ဟန်ချက်ထိန်းဖို့ ကြိုးစားနေပြီ – ဒီတစ်ဆင့်က အရင်အဆင့်တွေထက်တိုးတက်လာတဲ့သဘောပါ။ အားယူပြီး မတ်တတ်ထတဲ့အဆင့်ကိုကျော်လွန်လာပါပြီ။ နံရံ၊လက်ရန်းလိုမျိုး လက်ထဲမှာ မိမိရဆုပ်ကိုင်လို့ရတဲ့ အရာကို အားပြုပြီး သူ့ကိုယ်သူ ဟန်ချက်ထိန်းရင်းခြေထောက်တွေကို စရွေ့ပါပြီ။ အထိန်းနဲ့ လမ်းစလျှောက်တဲ့ သဘောပေါ့။
မတ်တတ်ရပ်ပြီ -အောင်မြင်မှုတွေ အရောင်သန်းလာပါပြီ။ သူ့ကိုယ်သူ အားကိုးတဲ့အချိန်ရောက်လာပြီလေ။ လက်ကလေး ကမ်းပေးရင် လှမ်းဆွဲပြီးခြေတစ်လှမ်းချင်း စလှမ်းပြီလေ။ သူ့ကိုယ်သူ ယုံကြည်မှုတည်ဆောက်တဲ့အချိန်ပေါ့။ ယုံကြည်မှုလေးပြည့်ဝလာချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ပထမဆုံးခြေလှမ်းကို စလှမ်းပြီလေ။
လမ်းစလျှောက်တဲ့ ကလေးကို ဒီလိုကူညီပေးပါ
ကလေးက လမ်းစလျှောက်ပြီဆိုရင်ဖေဖေမေမေတို့ဘက်ကလည်း ကလေးကို ဒီလိုလေးကူညီပေးဖို့လိုပါမယ်။
ဟန်ချက်ထိန်းနိုင်အောင် ကူညီပေးပါ – ကလေးနဲ့အတူတူ ထိုင်ချလိုက်ပြီး ကလေးလက်ကလေးတွေကို ဆုပ်ကိုင်ပေးရင်းအမှတ်စဉ်ရေလို့ဖြည်းဖြည်းချင်း တူတူထပေးပါ။ အားပေးစကားလေးလည်းပြောပေးရင်းပေါ့။ ကလေးက ထနိုင်ပြီဆိုရင် ချီးကျူးစကားလေးပြောပေးတာ၊ လက်ခုပ်တီးအားပေးတာတွေ လုပ်ပေးဖို့မမေ့ပါနဲ့။
ခြေထောက်လှုပ်ရှားမှုလေးတွေလုပ်ဆောင်ပေးပါ – ကလေးကိုလှဲနေရင်းမှာဖြစ်ဖြစ် ထိုင်နေရင်းမှာဖြစ်ဖြစ် ခြေထောက်အကြောတွေကိုပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေလုပ်ပေးတာမျိုးလုပ်ပေးလိုက်ပါ။ ဒါလည်း လမ်းစလျှောက်မယ့် ကလေးတွေအတွက် ထိရောက်တဲ့ ကူညီမှုဖြစ်မှာပါ။
ကလေးကို ကိုယ့်ဆီကိုလမ်းလျှောက်လာဖို့ခေါ်ပါ – ကလေးနဲ့ မလှမ်းမကမ်းမှာ ထိုင်ရင်းမေမေ့ဆီကိုလမ်းလျှောက်လာခဲ့ပါလား၊ လို့လှမ်းခေါ်တာမျိုးပေါ့။ ဒီလိုလှမ်းခေါ်ပေးတာက ကလေးကို လမ်းလျှောက်တာကောင်းလာအောင်လေ့ကျင့်ပေးရာကျပါတယ်။ ကလေးက မတော်တဆလဲကျတာမျိုးဖြစ်နိုင်ပေမယ့်ဘေးကနေအားပေးရင်း ကလေးကို အကူအညီမပါဘဲ လမ်းလျှောက်နိုင်ကြောင်းသိအောင် ဖေးမပေးပါ။
ကဲ ဘေဘီလေး လမ်းစလျှောက်မယ့် အချိန်ကိုစောင့်ရင်း အမှတ်ရစရာလေးတွေကို မှတ်တမ်းတင်လိုက်ပါနော်………
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။