backup og meta

အချိန်စောပြီး အရွယ်ရောက်တဲ့ သင့်ကလေးကို ဘယ်လို ကူညီမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိန်စောပြီး အရွယ်ရောက်တဲ့ သင့်ကလေးကို ဘယ်လို ကူညီမလဲ

    Precocious puberty ဆိုတာ အချိန်စောပြီး အရွယ်ရောက် ဖွံ့ဖြိုးလာတာပါ။ ပုံမှန်ဆိုရင် ကလေးတွေက မိဘတွေထက် အရွယ်ရောက်တာ ပိုစောလေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားမှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက မိဘရောသားသမီးအတွက်ပါ စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။

    ဒီဆောင်းပါးမှာ စောပြီးအရွယ်ရောက်တဲ့ သင့်ကလေးကို အသက်သာဆုံးနည်းလမ်းနဲ့ ကူညီနိုင်မယ့် တချို့အချက်လေးတွေကို ဖော်ပြသွားမှာပါ။

    Precocious puberty ဆိုတာကို နားလည်ပါ

    Precocious puberty ဆိုတာ ကလေးက ငယ်တဲ့အရွယ်မှာ အရွယ်ရောက်တဲ့ လက္ခဏာရပ်တွေ ပေါ်လာတာကို ဆိုလိုတာပါ။ precocious puberty ဟာ ယနေ့ခေတ်မှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်လာပါပြီ။ အရွယ်ရောက်စောတာ ဖြစ်စေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်တဲ့ သီအိုရီတွေ အများအပြားရှိပါတယ်။ မိသားစုဆက်ဆံရေး၊ ကပ်ရောဂါ၊ ပလပ်စတစ်၊ အဝလွန်ခြင်း စတာတွေ ဖြစ်ပါတယ်။

    North Carolina ၊ private practice ရဲ့ ကလေးအထူးကုတစ်ဦးဖြစ်တဲ့၊ Dad to Dad: parent Like a Pro ရဲ့ ရေးသားသူ David L. Hill, MD ရဲ့အဆိုအရ precocious puberty မှာ central precocious puberty နဲ့ peripheral precocious puberty ဆိုပြီး ၂ မျိုးရှိပါတယ်။

    ပိုအသေးစိတ်ပြောရရင် central precocious puberty ဆိုတာ pineal gland က ဦးနှောက်ထဲကို ဟော်မုန်းထုတ်ပေးရင် ဖြစ်တာပါ။ peripheral precocious puberty ကတော့ ကလေးရဲ့ sex organs နဲ့ adrenal glands က ဟော်မုန်းပမာဏ အတော်များများ ထုတ်လုပ်ပေးတဲ့အခါ ဖြစ်တတ်ပါတယ်။

    ကလေးတွေမှာ အရွယ်ရောက်စောတာက သတိထားမိဖို့ လွယ်ကူပါတယ်။ မိန်းကလေးတွေမှာဆို အသက်၈နှစ်မတိုင်ခင်မှာ ရင်သားတွေ ဖွံ့ဖြိုးလာမယ်၊ ဆီးခုံနဲ့ ချိုင်းမှာ အမွှေးအမျှင်တွေ ပေါက်လာမယ်၊ ချိုင်းနံ့ ထွက်လာမယ်၊ ဓမ္မတာ စလာပါလိမ့်မယ်။

    ယောက်ျားလေးတွေမှာဆို ကပ္ပါယ်အိတ်တွေ၊ လိင်တံတွေ ဖွံဖြိုးလာမယ်၊ အသက်၉နှစ်မတိုင်ခင် သုတ်လွှတ်မှု ကို ကြုံတွေ့ရတတ်ပါတယ်။

    Precocious puberty နဲ့ မိန်းကလေးတွေရဲ့ အပြုအမူ

    တကယ်လို့ သင့်သမီးက အပျိုဖော်ဝင်တာ စောခဲ့ရင် ဟော်မုန်းအပြောင်းအလဲက သူမရဲ့ စိတ်အခြေအနေကို ရိုက်ခတ်စေနိုင်ပါတယ်။ အဲ့အချိန်ဟာ မိန်းကလေးတွေအတွက် ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ စိတ်ကျခြင်း၊ အစားအသောက်မမှန်ခြင်း၊ အပြောအဆိုမထိန်းသိမ်းနိုင်ခြင်း စတာတွေ အဖြစ်များပါတယ်။

    မိဘအနေနဲ့ သူမရဲ့ သူငယ်ချင်း၊ ချစ်သူရည်းစား၊ လိင်ကိစ္စတွေကို သူမနဲ့ သေသေချာချာ ပြောဆိုဆွေးနွေးသင့်ပါတယ်။ ဒီပြောင်းလဲမှုဆိုတာ ပုံမှန်ဖြစ်ကြောင်း၊ တခြားကလေးတွေထက် စောသွားတာပဲ ဖြစ်ကြောင်း သူမသိအောင် ပြောပြပေးပါ။

    Precocious puberty နဲ့ ယောက်ျားလေးတွေရဲ့ အမူအကျင့်

    များသောအားဖြင့် အချိန်စောပြီး အရွယ်ရောက်တာက ယောက်ျားလေးထက်စာရင် မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တကယ်လို့ သင့်သားက အရွယ်ရောက်စောခဲ့ရင် လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ရန်လိုချင်စိတ်များခြင်း စတာတွေ ကြုံတွေ့ရတတ်ပါတယ်။

    ကျောင်းမှာ အဆင်မပြေဖြစ်တာ၊ တခြား ယောက်ျားလေးတွေနဲ့ ပြဿနာတတ်တာတွေ ဖြစ်တတ်ပါတယ်။ သူ့ကို လူကြီးတစ်ယောက်လို မြင်နေရင်တောင်မှ ပုံမှန်အတိုင်းပဲ ဆက်ဆံသင့်ပါတယ်။

    သင့်ကလေးတွေကို precocious puberty အကြောင်း ပြောပြခြင်း

    ကလေးတွေဟာ မကြာခဏဆိုသလို သူတို့ရဲ့ ပြောင်းလဲမှုတွေကို ကိုင်တွယ်တဲ့အခါ အခက်အခဲ တွေ့တတ်ကြပါတယ်။ သူတို့ဖာသာ ရင်ဆိုင်ဖြေရှင်းစေမယ့်အစား သင့်အနေနဲ့ သူတို့ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောဆိုသင့်ပါတယ်။

    အရွယ်ရောက်တာနဲ့ ပတ်သက်ပြီး သူတို့ သိသင့်သမျှအားလုံးကို ရှင်းပြပေးသင့်ပါတယ်။ သင့်အနေနဲပ အိမ်အပြင်မှာ ဖြစ်တာတွေကို မထိန်းချုပ်နိုင်ပေမယ့် အိမ်ကိုတော့ သူတို့စိတ်ထဲ ရှိတဲ့ အတိုင်းနေနိုင်တဲ့ အိမ်ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement