backup og meta

ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

    ဗီတာမင် ဘီ အုပ်စုတွင် ပုံစံများစွာ ရှိပါသည်။ ဗီတာမင်B1၊ဗီတာမင်B2 ၊ဗီတာမင်B6၊ဗီတာမင်B12 ၊ဗီတာမင် B3(နိုင်ရာစင်)၊ဘိုင်အိုတင်၊ပန်တိုသီးနစ်အက်ဆစ်စသောပုံစံများဖြစ်ပါသည်။ ဗီတာမင် ဘီ အုပ်စုသည်ခန္ဓါကိုယ် မှစွမ်းအင်ထုတ်လုပ်ခြင်းနဲ့ လိုအပ်သောအခါထိုစွမ်းအင်ကို ထုတ်လွှတ်ပေးသောဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်အဓိက အခန်းကဏ္ဍမှာပါဝင်ပါသည်။ သွေးနီဥများ ခန္ဓါကိုယ်တစ်လျှောက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာတွင်လည်း ဗီတာမင်ဘီ အုပ်စုကို လိုအပ်ပါသည်။ ဤဗီတာမင်ဘီ အုပ်စုသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါပါသည်။

    ၁။ ဗီတာမင် B1 (Thiamine)

    ဗီတာမင်B1သည် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အဓိကအရေးပါသည်။ ၎င်းသည်သကြားနှင့်အခြား ကာဗိုဟိုက်ဒရိတ်များကိုစွမ်းအင်အဖြစ်သို့ ကူညီပြောင်းလဲပေးသည်။ ၎င်းသည်အာရုံကြောအဖွဲ့အစည်းကို ထိခိုက်ခြင်း၊ပျက်စီးခြင်းများမှလည်း ကာကွယ်ပေးသည်။ အာရုံကြောအဖွဲ့အစည်း မှသတင်းအချက်အလက်များကို ခန္ဓါကိုယ်၏အခြားအင်္ဂါအမျိုးမျိုးသို့ပို့ဆောင်ပေးရာတွင်လည်းအသုံးဝင်သည်။ ကလေးများသည်တစ်နေ့လျှင်ဗီတာမင် B1 ငါးရာမှကိုးရာ မိုက်ခရိုဂရမ်ထိလိုအပ်သည်။

    ဗီတာမင် B1 ကို နေကြာစေ့အခွံ့မာသီးများ၊ ပဲပြုတ်၊ပဲစိမ်း၊ဂျုံဖြင့်ပြုလုပ်သော ပေါင်မုန့်များမှရရှိနိုင်သည်။ သို့သော်ဗီတာမင် B1 သည်အပူချိန်များလျှင် ပျက်ပြယ်နိုင်သောကြောင့် ဗီတာမင် B1 ပါသောအစားအစာများကို လွန်ကဲသောအပူချိန်တွင် ချက်ပြုတ်ခြင်း၊ လွန်ကဲစွာအေးခဲစေခြင်းပြုလုပ်ပါက ဗီတာမင် B1 အာနိသင်ပျက်ပြယ်နိုင်သည်။

    ၂၊ဗီတာမင် B6 (Pyridoxine)

    ဗီတာမင် B6 သည် နှလုံးသွေးကြောအဖွဲ့အစည်းနှင့်အာရုံကြောအဖွဲ့အစည်းတို့အတွက် မရှိအဖြစ်အလွန်အရေးပါသည်။ အစာခြေဖျက်ခြင်းကိုပိုမိုကောင်းမွန်စေပြီး ခန္ဓါကိုယ်၏ခုခံစွမ်းအား ပိုမိုတိုးတက်ကောင်းမွန်စေသည်။ ကလေးများသည် တစ်နေ့လျှင်ဗီတာမင် B6 ဝ.၅ မှ ၁ မီလီဂရမ်လိုအပ်ပါသည်။ ဗီတာမင် B6 ကို အသား၊ ကြက်ဘဲ၊ အမဲသား ၊ ငါး ၊နှံစားသီးနှံများ၊ အခွံမာသီးများနှင့် ပဲအမျိုးမျိုး ၊ ငှက်ပျောသီးနှင့်အာလူးတို့မှရရှိနိုင်ပါသည်။ မျှတသော အစားအစာကိုနေ့စဉ်စားသုံးခြင်းဖြင့်ဗီတာမင် B6 ရရှိစေခြင်းငှာပိုမိုကောင်းမွန်ပါသည်။

    ၃။ ဗီတာမင် B7 (Biotin )

    ရေတွင်ပျော်ဝင်နိုင်သော ဗီတာမင် B7 (ဘိုင်အိုတင်)သည် အဆီနှင့်ကာဗိုဟိုက်ဒရိတ်များ၏ ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ်များတွင် အရေးပါပါသည်။ ဗီတာမင် B7 သည် အာရုံကြောအဖွဲ့အစည်းကို ကျန်းမာစေရန်အကူအညီပေးပါသည်။ှ အမျိုးအစား ၂ ဆီးချိုရောဂါရှိသူများတွင်လည်း အင်ဆူလင် အတက်အကျထိန်းညှိပေးရာတွင် အသုံးဝင်ပါသည်။ ကလေးများတွင် နေ့စဉ် ဗီတာမင် B7 ၁၂ မှ ၄၀မိုက်ခရိုဂရမ ် လိုအပ်ပါသည်။ ဗီတာမင်B7 ကို မုယောစပါး ၊ဂျုံ ၊ ပြောင်း ၊ နှံစားပင်မှပြုလုပ်သော အစာအာဟာရများ၊ကြက်ဥအနှစ်၊ ထောပတ်သီး ၊ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ ၊ ဒေါက်ခွရွက် ၊ချိစ့် ၊ မှို များမှ ရရှိနိုင်ပါသည်။

    ၄။ ဗီတာမင် B12 (Cobalamin)

    ဗီတာမင် B12 သည် လူကြီးလူငယ်မရွေးမရှိမဖြစ်လိုအပ်ပါသည်။ ၎င်းသည် DNA မျိုးရိုးဗီဇတည်ဆောက်မှုအတွက်လိုအပ်ပြီး ကလေးများအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းပါသည်။ ၎င်းသည်ကလေးငယ်များကို ပန်းနာရင်ကျပ်ရောဂါများမှ ကာကွယ်ပေးပါသည်။ ထို့အပြင် ၎င်းသည် သွေးဆဲလ်များထုတ်လုပ်ခြင်းကိုအားပေးပြီး ပိုမိုကောင်းမွန်သော အာရုံကြောအဖွဲ့အစည်းကို ထိန်းသိမ်းပေးထားနိုင်ပါသည်။ တစ်နေ့လျှင် ဗီတာမင် B12 ၂.၅ မိုက်ခရိုဂရမ်ခန့်လိုအပ်ပါသည်။ ဗီတာမင် B12 ကို နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး၊ အသား ၊ ကြက်ဘဲများ၊ အခွံမာရေသတ္တဝါများမှ ရရှိပါသည်။ ဗီတာမင် B12 ချို့တဲ့ပါက သွေးအားနည်းရောဂါ၊ ကြွက်သားအားနည်းခြင်း ၊ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်းစသော ပြင်းထန်သည့် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement