်းရောဂါ၊ အစာအိမ်အူအနာ သည်းခြေရာဂါ စတဲ့ ရောဂါတချို့ရဲ့ လက္ခဏာတွေလည်းဖြစ်နေတတ်တယ်။ ဘာကြောင့်အစာမကြေဖြစ်ရသလဲ ။ ။ ပုံမှန်အားဖြင့် စားလိုက်တဲ့အရာတွေကိုချေဖျက်ဖို့ အစာအိမ်မှ အက်ဆစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် စားလိုက်မိတဲ့ အရာတွေကို အက်ဆစ်က ချေဖျက်ဖို့ ခက်ခဲနေတဲ့ အခါမျိုး၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးနေမကောင်းတဲ့အချိန် အားရှိစေမယ့် စားစရာများ

ကိုယ့်ကလေးနေမကောင်းရင် မိဘလုပ်သူတွေ အလုပ်ရှုပ်ပြီး ပျာယာခတ်ရပြီ။ ကလေးအမြန်သက်သာအောင် ဟိုဆေးခန်းပြေးရ၊ ဒီဆေးခန်းပြေးရနဲ့ ဖတ်ဖတ်မောနေရတဲ့အပြင် အိမ်မှာလည်း ကလေးဝေယျာဝစ္စနဲ့ အစားအသောက်ပြင်ဆင်တာလည်းလုပ်ရသေးတယ်။ ဒါပေမယ့် ကလေးနေမကောင်းတဲ့အခါမှာဆေးခန်းပြ၊ဆေးမှန်မှန်တိုက်တာနဲ့ မပြီးသေးပါဘူး။နေမြန်မြန်ပြန်ကောင်းဖို့က ကလေးရဲ့ကိုယ်ခံအားတက်လာဖို့အရေးကြီးတာကြောင့် အစာဝင်မှဖြစ်မယ်၊ ဝင်တဲ့အစာတွေကလည်း အာဟာရပြည့်တာတွေဖြစ်ရမယ်။ ဒီအချိန်မှာဘာတွေကျွေးရင်ကောင်းမလဲ၊ ဘယ်အစားအစာတွေက အားပြန်ပြည့်စေပြီးမြန်မြန်နေပြန်ကောင်းစေမလဲဆိုတာ ကြည့်ရအောင်။ (၁) ဆန်ပြုတ် နေမကောင်းရင် ဆန်ပြုတ်က တကယ်ကိုဆေးတစ်ခွက်ပါပဲ။ စားရလွယ်တယ်၊ သူ့ထဲမှာ အာဟာရတွေထပ်ပေါင်းထည့်လို့ရတယ်( ကြက်သားပြုတ်ရည်ထည့်တည်တာမျိုး)၊ အားရှိစေတယ်၊ အစာကြေလွယ်တယ်၊ များများစားလို့တောင်ဘေးမဖြစ်စေနိုင်ဘူး။ (၂) နို့နဲ့ ကြက်ဥ ကလေးက ဝမ်းလျှောနေတာမဟုတ်ဘူးဆိုရင် နွားနို့ သို့မဟုတ် နို့မှုန့် နဲ့ကြက်ဥပါတဲ့ အာဟာရတစ်ခုခုဖန်တီးပေးနိုင်ပါတယ်။ ဥပမာ ပူတင်းပျော့ပျော့လေးလုပ်ကျွေးတာမျိုး။ကွေကာအုပ်နဲ့နွားနို့ကို ကျိုတိုက်တာလည်းကောင်းပါတယ်။ (၃) ကြက်စွပ်ပြုတ် အအေးမိ၊တုပ်ကွေးဆိုရင် ကြက်စွပ်ပြုတ်နဲ့တင်ပျောက်ကင်းသက်သာစေနိုင်တယ်လို့ပြောကြပါတယ်။ အအေးမိအတွက်တင် မကပါဘူး။ ကြက်စွပ်ပြုတ်က ကိုယ်ခံအားကိုကောင်းစေတာကြောင့်ဖျားနာ၊ အားနည်းနေတာမှန်သမျှ နာလန်ထူဖို့မြန်စေပါလိမ့်မယ်။ အစာအိမ်အတွက်လည်းကောင်းပြီး ပရိုတင်းနဲ့တခြားအာဟာရဓါတ်တွေပါဝင်လို့ အသီးအရွက်လေးနည်းနည်းခတ်လိုက်ရင် ညီညွတ်မျှတဲ့အာဟာရကို […]


ကလေးငယ်ပထမနှစ်

ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား

ကိုယ့်ရဲ့ ရင်သွေးလေးပထမဆုံးခြေလှမ်းလေးကို မြင်ရဖို့ တော်တော်လေးမျှော်လင့်မိတယ်ဟုတ်။ ကလေးတစ်ယောက်လမ်းစလျှောက်တာက သူတို့လေးတွေဖွံ့ဖြိုးမှုရဲ့ အရေးပါဆုံးမှတ်တိုင်တွေထဲကတစ်ခုပေါ့။ ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား ဆိုတာကို စောင့်ကြည့် ရတာကိုက မိဘတွေအတွက် စိတ်လှုပ်ရှားစရာပါ။ ဒီအချိန်မှာ ကလေးလေးလမ်းလျှောက်တာကို ကြည့်မဝဖြစ်နေကြသလို ဖုန်းတွေနဲ့ မှတ်တမ်းတင်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဦးဦး၊တီတီတွေရောပေါ့။ ကလေးဆီကနေ မျက်စိမခွာနိုင်တဲ့ အခိုက်အတန့်လေးပဲနော်။ ပီတိတွေကလည်း အပြည့်ပဲ။ ကဲ ဒီအခိုက်အတန့်လေးအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ဒီဆောင်းပါးလေးကနေ ကူညီပေးပါရစေ။ ကလေးက ဘယ်အရွယ်မှာ လမ်းစလျှောက်တာလဲ ကလေးကမွေးစမှာ သူ့ခန္ဓာကိုယ်အလေးချိန်ကို ထမ်းပိုးနိုင်လောက်တဲ့အထိ မဖွံ့ဖြိုးသေးပါဘူး။ တဖြည်းဖြည်းနဲ့မှ အချိန်ယူပြီး ဖွံ့ဖြိုးလာတာပါ။ ကလေးလေးတွေက များသောအားဖြင့် အသက် ၁ နှစ် ဝန်းကျင်လောက်မှာ လမ်းစလျှောက်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့။ အချို့ကလေးတွေက ၁ နှစ်နည်းနည်းကျော်လောက်မှ လမ်းစလျှောက်ကြတာပါ။ ကလေးတွေကမွေးပြီး ၃ လကနေ၆လအတွင်းမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ လည်ပင်း က အရေပြားလောင်နာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ

ကလေး လည်ပင်း တဝိုက်မှာ အနီရောင် အကွက်လေးတွေတွေ့တယ်။ ဘာဖြစ်တာလဲမသိဘူး။ စိုးရိမ်ရလား သိချင်မိတယ်လို့များ ဖြစ်နေပြီလား။ပြောပြမယ်နော်။ ကလေး လည်ပင်းတဝိုက် အရေပြားနီမြန်းခြင်း ကလေး လည်ပင်း အရေပြားအရစ်လေးတွေမှာ အနီရောင်အကွက်လေးတွေဖြစ်နေတယ်၊ အရေပြားလေးတွေလန်နေတယ်။ အဖုအပိမ့်လေးတွေ ဖြစ်နေတယ်။ ခပ်နွေးနွေးဖြစ်နေတယ်ဆိုရင်တော့ အရေပြားလောင်တာပါ။ ကလေးလေးတွေ မွေးစအရွယ်ကနေ ၆ လလောက်အရွယ်တွေမျာ အများဆုံးဖြစ်တတ်ကြပါတယ်။ ကလေးလည်ပင်းတဝိုက် အရေပြားရောင်ရမ်းရတဲ့အကြောင်းအရင်းတွေထဲမှာ မိတ်ပေါက်တာကနေစလို့ မှိုပိုကူးစက်တာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီအရေပြားပြဿနာက အရေပြားနီမြန်းရုံတင်မကပါဘူး။ ယားယံတာ၊ အရေပြားအဖတ်လန်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ နို့တွေစို့တဲ့ကလေးလေးက နို့တွေ အရမ်းစို့မိပြီး လည်ပင်းပေါ်စီးကျရာကနေ အရေပြားလောင်နိုင်သလို ချွေးကြောင့် အရေပြားလောင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိတ်နဲ့ အခြားအရေပြားထိခိုက်စေတဲ့ အရာတွေကြောင့်လည်း အရေပြားနီမြန်းရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ လည်ပင်း အရေပြား နီမြန်းမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဒီအချက်တွေကြောင့် ကလေးရဲ့ လည်ပင်းတဝိုက်မှာ အရေပြားနီမြန်းတာတွေဖြစ်နိုင်ပါတယ်။ မိတ် -နွေပူတဲ့အခါ အများဆုံးဖြစ်တတ်ပါတယ်။ အပူချိန်မြင့်တာကြောင့် ခန္ဓာကိုယ်မှာချွေးတွေထွက်လာပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အိမ်ကအမြွှာ သားသားမီးမီးတွေအတွက် အစားအသောက်တွေ ဘယ်လိုပြင်ဆင်မလဲ။ ။

သားသမီးအမြွှာဆိုတာ ကံထူးမှ ရတတ်တာမျိုးပါ။ လူတိုင်းမရနိုင်ကြပါဘူး။ ကလေးထိန်းပေးမယ့်သူရှိရင်တော့ အမြွှာလေးတွေ မွေးတာ ပြဿနာ မဟုတ်ပေမယ့် ကိုယ့်တစ်ယောက်တည်းသာရှိရင်တော့ အမြွှာကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ မိခင်တိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ပါ။ အထူးသဖြင့် အစားအသောက် ပြင်ဆင်တဲ့ အပိုင်းမှာဆို အမြွှာနှစ်ယောက်အတွက် မေမေတို့ ပိုအားစိုက်ရတတ်ပါတယ်။ ကလေးဆိုတာ ထမင်းကျွေးရတာခက်ပါတယ်။ တစ်ယောက်ကို ထမင်းကျွေးဖို့အတွက်တောင် ခေါင်းစားနေတာ အမြွှာဆိုဘယ်လိုလုပ်မလဲလို့ စိုးရိမ်နေကြတဲ့မေမေတို့တွေဒီဆောင်းပါးလေးကို ဖတ်သင့်ပါတယ်။ ။ ကလေးနှစ်ယောက်လုံး တစ်ပြိုင်တည်း အစားစားအောင် လေ့ကျင့်ပေးထားပါ။ နှစ်ယောက်လုံးထမင်းစားချိန် တစ်ချိန်တည်းဖြစ်ပါမှ မေမေတို့ နှစ်ခါ အလုပ်မရှုပ်တော့မှာဖြစ်ပါတယ်။ အစားအသောက်တွေများများဆောင်ထားပါ။ ကလေးနှစ်ယောက်က တစ်ပြိုင်တည်းလည်း ဗိုက်ဆာတတ်တဲ့အတွက် အစားအသောက်တွေကို များများကြိုပြင်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက်က စားနှုန်းလည်း မတူတဲ့အတွက် အပိုဆောင်ထားတာကသာ အကောင်းဆုံးဖြစ်မှာပါ။ ကလေးဆိုတာ အဖော်ရှိရင် ပိုပျော်တတ်တာမျိုးပါ။ အမြွှာတွေကိုကြည့်ကြည့်ပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း