ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးတွေခေါင်းပေါ်မှာရှိတဲ့ သန်းများ

သန်းဆိုတာ လူတွေရဲ့ ဆံပင်တွေကြားထဲမှာ နေထိုင်တဲ့ သေးငယ်ပြီး အတောင်မပါသော ကပ်ပါး အင်းဆက်တစ်မျိုးပါ။ ဦးရေပြားက သွေးပမာဏ အနည်းငယ်ကို အစာအဖြစ် အသုံးပြုပါတယ်။ ဒီပြဿနာက ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတစ်လေ မသက်မသာ ခံစားမှုကို ပေးတတ်ပါတယ်။ ဒါက ကူးစက်တတ်ပြီး ယားယံစေပါတယ်။ တစ်ခါတစ်လေမှာ ကုသဖို့ ခက်ခဲပါတယ်။ သန်းရှိကြောင်းသိနိုင်တဲ့ လက္ခဏာရပ်များ သန်းဥ - သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ သေးငယ်တဲ့ အဝါရောင်၊ ဇော်ဂျီရောင်၊ အညိုရောင် အစက်အပျောက်လိုမျိုး ရှိပြီး အကောင်မပေါက်ခင် ဦးရေပြားအနီးနားရှိ ဆံပင်နားမှာ ရှိတတ်ပါတယ်။ ဥ သို့မဟုတ် ဥခွံတွေက ဆံပင်မှာ ကပ်နေတတ်ပါတယ်။ ခေါင်းဖြီးတာမျိုးနဲ့တောင်မှ မဖယ်ရှားနိုင်ပါဘူး။ အရွယ်ရောက်ပြီးနဲ့ မရောက်ခင် သန်းများ - အရွယ်ရောက်ပြီး သန်းတွေက နှမ်းစေ့လောက် အရွယ်အစားရှိပြီးတော့ ခဲရောင်၊ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးငယ်တွေ အော့အန်ခြင်းကို ကာကွယ်ကုသနိုင်စေဖို့ မိခင်များအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာများ

ဖြစ်ရပ်အများစုမှာ အော့အန်ခြင်းဟာ အန္တရာယ်များလှတဲ့အခြေအနေတွေတော့မဟုတ်ပါဘူး။ ပြီးတော့ ဒီအဖြစ်က ဆေးကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားနိုင်တာမျိုးပါ။ ဒါပေမယ့် အော့အန်နေတဲ့ကလေးတစ်ယောက်လောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာ၊ စိတ်ရှုပ်စရာကောင်းတာမျိုး ရှိမှာမဟုတ်ပါဘူး။ သင့်ကလေးကို ဒီလို စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် သင်နဲ့ သင့်ကြင်ဖော်က ဒီလိုအော့အန်တာကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာ နားလည်နေဖို့ အရေးကြီးလှပါတယ်။   အော့အန်ခြင်း၏ အကြောင်းရင်းများ အော့အန်ခြင်းဟာ အခြားသော ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်နေပေမယ့် အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက အချို့ကတော့… Viral gastroenteritis (အစာအိမ်တုပ်ကွေးလို့လည်းခေါ်ကြပါတယ်) ဟာ ဝမ်းဗိုက်ပိုင်း ကူးစက်ပိုးဝင်ခြင်းဖြစ်ပြီး rotavirus သို့မဟုတ် Contaminated Food တွေမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။ Gastroeneritis ဟာ ပုံမှန်အားဖြင့် ဝမ်းပျက်ခြင်း၊ အဖျားဝင်ခြင်းနဲ့ စားချင်စိတ်လျော့နည်းခြင်းတွေကိုဖြစ်စေတတ်ပါတယ်။ ဒီကူးစက်ပိုးဝင်ခြင်းဟာ ရက်အနည်းငယ်မှ တစ်ပတ်နှင့်အထက် ကြာနိုင်ပါတယ်။ ခရီးပန်းခြင်း သို့မဟုတ် Motion sickness ဆိုတာ အပျော့စားမှ ပြင်းထန်တဲ့အခြေအနေတွေရောက်နိုင်တဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

