backup og meta

သင်၏ကလေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်ဖန်တီးပေးနိုင်ရန် အကြံပြုချက်ငါးရပ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်၏ကလေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်ဖန်တီးပေးနိုင်ရန် အကြံပြုချက်ငါးရပ်

    သင်၏ကလေးအစာ စစားသောအချိန်တွင် မိဘများအနေဖြင့်ကျန်းမာသော အစာအာဟာရများကိုဘယ်လိုရွေးချယ်ရမည်၊ ကလေးကိုကျန်းမာရေးနှင့်ညီညွတ်သော အစာစားခြင်းပုံစံ ဘယ်လိုလေ့ကျင့်ပေးရမည်ဆိုသည်နှင့်ပက်သက်၍ တွေဝေတတ်ကြပါသည်။ အကယ်၍သင်ဟာ သင့်ကလေးကိုငယ်စဉ်ကတည်းက ကျန်းမာရေးနှင့် ညီညွတ်သောအစာစားခြင်း အလေ့အကျင့်ကိုပြုစုပျိုးထောင်ပေးနိုင်ပါက ကလေးများအတွက် တသက်တာ အကျိုးကျေးဇူး ရရှိမည်ဖြစ်ပါသည်။

    ၁။ ဘယ်အချိန်မှာအစာစားခြင်း ရပ်တန့်ရမည်ဆိုတာကိုသင်ကြားပေးပါ။

    လူကြီးတွေအနေနဲ့ဗိုက်ပြည့်သွားရင် အစာစားဖို့ရပ်တန့်သင့်ပြီဆိုတာကို နားလည်သော်ငြားလည်း ကလေးများအနေဖြင့်သူတို့ကြိုက်နှစ်သက်သော အစားအစာ စားနေသောအခါတွင် ရပ်တန့်ခိုင်းဖို့ခက်ခဲပါသည်။ ထိုအခါသင်သည် သင့်ကလေးအား “ဗိုက်ပြည့်သွားပြီလား” “ဒီအစားအစာကို အများကြီးပိုစားလျှင် ဗိုက်အောင့်ဗိုက်နာမှာလား” စသည်ဖြင့် မိမိကိုယ်ကိုမေးခွန်းတွေ မေးတတ် ဖို့သင်ပေးပါ။ဤသို့မေးခွန်းမေးခိုင်းခြင်းက သင်၏ကလေးကိုသူတို့ဗိုက်ပြည့်ပြီလား၊အစာအလွန်အကျွံမစားသင့်ဘူးလားဆိုတာက ဆုံးဖြတ်နိင်ဖို့စွမ်းအင်ပေးစွမ်းမည်ဖြစ်ပါသည်။

    ၂။ အစာစားချိန်တွင်ရေသို့မဟုတ်ဟင်းချိုများအမြဲတမ်းထားရှိပါ။

    မိဘများကြုံတွေ့ရသည့် အခြားပြဿနာတစ်ခုကတော့ကလေးများ အစာစားနေစဉ်အတွင်း ရေသို့မဟုတ်ဟင်းချိုစွတ်ပြုတ်စသည့်အရည်ပါသော အစားအစာစားခိုင်းရခြင်းပင်ဖြစ်ပါသည်။ အစာစားပြီးချိန်တွင်သစ်သီးဖျော်ရည်သောက်ခြင်းက အာဟာရများနှင့်လိုအပ်သော စွမ်းအင်ပမာဏရရှိပေးနိုင်သော်လည်း အစာစားချိန်တွင်သောက်သုံးနိုင်ရန် ရေ သို့မဟုတ်ဟင်းသီးဟင်းရွက် စွပ်ပြုတ်ထားရှိပေးပါ။

