ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးပြုစုစောင့်ရှောက်ခြင်း

အိပ်စက်ခြင်းနဲ့ ဖွံ့ဖြိုးခြင်းတို့ရဲ့ ဆက်နွှယ်မှု

လေ့လာမှုအသစ်တွေအရတော့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်ခြင်းဟာ မကြာခဏအိပ်စက်ခြင်းတို့နဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ၄၈နာရီအတွင်းမှာ တိုင်းတာထားရရှိထားတဲ့ တစ်နေ့တာလုံး အိပ်စက်ခဲ့တဲ့ အကြိမ်အရေအတွက်တွေနဲ့ အချိန်ကာလအပိုင်းအခြားဟာ ခန္ဓါကိုယ်အလျားဖွံ့ဖြိုးလာမှုနဲ့ သိသာထင်ရှားစွာ ဆက်စပ်နေပါတယ်။ နောက်ထပ်လေ့လာမှုတွေကတော့ အိပ်ချိန်တစ်နာရီစာပိုရင် ၂၀% နဲ့ အိပ်တဲ့အကြိမ်အရေအတွက် တစ်ကြိမ်ပိုလာရင် ၄၃% ကြီးထွားမှုဖွံ့ဖြိုးမှု မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အိပ်စက်ခြင်း၊ ကြီးထွားမှုနဲ့ ဟော်မုန်းများ လူတွေကိုကြီးထွားစေတဲ့ဟော်မုန်းတွေဟာ ခန္ဓါကိုယ်ရဲ့ endocrine စနစ်အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေပါ။ အထူးသဖြင့်တော့ ကလေးငယ်တွေကို ကြီးထွားဖွံ့ဖြိုးစေတဲ့နေရာမှာ ပါဝင်ပါတယ်။ (ကလေးတွေ အရပ်ရှည်လာစေတဲ့ ဇီဝကမ္မဖြစ်စဉ်ကတော့ ဒါတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။) HGH ကိုသွေးကြောထဲရောက်အောင် အိပ်ပျော်နေစဉ်မှာ ဦးနှောက်က ထုတ်ပေးပါတယ်။ ပြီးတော့ ဒီထုတ်လွှတ်မှုဟာ အိပ်စက်နေစဉ်အတွင်း ပြန်လည်ပြုပြင်ခြင်းနဲ့ သိုလှောင်ခြင်းတွေ လုပ်ဆောင်နိုင်ခြင်းအတွက် အစိတ်အပိုင်းတစ်ခုပါပဲ။ ဒီဟော်မုန်းဟာ ဦးနှောက်ရဲ့ Pituitaryဂလင်းကထုတ်လွှတ်ပေးတဲ့ ရှုပ်ထွေးတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပြီး […]


ကလေးပြုစုစောင့်ရှောက်ခြင်း

နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း တို့ကြားက ကွာခြားချက်များ

နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း(bullying) တွေမှာ ပုံမှန်အားဖြင့် ကျွန်တော်တို့ အမြင်မှာ ရယ်စရာကောင်းနေတဲ့သူတစ်ယောက်ယောက်ကို ရယ်စရာလုပ်ခြင်း၊ သူတို့ကို သုံးစားမရဘူးဆိုတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ခြင်း၊ စနောက်ခြင်း၊ နှောက်ယှက်ခြင်း သို့မဟုတ် သူတို့ကိုဦးတည်လို့ ဟာသလုပ်နေခြင်း စတာတွေ ပါဝင်ပါတယ်။ တစ်ခါတလေမှာ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းတွေဟာ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်တတ်ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းရဲ့ကြားမှာ အရေးပါတဲ့ ကွာဟမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်း ကြားက ကွာခြားမှုများ စနောက်ခြင်းမှာတော့ ကစားလိုခြင်းနဲ့ ပျော်ပျော်ပါးပါး ဟာသလုပ်ခြင်းတွေပါဝင်ပါတယ်။ စနောက်ခြင်းမှာ လူမျိုး၊ ဘာသာ၊ ပုံပန်းသဏ္ဍာန်နဲ့ အခြားသော တစ်ဘက်သားရဲ့သိသာထင်ရှားထူးခြားနေခြင်းတွေ ပါဝင်ခဲပါတယ်။ အနိုင်ကျင့်ခြင်းမှာတော့ ကစားလိုခြင်းတွေ နဲ့ ဟာသဖောက်ခြင်း (Mutual joshing around) တွေ မပါဝင်ပါဘူး။ အနိုင်ကျင့်ခြင်းမှာ ဘာသာရေး၊ လူမျိုးရေး၊ ပုံပန်းသဏ္ဍာန်နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို သင်ကြားပေးရန် တန်ဖိုးများ

ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခြင်းကို အဓိကထားသော ခေတ်ကြီး ထဲတွင် ကိုယ်ကျင့်တရားတန်ဖိုးများကို အသိအမှတ်ပြုခြင်း နည်းလာပါသည်။ မိဘတစ်ဦးအနေဖြင့် သင့်ကလေးများကို စောစီးသောအချိန်ကတည်းက လူများနှင့် ဆက်ဆံရေးများနှင့် ဆိုင်သော တန်ဖိုးများ၊ အပြုအမူကောင်းများ ရရှိစေရန် သင်ကြားပြသ ပေးရမည်။ ၎င်းသည် သူတို့ကို ရုပ်ဝတ္ထု ပစ္စည်းများ စွဲလန်းခြင်း၏ အန္တရာယ်ကို သတိပြုစေရုံသာမက သူတို့၏ ဂုဏ်အင်္ဂါကို ဖော်ညွှန်းရာတွင်လည်း ကူညီပေးနိုင် ပါသည်။ ကြင်နာခြင်း ကလေးငယ်များသည် မိဘများ၏ မေတ္တာ၊ ဂရုစိုက်မှုတို့ဖြင့် ကြီးပြင်းလာရသောကြောင့် သူတို့သည် တစ်ကိုယ်ကောင်း ဆန်နိုင်ပြီး အခြားသူများ၏ ခံစားမှုကို နားလည်ရန် ခက်ခဲကြ သည်။ သင့်ကလေးသည် အစပိုင်းတွင် ကြင်နာခြင်း၊ လေးနက် စွာ တွေးခေါ်ခြင်း၊ စဉ်းစားဆင်ခြင်ခြင်းစသော တန်ဖိုးများကို နားမလည်နိုင်ပါ။ ဘယ်လိုမျှဝေရမလဲနှင့် မျှဝေခြင်း၏ တန်ဖိုး […]


ကလေးငယ်အာဟာရ

ကလေးတွေ ဖွံ့ဖြိုးမှုမှာ omega 3 နဲ့ omega 6 တို့ရဲ့ အရေးပါမှု၊ မိခင်တွေအနေနဲ့ omega 3 အကြောင်း ဘာတွေသိထားဖို့ လိုအပ်သလဲ

Omega 3 ကို လူတွေရဲ့ ကျန်းမာရေး၊ အထူးသဖြင့် ကလေးတွေ ဖွံ့ဖြိုးမှုအတွက် ကောင်းကျိုးအများရရှိမှုနဲ့ ပတ်သက်ပြီး သိကြတာ ကြာပါပြီ။ ဒါပေမယ့် omega 3 ချို့တဲ့တဲ့ အစားအသောက်သာ စားရတဲ့ ကလေးတွေ အများအပြားရှိပါသေးတယ်။ သင့်ကလေးတွေရော။ Omega 3 ဆိုတာဘာလဲ။ Omega 3 fatty acids ဆိုတာ သင့်ခန္ဓါကိုယ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ omega 3 အဓိကအရေးကြီးတဲ့ အမျိုးအစား ၂မျိုးရှိပါတယ်။ EPA နဲ့ DHA ပါ။ ဒါ့အပြင် ALA လည်းပါဝင်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ် အထူးသဖြင့် ကလေးတွေရဲ့ ခန္ဓါကိုယ်ဟာ ကျန်းမာရေး အန္ထရာယ်အတော်များများကို ရှောင်ရှားဖို့နဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ omega […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်သမီးအား လိင်ပညာပေး ဆွေးနွေးခြင်း

ယနေ့ခေတ်အခါမှာ လူမှုကွန်ယက်များရှိ နာမည်ကြီးခေါင်းစဉ်များတွင် လိင်အကြောင်းက တစ်ခုအပါအဝင်ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် သင်၏သမီးသည် လိင်ပိုင်းဆိုင်ရာ အသိပညာတချို့ကို သိထားပြီးသားဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်းပဲ မိဘပြောစကားသည် သမီးဖြစ်သူအတွက် လိင်ပညာပေး ဆွေးနွေးရာတွင် အဓိကကျသည့်နေရာတွင်ရှိနေကြောင်း သိထားရန်အရေးကြီး၏။ ထို့ကြောင့် ကလေးအတွက်အန္တရာယ်ကင်းစေရန် နှောင့်နှေးမနေဘဲ စပြီး ပြောဆိုသင်ကြားပေးပါ။ အောက်တွင် မိဘများ ဆယ်ကျော်သက်သမီးကို လိင်ပညာပေးရာတွင် အထောက်အကူပြုမည့် အကြံဉာဏ်များကို ဖော်ပြထားပါသည်။ ဘယ်အချိန်မှာ ဘယ်လိုစပြောရမလဲ စပြောတော့မည့်ခဏသည် နှစ်ဦးစလုံးအတွက် ကသိကအောက်ဖြစ်နိုင်သည်။ သင်ကလဲ မပြောချင် သမီးကလဲ နားထောင်ချင်စိတ်မရှိ ဖြစ်တတ်ပါသည်။ OB/GYN သူနာပြု Janine J. Sherman အရ လိင်ပညာပေးရန် စပြောအသင့်ဆုံး အချိန်သည် သူ့အလိုလို သာမန်ဖြစ်ရိုးဖြစ်စဉ် ပုံစံမျိုးနှင့်သာ အချိန်တန်လာပါလိမ့်မည်။ ဥပမာ သင်ရော သင့်သမီးပါ ကိုယ်ဝန်ဆောင်တစ်ဦးကို မြင်လိုက်ရသည့်အချိန်မျိုး သို့မဟုတ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း

ပါရမီများ၊ စွမ်းရည်များသည် ကလေးတစ်ယောက်တွင် မွေးရာပါဖြစ်သော်လည်း ယဉ်ကျေးလိမ္မာခြင်းကတော့ မွေးရာပါမဟုတ်ပါ။ ကြမ်းတမ်းမှုများနှင့် ပြည့်နေသည့် လောကကြီးအတွင်း ကလေးများ လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေးနေစေဖို့ သွန်သင်ပေးရမှာ မိဘတို့၏ တာဝန်သာဖြစ်သည်။ ယဉ်ကျေးလိမ္မာတယ်ဆိုတာ ဘာတွေလဲ။ ယဉ်ကျေးတယ်၊ လိမ္မာတယ်ဆိုသည်မှာ ထမင်းစားဝိုင်းမှာ စည်းကမ်းမရှိစားတာမျိုးလောက်တင်မဟုတ်ပါ။ တစ်ယောက်၏ ခံစားချက်အပေါ် တစ်ယောက်က အလေးထားခြင်းတို့အထိပါ ပါဝင်ပါသည်။ ယဉ်ကျေးလိမ္မာခြင်းသည် ဘဝနေနည်းတစ်ခု ဖြစ်သည်။ လူမှုရေးဆိုင်ရာ အခမ်းအနားတွေရှိမှ ဟန်လုပ်ရမည်မျိုးမဟုတ်ပါ။ ထို့ကြောင့် ကလေးများကို ငယ်စဉ်ကတည်းက စောနိုင်သလောက် စောစောသင်ပေးပါမှ သူတို့အတွက် အကျင့်တစ်ခုလိုဖြစ်သွားစေမည် ဖြစ်၏။ ကလေးများကို ဘာကြောင့် ယဉ်ကျေးလိမ္မာအောင် သွန်သင်ရပါသလဲ။ ကျွမ်းကျင်သူများက ကလေးများကို စောစောစီးစီး လိမ္မာယဉ်ကျေးအောင် သင်မပေးထားလျှင် ဆိုးကျိုးများစွာ ရင်ဆိုင်ရမည်ဟု ယုံကြည်ကြ၏။ ကြီးကြီးငယ်ငယ် ဘယ်သူမှ ဆိုးသွမ်းသည့်ကလေးမျိုးကို ကြိုက်မည် မဟုတ်ပါ။ လိမ္မာယဉ်ကျေးအောင် မသွန်သင်ဘဲ ကလေးကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးအား ဆရာဆရာမများနှင့် ဆက်ဆံပုံများကို သွန်သင်ပေးခြင်း

ကျောင်းတက်ရခြင်းသည် ကလေးများအတွက် ပျော်ရွှင်နေရသည်ချည်း မဟုတ်ပါ။ ကလေး နှင့် ဆရာများကြား ပြဿနာများ ခဏခဏ ဖြစ်တတ်ကြောင်း သင်မြင်ဖူးပါလိမ့်မည်။ ထိုကဲ့သို့ အခြေအနေမျိုးမှာဆို ဘယ်လို ကိုင်တွယ်ကြမလဲ။ ဒီတစ်ခေါက်တော့ မိဘတွေ ကြုံနေရတဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်စေဖို့အတွက် ကလေးအား ဆရာဆရာမများနှင့် ဆက်ဆံပုံများကို သွန်သင်ပေးခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကလေးအား ဆရာဆရာမများနှင့် ဆက်ဆံပုံများကို သွန်သင်ပေးခြင်း ကလေးအား ဆရာဆရာမများနှင့် ဆက်ဆံပုံများကို သွန်သင်ပေးခြင်းမှာ ဒီအဆင့်လေးတွေအတိုင်း လုပ်ဆောင်ပေးလို့ ရပါတယ်။ အဆင့် ၁။ အမှန်ကိုသိအောင်လုပ်ပါ သင့် ကလေးက အိမ်ပြန်ရောက်ရောက်ချင်း “မေမေ သားကို ဆရာက ဆူတယ်” ဟု ပြောပါလျှင် ထိုစကားကို ဖြစ်နိုင်သည့်ရှု့ထောင့်မျိုးစုံမှ သင်ဆန်းစစ်ဖို့ လိုပါသည်။ ထိုသို့လုပ်ခြင်းအား ကလေး၏ စကားကို အထုပ်ဖြေခြင်းဟု ခေါ်သည်။ မေးခွန်းများကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သေဆုံးခြင်းအကြောင်း သင့်ကလေးများကို သင်ကြားပါ

အချို့ကလေးများသည် သူတို့ဘဝတွင် ပြင်းထန်သော စိတ်ခံစားမှုဆိုင်ရာ တုန်လှုပ်မှု ခံစားရနိုင်သည်။ ငယ်ရွယ် သော်လည်း ကလေးများသည် မိဘများ၏ မျက်နှာတွင် ဝမ်းနည်းခြင်းကို သတိထားနိုင်သည်။ တုန်လှုပ်ဖွယ် အဖြစ် အပျက်များ ဖြစ်ပွားပြီး သူတို့မှတ်ညဏ်တွင် အချိန်အလွန် ကြာစွာ အမာရွတ်စွဲထင်ခြင်း ရှိနိုင်သည်။ မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးများ ဆုံးရှုံးခြင်း၊ အိမ်မွေး တိရစ္ဆာန် သို့မဟုတ် သူငယ်ချင်းကောင်း တစ်ယောက် သေဆုံးခြင်း သည် ကလေးများကို အလွန်စိတ်ထိခိုက်သော အခြေအနေသို့ ရောက်စေသည်။ ထို့ကြောင့် မိဘများသည် ကလေးများကို သေခြင်းအကြောင်း ပြောရာတွင် ဂရုတစိုက် သတိပြုရမည်။ သင်သည် မိမိဘာသာ တည်ငြိမ်သော စိတ်အခြေအနေ ရအောင် ပြင်ဆင်ပါ။ စတင်ရန်အတွက် သင်သည် တစ်စုံတစ်ယောက်၏ သေဆုံးခြင်းအပေါ် ဘယ်လိုခံစားသလဲဆိုတာ ရှင်းလင်း အောင်လုပ်ထားသင့်သည်။ သင့်ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မျှမျှတတလုပ်ဆောင်တတ်စေရန် သွန်သင်ပေးခြင်း

မျှမျှတတဖြစ်ခြင်းသည် လူများနေ့စဉ် ဆက်ဆံကြရာ၌ လိုအပ်သောအရာဖြစ်ပြီး ကလေးများအားလုံး သိထားရမည့် အရာဖြစ်ပါသည်။ မျှတခြင်းဆိုသည်မှာ သူ့အလှည့် ကိုယ်အလှည့်ပေးခြင်း၊ မျှဝေသုံးစွဲခြင်း၊ စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်း၊ တခြားသူများစကားကို နားထောင်ပေးခြင်း၊ ပြဿနာတစ်ခုအား အဖက်ဖက်မှသုံးသပ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ကလေးတစ်ဦးအား မျှတစွာ လုပ်ဆောင်တတ်စေရန် သင်ပေးခြင်းသည် ကိုယ်ကျင့်တရား ကောင်းမွန်စေသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ မျှတမှုနှင့် ဦးနှောက် စိတ်ခံစားမှုကို အကူအညီပေးသည့် ဦးနှောက်တွင်းမှ ဓါတုပစ္စည်းတစ်ခုဖြစ်သော စီရိုတိုနင်သည် တရားမမျှတမှုကို မျက်မြင်တွေ့ရှိရာတွင် စိတ်ထဲစနိုးစနှောင့်ဖြစ်အောင် ဆောင်ရွက်သည်ဟု ထင်ရပါသည်။ သုတေသနများ၌ မမျှတများကို ကျွန်တော်တို့ တုန့်ပြန်သည့်အခါ စီရိုတိုနင် ကျသွားကြောင်း သက်သေပြထားပါသည်။ တစ်ခြားတစ်ဖက်မှကြည့်လျှင်လည်း ကျွန်တော်တို့၏ တရားမျှတမှုအပေါ် ခံစားချက်များသည် ကိုယ်သိထားခဲ့သည့် လူမှုရေးရာစည်းမျဉ်များပေါ် မမှီခိုကြောင်း ဆိုလိုပါသည်။ ၎င်းသည် ကျွန်န်ုပ်တို့ဦးနှောက်၏ ကျေနပ်မှုအပေါ် တုန့်ပြန်သည့်မရှိမဖြစ်ပုံစံတစ်ခုလည်း ဖြစ်ပါသည်။ အနှိမ်ခံရသူတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို သည်းခံပြီး ဘက်မလိုက်တတ်အောင် သင်ကြားပေးပါ

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ကင်းစင်ခြင်း၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု သမိုင်းကြောင်း အမျိုးမျိုးတို့ကို လက်ခံခြင်း တို့ အပေါ်တွင် မူတည်ပြီး ဖွဲ့စည်းထားသည်။ သင်ကလေး ကြီးပြင်းလာသည် နှင့်အမျှ လူမျိုး၊ ယဉ်ကျေးမှု များစွာမှ လူများဖြင့် တွေ့ဆုံလာ ရလိမ့်မည်။ ထို့ကြောင့် သင်သည် သင့်ကလေးကို အခြားလူ များအပေါ် သည်းခံပြီး ဘက်မလိုက်သော နေပုံထိုင်ပုံရှိအောင် သင်ကြားပေးသင့်သည်။ ကွဲပြားသော ကမ္ဘာကြီး ကလေးများသည် ကြီးပြင်းလာသောအခါ သူတို့၏ စူးစမ်းလိုမှုမှာ များလာသည်။ သူတို့သည် လူအမျိုး အစား များစွာရှိသည်ကို သိမြင်လာသောကြောင့် ဖြစ်သည်။ ဘဝ၏ ထိုအရွယ်တွင် ကလေးများသည် တစ်ဦးတစ်ယောက် ချင်း၏ ပင်ကိုလက္ခဏာများကို သင်ယူလာသည်။ ဤကိစ္စကို သင့်ကလေးအား ရိုးရှင်းသော အသုံးအနှုန်းများဖြင့် သေချာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း