backup og meta

ကလေးငယ်တွေ အော့အန်ခြင်းကို ကာကွယ်ကုသနိုင်စေဖို့ မိခင်များအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်တွေ အော့အန်ခြင်းကို ကာကွယ်ကုသနိုင်စေဖို့ မိခင်များအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာများ

    ဖြစ်ရပ်အများစုမှာ အော့အန်ခြင်းဟာ အန္တရာယ်များလှတဲ့အခြေအနေတွေတော့မဟုတ်ပါဘူး။ ပြီးတော့ ဒီအဖြစ်က ဆေးကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားနိုင်တာမျိုးပါ။

    ဒါပေမယ့် အော့အန်နေတဲ့ကလေးတစ်ယောက်လောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာ၊ စိတ်ရှုပ်စရာကောင်းတာမျိုး ရှိမှာမဟုတ်ပါဘူး။

    သင့်ကလေးကို ဒီလို စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် သင်နဲ့ သင့်ကြင်ဖော်က ဒီလိုအော့အန်တာကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာ နားလည်နေဖို့ အရေးကြီးလှပါတယ်။

    အော့အန်ခြင်း၏ အကြောင်းရင်းများ

    အော့အန်ခြင်းဟာ အခြားသော ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်နေပေမယ့် အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက အချို့ကတော့…

    Viral gastroenteritis (အစာအိမ်တုပ်ကွေးလို့လည်းခေါ်ကြပါတယ်) ဟာ ဝမ်းဗိုက်ပိုင်း ကူးစက်ပိုးဝင်ခြင်းဖြစ်ပြီး rotavirus သို့မဟုတ် Contaminated Food တွေမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။

    Gastroeneritis ဟာ ပုံမှန်အားဖြင့် ဝမ်းပျက်ခြင်း၊ အဖျားဝင်ခြင်းနဲ့ စားချင်စိတ်လျော့နည်းခြင်းတွေကိုဖြစ်စေတတ်ပါတယ်။ ဒီကူးစက်ပိုးဝင်ခြင်းဟာ ရက်အနည်းငယ်မှ တစ်ပတ်နှင့်အထက် ကြာနိုင်ပါတယ်။

    ခရီးပန်းခြင်း သို့မဟုတ် Motion sickness ဆိုတာ အပျော့စားမှ ပြင်းထန်တဲ့အခြေအနေတွေရောက်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာမရှိမှုတွေပါ။ ဒီအဖြစ်ဟာ ခရီးထွက်ခဲတဲ့သူတွေ သို့မဟုတ် ခရီးလုံးဝမသွားဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။

    ဒါကြောင့် ကလေးငယ်အများစုက ဒီအခြေအနေကို ခံစားနေရတာပါ။ ဒါဟာ သင့်ရဲ့အာရုံခံနစ်က သင့်ခန္ဓါကိုယ်ရွေ့လျားနေတာကို သတိပြုမိပြီး အခြားသော အစိတ်အပိုင်းတွေက ပြောင်းလဲမှုတွေကို သတိမပြုမိတဲ့အခါ ဦးနှောက်မှာ အချက်ပြမှုတွေ ရောပြွမ်းကုန်တာကြောင့်ဖြစ်ရတာပါ။

    အစာခြေစနစ် ဥပမာ- Lactose ဓါတ်မတည့်ခြင်း၊ အစာနဲ့ဓါတ်မတည့်ခြင်း သို့မဟုတ် Celiac disease (glutenနဲ့ ဓါတ်မတည့်ခြင်း)တွေ။ ဒါဟာ ကလေးငယ်တွေ အစောပိုင်းမှာ စားလိုက်တဲ့အစာတွေကြောင့် သိပ်ပြီး ပြည့်အင့်သွားတဲ့အခါမျိုးတွေမှာလဲ ဖြစ်နိုင်ပါတယ်။

    အစာအဆိပ်သင့်ခြင်း

    အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေဟာ viral gastroenteritis နဲ့ ဆင်သလိုရှိပေမယ့် ပိုပြီးပြင်းထင်ပါတယ်။ ဒီအခြေအနေရဲ့ ပြင်းထန်မှုဟာ သင့်ကလေးစားသုံးလိုက်တဲ့ အစာထဲမှာပါတဲ့ ရောဂါပိုး (germs)တွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးကောင်တွေ၊ ဓါတုပစ္စည်းတွေရဲ့ အရည်အသွေး၊ အရေအတွက်တွေပေါ် မူတည်နေပါတယ်။

    ကလေးငယ်တွေကို အော့အန်စေတဲ့ အခြားအဖြစ်နည်းတဲ့ အကြောင်းရင်းတွေကတော့..

    ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း

    ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine headache)

    အဆုတ်၊နား၊အစာအိမ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ပိုးဝင်ခြင်း

    အူအတက် စတာတွေကြောင့်ပါ။

    အော့အန်ခြင်းအတွက် ကာကွယ်ခြင်းနှင့် ကုသခြင်း

    ကလေးအော့အန်ပြီးချိန်မှာ ရေဓါတ်ကောင်းကောင်းပြန်ဖြည့်ပေးဖို့က အရေးအကြီးဆုံးပါပဲ။ ဒါပေမဲ့ သူတို့ကို ရေနည်းနည်းပဲတိုက်သင့်ပြီး အရည်တွေအများကြီးဝင်အောင်လည်း ဖိအားမပေးသင့်ပါဘူး။

    ပိုပြိးကောင်းတာကတော့ ရေဓါတ်ပြန်ဖြည့်ပေးနိုင်တဲ့အရည် သို့မဟုတ် သဘာဝအအန်သက်သာစေတဲ့ဆေးတွေ ဥပမာ ချင်း သို့မဟုတ် ပျားရည်လက်ဖက်ရည်စတာတွေကို တိုက်ပေးသင့်ပါတယ်။ သကြားများပြားစွာ ပါဝင်တဲ့ အချိုရည်တွေ တိုက်ခြင်းမှ ရှောင်ကြဉ်ပါ။

    မိခင်နို့စို့နေတဲ့ မွေးကင်းစကလေးငယ်တွေအတွက်တော့ နို့တိုက်ချိန် ခပ်ကြာကြာယူတာမျိုးမလုပ်ဘဲ မကြာခဏတိုက်တာမျိုး ြာင်းလုပ်ပါ။

    နည်းနည်းပိုကြီးတဲ့ကလေးတွေအအတွက်တော့ ပုံမှန်စားစရာတွေကို မအန်ဘဲ ၈နာရီလောက်နေပြီးတဲ့အချိန်မှ ဖြည်းဖြည်းချင်းစီ ပြန်ကျွေးကြည့်ပါ။ သူတို့ကို သကြားဓါတ်ပါဝင်မှုများတာတွေ အဆီပါဝင်မှုများတဲ့အစာတွေမကျွေးပါနဲ့။ ဒီအစားအစာတွေက အားနည်းနေတဲ့အစာအိမ်ကို ထပ်ပြီး ဒုက္ခရောက်စေနိုင်ပါတယ်။

    ဖြစ်နိုင်မယ်ဆိုရင် ကလေးကို ဘေးစောင်းလှဲအိပ်ခိုင်းပါ။ ဒါမှမဟုတ် မှောက်အိပ်ခိုင်းပါ။ (အသက်နည်းနည်းကြီးတဲ့ကလေးတွေအတွက်သာ) ဒါဟာသူတို့ ထပ်အန်တဲ့အချိန် အသက်ရှူခြင်းကို ကာကွယ်နိုင်စေဖို့ဖြစ်ပြီး ဒီလိုအသက်ရှူတာက အော့အန်ခြင်းကိုပိုပြီး ဆိုးရွားစေပါတယ်။

    ပြီးတော့ ဒါက သူတို့ရဲ့ပြန်ကောင်းလာတဲ့ နှုန်းကို ပိုပြီး နှေးကွေးစေနိုင်လို့ပါ။

    ရေးသားသူ− Wuthun Myat Chal

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 11/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement