ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာတွေ့ရတတ်တဲ့ နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း( Lactose Intolerance) ဆိုတာဘာလဲ ။ ။

မိခင်တော်တော်များများ ဖြစ်ဖူးပြီး စိုးရိမ်ကြတဲ့ ကိစ္စတစ်ခုရှိပါတယ်။ နို့တိုက်လိုက်တိုင်း ( ဒါမှမဟုတ်) နို့ထွက် ပစ္စည်းတွေ စားပြီးတိုင်း ကလေးက ဝမ်းတွေလျှောနေတဲ့ ကိစ္စပေါ့။ တစ်ခြား ယင်နားစာမျိုးတွေလည်း စားတာမဟုတ်၊ မိခင်ကိုယ်တိုင်ကလည်း တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်နေပါရက်နဲ့ ကလေးက ဘာကြောင့် ဝမ်းတွေလျှောရတာလဲ။ ဒါတွေရဲ့ အများဆုံး ဖြစ်နိုင်တဲ့ တရားခံကတော့ lactose intolerance ပါ။ ။ Lactose Intolerance ဆိုတာ ဘာလဲ။ ။ နို့ထဲမှာပါတဲ့ သကြားဓါတ်ကို ကိုယ်ခန္ဓါက စုပ်ယူဖို့အတွက် Lactose အင်ဇိုင်း လို့ ခေါ်တဲ့ ဓါတ်တစ်မျိုးရှိရပါမယ်။ lactose intolerance ဆိုတာ Lactose ဓါတ်လုံလောက်စွာ မရှိတာကြောင့် နို့်ထဲမှာ ပါတဲ့ သကြားဓါတ်ကို ကလေးရဲ့ အစာအိမ်ကကောင်းကောင် းမချေဖျက်နိုင်တာဖြစ်ပါတယ်။ နို့သကြားဓါတ်ကို […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သင့်ကလေး နှာခေါင်းထဲ တစ်ခုခုဝင်သွားတဲ့အခါ ။ ။

တောက်တောက် တောက်တောက် လျှောက်သွားတတ်တဲ့ ကလေးအရွယ်တွေဆိုတာ တကယ်ကို ထိန်းရခက်ပြီး သေချာ ဂရုစိုက်ရမယ့် အရွယ်တွေပါ။ လမ်းကလည်း လျှောက်တတ်ခါစဆိုတော့ ဟိုသွားဒီသွား၊ အစားကလည်းစားတတ်ခါစဆိုတော့ လျှောက်စား၊ စူးစမ်းချင်စိတ်ရှိပေမယ့် သေချာလည်း မဝေခွဲတတ်သေးတဲ့ အရွယ်ဆိုတော့ တွေ့ကရာ အကုန်လျှောက်လုပ်တတ်ကြပါတယ်။ ဒီအရွယ်ကလေးတွေမှာ အဖြစ်အများဆုံကတော့ နှာခေါင်းထဲ တွေ့ကရာ သေးသေးကွေးကွေး ပစ္စည်းလေးတွေ လျှောက်ထည့်တာပဲဖြစ်ပါတယ်။ ဘာပစ္စည်းတွေ ထည့်လေ့ရှိလဲ ။ ။ ခဲဖျက်အပိုင်းအစလေးတွေ၊ ပဲစေ့၊ မန်ကျည်းစေ့၊ ကြယ်သီး၊ တစ်ရှူးကိုလိပ်ထားတဲ့ အလုံးလေးတွေက နှာခေါင်းထဲကို ကလေးတွေအထည့်များတဲ့ ပစ္စည်းတွေပါ ။ ဘယ်လို လက္ခဏာတွေတွေ့ရမှာလဲ ။ ။ ကိုယ်သတိမထားမိတဲ့အချိန် ကလေးက အပေါ်မှာပြောထားတာတွေ နှာခေါင်းထဲထည့်လိုက်တဲ့အခါ ကိုယ်ကလည်း မသိ။ ကလေးကလည်း မပြောနဲ့ အချိန်ကြာသွားမယ်ဆိုရင် ကလေးနှာခေါင်းထဲကနေ အနံ့အသက်မကောင်းတာ တစ်ခုခုထွက်နေမယ် နှာရည်တွေလည်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော် ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ထမင်း ပန်းကန်ကို တွန်းဖယ် နေတာ မြင်လိုက်တာနဲ့ မရဘူး၊ စားရမယ် ဆိုတာမျိုး ကလေးကို ဖိအားပေးဖူးလား။ နည်းနည်းလေး ထပ်စားပါဦး၊ တစ်ဇွန်းပဲ ထပ်စားနော် ကစားကွင်း လိုက်ပို့မယ် ဆိုတာမျိုးရော မက်လုံးပေးပြီး ဆွဲဆောင်ဖူးလား။ ဒါမှမဟုတ် - ဒီပန်းကန်ကုန်အောင်စားရမယ်၊ တော်ချင်ပြီဆိုရင် နှစ်လုတ်တော့ထပ်စားဦး၊ စားနော် မစားရင် ဒီမှာတွေ့လား တုတ်။ ဒါမကုန်ရင် မကစားရဘူး ဆိုတာမျိုးတွေ။ ကလေးရှိတဲ့ အိမ်တွေမှာ ကြားရတာ များတဲ့ စကားသံတွေ ဆိုပေမယ့် အကျိုးဆက်က အမှန်တကယ်ရော ကလေးတွေ အစား ပိုစားလာပြီး ပိုကျန်းမာသွားသလား။ https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%E1%80%99%E1%80%B1%E1%80%99%E1%80%B1-2/ ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို အသက်အရွယ်အလိုက် ဘယ်လိုအစားအစာပြင်ဆင်ပေးမလဲ

