ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ

ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ OTC ဆေးတွေဟာ အလွယ်တကူရနိုင်တာတော့ မှန်ပေမယ့် အချိန်တိုင်းတော့ ကလေးတွေအတွက် သင့်လျော်တဲ့ဆေးတစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးက ငယ်လွန်းရင်ပေါ့။ တကယ်လို့ သင့်ကလေးက အဖျားသွေး နည်းနည်းရှိတာမျိုး သို့မဟုတ် ချောင်းဆိုးတာမျိုး ဖြစ်နေရင် စိတ်ချပြီး ကျန်းမာရေးနဲ့ညီတဲ့ ဒီလို အိမ်တွင်းဆေးနည်းများကို သုံးကြည့်ပါ။ အထူးသဖြင့် ဘာဆေးတိုက်ရမလဲ၊ ဘယ်လိုတိုက်ရမလဲဆိုတာ သေချာမသိတဲ့အချိန်မျိုးမှာပေါ့။ ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ ကလေးချောင်းဆိုးခြင်းအတွက် အိမ်တွင်းဆေးနည်းများ ကတော့ ၁။ ပျားရည်။ အာဟာရဓာတ်တွေနဲ့ ပိုးမွှားတွေကာကွယ်နိုင်စွမ်းတွေကို အတိုင်းအဆမရှိပိုင်ဆိုင်ထားတဲ့ ပျားရည်ကတော့ ချောင်းဆိုးခြင်းနဲ့ အသေးစားဖျားနာခြင်းတွေအတွက် အသုံးအဝင်ဆုံး ဆေးစွမ်းကောင်းတစ်လက်ပါပဲ။ တကယ်တမ်းတော့ အသက်၁နှစ်မှ ၅နှစ်အတွင်းပါဝင်တဲ့ ကလေး ၂၇၀ကိုလေ့လာခဲ့တဲ့ double-blind study (ဘက်မလိုက်တဲ့လေ့လာမှု)တစ်ခုမှာ ပျားရည် ၃မျိုးထဲက ၁မျိုး (eucalyptus, labiatae or […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်တွေက သူတို့မိဘတွေကို ဘယ်လိုလှည့်စားတတ်သလဲ။ ဘာကြောင့်လဲ

သူတို့ယုံကြည်စေချင်တာကို ယုံကြည်ပေးဖို့၊ သူတို့လိုအပ်တာကို ပေးနိုင်ဖို့အတွက် သင်တို့ကို လှည့်စားဖို့ ကလေးတွေရဲ့ ကြီးပြင်းစပြုလာတဲ့စိတ်ထားတွေက သူတို့တွေကိုပြန်လည်သင်ကြားပေးနေပါတယ်။ သူတို့မှာ အဆူမခံရမယ့်နည်းလမ်းတွေရှိနေတတ်ပါတယ်။ သူတို့ သင့်ကိုလှည့်စားနေတာတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ။ သင့်ကလေးတွေနဲ့ သင့်ကြားက ဆက်ဆံရေးကို ဘယ်လိုပြန်လည်တည်ဆောက်မလဲ။ သင့်ရဲ့ ဆယ်ကျော်သက်အရွယ် ကလေးက သင့်ကို ဘယ်လိုနည်းလမ်းတွေသုံးပြီး လှည့်စားမလဲ။ မိဘတွေဟာ သားသမီးတွေအပေါ် ထိန်းချုပ်ထားတာတွေ ရှိတတ်ပါတယ်။ အချို့သော ကိစ္စရပ်တွေမှာ သူတို့လေးတွေဟာ မိဘတွေကို အနိုင်တိုက်ဖို့ ဒါမှမဟုတ် အလျှော့ပေးစေဖို့အတွက နည်းလမ်းလေးတွေသုံးလာတတ်ကြပါတယ်။ ဆယ်ကျော်သက်ကလေးတွေသုံးလေ့ရှိကြတဲ့ အသုံးများကြတဲ့ လှည့်ကွက်လေးတွေကတော့ မေတ္တာ မိဘတွေနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးမနေတတ်တဲ့ ကလေးတွေဟာ မိဘထံမှ ခွင့်ပြုချက်ရဖို့ခက်ခဲတဲ့အခါ အမေနဲ့ အဖေရဲ့ နှလုံးသားကို အချစ်တွေပြရင်း၊ ကပ်ချွဲရင်း နဲ့ အရည်ပျော်အောင်လုပ်တတ်ကြပါတယ်။ ကလေးတွေနဲ့ သိပ်ပြီးမနီးကပ်တဲ့မိဘတွေကတော့ ဒီလှည့်ကွက်ထဲ အလွယ်တကူ ကျသွားတော့တာပါပဲ။ ဒေါသ တကယ်လို့ ကလေးတွေဟာ သူတို့မိဘတွေဆီက ငြင်းဆန်မှုတွေရခဲ့မယ်ဆိုရင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သွေးကင်ဆာသည် ကျောင်းနေကလေးတစ်ယောက်ကို သင်ဘယ်လိုကူညီမလဲ

သွေးကင်ဆာဖြစ်နေတဲ့ကလေးတွေဟာ သူတို့နေမကောင်းဖြစ်လို့ ကုသမှုခံယူရတိုင်း ကျောင်းတက်နိုင်မှာမဟုတ်ပါဘူး။ သူတို့ဟာ ကျောင်းမှာရှိတဲ့သူငယ်ချင်းတွေနဲ့ ဆရာမတွေကို လွမ်းဆွတ်နေနိုင်သလို သာမန်၊ ပုံမှန်ကျောင်းသားတစ်ယောက်ရဲ့ လူနေမှုဘဝကိုလည်း တမ်းတနေပါလိမ့်မယ်။ ကျောင်းပြန်တက်ဖို့ဆိုတာ သွေးကင်ဆာရောဂါသည် ကလေးတစ်ယောက်အတွက်တော့ ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်သလို စိန်ခေါ်မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေဟာ သူတို့မှာ တောက်ပနေတဲ့အနာဂတ်ရှိနေတယ်ဆိုတာနဲ့ ကင်ဆာရောဂါ အပြည့်အဝပျောက်နိုင်ချေရှိနေသေးတယ်ဆိုတဲ့ အတွေးတွေအတွက် အထောက်အပံ့တော့ ဖြစ်မှာပါ။   ကလေးကျောင်းပျက်တိုင်း ကျောင်းကို အသိပေးပါ။ ကလေးရဲ့ကျောင်းနဲ့ အဆက်အသွယ်မပြတ်စေဘဲ ဆရာတွေနဲ့ သူ့အတန်းဖော်လေးတွေ၊ ကျောင်းသားလေးတွေကို သင့်ကလေးရဲ့ကျန်းမာရေးအတွက် ဂရုစိုက်ပေးနိုင်ဖို့ ၊ စိတ်ဝင်တစားရှိဖို့ တိုက်တွန်းကြည့်ပါ။ ဆရာ၊ဆရာမတွေကလည်း ကလေးကို ကျောင်းမှာသူလွတ်သွားတဲ့ သင်ခန်းစာတွေကို ပြန်လည် ရှင်းပြပေးနိုင်ပါလိမ့်မယ်။ ကျောင်းအုပ်ကြီးဆီကို ကလေးရဲ့ရောဂါအခြေအနေတွေ၊ ကုသဖို့ အစီအစဉ်တွေကို ရေးပြီး ပို့ပေးဖို့ လည်း လိုအပ်ပါလိမ့်မယ်။ ကျောင်းက ကလေးရဲ့ အခြေအနေတွေ၊ ကုသမှု အချိန်စာရင်းတွေနဲ့ သင့်ကလေး ဘယ်လောက်ကျောင်းပျက်နိုင်မလဲဆိုတာ သိသင့်ပါတယ်။ ကလေးရဲ့အခြေအနေကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးများရန်ဖြစ် လျှင် မိဘများက ဘယ်လိုတားမလဲ

ကလေးများရန်ဖြစ် ခြင်းသည် သဘာဝပင်ဖြစ်ပြီး မောင်နှမများသည် မိဘတို့၏ အာရုံစိုက်မှုကို ရရှိစေရန် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြီးရန်ဖြစ်ခြင်းများပြုလုပ်တတ်ကြသည်။ မောင်နှမတိုင်းတွင် ပဋိပက္ခဖြစ်တတ်သည်မှာ ပုံမှန်ဖြစ်ပြီး သဘောထား မတိုက်ဆိုင်ခြင်းများကလည်း ရှောင်လွဲမရတတ်ပါ။ သို့သော် ကလေးများကြား ဆက်ဆံရေးပြန်လည် ကောင်းမွန်စေရန် အချက်မှာ ရန်ဖြန်တာကို ဘယ်လိုပြန်ဖြေရှင်းသလဲပေါ် မူတည်ပါသည်။ ညီအစ်ကို မောင်နှမချင်း ရန်ဖြစ်တာ မဆန်းပါ။ ဖြစ်ကိုဖြစ်တတ်သည်ကို သင်သိထားရပါမည်။ သို့သော် တခြားအရာများလိုပင် သင်ကိုင်တွယ်ရမည့်နည်းလမ်းနှင့် ဗျူဟာများတော့ လိုပါလိမ့်မည်။ ကလေးတွေ ဘာကြောင့် ရန်ဖြစ်ရသလဲ။ ပထမဆုံးအနေနှင့် ကလေးများရန်ဖြစ် ရသည့် အကြောင်းရင်း၄ ခုရှိသည်ကို သိထားသင့်ပါသည်။ တစ်ခုစီကလည်း ခံစားချက်တစ်မျိုးစီကို အခြေခံပါသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးများရန်ဖြစ်ခြင်းသည် များသောအားဖြင့် ခံစားချက်တွေကြောင့်ဖြစ်ပြီး ဟုတ်တိပတ်တိအကြောင်းများကြောင့် မဟုတ်ပါ။ ပျင်းရိခြင်း သင့်ကလေး ပျင်းလာသည့်အခါ သူ့ကိုပြန်တုန့်ပြန်မှာ သေချာသည့် တစ်ယောက်ယောက်ကို အပျော်စနောက်ရန်ရှာတာထက် ကောင်းတဲ့နည်းလမ်းရှိမှာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကြောက်လန့်ခြင်းအား ထိန်းချုပ်အနိုင်ယူနိုင်ရန် ကလေးများကို အကူအညီပေးခြင်း

ကလေးများကို ခွင့်မပြုသည့်နေရာများ ဘာကြောင့်ရှိရသလဲ။ အရွယ်ရောက်ပြီးသူများနှင့်မတူပဲ ကလေးများသည် အသိပညာနည်းသူများဖြစ်သောကြောင့် သူတို့၏ခံစားမှုနှင့် စိတ်အခြေအနေများအား ကောင်းကောင်းထိန်းချုပ်နိုင်စွမ်း မရှိကြပါ။ ဘယ်နေရာမဆို ကလေးများသည် မိဘများကို အရှက်ရစေနိုင်သည်ကိုမသိကြပဲ ကန်ကျောက် အော်ဟစ်တတ်ကြပါသည်။ ဖြစ်ရပ်အများစုတွင် သူတို့လိုချင်သည်ကိုမရသည့်အခါ ဒေါသထွက်ကြောင်း ပြသတတ်ကြသော်လည်း တချို့အခြေအနေများတွင်တော့ ၎င်းတို့သည် အကြောက်တရား၊ စိုးရိမ်မှုတို့နှင့် ဆက်စပ်နေပါသည်။ ကလေးများ၏ အကျိုးအကြောင်းမရှိ ကြောက်တတ်ခြင်းသည် အသက်ကြီးလာသည်နှင့် တဖြည်းဖြည်းပျောက်သွားတတ်ပါသည်။ သို့သော် မိဘများမှ ဘာလုပ်ရမည်ကိုသိထားလျှင် မြန်မြန်ပျောက်သွားအောင် တွန်းအားပေးနိုင်ပါလိမ့်မည်။ ထိတ်လန့်၍အကြောက်ကြီးနေသောကလေးအား ဘယ်လိုစိတ်ငြိမ်အောင်လုပ်မလဲ။ အေးဆေးပြီး ပုံမှန်ဖြစ်သောအသံကိုထိန်းပြောပါ။ အရွယ်ရောက်ပြီးသူများ စိတ်ထဲတွင်မှတ်ထားရမည့် ပထမဆုံးသောအရာမှာ ကလေးများမှ မရည်ရွယ်ပဲ ပြုလုပ်မိသည့် မကောင်းသော ခံစားချက်များနောက်လိုက်ပြီး စိတ်လိုက်မာန်ပါမလုပ်ရန်ဖြစ်သည်။ ပြောသည်မှာ လွယ်သလောက် တကယ်မလုပ်ရန်ခက်၏။ အသံကျယ်ခြင်းသည် စိတ်အခြေအနေကို ပိုဆိုးဝါးစေသောကြောင့် မိဘများသည် အသံကို နှိမ့်ပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေသင့်သည်။ ရုပ်ပိုင်းဆိုင်ရာဖြင့် ချစ်ခင်မှုကိုပြပါ။ ကလေးလက်များကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

လင်ပါမယားပါသားသမီးများနှင့် ဘယ်လိုဆက်သွယ် ပတ်သက်မလဲ

မိထွေး ပထွေးတိုင်း ရုန်းကန်ရလေ့ရှိသည့် အချက်များထဲမှ တစ်ခုသည် သူတို့၏ အိမ်ထောင်ဖက်မှ ပါလာသော သားသမီးများနှင့် ကောင်းမွန်ပြည့်စုံသော ဆက်ဆံရေးရရှိရန် ဘယ်လိုလုပ်ရမည်ကို မသိခြင်းပင်ဖြစ်သည်။ ကြိုးစားရာတွင် အချိန်နှင့်စိန်ခေါ်မှုတော့ အနည်းငယ် လိုပါလိမ့်မည်။ ထို့ကြောင့် သင့်ဖက်က စိတ်ရှည်ရှည်ထားပြီး အိမ်ထောင်ဖက်၏ကလေးများနှင့် ဆက်နွယ်ပါတ်သတ်ရာတွင် အထောက်အကူပြုမည့် အောက်ပါ အလွယ်ကူဆုံး နည်းဗျူဟာ ၄ ခုကို လေ့လာကြည့်ပါ။   ၁။ ပထမဆုံးတွေ့တွေ့ချင်း ထင်မြင်ချက်သည် အရေးကြီး၏။ · လူတစ်ဦးနှင့် စစတွေ့ချင်း သူ့အပေါ် ထင်မြင်ချက်အမြင်သည် အချိန်အတော်ကြာသည်အထိ မပြောင်းလဲနိုင်သော လူသားတို့၏ သဘာဝဖြစ်ပါသည်။ ထို့ကြောင့် မိထွေး ပထွေးများအနေဖြင့် အိမ်ထောင်ဖက်မှ ပါလာသော ကလေးများနှင့် စစတွေ့ချင်း အကောင်းဆုံးသော ပုံရိပ်ကို ဖန်တီးပြီး အထင်ကြီးလေးစားအောင် သူတို့ဘဝအတွက် အချိန်ပေးနေထိုင်မည့်သူဖြစ်ကြောင်းသိအောင် လုပ်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် နွေးထွေးသော […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ် လုံလောက်တဲ့ မိခင်နို့ရရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ

ကလေးငယ်ဟာ မိခင်နို့ အလုံအလောက်ရရှိမှု ရှိမရှိဆိုတာဟာ မိခင်အသစ်တွေ အတွက် စဉ်းစားစရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ မိခင်အားလုံးဟာ သူတို့ရဲ့ ကလေးငယ်တွေ လိုအပ်တဲ့ အာဟာရကို ရရှိစေလိုကြပါတယ်။ ဒါပေမယ့် သင်က ကလေးကို မိခင်နို့တိုက်ကျွေးချိန်မှာ ကလေးငယ်က ဘယ်လောက် ရရှိတယ်ဆိုတာ မြင်နိုင်ခြင်းမရှိပါဘူး။ မိခင်အများစုက ကလေးငယ် သောက်နိုင်သလောက် မိခင်နို့တိုက်ကျွေးလေ့ရှိပေမယ့် အချို့ကလေးငယ်တွေအတွက် လုံလောက်မှု မရှိပါဘူး။ ဒီလိုအခြေအနေတွေ ကြာမြင့်တဲ့အခါ သင့်ကလေးငယ်ဟာ ရေဓာတ်ကုန်ခမ်းခြင်းနဲ့ အာဟာရချို့တဲ့ ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ် လုံလောက်တဲ့ မိခင်နို့ရရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ ။ ကလေးငယ် နဲ့ မိခင်နို့ရည် သင့်ကလေးငယ်ဟာ သူမရဲ့ တစ်ရှူးတွေထဲမှာ အရည်အချို့နဲ့ မွေးဖွားလာပါတယ်။ ဒီအရည်တွေဟာ ပထမ ၄၈ နာရီအတွင်းမှာ ကိုယ်ခန္ဓာပြင်ပကို စွန့်ထုတ်လိုက်မှာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင်၏ ရှက်ကြောက်တတ်သောကလေးကို ကူညီပေးပါ

လူတိုင်းသည် မတူညီသော ပင်ကိုစရိုက်၊ ကိုယ်ရည်ကိုယ်သွေးများဖြင့် မွေးဖွားလာကြသည်။ ထင်ရှားသော ပင်ကို စရိုက်များဖြင့် သင့်ကလေးသည် ပတ်ဝန်းကျင်ကို တုံ့ပြန်သည့်အခါ သူတို့၏ ကိုယ်ပိုင်ဟန်ပန်နည်းလမ်းများရှိကြသည်။ ပုံစံများစွာထဲမှ ရှက်ကြောက်တတ်ခြင်းသည် အဖြစ်အများဆုံး ဖြစ်ပုံရသည်။ ရှက်ကြောက်တတ်သည့် ဗီဇရှိသော ကလေးများသည် အခြားသူများနှင့် ဆက်ဆံရသည့်အခါ စိတ်မသက်မသာခံစားကြရတတ်သည်။ ရှက်ကြောက်တတ်ခြင်းသည် ပေါ်လာပြီးပျောက်သွားတတ်သော အရာမဟုတ်ပေ။ မိဘများသည် ကလေးကို အခြားသူများနှင့် ဆက်ဆံသည့်အခါ ယုံကြည်ချက်ရှိပြီး သက်တောင့်သက်သာဖြစ်စေရန် ကူညီပေးသင့်သည်။   သင့်ကလေးကို ရှက်ကြောက်တတ်ခြင်းမှ ကင်းဝေးစေရန် ကူညီနိုင်မည့် နည်းလမ်းကောင်းများ အောက်ပါတို့သည် ရှက်ကြောက်တတ်သော ကျောင်းမနေခင်အရွယ်သင့်ကလေးကို အခြားသူများနှင့် လူမှုဆက်ဆံရေးတွင် ပါဝင်လာစေရန် ကူညီပေးရန် ဖြစ်သည်။ -သင့်ကလေးကို တဖြည်းဖြည်း အားပေးပါ။ သင်၏ ရှက်ကြောက်တတ်သော ကလေးကို အခြားသူမရင်းနှီးသော လူကြီးတစ်ယောက်ကို ဇွတ်အတင်း လက်ခံရင်းနှီးစေလို၍ မရပေ။ ထိုသူသည် သင့်ကလေးနှင့် အတူတကွ ဆော့ကစားပေးပြီး သင့်ကလေးမှ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ရုပ်မြင်သံကြားကို ပိုကြည့်သော ကလေးများသည် လူမှုဆက်ဆံရေးမကောင်းသည့် အခြေအနေမျိုးပိုဖြစ်နိုင်သည်

ရုပ်မြင်သံကြားသည် ကလေးများကို ဖျော်ဖြေရေနှင့်ပညာရေး အတွက် အရင်းအမြစ်များစွာ ပေးနိုင်သည်။ သို့သော် ရုပ်မြင်သံကြားကို ကြာမြင့်စွာ ကြည့်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ ထို့အပြင် လေ့လာမှုတစ်ခုတွင် ရုပ်မြင်သံကြားကြည့်ခြင်းသည် ကလေးများကိုလူမှုဆက်ဆံရေးတွင်ပြသနာဖြစ်စေနိုင်သည် ဟု အံ့သြဖွယ်ရာဖော်ပြထားသည်။ Sociopath သည်မည်သည်ကို ဆိုလိုပါသလဲ။ Sociopath သည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးအဆင်မပြေပဲ ကိုယ်ချင်းစာစိတ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းဖြစ်သည်။ ထိုသို့သောလူများတွင် အမှန်အမှားကို ခွဲခြားနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ထိုသူများသည် အကြမ်းဖက်မှုများပြုလုပ်နိုင်ပြီး၊ လူများကို သူတို့ အလိုဆန္ဒအတွက် အသုံးချစရာပစ္စည်းများအဖြစ်သတ်မှတ်တတ်ကြသည်။ ထိုသူများသည် လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိသော သူများအဖြစ် သတ်မှတ်ထားကြသည်။ သင့်ကလေးသည် sociopath ဖြစ်နေနိုင်သည့် လက္ခဏာများ - ရည်ရွယ်ချက်ဖြင့် မီးရှို့ခြင်း - တိရိစ္ဆာန်များကို ညှင်းပန်းနှိပ်စက်ခြင်း - အမှားပြုလုပ်သည့်အတွက် နောင်တမရတတ်ခြင်း - သူတစ်ပါးအား ခြိမ်းခြောက်ရန်၊ အပြစ်ပေးရန် မကြောက်ရွံ့ခြင်း မိဘများသည် မိမိ ကလေးတွင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်စုံတစ်ရာဖြစ်လာလျင် […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနှင့် ကျောင်းမနေခင်အရွယ်ကလေးများအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း

ကစားစရာအရုပ်များသည် ကစားရန်အတွက်သာမဟုတ်ပေ။ ၎င်းတို့သည် သင့်ကလေးအတွက် လောကကြီးကို ဆက်သွယ်ရန်၊ စူးစမ်းရန်အတွက် အသုံးဝင်သော စိတ်ဝင်စားဖွယ်ရာ ပစ္စည်းတစ်ခုလည်းဖြစ်သည်။ ကစားစရာများသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့သော်တခါတရံတွင် ၎င်းတို့သည် ကလေးအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ထို့ကြောင့် မိဘတိုင်းသည် ကလေးအတွက် သင့်တော်သော ကစားစရာကို ရွေးချယ်ပေးနိုင်ရန် ကစားစရာများ၏ စိတ်ချရမှုကို သိထားသင့်ပါသည်။   အသက်အရွယ်ပေါ်မူတည်ပြီး ကစားစရာရွေးချယ်ခြင်း ကလေး၏ ဘေးကင်းရေးအတွက် မိဘများသည် ကလေး၏ အသက်နှင့် သင့်တော်သော ကစားစရာကို ရွေးချယ်ပေးသင့်ပါသည်။ ကစားစရာများပေါ်တွင် အသက်ညွှန်ကြားချက်မပါလျင် မဝယ်ပါနှင့်။ အောက်ပါတို့သည် ကလေးများနှင့် ကျောင်းမတက်ခင်အရွယ်ကလေးများနှင့်သင့်တော်သော ကစားစရာများကိုဖော်ပြထားခြင်းဖြစ်သည်။ တစ်နှစ်မှ သုံးနှစ်သား ကလေး ဆေးခြယ်သည့် မှင်တံ၊ ပုံဆွဲသည့် ခဲတံ၊ ရွှံ့ဖြင့်ပြုလုပ်သော အရုပ်၊ သစ်သားတုံးများ ရုပ်သေး၊ ကစားစရာဖုန်း၊ အရုပ်ဝတ်ပေးရသော အရုပ်မ၊ နှင့် အဆင်တန်ဆာများ ရုပ်ပုံများ၊ အရောင်စုံဖော်ပြချက်များပါသောစာအုပ်။ အရုပ်ဆက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း