ကလေး သေးခံ စိုနေပြီဆိုတာနဲ့ လဲပေးပါ။ ညစ်ပတ်တဲ့အထိ စောင့်စရာ မလိုပါဘူး။ ဒါမှ သေးခံလောင်တာ မဖြစ်မှာပါ။ တကယ်လို့ သေးခံလောင်ခဲ့ရင်လည်း တင်ပါးတစ်ဝိုက်ကို အသာအယာ သန့်ရှင်းရေး လုပ်ပေးတာ၊ ဇင့်အောက်ဆိုဒ်ကရင်မ်တွေ သုံးပေးတာတွေ လုပ်ပေးနိုင်ပါတယ်။
- ကလေး လက်သည်းလေးတွေကို တိပေးပါ။
ကလေး လက်သည်းလေးတွေ ရှည်နေရင် ကုတ်မိတာတွေ ဖြစ်နိုင်လို့ လက်သည်းတွေကို ဂရုတစိုက် တိပေးပါ။ လက်သည်းညှပ်နဲ့ ညှပ်ပေးလို့ ရသလို တံဇဉ်းနဲ့ ပွတ်ပြီး တိပေးလို့လည်း ရပါတယ်။ ကလေးလက်ကို မထိမိအောင် အလင်းရောင် ကောင်းကောင်းရတဲ့ နေရမှာ လုပ်ပေးပါ။
- အစိုဓာတ်ထိန်းကရင်မ် လူးပေးပါ။
ကလေးတိုင်းတော့ မဟုတ်ပေမဲ့ တချို့ကလေးတွေက အသားခြောက်တတ်ပါတယ်။ ဒါဆိုရင်တော့ ရေချိုးပြီးတဲ့အခါ ကလေးသုံး အစိုဓာတ်ထိန်းကရင်မ်လေးတွေ လူးပေးဖို့ လိုပါတယ်။
ကလေးတွေရဲ့ အသားအရေက ထိခိုက်လွယ်တာကြောင့် မွေးကင်းစအရွယ်မှာ မလိုရင် ဘာမှမလိမ်းတာ အကောင်းဆုံးပါ။ ဒီထဲမှာ သနပ်ခါး၊ ပေါင်ဒါ စတာတွေလည်း ပါပါတယ်။ အမှုန်လေးတွေကို ရှူမိပြီး ကလေး အသက်ရှူလမ်းကြောင်းမှာ ဒုက္ခဖြစ်မှာ စိုးလို့ပါ။ ဒါကြောင့် အသားအရေ ထိန်းသိမ်းနည်းနဲ့ ပတ်သက်လာရင် အသားအရေရဲ့ လိုအပ်ချက်ကိုပဲ ဖြည့်ပေးပြီး အပို မသုံးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
ရေးသားသူ- Dr Phyu Mon Latt
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။