စိုးရိမ်ပူပန်တတ်တဲ့ သင့်ကလေးကို ဘယ်လို ဖေးမကူညီမလဲ

ငါတို့ကလေးတွေက သူတို့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ ပူပန်ဖို့ ငယ်သေးတယ်၊ မရင့်ကျက်သေးဘူး လို့တွေးတာဟာ မိဘတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အထင်မှားမှုတစ်ခုပါ။ ဒါပေမယ့် ကလေးတွေရဲ့ စိုးရိမ်ပူပန်မှုဟာ အမှန်တကယ်ဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြပြီးသားပါ။ ဒါကို သတိမထားမိတာ၊ မကုသမိတာမျိုးဆို အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ ဆိုးရွားလာပြီး စိတ်မမှန်တော့တဲ့အထိ ပြင်းထန်နိုင်ပါတယ်။   ကလေးတွေမှာဖြစ်တဲ့ စိုးရိမ်ပူပန်မှုဆိုတာ ဘာလဲ။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်မှာ စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့ ဖြတ်သန်းဖူးကြပါတယ်။ ဒါပေမယ့် ဒီပုံမှန် စိုးရိမ်ပူပန်မှုတွေက ယာယီပါ။ အချိန်တစ်ခုကြာရင် ပျောက်ပြယ်သွားမှာပါ။ ကလေးတွေအတွက်ကျတော့ ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကိုခံစားနေရပြီဆိုရင် အလွန်အမင်း ကြောက်ရွံ့နေမယ်၊ ဖိအားတွေများနေမယ်၊ စိတ်ဓါတ်တွေကျနေမယ်၊ စိတ်ပင်ပန်းမယ်။ သူတို့ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ကို ပိတ်ပင်တားဆီးနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်မှုဆိုတာ ကျွမ်းကျင်မှန်ကန်တဲ့ ကုသမှုကို လိုအပ်တဲ့ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

အချိန်စောပြီး အရွယ်ရောက်တဲ့ သင့်ကလေးကို ဘယ်လို ကူညီမလဲ

Precocious puberty ဆိုတာ အချိန်စောပြီး အရွယ်ရောက် ဖွံ့ဖြိုးလာတာပါ။ ပုံမှန်ဆိုရင် ကလေးတွေက မိဘတွေထက် အရွယ်ရောက်တာ ပိုစောလေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားမှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက မိဘရောသားသမီးအတွက်ပါ စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးမှာ စောပြီးအရွယ်ရောက်တဲ့ သင့်ကလေးကို အသက်သာဆုံးနည်းလမ်းနဲ့ ကူညီနိုင်မယ့် တချို့အချက်လေးတွေကို ဖော်ပြသွားမှာပါ။ Precocious puberty ဆိုတာကို နားလည်ပါ Precocious puberty ဆိုတာ ကလေးက ငယ်တဲ့အရွယ်မှာ အရွယ်ရောက်တဲ့ လက္ခဏာရပ်တွေ ပေါ်လာတာကို ဆိုလိုတာပါ။ precocious puberty ဟာ ယနေ့ခေတ်မှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်လာပါပြီ။ အရွယ်ရောက်စောတာ ဖြစ်စေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်တဲ့ သီအိုရီတွေ အများအပြားရှိပါတယ်။ မိသားစုဆက်ဆံရေး၊ ကပ်ရောဂါ၊ ပလပ်စတစ်၊ အဝလွန်ခြင်း စတာတွေ ဖြစ်ပါတယ်။ North Carolina ၊ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်ခြင်းက ကလေးစားသောက်ပုံကို ဘယ်လိုသက်ရောက်စေလဲ

ကလေးမွေးဖွားပြီး တစ်နှစ်အတွင်းမှာ ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ ခံစားချက်ဆိုင်ရာတွေ အလျင်အမြန်ပဲ တိုးတက်ကြီးထွားလာတတ်ပါတယ်။ ဒီအချိန်အတွင်းမှာ စားသောက်မှုပုံစံကလည်း တိုးတက်လာပြီး အစာတစ်မျိုးတည်းစားတဲ့ကလေးအဖြစ်ကနေ (ဆိုလိုတာက မိခင်နို့ ဒါမှမဟုတ် နို့ဗူးပဲသောက်ရာကနေ) အခြားစားစရာအမျိုးမျိုးကိုလည်း စားတတ်တဲ့အရွယ်ရောက်လာပါပြီ။ စားသောက်ပုံကတော့ လူကြီးတွေနဲ့ တူလာပြီပေါ့။ ဒီပြောင်းလဲနေတဲ့အချိန်အတွင်းမှာ အခြားသူတွေရဲ့ စားသောက်ခြင်း အလေ့အထတွေကို လေ့လာရင်းနဲ့ ကလေးငယ်တွေကို တိုက်ရိုက်ခံစားကြည့်ခိုင်းခြင်းအားဖြင့် အစားအစာတွေအကြောင်း သင်ယူတတ်ပါစေ။ လေ့လာသူတွေကတော့ လမ်းလျှောက်တတ်စအရွယ်မှာ မိခင်နို့တိုက်ကျွေးခြင်းနဲ့ အုပ်ထိန်းမှုပုံစံတွေက ကာလရှည်စားသောက်မှု အလေ့အထတွေအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ မိခင်နို့မစို့ရတဲ့ ကလေးငယ်တွေဟာ သူတို့ကြီးထွားဖွံ့ဖြိုးစဉ်အချိန်မှာ မိဘတွေစားတဲ့ အလေ့အထကနေပြီး သူတို့အတွက် ကောင်းကျိုးတွေအများကြီး ရနေဆဲပါပဲ။ မိခင်နို့တိုက်ကျွေးခြင်းဟာ ပထမ ၆လအတွက် အကောင်းဆုံးအစာဖြစ်ပြီး ဒါဟာ ကလေးရဲ့ နောက်ပိုင်း စားသောက်မှုအလေ့အထတိုးတက်လာမှုအတွက် ကောင်းကျိုးတွေဖြစ်စေတယ်လို့ သက်သေပြုချက်တွေရှိထားပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ဗိုက်ဆာတဲ့အချိန်နဲ့ […]


ကလေးငယ်အာဟာရ

ကလေးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ

ကလေးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ ကလေးတိုင်း ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုတာက အာဟာရသင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုအပ်တယ်ဆိုတာကို မိဘတိုင်းလိုလို သိရှိပြီးဖြစ်ကြမှာပါ။ ကလေးတွေကို အာဟာရမျှတအောင်ကျွေးမွေးနိုင်စေဖို့အတွက် ကလေးတွေမှာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓာတ်အချို့နဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပရိုတင်း ကြွက်သားတွေနဲ့ ကလေးရဲ့ကိုယ်ခန္ဓာက အခြားတစ်ရှုးတွေကို တည်ဆောက်ပေးတဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ပရိုတင်းဓါတ်ပါဝင်တဲ့အစားအစာများ - ငါး ကြက်သား ကြက်ဆင်သား အဆီမပါတဲ့အသား အခွံမာသီးတွေ ဥအမျိုးမျိုး နို့အမျိုးမျိုး ဒိန်ချဉ် ချိစ် မြေပဲထောပတ် ပဲပိစပ်အစိမ်း ကာဗိုဟိုက်ဒရိတ်ဓါတ် -ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်အတွက်အလွန်အရေးပါလှတဲ့ စွမ်းအင်အရင်းအမြစ်တစ်ရပ်ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်က ကလေးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ဖို့နဲ့ တစ်ရှုးတွေပြုပြင်ဖို့အတွက် အဆီတွေနဲ့ ပရိုတင်းတွေကို အသုံးပြုရာမှာ အထောက်အကူပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို အစားအသောက်အမျိုးမျိုးကနေရရှိနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ရရှိနိုင်တဲ့အစားအသောက်များ - ပေါင်မုန့် cereals ထမင်း ခရက်ခ်ကာ ပတ်စတာ အာလူး သံဓာတ် ခန္ဓာကိုယ်အတွက်အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတဲ့သွေးနီဥဆဲလ်တွေဖြစ်ပေါ်အောင် အထောက်အပံ့ပေးပါတယ်။ ကလေးတွေကြီးထွားဖို့အတွက်ထောက်ကူပေးပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ၌ ကိုလက်စထရောမြင့်မားနေခြင်း

ကိုလက်စထရောမြင့်မားတယ်ဆိုတာ လူကြီးကိုရော ကလေးတွေကိုပါ အကျိုးသက်ရောက်စေတဲ့အရာတစ်ခုပါ။ ဒါဟာ ကလေးကြီးပြင်းလာတဲ့အခါ ကျန်းမာရေးပြဿနာတွေအများကြီးကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ နှလုံးရောဂါပေါ့။ နှလုံးနဲ့ အခြားသော ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုသွေးထောက်ပံ့နေတဲ့ သွေးလွှတ်ကြောနံရံတွေမှာ Plaque တွေစုစည်းလာခြင်းဟာ ကိုလက်စထရောမြင့်မားခြင်းရဲ့ နောက်ဆက်တွဲပြဿနာတစ်ခုပါ။ နှလုံးရောဂါတွေနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ နှလုံးဆီ သွေးမရောက်ခြင်းတွေဖြစ်စေတဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုလို့ Plaque တွေကို သတ်မှတ်ထားပါတယ်။   ကလေးဘ၀ ကိုလက်စထရောမြင့်မားခြင်းအန္တရာယ်က ဘယ်သူတွေမှာအရှိနိုင်ဆုံးလဲ။ ကလေးရဲ့သွေးထဲမှာရှိတဲ့ ကိုလက်စထရောလယ်ဗယ်ဟာ မျိုးရိုး၊အစားအသောက်၊ အဝလွန်ခြင်း စတဲ့အချက်၃ချက်နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်။ ကိုလက်စထရောမြင့်မားတဲ့ မိဘရဲ့ ကလေးတွေဟာလည်း အများအားဖြင့်တော့ တူညီတဲ့အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းရမှာပါ။   ကလေးတွေမှာ ကိုလက်စထရောလယ်ဗယ်မြင့်နေတယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲ။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကျောင်းနေအရွယ်ကလေးတွေအတွက် ရိုးရှင်းတဲ့သွေးစစ်မှုတစ်ခုကိုလုပ်ပြီး သူတို့ရဲ့ ကိုလက်စထရောကို စစ်ဆေးနိုင်ကြပါတယ်။ မိသားစုထဲမှာ နှလုံးရောဂါရှိနေသူတွေများပြားခဲ့ရင် ဒါမှမဟုတ် ကလေးရဲ့ မိဘမှာ ကိုလက်စထရောမြင့်နေခဲ့ရင်တော့ စစ်ဆေးမှုကို မဖြစ်မနေခံယူဖို့ အရေးကြီးလှပါတယ်။ […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဘယ်လိုအစာကျွေးရမလဲ

ကလေးတစ်ယောက်ကို ကြီးပြင်းလာတဲ့ထိ ပြုစုစောင့်ရှောက်ဖို့ဆိုတာ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်။ လိုအပ်ချက်တွေလို့ ဆိုရာမှာလည်း ဗဟုသုတ၊ သည်းခံနိုင်စွမ်းနဲ့ အတွေ့အကြုံတွေကလည်း မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။ ဒီအရာတွေအားလုံးထဲမှာ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုကတော့ ကလေးအတွက် အစားအစာကို သူ့ကအသက်အရွယ်နဲ့လိုက်ပြီး အာဟာရပြည့်အောင် ပြင်ဆင်ရတာပါပဲ။ ဒီဆောင်းပါးမှာတော့ ကလေးရဲ့ ဘဝအစ ပထမ ၆လအတွင်း အစာတွေကို ဘယ်လို ဘယ်အချိန်မှာ ကျွေးရမယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်ကိုလိုက်ပြီး အစာကျွေးနည်း လမ်းညွှန် ကလေးရဲ့ ပထမ ၄လတာကာလကျွေးမွေးမှု အနေအထား (ပုံစံ) ဒီအသက်အရွယ်မှာတော့ သင့်ကလေးဟာ နို့စို့ဖို့အတွက် နို့သီးခေါင်းဘက်ကို လှည့်ရှာနိုင်နေပါပြီ။ ကျွေးရမည့်အရာ မိခင်နို့ သို့မဟုတ် နို့မှုန့်သာ တိုက်ပါ။ တစ်ရက်တာ ကျွေးမွေးမှု ပမာဏ ကလေးနို့ပမာဏဘယ်လောက်စို့လဲသိရဖို့ဆိုရင် နို့ဘူးတိုက်တဲ့အချိန်မှာ လေ့လာထားနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်နေတဲ့အချိန်မှာတော့ ကလေးက တစ်နေ့တာအတွက် လုံလောက်တဲ့ အာဟာရပမာဏကို ရ၊မရဆိုတာ လက္ခဏာအချို့ပေါ် အခြေခံလို့ ဆုံးဖြတ်နိုင်ပါတယ်။ ကလေးကို […]


ကလေးငယ်အာဟာရ

ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

အထူးသဖြင့် အစာရွေးတဲ့ ကလေးတွေမှာ အစာကျွေးချိန်တွေဟာ မိဘတွေအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ကလေးက အသက်ကြီးလာတဲ့အခါ သူတို့ လုပ်ချင်တာနဲ့ စားချင်တဲ့အစာတွေနဲ့ ပတ်သက်ပြီး အမှီအခို ကင်းလာကြပါတယ်။ အစမှာတော့ ဒါဟာ အလွန် စိတ်ရှုပ်စရာကောင်းပါတယ်။ အစာရွေးခြင်းဟာ ကလေးရဲ့ အစပထမနှစ်တွေမှာ အဖြစ်များပါတယ်။ ဒါဆို ဒီလို အစာရွေးတဲ့ ကလေးကို အစာကျွေးစဉ်မှာ ဘာတွေ သိထားသင့်သလဲ ကြည့်လိုက်ကြရအောင်။   ဖြစ်နိုင်ရင် ကလေးကို အခြားမိသားစုဝင်တွေနဲ့ အတူ စားခွင့်ပေးပါ။ မိဘအများစုဟာ ကလေးကို မိသားစု ထမင်းဝိုင်းမှာ စားခွင့်ပေးမယ်ဆိုရင် စိတ်တိုခြင်း၊ အာခံခြင်းမရှိပဲ ကလေးတွေ ကောင်းကောင်းစားတာကို တွေ့ရမှာပါ။ ဒါဟာ အစာစားရုံတင်သာမက မိသားစုအချင်းချင်း ရင်းနှီးမှုရတဲ့ အချိန်လည်းဖြစ်ပါတယ်။ သူတို့တစ်နေ့တာအကြောင်းကို မေးမြန်းခြင်းအားဖြင့် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီကျခြင်းကို မေ့အောင်ပြုလုပ်နိုင်ပါတယ်။ သူတို့ကို စားပွဲမှာအတင်းထိုင်ခိုင်းမယ့်အစား […]


ကလေးငယ်

သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုမှာ ပါဝင်သင့်တဲ့ မဂ္ဂနီဆီယမ်

ကယ်လ်ဆီယမ် ဒါမှမဟုတ် အခြားသော သတ္တုဓါတ်တွေလို အလေးပေးအရေးတယူပြုခြင်းမခံရပေမယ့် မဂ္ဂနီဆီယမ်ဟာ သင့်ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။   မဂ္ဂနီဆီယမ်က ဘာလုပ်ပေးသလဲ။ ခန္ဓါကိုယ်မှာရှိတဲ့ အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက် မဂ္ဂနီဆီယမ်က အရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓါတ်ကို လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်မရှိဖူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကနေ စွမ်းအင်ထုတ်ပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ကြွက်သားတွေကလည်း တချိန်လုံးတင်းပြီး ညှစ်နေကြမှာဖြစ်ပါတယ်။ ကိုလက်စထရောထုတ်လုပ်မှုနဲ့ သွေးထဲပို့ဆောင်မှုတွေကိုလည်း ကောင်းကောင်းထိန်းညှိနိုင်တော့မှာ မဟုတ်ပါဘူး။   မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့နည်းပါးရင် ဘာတွေ ဖြစ်လာနိုင်သလဲ။ မဂ္ဂနီဆီယမ်ဓါတ်နည်းပါးခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ သင့်ကလေးရဲ့ သွေးတွင်းမဂ္ဂနီဆီယမ်ပမာဏကို ဂရုတစိုက်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အိပ်မပျော်ခြင်း။ ဝမ်းချုပ်ခြင်း။ ADHD or ADD growth pains လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားစဉ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း