backup og meta

ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

    အထူးသဖြင့် အစာရွေးတဲ့ ကလေးတွေမှာ အစာကျွေးချိန်တွေဟာ မိဘတွေအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ကလေးက အသက်ကြီးလာတဲ့အခါ သူတို့ လုပ်ချင်တာနဲ့ စားချင်တဲ့အစာတွေနဲ့ ပတ်သက်ပြီး အမှီအခို ကင်းလာကြပါတယ်။

    အစမှာတော့ ဒါဟာ အလွန် စိတ်ရှုပ်စရာကောင်းပါတယ်။ အစာရွေးခြင်းဟာ ကလေးရဲ့ အစပထမနှစ်တွေမှာ အဖြစ်များပါတယ်။ ဒါဆို ဒီလို အစာရွေးတဲ့ ကလေးကို အစာကျွေးစဉ်မှာ ဘာတွေ သိထားသင့်သလဲ ကြည့်လိုက်ကြရအောင်။

    ဖြစ်နိုင်ရင် ကလေးကို အခြားမိသားစုဝင်တွေနဲ့ အတူ စားခွင့်ပေးပါ။

    မိဘအများစုဟာ ကလေးကို မိသားစု ထမင်းဝိုင်းမှာ စားခွင့်ပေးမယ်ဆိုရင် စိတ်တိုခြင်း၊ အာခံခြင်းမရှိပဲ ကလေးတွေ ကောင်းကောင်းစားတာကို တွေ့ရမှာပါ။ ဒါဟာ အစာစားရုံတင်သာမက မိသားစုအချင်းချင်း ရင်းနှီးမှုရတဲ့ အချိန်လည်းဖြစ်ပါတယ်။

    သူတို့တစ်နေ့တာအကြောင်းကို မေးမြန်းခြင်းအားဖြင့် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီကျခြင်းကို မေ့အောင်ပြုလုပ်နိုင်ပါတယ်။ သူတို့ကို စားပွဲမှာအတင်းထိုင်ခိုင်းမယ့်အစား ဒါဟာ သူတို့အစားအသောက်ကို ပျော်မွေ့စေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    အရသာရှိပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပါ။

    လူတွေဟာ အစားအစာရဲ့ အရောင်၊ အရသာနဲ့ အခင်းအကျင်းကို စွဲမက်တတ်ကြပါတယ်။ ကလေးတွေဟာလည်း အတူတူပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ကလေးတွေအတွက် အစားအသောက်ပြုလုပ်နည်းတွေ ရှိပါတယ်။

    ကလေးကို အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အစာကိုကျွေးပြီး အသီး၊ အချိုလျှော့ထားတဲ့ ကိတ်မုန့်ရှိတဲ့ အချိုပွဲကို ဆက်ကျွေးနိုင်ပါတယ်။ နှစ်ခါ ကျွေးခြင်းဟာ ကလေးတွေကို လိုအပ်တဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်ကို အပြည့်ရစေပါတယ်။

    သင့်ကလေး ပျင်းမသွားရအောင် အချိုပွဲကို တစ်နေ့တစ်မျိုး ပြောင်းသင့်ပါတယ်။ ဒါပေမယ့် အဓိကအစားအသောက်မှာ အာရုံလျော့မသွားအောင် ကလေးကို အစာစားပြီးတိုင်း သကြားလုံးကျွေးခြင်းကို မပြုလုပ်သင့်ပါဘူး။

    ကျွေးတဲ့အခါလည်း ကလေးရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုကို ပံ့ပိုးပေးမယ့်အစားအစာတွေ၊ အမြင်အာရုံနဲ့ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးကျန်းမာစေဖို့ အာဟာရဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ဖို့လိုပါတယ်။ ဥပမာ- မျက်စိနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့ DHA (omega-3 fatty acid တစ်မျိုး) ပါဝင်တဲ့ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ ငါးတို့အပြင် ဘယ်ရီသီးတွေလို အသီးအနှံလေးတွေကိုလည်း အမျိုးမျိုးဖန်တီးကျွေးသင့်ပါတယ်။

    ချက်ပြုတ်ချိန်မှာ ကလေးငယ်တွေကို ပါဝင်စေပါ။

    ကလေးတွေဟာ တစ်နေရာတည်းမှာ ထိုင်နေရတာကို ပျင်းရိတတ်ကြပါတယ်။ ကြီးလာတဲ့အချိန်ကျရင် သင့်ကလေးကို အစားအသောက်ဝယ်ချိန်တွေမှာ ခေါ်သွားနိုင်ပါတယ်။ ကလေးဟာ အစားအသောက်တွေ ရွေးတဲ့အခါ ကူညီရတာကို ပျော်ရွှင်တတ်ကြပါတယ်။

    ပြီးရင်တော့ သူတို့ကို ပုံမှန်ရိုးရှင်းတဲ့ အစားအသောက်တွေကိုပြင်ဆင်စေခိုင်းသင့်ပါတယ်။ မစားသောက်ခင် အစားအသောက်လတ်လတ်ဆတ်ဆတ်တွေကို မြင်ရတာကြောင့် ပိုပြီး စားဝင်စေပါတယ်။ ပြီးရင်တော့ သူ့ကို စားပွဲပြင်ဆင်ခြင်းမှာ အကူအညီပေးစေသင့်ပါတယ်။

    ဒီလိုသေးငယ်တဲ့ အပြုအမူလေးတွေဟာ ကလေးတွေရဲ့ အစာစားချင်စိတ်ကို တိုးတက်စေပါတယ်။

    အစာစားချိန်ဟာ စားပွဲမှာပဲ ထိုင်နေရမယ်လို့ မဆိုလိုပါဘူး။

    ဖြစ်နိုင်ရင် သင့်ကလေးကို အပြင် ပျော်ပွဲစားထွက်ပေးခြင်း၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင် ခေါ်သွားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    တစ်ခါတရံ သူတို့ကြိုက်နှစ်သက်တဲ့ အာဟာရပြည့်ဝတဲ့ မုန့်တွေကိုလည်း ကျွေးနိုင်ပါတယ်။

    နိဂုံးချုပ်ရရင် အကောင်းမြင်တဲ့စိတ်ထားပြီး သင့်ကလေးကို အစာကျွေးရခက်ခြင်းကို ကျော်လွှားနိုင်ပါတယ်။ သင့်ကလေးက ဗိုက်ပြည့်သွားရင် သူတို့ကို အစာထပ်ကျွေးခြင်းဟာ ဗိုက်နာစေနိုင်တာမို့ မပြုလုပ်သင့်ပါဘူး။

    ကျန်းမာပြီး ဆွဲဆောင်မှုရှိတဲ့ အစားအစာတွေ လုပ်ကျွေးခြင်းဟာ ကလေးတွေကို ပျော်ရွှင်စေပြီး အစာစားဖို့ မျှော်နေစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement