သင့် ကလေးက အိမ်ပြန်ရောက်ရောက်ချင်း “မေမေ သားကို ဆရာက ဆူတယ်” ဟု ပြောပါလျှင် ထိုစကားကို ဖြစ်နိုင်သည့်ရှု့ထောင့်မျိုးစုံမှ သင်ဆန်းစစ်ဖို့ လိုပါသည်။ ထိုသို့လုပ်ခြင်းအား ကလေး၏ စကားကို အထုပ်ဖြေခြင်းဟု ခေါ်သည်။ မေးခွန်းများကို မေးပြီး အချက်အလက်များ ပိုရရှိစေရန် ကြိုးစားပါ။ “ဆရာက ဘာတွေပြောလိုက်တာလဲ” “သူငယ်ချင်းတွေကရော ဆူနေတုန်း ဘယ်လိုတွေ လုပ်ပြကြလဲ” တစ်ခါတစ်ရံ ကလေးက ချဲ့ကားပြောတတ်သည်ကို သတိပြုပါ။
“ဆူသည်” ဆိုသည်မှာ ဒီနေရာတွင် “အိမ်စာမလုပ်ခဲ့လို့” ဆိုတာမျိုး ဖြစ်နိုင်ပါသည်။ အကယ်၍ထိုသို့ဖြစ်နေပါက ဆရာက စေတနာဖြင့် ပြောဆိုကြောင်းကို ရှင်းပြရမည်မှာ သင့်တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် အရေးကြီးဆုံး ဗျူဟာမှာ ကလေး ပြောသည်၏ နောက်ကွယ်က အကြောင်းကို ကောင်းကောင်းသိရှိဖို့ရန်ပင် ဖြစ်သည်။
အဆင့် ၂: ကလေးအတွက် အတွင်းရေးမှူးလုပ်ပါ
ဆရာနှင့် နောက်တွေ့သည့်အခါ ပြောပြရန်အတွက် သူပြောသမျှကို ချရေးထားကြောင်း ကလေးကို ပြောပါ။ ထိုသို့ ပြုလုပ်ခြင်းကြောင့် – ကလေးသည် သူပြောသမျှကို သင်ဂရုစိုက်ကြောင်း၊ သူတို့ခံစားချက်တွေကို နားလည်ကြောင်း သိရှိသွားပါလိမ့်မည်။ သင်က မှတ်တမ်းတင်သူသာ ဖြစ်ပြီး ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးရမည်သူ မဟုတ်ပါ။ ကလေးများက ကိုယ်တိုင်ကိုင်တွယ်နိုင်မည့် အရွယ်ဆိုပါက ပြဿနာကို ရင်ဆိုင်နိုင်မည့် အကြံများကို ပြုပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။