    ၃။ မနက်စာစားခြင်း

    မနက်စာကျွေးခြင်းက လွယ်ကူသောအလုပ်တစ်ခုဟု ထင်ရပါသည်။ သို့သော်သင်၏ကလေးကိုကျန်းမာရေးနှင့်မညီညွတ်သော မနက်စာများစားစေခြင်းဖြင့် အလေ့အကျင့်မပြုလုပ်ပေးသင့်ပါ။ အရိုးရှင်းဆုံးပြောရလျှင် သင့်ကလေး၏မနက်စာကို အသားညှပ်ပေါင်မုန့်တစ်ခုနှင့်နို့တစ်ဖန်ခွက် သောက်စေခြင်းအားဖြင့် သင်၏ကလေးကိုမနက်ပိုင်းအားအင်ပြည့်ဝစေပြီး တစ်နေ့တာလုံးလန်းဆန်းစေရန် ကူညီပေးနိုင်ပါသည်။ သင်၏ကလေးကိုအာဟာရပြည့်ဝသောမနက်စာစားတတ်သည့်အလေ့အကျင့်ပျိုးထောင်ပေးခြင်းဖြင့် ငယ်ရွယ်ချိန်တွင် ပိုမိုကောင်းမွန်စွာဖွံ့ဖြိုးပြီး ဉာဏ်ရည်ပိုမိုတိုးတက် ကောင်းမွန်စေပါသည်။ အစာအလွန်အကျွံစားခြင်းမှလည်း ကာကွယ်ပြီးသားဖြစ်ပါသည်။

    ၄။ အစာကိုဖြည်းဖြည်းစားပါ။

    အစာကိုဖြည်းဖြည်းစားစေခြင်းသည် များစွာအကျိုးရှိပါသည်။ အစာဖြည်းဖြည်းစားခြင်းဖြင့် သင်၏ခန္ဓါကိုယ်အလေးချိန်ကိုထိန်းသိမ်းထားနိုင်ပါသည်။ အစာအိမ်နှင့်ဦးနှောက်မှလာသော ဗိုက်ပြည့်သည့်နိုးဆော်ချက်များကိုလည်း လွယ်ကူစွာနားလည်နိုင်သည့်အပြင် အစာသီးခြင်းများမှလည်းကာကွယ်ပေးပါသည်။ သို့သော်လည်း မိဘများအနေဖြင့်ကလေးများကို ဖြစ်နိုင်သလောက်မြန်မြန်အစာစားပြီးစေချင်ကြသည်။ ထို့ကြောင့်ကလေးကို ဘယ်လိုနှုန်းထားဖြင့်အစာကိုစားသင့်လဲဆိုသည်ကို သေချာစွာသင်ကြားပေးရန်လိုအပ်ပါသည်။

    ၅။ ကလေးများကို တက်တက်ကြွကြွရှိနေပါစေ။

    သင်၏ကလေးကို အာဟာရပြည့်ဝသော အစားအစာများစားစေခြင်းအပြင် နေ့စဉ်ခန္ဓါကိုယ်ကိုယ်လက်လှုပ်ရှားမှု မိနစ်သုံးဆယ်လောက်လုပ်ခိုင်းခြင်းက ပို၍အရေးကြီးပါသည်။ ကလေးဆိုသည်မှာ မိဘကိုအတုယူလေ့ရှိသောကြောင့် သင်ကိုယ်တိုင် ဦးစီးဦးဆောင်ပြု၍ ကိုယ်ကာယလေ့ကျင့်မှုများကိုပြုလုပ်ပြပြီးသင်နှင့်အတူသင့်ကလေးကိုလိုက်လုပ်ခိုင်းပါ။ လူကြီးရောကလေးရောလုပ်နိုင်သောကိုယ်လက်လှုပ်ရှားမှုများတွင် ကြိုးခုန်ခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကခြင်းနှင့်ကြက်တောင်ရိုက်ခြင်းတို့ပါဝင်ပါသည်။

    ကလေးငယ်များကိုအာဟာရမျှတသောအစားအစာလေ့ကျင့်မှုပုံစံသင်ကြားပေးသင့်သည် ဆိုသော်လည်းကလေး၏ အစာစားချင်စိတ်ကိုသတိပြုရပါမည်။ ကလေးလုံးဝမနှစ်သက်သောအစားအစာများကို အတင်းစားစေခြင်းမှရှောင်ကြဉ်ရပါမည်။ တူညီသောအာဟာရပမာဏပါဝင်သည့် အခြားအစားအစာတစ်ခုဖြင့် အစားထိုးကာကျွေးကြည့်ရပါမည်။ ထို့အပြင်ကလေးဗိုက်ပြည့်သွားပါက အစားအစာများအတင်းထပ်မကျွေးပါနှင့်။ ဤသို့အားဖြင့်ကလေးအသက်ကြီးလာပါက အစားအစာအလွန်အကျွံစားခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါလိမ့်မည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement