အသင့်စား အစားအစာများနဲ့ ဗိုလ်ကျတတ်ခြင်း
အသင့်စားတွေကို အများကြီးစားသုံးတဲ့ကလေးတွဟာ ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကို စားသုံးတဲ့ သူတို့နဲ့ ရွယ်တူကလေးတွေထက် ပိုပြီး ဗိုလ်ကျတတ်ပါတယ်။ သကြားပါတဲ့ ဆိုဒါတွေကို သောက်တဲ့ကလေးတွေနဲ့ သောင်းကျန်းမှုတွေဟာ ဆက်စပ်မှုရှိနေတယ်လို့ဆိုပါတယ။် သကြားကလည်း ဒီအပြုအမူတွေရဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပြီး ကဖင်းကလည်း ဦးနှောက်ရဲ့ ဓါတုပစ္စည်းတွေနဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေတာကြောင့် သူ့ကိုလည်း အပြစ်တင်ရမလိုပါ။
စွမ်းအင်နဲ့ အာရုံစူးစိုက်နိုင်မှု
ကိုယ်လက်လှုပ်ရှားမှုဟာ အသက်အရွယ်မခွဲခြားဘဲ ကလေးတိုင်းအတွက် အရေးကြီးပါတယ်။ ပြီးတော့ အသင့်စား အစားအသောက်တွေကို မကြာခဏ စားသောက်ခြင်းက ကလေးတွေအတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လုံလောက်တဲ့စွမ်းအင်ကို ပေးနိုင်တဲ့ လိုအပ်တဲ့အာဟာရတွေကို မပေးစွမ်းနိုင်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကောင်းမွန်မှုကို ထိခိုက်စေနိုင်ပြီး ကလေးကို တစ်ကိုယ်တည်း အထီးကျန်ဆန်စေပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုနဲ့ စိတ်ကျရောဂါ ( စိတ်ဓါတ်ကျဆင်းခြင်း)
မိမိကိုယ်ကို ယုံကြည်မှုဟာ ဖွံ့ဖြိုးဆဲကလေးတွေအတွက်တော့ အထူးအရေးကြီးနေပြီး အသင့်စားအစားအသောက်တွေကို မကြာခဏ စားသုံးခြင်းဟာ မိမိကိုယ်ကို ထားတဲ့အမြင်တွေအတွက် အဆိုးတွေကိုပဲ ယူဆောင်ပေးလာပါတယ။် အသင့်စား အစားအသောက်တွေဟာ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို လွှမ်းမိုးနိုင်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ ဥပမာ – ကျန်းမာရေးနဲ့ မညီညွတ်စွာ ဝဖြိုးလာခြင်း တို့လိုပေါ့။ ဒါတွေက မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းခြင်းတွေဆီကို ဦးတည်စေပါတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ စိတ်ကျရောဂါဟာ ကလေးတွေအတွက်တော့ သိပ်ကို အရေးကြီးတဲ့ ပြဿနာကြီးပါ။ ဒါဟာ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အနှောက်အယှက်ဖြစ်စေပြီး ကျောင်းက လုပ်ငန်းဆောင်တာတွေ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် မိမိကိုယ်ကို သေကြောင်းကြံသည်ထိ ဖြစ်သွားနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။