ကလေးအာဟာရမှာ မိခင်နို့နဲ့ အာဟာရနို့မှုန့်တွေကိုပဲ အားကိုးနေရပေမယ့် အရည်တွေချည်းမဟုတ်ဘဲ အစာအမာလေးတွေ စကျွေးချင်ပြီဆို စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ ကိုယ်ကကျွေးချင်ပေမယ့်၊ ကလေးကလည်း စားချင်နေပြီဆိုပေမယ့် ကလေးရဲ့ခန္ဓာကိုယ်က အသင့်ဖြစ်ပြီလားဆိုတာ အရင်ကြည့်ရပါမယ်။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရမယ်လို့ အကြံပြုထားပေမယ့် အသက်လေးလနဲ့ ခြောက်လကြားမှာတည်းက အစာစားဖို့ အသင့်ဖြစ်နေတဲ့ကလေးတွေရှိပါတယ်။ ဒါ့ကြောင့်ပြက္ခဒိန်ခုနှစ်၊ အသက်တွေကို ပုံသေကြီးမှတ်မထားဘဲ ကလေးရဲ့အနေအထား၊ ကျန်းမာဖွံ့ဖြိုးမှုတို့ကိုမူတည်ပြီး စကျွေးဖို့ကို ဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးရဲ့အနေအထားက အစာအမာစစားဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေဖို့လိုပါတယ်။ ကလေးကို အစာအမာစကျွေးဖို့ကို မလောဖို့တော့လိုပါတယ်။ ကလေးကအသင့်မဖြစ်ခင်ကျွေးမိရင် အစာကြေဖို့ခက်ခဲပြီးလေနာဝေဒနာဖြစ်စေနိုင်ပါတယ်။ ကလေးကို အစားအစာပြင်ဆင်ပေးတဲ့အခါ လူကြီးစားသလိုလည်း တန်းမကျွေးသင့်သေးပါဘူးနော်။ ကလေးကိုကျွေးဖို့ ဘယ်ကဘယ်လိုစရမှန်းမသိတဲ့မေမေတို့အတွက် ဒီအဆင့်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ အဆင့် (၁) ၆ လ - ၇ လ ပျော့အိတာလေးကျွေးပါ။ စစချင်းမိတ်ဆက်တဲ့စားစရာဟာ ကလေးရဲ့အစာအိမ်မှာ ကျင့်သားရနေတဲ့ နို့နဲ့ နီးစပ်ပြီးချေဖျက်ရလွယ်၊ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ

ထမင်းခွံ့ရင်း ပဲဖြစ်ဖြစ် မုန့်စားနေရင်း ပဲဖြစ်ဖြစ် ရုတ်တရက် အစာသီးတာ၊ လေပြွန် ပိတ်ဆို့တာ၊ နင်တာ ဖြစ်လာရင် ကိုယ့်ကလေးကို ဘယ်လို အရေးပေါ် ပြုစုရမလဲ ဆိုတာ မိဘတွေ တင်မက၊ ကလေးရှိတဲ့ အိမ်က မိသားစုဝင်တိုင်း သိထားသင့်ပါတယ်။ ကလေး မပြောနဲ့ လူကြီးတောင် အခုလို ဖြစ်လာရင် အရေးပေါ် မကယ်ဆယ်နိုင်တာနဲ့ ချက်ချင်း အသက် ဆုံးရှုံးရနိုင် ပါတယ်။ အဓိကက အသက်ရှူလမ်းကြောင်း အမြန်ဆုံး ပွင့်စေဖို့ပါ။ ဒီတော့ ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို သိချင်နေပြီလား! https://hellosayarwon.com/parenting/baby/baby-care-baby/baby-choking/ ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ ကလေးက နင်ပြီ သီးပြီဆိုရင်တော့ ခန္ဓာကိုယ်က တုံ့ပြန်မှုအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်

ကလေးတွေဟာ ဆောင်းရာသီမှာ နှုတ်ခမ်း ခြောက်တာ၊ ကွဲတာမျိုးတွေ ခံစားရနိုင် ပါတယ်။ ဒါပေမယ့် နှုတ်ခမ်းထောင့်နားလေးတွေမှာ နီရဲနေတာ၊ ရောင်ရမ်းနေတာ၊ ကွဲအက်သလိုလေးတွေ ဖြစ်နေမယ် ဆိုရင်တော့ ကလေးက ဆောင်းရာသီ အအေးဒဏ်ကြောင့် နှုတ်ခမ်း ခြောက်တာမဟုတ်ပါဘူး။ ကျီးကန်းပါးစပ် ဖြစ်တာပါ။ ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ် ကလေးမှာ အခုလိုမျိုး လက္ခဏာလေးတွေ ခံစားနေရမယ် ဆိုရင် ကလေးက ကျီးကန်းပါးစပ် ခံစားနေရတာပါ။ အများဆုံး တွေ့ရနိုင်တာကတော့ နှုတ်ခမ်း ထောင့်လေးတွေမှာ နီရဲရောင်ရမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းထောင့် တစ်ဖက်တည်းမှာ ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ - သွေးလေးတွေ စို့နေမယ် နှုတ်ခမ်းသားလေးတွေ ခပ်ဖောင်းဖောင်း ဖြစ်နေမယ် ကွဲအက်နေမယ် အရေပြား […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ

ကလေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့အတွက် မိခင်တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်ကတည်းက အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်ပေးရပါတယ်။ ဖေဖေတွေကလည်း မေမေတို့ လိုအပ်တာတွေကို တတ်နိုင်တဲ့ဖက်က ကူညီပေးရပါတယ်။ ဒီဆောင်းပါးလေးကတော့ မေမေတွေအတွက်တင်မဟုတ်ဘဲ ဖေဖေတွေပါ သိထားသင့်တဲ့ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ အကြောင်းပါ။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကလေးတစ်ယောက်မွေးဖွားလာချိန်ကနေ အသက် ၅ နှစ်အထိ လအလိုက်ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့လိုပါမယ်။ ကလေးကို အသက်အရွယ်အလိုက်ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးတွေ ကတော့ ကလေးမွေးစ ပြင်းထန်တီဘီ ကာကွယ်ဆေး အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ၂ လအရွယ် ပြင်းထန်တီဘီ ကာကွယ်ဆေး (မွေးစမှာ မထိုးရသေးရင် ထိုးနိုင်ပါတယ်။) ၅ မျိုးစပ်ကာကွယ်ဆေး ( ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ၊ Haemophilus တုပ်ကွေးကာကွယ်ဆေး) ပထမအကြိမ် […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေသောက်သင့်တဲ့ ရေပမာဏ

ထမင်းအသက် ၇ ရက်ရေအသက် တစ်မနက်တဲ့။ ကားတွေမောင်းလို့ရဖို့လောင်စာဆီလိုသလို ဦးနှောက်ကစလို့ ခန္ဓါကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကောင်းကောင်းလည်ပတ်စေဖို့အတွက်ရေလိုအပ်ပါမယ်နော်။ရေက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုပါ။ လူတစ်ယောက်ဟာ အစားမစားရဘဲ ၆ ပတ်လောက်အထိ အသက်ရှင်နိုင်ပေမယ့်ရေမသောက်ရဘဲ တစ်ပတ်ထက်ပိုမနေနိုင်ပါဘူးလို့လေ့လာချက်တွေအရသိရပါတယ်။ လူကြီးတစ်ယောက်တောင်ဒီလောက်ဆိုရင် နုနယ်သေးတဲ့ ကလေးတွေဆိုရေဓါတ်ကို ဘယ်လောက်တောင်လိုအပ်မလဲနော်။ ရေကခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ လူတစ်ယောက်ခန္ဓါကိုယ်အလေးချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကရေတွေပါ။ ဒီလောက်ခန္ဓါကိုယ်မှာနေရာယူထားတဲ့ရေက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများမှာ အဓိကဇာတ်လိုက်အဖြစ်ပါဝင်နေပါတယ်။ ဒီလိုအဓိကနေရာက တာဝန်ယူထားတဲ့ရေက ခန္ဓါကိုယ်အတွက် ဒီလိုလုပ်ဆောင်ပေးပါတယ်နော်။ ခန္ဓါကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတယ် ဆဲလ်တွေဆီကို အာဟာရတွေနဲ့အောက်ဆီဂျင်တွေသယ်ပို့ပေးတယ် ကိုယ်တွင်းသွေးပမာဏကို ထိန်းညှိပေးတယ် ကိုယ်တွင်းက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတယ် အရိုးအဆစ်တွေလှုပ်ရှားနိုင်စေဖို့ချောဆီအဖြစ်လုပ်ဆောင်ပေးတယ် ကိုယ်တွင်းတစ်ရှုးတွေကိုရေဓါတ်ပြည့်ဝစေတယ် ပါးစပ်၊နှာခေါင်းနဲ့ မျက်လုံးတွေကို အစိုဓါတ်ထိန်းပေးတယ် အာရုံစူးစိုက်နိုင်အောင် ဦးနှောက်ကိုရေဓါတ်ထောက်ပံ့ပေးတယ် အစာခြေစနစ်အတွက်လိုအပ်တဲ့ရေဓါတ်ကိုထောက်ပံ့ပေးတယ်။ ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာကိုရေဘယ်လောက်သောက်ဖို့လိုမလဲ ကလေးတစ်ယောက်ချင်းစီမှာ အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ယောက်ျားလေး၊မိန်းကလေး ကွာဟမှုကိုလိုက်ပြီး လိုအပ်တဲ့ရေပမာဏကလည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ဘယ်အရွယ်မှာ ဘယ်လိုအသားအရေဂရုစိုက်ကြမလဲ

ကလေးငယ်တွေရဲ့အသားအရေက ဘယ်လောက်နုနယ်ပြီး ထိခိုက်လွယ်တယ်ဆိုတာ မေမေတို့အသိဆုံး။ အသားအရေနုတာမှ အတွေ့အကြုံမရှိတဲ့ဖေဖေမေမေတွေဆို မချီရဲ၊ မကိုင်ရဲလောက်တဲ့အထိပါ။ မွေးကင်းစဘေဘီလေးတစ်ယောက်ရဲ့အရေပြားမှာ အကာအကွယ်အလွှာပါးလေးတစ်ခုပါလာတတ်ပြီး ၁ ပတ်၊ ၂ ပတ်လောက်အတွင်းမှာ အလိုလိုကွာသွားတတ်ပါတယ်။ မွေးကာစ နီတာရဲလေးကို ဒီလိုအရေပြားအဖတ်လန်တာလေးတွေ ပွတ်ခွာဖယ်ရှားဖို့၊ အသားအရေလှအောင် အလောတကြီး လုပ်ဖို့မလိုပါဘူးနော်။ အသက်အရွယ်ကိုမူတည်ပြီး ကလေးအသားအရေအတွက် မေမေတို့လုပ်ပေးသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒီအချက်လေးတွေအတိုင်းပုံမှန် ဂရုစိုက်စောင့်ရှောက်ပေးရုံနဲ့ လုံလောက်ပါတယ်နော်။ မွေးစကနေ ခြောက်လအထိ (၁) ဘေဘီလေးတွေကို ရေချိုးဖို့မလောပါနဲ့။ လူကြီးတွေရဲ့အရေပြားထက် အဆပေါင်းများစွာပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌နေ့တိုင်းရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။ (၂) ဘေဘီလေးကို သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။ တစ်လဝန်းကျင်ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ် အပျော့စားဆပ်ပြာရည်လေးသုံးပြီး ရေမြှုပ်လေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ ဒီကြားထဲမှာ ကလေးရဲ့ပါးစပ်တဝိုက်၊ […]


ကလေးအာဟာရချို့တဲ့ခြင်း

တာရှည်ခံအစားအစာတွေရဲ့ ကျန်းမာရေးအန္တရာယ်

နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အစားအစာတွေကို ရက်ရှည်လများ ကြာရှည်ခံ၊ အထားခံအောင် ဓါတုဗေဒနည်းပညာတွေ အသုံးပြုတာတွေ အရင်ကထက် ပိုများလာပါတယ်။ တာရှည်ခံအစားအစာတွေမှာ ပုံမှန် အစားအစာတွေထက် ဆီ၊ ဆား၊ သကြား ပါဝင်မှုပိုများလာတဲ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်စေပါဘူး။ ဒါပေမယ့်လည်း ဒီလို ကြာရှည်ခံအောင် စီမံထားတဲ့ အစားအစာတွေကို ကလေးတွေက ပိုပြီး သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။ တာရှည်ခံအစားအစာလို့ ဆိုရမှာ ကြက်အူချောင်း၊ ဝက်သားလုံး အစရှိသဖြင့် အေးခဲထားတဲ့ အစားအစာတွေ၊ စည်သွပ်ဘူးထဲ ထည့်ပြီး သိုလှောင်ထားတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓါတုဗေဒနည်းလမ်းတွေကို အသုံးပြုပြီး အခြောက်ခံ၊ ကြော်လှော်ပြီး ထုတ်ပိုးထားတဲ့ စားစရာတွေ၊ နို့ဘူး၊ ဖျော်ရည်ဘူး အစရှိသည်တို့ ပါဝင်ပါတယ်။ ကြက်အူချောင်းလိုမျိုး တာရှည်ခံအစားအစာတွေကိုတော့ ယမ်းစိမ်းပါတဲ့ အစားအစာအနေနဲ့လည်း သိထားကြပါတယ်။ ဒီလိုစားစရာတိုင်းကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း