၇။ ဖြည့်စွက်အာဟာရက ကလေးငယ်တွေရဲ့ အရိုးကိုပိုမိုသန်မာစေပါတယ်။
ဒါဟာ ဖြည့်စွက်အာဟာရမှာ မိခင်နို့ထက် Vitamin D တွေပိုမိုပါဝင်လို့ ဖြစ်ပါတယ်။
၈။ သင်ဟာ တံဆိပ်မျ ိုးစုံကို ရွေးချယ်နိုင်နေပါပြီ။
အရည်အသွေး အကောင်းဆုံးမှသည် ပို၍ဈေးသက်သာသော အမှတ်တံဆိပ်အထိ စိတ်ကြိုက်ရွေးဝယ်နိုင်ခြင်းကလည်း နှစ်သက်စရာပါ။ ကလေးငယ်အတွက်လည်း သက်တောင့်သက်သာရှိပါတယ်။
၉။ ပဲနို့ကလည်း ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုပါ။
ပဲနို့မှာ Phytoestrogen (စောစီးစွာအရွယ်ရောက်စေသောဒြပ်ပေါင်းတစ်မျိ ုး )ပါဝင်သော်လည်း လေ့လာတွေ့ရှိချက်အရ ကလေးငယ်အပေါ် ဆိုးကျိ ု း သို့ ကောင်းကျိ ု းအတွက် ရေရှည်သက်ရောက်မှု မရှိနိုင်ကြောင်း တွေ့ရပါတယ်။
၁၀။ ဖြည့်စွက်အာဟာရ နှင့် မိခင်နို့ရည်တို့ဟာ ကွာခြားမှုသိပ်မရှိပါဘူး။
သိသာထင်ရှားတဲ့ ကွာခြားမှုမရှိကြောင်းကိုလည်း သိပ္ပံနည်းကျလေ့လာတွေ့ရှိမှုများနှင့် စာရင်းကိန်းဂဏန်းတွေအရလည်း သက်သေပြခဲ့ကြပါပြီးပါပြီ။
၁၁။ ဖြည့်စွက်အာဟာရကို ကလေးငယ်များအားုမတိုက်ကျွေးမီ အပူပေးစရာ မလိုပါ။
ကြိုတင် ပူနွေးအောင်ပြုလုပ်ထားခြင်းက နဂိုထက် ပိုမိုထူးကဲတဲ့ ကျန်းမာရေးသက်ရောက်မှုမျိ ုး မပေးနိုင်ပါ။ သင့်ကလေးငယ်က နှစ်သက်မယ်ဆိုရင်တော့ ပူနွေးအောင်ပြုလုပ်တိုက်ကျွေးနိုင်ပါတယ်။
မိခင်တို့ဟာ ကလေးငယ်ကို တိုက်ကျွေးရန် ဖြည့်စွက်အာဟာရ နဲ့ မိခင်နို့ရည် ဘယ်ဟာပိုသင့်တော်မလဲလို့ စဉ်းစားရွေးချယ်ရခက်နေတတ်ပါတယ်။ ဆရာဝန်သွား၍ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ဘယ်ဟာက သင်နှင့် သင့်ကလေးအတွက်အကောင်းဖြစ်မယ်ဆိုကို သိနိုင်မှာဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