backup og meta

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ

သားသားမီးမီးတွေကို ကျန်းမာကြံ့ခိုင်ပြီး အရပ်ရှည် ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ကလေးတွေ အရပ်ရှည်ပြီး ကိုယ်ခန္ဓာကြီးထွားစေဖို့ အစာအာဟာရက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နေ့စဉ် အစာအာဟာရမျှတစေဖို့ ချက်ပြုတ်ရာမှာ ခေါင်းစားနေရတဲ့ မေမေတွေအတွက် ဝယ်လို့လည်း လွယ်ကူပြီး ကလေးတွေ ကြိုက်လောက်မယ့်အပြင် ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကို ဝေမျှပေးချင်ပါတယ်။

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ

ကလေးအရပ်ရှည်စေဖို့ ကျွေးသင့်တဲ့ အစားအစာတွေ ကတော့

၁။ ကြက်ဥ

ကလေးတွေကို ကြီးထွားစေဖို့နဲ့ အရပ်ရှည်စေဖို့ ကူညီပေးနိုင်တဲ့ အာဟာရတွေထဲမှာ ပရိုတင်းဓာတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြက်ဥမှာ ပရိုတင်းဓာတ်နဲ့ အာဟာရတွေ များစွာ ပါဝင်တဲ့အပြင် ကလေးတွေလည်း ကြိုက်နှစ်သက်ကြတဲ့ အစားအစာပါပဲ။ မနက်စာကို ကြက်ဥကြော်နဲ့ ထမင်းဖြစ်စေ၊ ကြက်ဥပြုတ်နဲ့ နွားနို့ပူပူလေး တစ်ခွက်ဖြစ်စေ ကိုယ်ကလေးကို ကျွေးပေးနိုင်ရင် ကောင်းပါတယ်။

၂။ နွားနို့

နွားနို့မှာ အရိုးကို ကြံ့ခိုင်သန်စွမ်းစေတဲ့ ကယ်လ်စီယမ်ဓာတ်တွေအပြင် အရပ်ရှည်စေတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ သေသေချာချာ ပိုးသတ်ထားတဲ့  နို့တွေကို တစ်နေ့ နှစ်ခွက် ပုံမှန်တိုက်ပေးခြင်းဖြင့် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။

၃။ ကြက်သား

ကြက်သားနဲ့ ပတ်သက်ပြီး ချက်ထားတဲ့ ဟင်းတော်တော်များများကို ကလေးအများစု ကြိုက်နှစ်သက်ကြပါတယ်။ ကြက်သားမှာ ပရိုတင်းဓာတ်တွေ ပေါကြွယ်ဝလို့ အရပ်ရှည်ကြီးထွားစေတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်စေတယ်။ ကြော်မလား၊ ဟင်းအနေနဲ့ပဲ ချက်မလား၊ ဟင်းရွက်ကြော်မှာ ကြက်သားရောချက်မလား၊ မနက်စာ ထမင်းပူပူလေးနဲ့ ကြက်သားနဲ့ပဲ ကျွေးမလား၊ မေမေတွေအတွက်လည်း ချက်ပြုတ်ရတာ လွယ်ကူစေတဲ့ အစားအစာပါပဲ။

၄။ ဟင်းနုနွယ်ရွက်

ဟင်းသီးဟင်းရွက်တွေမှာ ကလေးအတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်တာ သိကြမှာပါ။ ဟင်းနုနွယ်ရွက်တွေမှာ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် အရပ်ရှည်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေပါ ပါဝင်ပါတယ်။

၅။ မုန်လာဥနီ

ကိုယ့်ကလေးက ဟင်းသီးဟင်းရွက်တွေ မကြိုက်လို့ စိတ်ညစ်နေတယ်ဆိုရင် မုန်လာဥနီကို အသားတစ်မျိုးမျိုးနဲ့ ရောချက်ပြီး ကျွေးလို့ ရပါတယ်။ မုန်လာဥနီမှာ မျက်စိအားကောင်းစေတဲ့ ဗီတာမင် A အပြင် ကိုယ်ခန္ဓာကြီးထွားသန်စွမ်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကလေးတွေအတွက် ပုံမှန်ချက်ကျွေးသင့်တဲ့ အစားအစာလည်း ဖြစ်ပါတယ်။ မုန်လာဥနီကို သစ်သီးတွေနဲ့ ရောကြိတ်ပြီး ဖျော်ရည်အနေနဲ့ တိုက်ရင်လည်း အဆင်ပြေတယ်နော်။

၆။ အသီးအနှံ

ကလေးတွေ ကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပေးစွမ်းနိုင်တဲ့ အစားအစာတွေထဲမှာ သစ်သီးတွေလည်း ပါဝင်ပါတယ်။ အသီးအနှံတွေမှာ အမျှင်ဓာတ်၊ အာဟာရဓာတ်များစွာ ပါဝင်တဲ့အတွက် သေချာပြင်ဆင် လှီးစိတ်ပြီး ကျွေးလို့လည်း ရသလို ဖျော်ရည်အနေနဲ့ သကြားမထည့်ပဲ ကြိတ်ပြီး ဖျော်တိုက်လို့ အဆင်ပြေလွယ်ကူပါတယ်။

၇။ ဒိန်ချဉ်

အရပ်ရှည်ပြီး အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေဖို့ ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓာတ်အပြင် တခြားသော အာဟာရများစွာ ပါဝင်တဲ့ ဒိန်ချဉ်ဟာ ကလေးတွေအတွက်တော့ နေ့စဉ်ပုံမှန်စားပေးသင့်တဲ့ အစားအစာပါပဲ။

ကလေးတွေ အရပ်ရှည်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွားလာစေဖို့ နေ့စဉ်အစာအာဟာရကို မေမေတွေအနေနဲ့ သေချာပြင်ဆင်ချက်ပြုတ်ပေးဖို့ လိုအပ်တဲ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ဟာလည်း အရေးကြီးပါတယ်။ မနက်ခင်း လမ်းထလျှောက်တာ၊ ပြေးတာ၊ ရေကူးတာဟာ ကလေးတွေကို အရပ်ရှည်စေဖို့နဲ့ ကိုယ်ခန္ဓာကြီးထွားစေဖို့ အထောက်အကူဖြစ်စေပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Best Foods For Kids To Grow Taller –https://www.stylecraze.com/articles/best-foods-for-kids-to-grow-taller/#gref (Dec 6, 2018)

Foods To Help Kids Grow Taller –https://www.stjhs.org/healthcalling/2016/march/five-foods-to-help-your-kids-grow-tall-and-stron/ (Dec 6, 2018)

ယခုပုံစံ

28/07/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေအတွက် အရေးကြီးတဲ့ အာဟာရပြည့်ဝမှု

အရပ်အမောင်း နဲ့ ပတ်သက်ပြီးဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement