ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ

ကလေးလေးတွေက လူကြီးတွေလိုပဲ ချွေးထွက်တတ်ပါတယ်။ လူကြီးတွေနဲ့ မတူတာက သူတို့က ချွေးထွက်တဲ့အခါ လူကြီးတွေလိုမျိုး ‌ချွေးသုတ်တာ၊ ချွေးမထွက်အောင်နေတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ ဒါကြောင့် ချွေးစားပြီး အရေပြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ကလေးအသားအရေ ချွေးမစားစေဖို့ မေမေတို့က ဒီလိုကူညီပေးလို့ရပါတယ်။ ကလေးတွေမှာ ချွေးထွက်များရတဲ့ အကြောင်းရင်း ချွေးထွက်တယ်ဆိုတာက ခန္ဓာကိုယ်အပူချိန်ကိုထိန်းနည်း တစ်မျိုးပါပဲ။ ကလေးလေးတွေက ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားနေရတဲ့အတွက် လူကြီးတွေထက်စာရင် ချွေးပိုထွက်နိုင်ပါတယ်။ ကလေးတွေမှာ ချွေးထွက်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ ရာသီဥတုပူတာ ကလေးကို အနှီးတွေ၊ အဝတ်တွေနဲ့ အထပ်ထပ် ထုပ်ထားတာ ဖျားတာ အစာစားချိန်၊ နို့စို့ချိန်မှာ ချွေးထွက်တာ အိပ်နေချိန်မှာ ချွေးထွက်တာ မျိုးဗီဇ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက အဖြစ်များတဲ့ အကြောင်းရင်းတွေဖြစ်ပြီး ရောဂါတွေ (ဥပမာ မွေးရာပါ နှလုံးရောဂါ၊ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သေဆုံးခြင်းအကြောင်း သင့်ကလေးများကို သင်ကြားပါ

အချို့ကလေးများသည် သူတို့ဘဝတွင် ပြင်းထန်သော စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု ခံစားရနိုင်သည်။ ငယ်ရွယ် သော်လည်း ကလေးများသည် မိဘများ၏ မျက်နှာတွင် ဝမ်းနည်းခြင်းကို သတိထားနိုင်သည်။ တုန်လှုပ်ဖွယ် အဖြစ် အပျက်များ ဖြစ်ပွားပြီး သူတို့မှတ်ညဏ်တွင် အချိန်အလွန် ကြာစွာ အမာရွတ်စွဲထင်ခြင်း ရှိနိုင်သည်။ မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးများ ဆုံးရှုံးခြင်း၊ အိမ်မွေး တိရစ္ဆာန် သို့မဟုတ် သူငယ်ချင်းကောင်း တစ်ယောက် သေဆုံးခြင်း သည် ကလေးများကို အလွန်စိတ်ထိခိုက်သော အခြေအနေသို့ ရောက်စေသည်။ ထို့ကြောင့် မိဘများသည် ကလေးများကို သေခြင်းအကြောင်း ပြောရာတွင် ဂရုတစိုက် သတိပြုရမည်။ သင်သည် မိမိဘာသာ တည်ငြိမ်သော စိတ်အခြေအနေ ရအောင် ပြင်ဆင်ပါ။ စတင်ရန်အတွက် သင်သည် တစ်စုံတစ်ယောက်၏ သေဆုံးခြင်းအပေါ် ဘယ်လိုခံစားသလဲဆိုတာ ရှင်းလင်း အောင်လုပ်ထားသင့်သည်။ သင့်ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မျှမျှတတလုပ်ဆောင်တတ်စေရန် သွန်သင်ပေးခြင်း

မျှမျှတတဖြစ်ခြင်းသည် လူများနေ့စဉ် ဆက်ဆံကြရာ၌ လိုအပ်သောအရာဖြစ်ပြီး ကလေးများအားလုံး သိထားရမည့် အရာဖြစ်ပါသည်။ မျှတခြင်းဆိုသည်မှာ သူ့အလှည့် ကိုယ်အလှည့်ပေးခြင်း၊ မျှဝေသုံးစွဲခြင်း၊ စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်း၊ တခြားသူများစကားကို နားထောင်ပေးခြင်း၊ ပြဿနာတစ်ခုအား အဖက်ဖက်မှသုံးသပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ကလေးတစ်ဦးအား မျှတစွာ လုပ်ဆောင်တတ်စေရန် သင်ပေးခြင်းသည် ကိုယ်ကျင့်တရား ကောင်းမွန်စေသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မျှတမှုနှင့် ဦးနှောက် စိတ်ခံစားမှုကို အကူအညီပေးသည့် ဦးနှောက်တွင်းမှ ဓါတုပစ္စည်းတစ်ခုဖြစ်သော စီရိုတိုနင်သည် တရားမမျှတမှုကို မျက်မြင်တွေ့ရှိရာတွင် စိတ်ထဲစနိုးစနှောင့်ဖြစ်အောင် ဆောင်ရွက်သည်ဟု ထင်ရပါသည်။ သုတေသနများ၌ မမျှတများကို ကျွန်တော်တို့ တုန့်ပြန်သည့်အခါ စီရိုတိုနင် ကျသွားကြောင်း သက်သေပြထားပါသည်။ တစ်ခြားတစ်ဖက်မှကြည့်လျှင်လည်း ကျွန်တော်တို့၏ တရားမျှတမှုအပေါ် ခံစားချက်များသည် ကိုယ်သိထားခဲ့သည့် လူမှုရေးရာစည်းမျဉ်များပေါ် မမှီခိုကြောင်း ဆိုလိုပါသည်။ ၎င်းသည် ကျွန်န်ုပ်တို့ဦးနှောက်၏ ကျေနပ်မှုအပေါ် တုန့်ပြန်သည့်မရှိမဖြစ်ပုံစံတစ်ခုလည်း ဖြစ်ပါသည်။ အနှိမ်ခံရသူတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို သည်းခံပြီး ဘက်မလိုက်တတ်အောင် သင်ကြားပေးပါ

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ကင်းစင်ခြင်း၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု သမိုင်းကြောင်း အမျိုးမျိုးတို့ကို လက်ခံခြင်း တို့ အပေါ်တွင် မူတည်ပြီး ဖွဲ့စည်းထားသည်။ သင်ကလေး ကြီးပြင်းလာသည် နှင့်အမျှ လူမျိုး၊ ယဉ်ကျေးမှု များစွာမှ လူများဖြင့် တွေ့ဆုံလာ ရလိမ့်မည်။ ထို့ကြောင့် သင်သည် သင့်ကလေးကို အခြားလူ များအပေါ် သည်းခံပြီး ဘက်မလိုက်သော နေပုံထိုင်ပုံရှိအောင် သင်ကြားပေးသင့်သည်။ ကွဲပြားသော ကမ္ဘာကြီး ကလေးများသည် ကြီးပြင်းလာသောအခါ သူတို့၏ စူးစမ်းလိုမှုမှာ များလာသည်။ သူတို့သည် လူအမျိုး အစား များစွာရှိသည်ကို သိမြင်လာသောကြောင့် ဖြစ်သည်။ ဘဝ၏ ထိုအရွယ်တွင် ကလေးများသည် တစ်ဦးတစ်ယောက် ချင်း၏ ပင်ကိုလက္ခဏာများကို သင်ယူလာသည်။ ဤကိစ္စကို သင့်ကလေးအား ရိုးရှင်းသော အသုံးအနှုန်းများဖြင့် သေချာ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

လိင်တူစုံမက်ခြင်းအကြောင်း သင့်ကလေးအား သင်ကြားပါ

ယနေ့ခေတ်တွင် လိင်တူစုံမက်ခြင်းကို ပုံမှန်မဟုတ် သော ကိစ္စတစ်ခုအဖြစ် သတ်မှတ်ခြင်း နည်းလာပြီ ဖြစ်သည်။ ယနေ့ လူမှုဘဝတွင် လိင်တူစုံမက်ခြင်းကို ပုံမှန် နေထိုင်မှု တစ်ခုဖြစ်အောင် ကြိုးစားနေကြသည်။ ထို့ကြောင့် မီဒီယာ များတွင် လိင်တူစုံမက်ခြင်းကို ဖော်ပြနေပြီး သင့်ကလေးမှ ၎င်းကို သတိပြုသွားနိုင်သည်။ သင့်ကလေးသည် ထိုကိစ္စ အကြောင်းကို စူးစမ်းသိချင်ပါက သင် ဘယ်လိုအဖြေမျိုး ပေးမည်နည်း။ အမှန်အတိုင်း အတည်ပြုပြောဆိုပါ။ ပထမဦးစွာ သင်သည် လိင်ကွဲစုံမက်ခြင်းသည် ဘယ်လို ဆိုတာကို ရှင်းပြသင့်သည်။ ထို့နောက် လိင်တူအတွဲများတွင် ဘယ်လိုကွဲခြားသလဲကို ထောက်ပြပါ။ လိင်တူစုံမက်ခြင်း သည် မနှစ်မြို့စရာ ကိစ္စတစ်ခု မဟုတ်တော့ကြောင်းကို သေချာ ပြောပြပါ။ လိင်တူလက်ထပ်ခြင်းကို ပေါ်တူဂီ၊ တောင် အာဖရိက၊ စပိန်၊ ဆွီဒင်၊ အမေရိကန် ပြည်ထောင်စု၊ အင်္ဂလန် […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်တို့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အချက်လေးများ

Puberty လို့ခေါ်တဲ့ အရွယ်ရောက်ခြင်းဟာ ကလေးခန္ဓါကိုယ်ကနေ လူကြီးဘဝပြောင်းလဲလာခြင်း ကဏ္ဍမှာ ပြောင်းလဲမှုတွေအများကြီးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ချွေးထွက်ခြင်းနဲ့ ခန္ဓါကိုယ်ရဲ့ အနံ့တွေဟာ ဒီပြောင်းလဲမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ သင်အခုလုပ်ရမယ့်အလုပ်ဟာ ဒီပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရတဲ့ သင့်ကလေးကို ရိုးရှင်းတဲ့သန့်ရှင်းရေးနည်းလမ်းအချို့နဲ့ ကူညီပေးဖို့ပါပဲ။ ချွေးနဲ့ ခန္ဓါကိုယ်အနံ့များ ကလေးအများစု အထူးသဖြင့် ယောက်ျားလေးတွေဟာ နေ့တိုင်း ရေမချိုးကြပါဘူး။ ဒါပေမဲ့ အရွယ်ရောက်ဖို့ ပြောင်းလဲမှုတွေစတင်လာတဲ့အခါမှာ ကလေးတွေဟာ သာမန်ထက် ပိုပြီးချွေးထွက်လာတတ်ပါတယ်။ ချွေးထွက်စမှာတော့ ဘာအနံ့မှမရှိပေမယ့် ဒီချွေးတွေဟာ သူတို့ အရည်ပြားတွေ ဒါမှမဟုတ် အဝတ်အစားတွေပေါ်မှာ စုလာပါတယ်။ ဒါဟာ ဘက်တီးရီးယားတွေခိုဝင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပြီး ဒါကပဲ ခန္ဓါကိုယ်အနံ့ဆိုးတွေကို ထွက်ပေါ်စေတာပါ။ ဒါကြောင့် နေ့စဉ် ရေချိုးခြင်းနဲ့ အဝတ်အစားလဲခြင်းတို့ကိုမဖြစ်မနေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အောက်ပါ တစ်ကိုယ်ရည်သန့်ရှင်းရေးနည်းလမ်းတွေက သင့်ကလေးအတွက်တော့ အလုပ်ဖြစ်နိုင်ပါတယ်။ တစ်ရက်ကို […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

လမ်းလျှောက်စနှင့် မူကြိုရွယ်များတွင် စကားထစ်ခြင်း

အသက် ၂ - ၅ နှစ်ကြား ကလေးများ၌ စကားထစ်ခြင်း၊ စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ချို့ကို ထပ်ခါထပ်ခါပြောခြင်း၊ သံရှည်ဆွဲနေခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်းပြောခြင်း၊ စကားလုံးသံ ဗျည်းသရသံများကိုပင် မထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ စကားထစ်ခြင်းသည် စကားကြောတွင် အဆက်ပြတ်သွားခြင်း dysfluemcy အမျိုးအစားတစ်ခုဖြစ်သည်။ ဖြစ်ရပ်အများစုတွင် အသက် ၅ နှစ်နောက်ပိုင်း၌ စကားထစ်ခြင်း အလိုလိုပျောက်သွားသလို တစ်ချို့တွင်လည်း ထိုထက်နည်းနည်း ပိုကြာတတ်ပါသည်။ စကားထစ်ခြင်းကို အရှင်းပျောက်ကင်းအောင် လုပ်မရနိုင်သော်လည်း သင့်ကလေးအဆင်ပြေစေဖို့ ပြုလုပ်ပေးနိုင်သည့် ကုသမှုများတော့ ရှိပါသည်။ ဘာတွေကြောင့် စကားထစ်မှုဖြစ်ရသလဲ။ စကားထစ်မှုကိုဖြစ်စေသည့် အချက်အလက်များစွာ ရှိပါသည်။ · မျိုးရိုးဗီဇ - စကားထစ်သူ ၆၀%တွင် မိသားစုဝင်ထဲ၌ စကားထစ်နေသူ ရှိတတ်ပါသည်။ · ဘာသာစကားဆိုင်ရာ ပြဿနာရှိလျှင် သို့မဟုတ် ကြီးထွားဖွံဖြိုးမှုနှေးလျှင် · ဘာသာစကားအား မှတ်သားပေးသည့် ဦးနှောက်လုပ်ငန်းစဉ်များ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနှင့် အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်း

အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် ကလေး များတွင် တစ်ခါတစ်ရံ ဖြစ်ပွားနိုင်သည်။ ကလေးသည် ည အလယ်တွင် သူတို့၏ လှုပ်ရှားမှုများကို စိတ်ဖြင့်ထိန်းချုပ်ခြင်း မရှိဘဲ ထပြီးလမ်းလျှောက်သည်။ ၎င်းကို အသက် ၄နှစ်မှ ၈နှစ် အရွယ်ကလေးများတွင် တွေ့ရတတ်သည်။ ကလေးအများစု တွင် ကြီးလာသောအခါ မတွေ့ရတော့ပါ။ အပြုအမူများသည် များသောအားဖြင့် အန္တရာယ်မဖြစ်စေပါ။ သို့သော်လည်း ကလေးများသည် လမ်းထလျှောက်နေစဉ် သူတို့ကို သူတို့ မထိန်းသိမ်းနိုင်ဖြစ်ပြီး ဒဏ်ရာများ ရနိုင်သောကြောင့် အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းသည် အန္တရာယ်ရှိပါ သည်။ အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းကို ဘာတွေက ဖြစ်စေ သလဲ။ အိပ်ပျော်နေစဉ် လမ်းထလျှောက်ခြင်းကို အဓိကဖြစ်စေသော အကြောင်းရင်းများမှာ အိပ်ရေးပျက်ခြင်း အိပ်စက်မှု ပုံမှန်မရှိခြင်း စိတ်ဖိစီးမှု မရင်းနှီးသော ပတ်ဝန်းကျင်တွင် အိပ်စက်ခြင်း ဖျားနာခြင်း စိတ်ငြိမ်ဆေးများ၊ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အိပ်ဟောက်တတ်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်ပါတယ်

အိပ်ဟောက်ခြင်းဟာ လူတိုင်းမှာဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပါပဲ။ အမျိုးသားတွေနဲ့ အဝလွန်တဲ့သူတွေမှာ တွေ့ရတာများပေမယ့်လည်းပေါ့လေ။ သာမန်အားဖြင့်တော့ ဟောက်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုမဟုတ်ဘဲ သင်နဲ့အတူအိပ်စက်သူကိုသာ အများဆုံးအနှောက်အယှက်ပေးနိုင်တာပါ။ ဒါပေမဲ့ သင်က ဟောက်တာကို အကျင့်ဖြစ်နေတဲ့သူတစ်ယောက်ဆိုရင် သင့်အနားမှာရှိသူတွေရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးနိုင်တဲ့အပြင် သင့်ကိုလည်း အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်ဟောက်ခြင်းဟာ အရွယ်ရလာလေ ပိုဆိုးလေပါပဲ။ ညဘက်မှာကောင်းကောင်းအိပ်ပျော်စေဖို့အတွက် အိပ်ဟောက်တတ်သူတွေအဖို့ တစ်ခါတလေမှာ ဆေးဝါးအကူအညီတွေ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ အိပ်ဟောက်တဲ့ကလေးတွေမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်ပါတယ်။ အကျယ်ကြီးအိပ်ဟောက်တတ်တဲ့ မူကြိုအရွယ်ကလေးတွေမှာ အပြုအမူဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။ ဘယ်လိုအပြုအမူတွေလဲဆိုခဲ့ရင် တက်ကြွလွန်နေတာမျိုး၊ အာရုံစိုက်နိုင်စွမ်းပြဿနာတွေနဲ့ စိတ်ဓါတ်ကျခြင်းတွေပါ။ ကလေးအထူးကုတွေက လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာဆိုရင် အသက် ၂နှစ်မှ ၃နှစ်ကြား ကလေးငယ် ၂၄၉ယောက်ထဲက ၉%ဟာ တစ်ပတ်မှာ ၂ကြိမ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး အကျယ်ကြီး ဟောက်တတ်ကြပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မူကြိုကလေးများတွင် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု

အသက် ၃နှစ်မှ ၅နှစ်တွင် သင်၏ကလေးသည် တစ်ကိုယ်ကောင်းဆန်မှု နည်းလာပြီး ပို၍ ဖော်ရွေသော လူ တစ်ယောက်အဖြစ် ပြောင်းလဲလာသည်။ သင့်အပေါ်တွင် မှီခိုမှု နည်းလာပြီး အခြားလူများဖြင့် ဘယ်လို ဆက်ဆံရန်၊ မျှဝေရန် စတင်သင်ယူလာသည်။ မိဘများသည် ကလေးများ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးလာသော အချိန်တွင် ဘာတွေ ဖြစ်သလဲကို ပို၍လေ့လာသင့်ပြီး သူတို့ကောင်းစွာ ကြီးပြင်း လာရန် ကူညီရမည်။ စိတ်ကူးပြီးကစားခြင်း ဤအရွယ်တွင် ကလေးများသည် တစ်ဦးနှင့်တစ်ဦး ကစားကြသည်။ အခြားကလေးများဖြင့် လှုပ်ရှားမှုများကို အမှန်တကယ် လုပ်ဆောင်သည်။ အရုပ်များ၊ ဂိမ်းများထက် ယုံတမ်းပုံပြင်များလုပ်ပြီး ကစားကြသည်။ ကလေးများသည် အရွယ်ရောက်သူများ၏ အလုပ်ကို တုပပြီးကစားကြသည်။ ဥပမာ ဈေးဝယ်ထွက်ခြင်း၊ ရဲစခန်းသို့သွားခြင်း။ ထိုလှုပ်ရှားမှု များသည် ကလေးများကို ဆွဲဆောင်သည်။ အရွယ်ရောက်ပြီး သူများ၏ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ထူးခြားကလေးတွေအတွက် လူမှုပေါင်းသင်းဆက်ဆံရေးပညာ

ထူးခြားကလေး( မသန်စွမ်းကလေး သို့မဟုတ် အာရုံစူးစိုက်မရသော ကလေးတွေ)အများစုဟာ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးမှာ မရှိမဖြစ်လိုအပ်တဲ့ လူမှုဆက်ဆံရေးနည်းပညာတွေ ချို့တဲ့နေတတ်ပါတယ်။ ီကလေးတွေဟာ သူတို့ရဲ့ အတန်းဖော်တွေနဲ့ ဆက်သွယ်ရာမှာ၊ ရင်းနှီးခင်မင်မှုကို တည်ဆောင်ရာမှာနဲ့ ဆရာ၊ ဆရာမတွေနဲ့ အဆင်ပြေအောင် နေထိုင်တဲ့နေရာတွေမှာ အခက်အခဲတွေဖြစ်တတ်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် လူမှုရေးတွေကို နားမလည်တတ်တာမျိုး၊ ရမ်းကားတဲ့အပြုအမူတွေကို မထိန်းချုပ်နိုင်တာမျိုးနဲ့ သူတို့အပြုအမူတွေကြောင့်ဖြစ်သွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို မရှင်းနိုင်တာမျိုး စတာတွေ ဖြစ်ေလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တဲ့ ကလေးတွေဟာ ကျောင်းတွေမှာတော့ အပြုအမူဆိုင်ရာပြဿနာတွေရှိနေတယ်လို့ ယူဆခံရပါတယ်။ သူတို့တွေကိုတော့ ဒီလိုကလေးတွေအတွက် သီးသန့်ရှိနေတဲ့ အထူးအစီအစဉ်တွေကို ဆက်သွယ်ပါဝင်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီနေရာတွေမှာတော့ သူတို့တွေဟာ ပုံမှန်ကျောင်းတွေကနေ ထုတ်ပယ်ခွဲခြားခံရတဲ့ အခြားသော လူငယ်လေးတွေပါရှိနေတတ်ကြပါတယ်။ ဆရာ၊ ဆရာမများနဲ့ ပေါင်းသင်းဆက်ဆံရေး အခြေခံအားဖြင့်တော့ ဒီကလေးတွေဟာ အခြားကလေးတွေနဲ့ အတူတူပဲလို့ ထင်ရပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့မှားယွင်းနေတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း