home

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ကြုံရနိုင်လဲ။ ဖြေရှင်းနည်းတွေက ဘာတွေလဲဆိုတာကို ဒီကဏ္ဍလေးထဲမှာ လေ့လာကြည့်လို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ် ကမ္ဘာကြီးကို ဖန်တီးချင်ရင် လူငယ်တွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလို ပျိုးထောင်ပေးတယ်ဆိုတဲ့ နေရာမှာ စိတ်ရော ကိုယ်ပါ ကျန်းမာပြီး တက်ကြွဖျတ်လတ်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့ လိုပါမယ်။ ဒါမှ သူတို့လေးတွေရဲ့ ကိုယ်တိုင် အနာဂတ်ရော လူသားတွေရဲ့ အနာဂတ်ပါ လှပမှာ ဖြစ်ပါတယ်။ ဒီတော့ ဆယ်ကျော်သက် သားသမီးတွေကို ဘယ်လိုများ ဂရုစိုက်ပေးမလဲ။ သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လူငယ်တွေရဲ့ ကျန်းမာရေး အရေးကြီးသလား........... ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဘေဘီလေး ဘဝကစလို့ ဆယ်ကျော်သက်၊ သတ်လတ်ပိုင်း၊ ဖိုးဖိုးဖွားဖွား အရွယ်အထိ ကျန်းမာရေးက ထိပ်ဆုံးက အရေးပါတဲ့အရာပါ။ အသိပညာကြွယ်ဝပြီး ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်စေဖို့ […]

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ဆယ်ကျော်သက်အရွယ်

အရွယ်ရောက်လာတာနဲ့အမျှ ရင်ဆိုင်ရတဲ့ အခြေအနေတွေကလည်း ကလေးဘဝကထက် ခက်ခဲလာပါတယ်။ ကလေးတုန်းက ဘယ်လိုနေနေ သင့်တော်ပေမယ့် အရွယ်ရောက်လာရင် အနေအထိုင်ကတော်တော်လေးဂရုစိုက်ရပါတယ်။ ဘယ်လိုနေနေဖေဖေမေမေတို့မျက်စိထဲမှ အမြင်မတော်တာတွေကြုံတဲ့အခါများဆိုရင် အလိုလိုနေရင်းကို စိတ်ညစ်နေရရောနော်။ ဒီမှာတော့ ဆယ်ကျော်သက်မိန်းကလေးတွေအနေနဲ့ဘယ်လိုပြဿနာမျိုးတွေကို ရင်ဆိုင်ရနိုင်မလဲဆိုတာနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ပြောပြပေးထားပါတယ်။ အရွယ်ရောက်လာသူတစ်ယောက် ကြုံတွေ့ရမယ့် အခက်အခဲတွေ အရွယ်ရောက်လာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရော၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပါ ခံစားရပါတယ်။ ကလေးဘဝက မြင်တွေ့ခဲ့ရတဲ့ ကိုယ်ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပြီ။ အရင်က အင်္ကျီပဲကောက်စွပ်လိုက်ရင် အဆင်ပြေနေပြီကို အတွင်းခံထပ်တိုးဝတ်ရတာက စိတ်ညစ်စရာဖြစ်လာပြီ။ ရင်သားတွေစတင်ဖွံ့ဖြိုးလာသလို ခန္ာါကိုယ်က မိန်းကလေးတစ်ယောက်လို့ ပီပီပြင်ပြင်ဖြစ်ပေါ်လာပြီ။ အစ်ကိုတွေ၊မောင်တွေနဲ့ ကစားရတာကအရင်လောက် ယုံကြည်မှုမရှိတော့ဘူး။ဘောလုံးကန်ရတာကြိုက်ပေမယ့်တောင်ယောက်ျားလေးတွေနဲ့ရောကစားရတာတစ်မျိုးဖြစ်လို့ သိပ်မကစားဖြစ်တော့ဘူး။ သူငယ်ချင်းချင်းကြားမှာလည်း ဆက်ဆံရတာတစ်မျိုးတွေဖြစ်လာတယ်။ စကားအမှားမခံတာက သူတို့ရော၊ ကိုယ်တိုင်မှာရောဖြစ်နေတဲ့ပြဿနာဖြစ်လာတယ်။ စိတ်တည်ငြိမ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းသိပ်မကောင်းတော့သလိုပဲ။ ဘာတွေကို စိတ်ရှုပ်နေမှန်းမသိဖြစ်နေတယ်။ လည်ပင်းဖက်ပေါင်းလာတဲ့ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ဆက်ဆံရတာ အရင်လောက်အဆင်မပြေချင်တော့ဘူး။ ရှက်သလိုကြောက်သလိုဖြစ်လာတယ်။ […]

ဆယ်ကျော်သက်အရွယ်

လိင်အာသာဖြေခြင်းဟာ စိတ်ကျေနပ်မှုနဲ့ စိတ်သက်တောင့်သက်သာ ဖြစ်စေဖို့ လိင်အင်္ဂါတွေကို လှုံ့ဆော်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့လက် (သို့) အခြားအရာတွေကို အသုံးပြုပြီး ပွတ်နိုင်ပါတယ်။ လိင်အာသာဖြေခြင်းဟာ ရေချိုးစဉ်မှာ သူတို့ရဲ့ လိင်အင်္ဂါတွေကို ပုံမှန်ကြည့်ရှုတဲ့ နှစ်နှစ်ကလေးတွေထက် ပိုပါတယ်။ လိင်အာသာဖြေစဉ်မှာ ကလေးငယ်ဟာ ငေးငိုင်ပြီး ဒီကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်နေတတ်ပါတယ်။ ကလေးဟာ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိင်အာသာ ဖြေနိုင်ခြင်း (သို့) တစ်ပတ်မှာ တစ်ကြိမ်မှာ လိင်အာသာဖြေခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ လိင်အာသာဖြေခြင်းဟာ ကလေး အိပ်ချင်ချိန်၊ စိတ်ကျချိန်နဲ့ စိတ်ဖိစီးချိန်တွေမှာ အဖြစ်များပါတယ်။ ဘာလို့ ကလေးတွေဟာ လိင်အာသာဖြေကြတာလဲ။ လိင်အာသာဖြေခြင်းဟာ လမ်းလျှောက်တတ်ကာစ ကလေးတွေနဲ့ ကျောင်းမတက်ရသေးတဲ့အရွယ် ကလေးတွေမှာ ပုံမှန်ဖြစ်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ ခံစားမှုကောင်းမွန်တာကြောင့် လိင်အာသာဖြေခြင်းကို ဆက်လက်လုပ်ဆောင်တတ်ကြပါတယ်။ အချို့ကလေးတွေဟာ […]

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon