ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ထူးခြားကလေးတွေအတွက် လူမှုပေါင်းသင်းဆက်ဆံရေးပညာ

ထူးခြားကလေး( မသန်စွမ်းကလေး သို့မဟုတ် အာရုံစူးစိုက်မရသော ကလေးတွေ)အများစုဟာ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးမှာ မရှိမဖြစ်လိုအပ်တဲ့ လူမှုဆက်ဆံရေးနည်းပညာတွေ ချို့တဲ့နေတတ်ပါတယ်။ ီကလေးတွေဟာ သူတို့ရဲ့ အတန်းဖော်တွေနဲ့ ဆက်သွယ်ရာမှာ၊ ရင်းနှီးခင်မင်မှုကို တည်ဆောင်ရာမှာနဲ့ ဆရာ၊ ဆရာမတွေနဲ့ အဆင်ပြေအောင် နေထိုင်တဲ့နေရာတွေမှာ အခက်အခဲတွေဖြစ်တတ်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် လူမှုရေးတွေကို နားမလည်တတ်တာမျိုး၊ ရမ်းကားတဲ့အပြုအမူတွေကို မထိန်းချုပ်နိုင်တာမျိုးနဲ့ သူတို့အပြုအမူတွေကြောင့်ဖြစ်သွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို မရှင်းနိုင်တာမျိုး စတာတွေ ဖြစ်ေလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တဲ့ ကလေးတွေဟာ ကျောင်းတွေမှာတော့ အပြုအမူဆိုင်ရာပြဿနာတွေရှိနေတယ်လို့ ယူဆခံရပါတယ်။ သူတို့တွေကိုတော့ ဒီလိုကလေးတွေအတွက် သီးသန့်ရှိနေတဲ့ အထူးအစီအစဉ်တွေကို ဆက်သွယ်ပါဝင်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီနေရာတွေမှာတော့ သူတို့တွေဟာ ပုံမှန်ကျောင်းတွေကနေ ထုတ်ပယ်ခွဲခြားခံရတဲ့ အခြားသော လူငယ်လေးတွေပါရှိနေတတ်ကြပါတယ်။ ဆရာ၊ ဆရာမများနဲ့ ပေါင်းသင်းဆက်ဆံရေး အခြေခံအားဖြင့်တော့ ဒီကလေးတွေဟာ အခြားကလေးတွေနဲ့ အတူတူပဲလို့ ထင်ရပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့မှားယွင်းနေတဲ့ […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လည်ချောင်းနာခြင်း ။ ။ ကလေးဟာ ပဋိဇီဝဆေးတွေ သောက်ဖို့ လိုနေသလား

လည်ချောင်းနာတယ်ဆိုတာ ဘာလဲ။ လည်ချောင်းနာခြင်းဟာ နှိုင်းစရာမရှိအောင် နာကျင်ပြီး အနှောက်အယှက်အတော်ပေးနိုင်တဲ့အရာပါ။ လည်ချောင်းနာခြင်းအများစုဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်းကလည်း လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့များ သင့်ကလေးဟာ ပြင်းထန်တဲ့လည်ချောင်းနာခြင်းကို ရုတ်တရက်ခံစားလာရပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်းနဲ့ အခြားသော အအေးမိတဲ့လက္ခဏာတွေလည်း မတွေ့ရခဲ့ရင်တော့ strepthroat ဖြစ်နိုင်ချေများပါတယ်။ Strep Throat ဆိုတာကတော့ လည်ချောင်းနဲ့ အာသီးမှာ ဘက်တီးရီးယားပိုးဝင်တာပါ။ လူကြီးတွေမှာဖြစ်တတ်တဲ့ လည်ချောင်းနာတဲ့ ပြဿနာ ၁၀ခုမှ ၁ခုက Strep Throat ပါ။ လည်ချောင်းနာခြင်းဟာ အများအားဖြင့်တော့ သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ရက်အနည်းငယ်လောက် ဒါမှမဟုတ် တစ်ပတ်ကျော်လောက်ကြာတတ်ပါတယ်။ အချို့သော ကိစ္စတွေမှာ (ဥပမာ Strep Throatလို )တော့ သင့်ကလေးအတွက် ပဋိဇီဝဆေးလိုမလို စမ်းသပ်မှုတစ်ခု လုပ်ရပါတယ်။ လည်ချောင်းနာခြင်းအတွက် အခြားအဖြစ်များတဲ့ အကြောင်းရင်းတွေမှာတော့ ဓါတ်မတည့်ခြင်းတွေ ဓါတုပစ္စည်းတွေပါဝင်တဲ့ လေထုညစ်ညမ်းမှုတွေ၊ မီးခိုးတွေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

အစာစားချင်စိတ်မရှိ တဲ့ ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ

ယနေ့အချိန်ထိလည်း အစားစာတာ မူမမှန်တဲ့ (eating disorders)ရောဂါတွေရဲ့ အဓိကအကြောင်းရင်းကို မသိနိုင်ကြသေးပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနဲ့ ပတ်ဝန်းကျင်ပြဿနာတွေ အားလုံးပေါင်းစည်းသွားခြင်းရဲ့ ရလဒ်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ၊ ဒါဟာ ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဆီ ဦးတည်စေနိုင်ပါတယ်။ ကလေးတွေဟာ စားချင်စိတ် ဘာဖြစ်လို့အစောကြီးဆုံးရှုံးရတာလဲ။ Anorexia ဟာ ကလေးဘဝမှာ ဒါမှမဟုတ် အရွယ်ရောက်ကာစအခြေအနေမျိုးမှာ အဖြစ်များတဲ့ အစားအသောက်ဆိုင်ရာမူမမှန်မှု ပြဿနာတစ်မျိုးပါ။ အကြောင်းရင်းကတော့ ဝလာမှာကြောက်လို့ ဒါမှမဟုတ် ကျောင်းကအခြားသူငယ်ချင်းတွေ စမှာစိုးလို့ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ မိန်းကလေးငယ်တွေကတော့ ပိုပြီးဖြစ်လွယ်ကြပါတယ်။ anorexia ခံစားနေရတဲ့ထဲကမှ ၅%ကနေ ၁၅%ထိသာ ယောက်ျားလေးတွေဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ စားသောက်မှုဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်းလည်း များစွာရှိပါတယ်။ အဖြစ်အများဆုံးတွေကတော့.. - သူတို့တွေ ပိုပိန်လေ ကျန်းမာရေးပိုကောင်းနိုင်လေလို့ အသိအမြင်မှားတာပါ။ - ကလေးတွေအပေါ် သူတို့ပတ်ဝန်းကျင်က […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်ဖြစ်သော စကားပြောခြင်းနှင့် ဘာသာစကား ပြဿနာများ

အိမ်ပတ်လည်တွင် ပြေးလွှားဆော့ကစား နေသော၊ ချစ်ဖို့ကောင်းသော စကားလုံးများ ပြောတတ်သော သီချင်းကောင်းကောင်း ဆိုတတ်သော ကျန်းမာသော ကလေးများကို သင်ရရှိပါက အမှန်တကယ် ပျော်ရွှင် ချမ်းမြေ့ဖွယ် ကောင်းပါသည်။ သို့သော်လည်း ကလေးတွင် စကားပြောခြင်းနှင့် ဘာသာစကား ရောဂါများ (ASHA) ရှိပါ က အခြားသူများကဲ့သို့ ပြည့်စုံမည် မဟုတ်ပါ။ စကားပြောခြင်းနှင့်ဆိုင်သော ရောဂါတွေက ဘာတွေလဲ။ ကလေးသည် ပုံမှန်စကားသံများ မပြောတတ်ပါက သို့မဟုတ် သူတို့အသံတွင် ပြဿနာရှိပါက သူတို့တွင် စကား ပြောခြင်းနှင့်ဆိုင်သော ရောဂါများရှိနိုင်သည်။ စကားပြောခြင်း နှင့်ဆိုင်သော ရောဂါများမှာ- ကလေးဘဝတွင် စကားမပြောနိုင်ခြင်း Dysarthria Orofacial myofunctional disorders စကားပြောသံနှင့် ဆိုင်သော ရောဂါများ။ အသံပီသ ခြင်းနှင့် အသံထွက် အစီအစဉ်များ စကားထစ်ခြင်း ပုံမှန်မဟုတ်သော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိထွေးဖထွေးတို့ လုပ်သင့်သည် မလုပ်သင့်သည်များ

ခံစားမှုများအရ သံယောဇဉ်တွယ်ခြင်း၊ ယုံကြည်အားကိုးခြင်း ချစ်ခင်ခြင်းတို့သည့် ကလေးများအားပြုစုပျိုးထောင်ရာတွင် တံခါးပေါက်များဖြစ်သည်။ ထိုတံခါးပေါက်များအား ဖွင့်လိုက်သည်နှင့် မိဘ၊ အဘိုးအဖွား၊ မွေးစားမိဘ သို့မဟုတ် မိထွေးဖထွေးတို့သည် ကလေးတစ်ဦးကို ဦးဆောင်နိုင် စည်းကမ်းပြုပြင်ပေးနိုင်ပါပြီ။ တစ်ခြားနည်းဖြင့်ပြောရလျှင် ဆိုရိုးဟောင်းတစ်ခုအရ စည်းမပါသောဆက်ဆံရေးသည် ပုန်ကုန်မှုကိုဖြစ်စေပါသည်။ ပညာရှိသောမိထွေးဖထွေးမျာက ထိုအချက်ကိုသိထားကြပြီး သြဇာညောင်းသည့် ဆက်ဆံရေးကို ဖန်တီးနိုင်ကြ၏။ ခိုင်မြဲသောဆက်ဆံရေးမရှိပါပဲ သြဇာညောင်းနိုင်၏။ သို့သော် ၎င်းတွင်ကန့်သတ်ချက်များရှိသည်။ ရဲသားတစ်ယောက်က သင့်ကိုဖမ်းနိုင်သည်၊ အလုပ်ရှင်က သင့်ကိုဘာလုပ်ဆိုပြီး စေခိုင်းနိုင်သည်၊ ကျောင်းဆရာက အခန်းစည်းကမ်းများကို လိုက်နာခိုင်းနိုင်သည် သို့သော် မေတ္တာမရှိသော မလေးစားသော သြဇာရှင်ကို လိုက်နာမည့်သူမရှိနိုင်ပါ။ မိထွေးဖထွေးများက ကလေးနှင့် မေတ္တာသံယောဇဉ် မတွယ်နိုင်သေးသ၍ ဘောင်များကန့်သတ်သည့် ပြင်ပကအာဏာရှင်များသာဖြစ်သည်။ ထို့ကြောင့် မိသားစုတစ်ခုတွင် မိထွေးဖထွေးများက ထိုကန့်သတ်ချက်များကို သိရှိပြီး မိရင်းဖရင်းများ၏ အာဏာကို ငှားသုံးရမည်ဖြစ်သည်။ သူတို့နှင့်သက်ဆိုင်သလောက်ထက် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

လမ်းလျှောက်စနှင့် မူကြိုရွယ်များတွင် စကားထစ်ခြင်း

အသက် ၂ - ၅ နှစ်ကြား ကလေးများ၌ စကားထစ်ခြင်း၊ စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ချို့ကို ထပ်ခါထပ်ခါပြောခြင်း၊ သံရှည်ဆွဲနေခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်းပြောခြင်း၊ စကားလုံးသံ ဗျည်းသရသံများကိုပင် မထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ စကားထစ်ခြင်းသည် စကားကြောတွင် အဆက်ပြတ်သွားခြင်း dysfluemcy အမျိုးအစားတစ်ခုဖြစ်သည်။ ဖြစ်ရပ်အများစုတွင် အသက် ၅ နှစ်နောက်ပိုင်း၌ စကားထစ်ခြင်း အလိုလိုပျောက်သွားသလို တစ်ချို့တွင်လည်း ထိုထက်နည်းနည်း ပိုကြာတတ်ပါသည်။ စကားထစ်ခြင်းကို အရှင်းပျောက်ကင်းအောင် လုပ်မရနိုင်သော်လည်း သင့်ကလေးအဆင်ပြေစေဖို့ ပြုလုပ်ပေးနိုင်သည့် ကုသမှုများတော့ ရှိပါသည်။ ဘာတွေကြောင့် စကားထစ်မှုဖြစ်ရသလဲ။ စကားထစ်မှုကိုဖြစ်စေသည့် အချက်အလက်များစွာ ရှိပါသည်။ · မျိုးရိုးဗီဇ - စကားထစ်သူ ၆၀%တွင် မိသားစုဝင်ထဲ၌ စကားထစ်နေသူ ရှိတတ်ပါသည်။ · ဘာသာစကားဆိုင်ရာ ပြဿနာရှိလျှင် သို့မဟုတ် ကြီးထွားဖွံဖြိုးမှုနှေးလျှင် · ဘာသာစကားအား မှတ်သားပေးသည့် ဦးနှောက်လုပ်ငန်းစဉ်များ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရတော့မယ့် ဖေဖေတို့အတွက် လမ်းညွှန်

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ သမုဒ္ဒရာခရီးတစ်ခုပါပဲ။ ပြင်းထန်တဲ့မုန်တိုင်းတွေ၊ လှိုင်းကြမ်းတွေနဲ့ တစ်ခါတလေတော့လည်း နေသာသာနဲ့ ငြိမ်းချမ်းတဲ့ အရသာလေးတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုပါ။ စိတ်တူကိုယ်တူ လက်တွဲဖော်ရှိရင်တောင် ဒါဟာအတော်ကို ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ သင်တစ်ယောက်တည်း ဒီအလုပ်ကို လုပ်ရတော့မယ်ဆိုရင်တော့ ခက်ခဲမှုက နှိုင်းဆလို့မရတဲ့ အခြေအနေထိ မြင့်တက်သွားပါပြီ။ ကမ္ဘာတစ်လွှားက မိဘတွေဟာ ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ကြပါတယ်။ နှစ်ယောက်လှော်ရမယ့်လှေကို သင်တစ်ယောက်တည်း လမ်းပြ တစ်ယောက်တည်းလှော်နေရလို့ မိဘအုပ်ထိန်းမှုဆိုတဲ့ ရေယဉ်ကြောကြီးကို သင်မဖြတ်သန်းနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အောက်ပါအချက်တွေက သင့်ရဲ့ခရီးလမ်း ဖြောင့်ဖြူးချောမွေ့စေဖို့ ကူညီနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ အဆင့်မြင့် ဇိမ်ခံ spa တွေသွားတာက တကယ်ကို ကောင်းမွန်တယ်ဆိုပေမယ့် မိဘနေရာရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဆိုတဲ့စကားက သင့်ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းတာထက် ပိုလာပါပြီ။ တကယ်လို့များ သင့်ကို သတိပေးမယ့် လက်တွဲဖော်မရှိတော့ဘူးဆိုရင်တော့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းတက်ရန် ငြင်းဆိုခြင်း

စာသင်နှစ်များသည် လူတိုင်း၏ ဘဝတွင် အရေးပါသော အကူးအပြောင်းအချိန်များ ဖြစ်သည်။ အိမ်နှင့် ခွဲခွာပြီး လူသစ်များနှင့် တွေ့ရသောအချိန်များ ဖြစ်ပြီး ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း၊ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း တို့ ဖွံ့ဖြိုးလာချိန် ဖြစ်သည်။ စာသင်နှစ်များတွင် ကျောင်းသား တစ်ယောက် ရင်ဆိုင်ရသော စိန်ခေါ်မှုများ အများအပြား ရှိသည်မှာ ပြောစရာမလိုအောင်ပင် ဖြစ်သည်။ အချို့ကို လွယ်ကူစွာ ဖြေရှင်းနိုင်သော်လည်း အချို့မှာ ရှုပ်ထွေးသည်။ ထိုကဲ့သို့ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ဖြေရှင်းခြင်း မရှိပါက အချိန်ကြာလာသောအခါ ကြောက်ရွံ့ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်ဖိစီးမှုဖြစ်ခြင်းစသော အပျက်သဘော ဆောင်သော ခံစားမှုများ ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ကျောင်းတက်ရန် ငြင်းဆိုခြင်းဟုခေါ်သော စိတ်ရောဂါတစ်ခု ကို ဖြစ်စေပါသည်။ စတင်ဖြစ်ပွားသော အသက်အရွယ်သည် ၁၀ မှ ၁၃ နှစ်တွင် […]


ကလေးငယ်အာဟာရ

ကလေးတွေကို အော်ဂဲနစ် အစားအသောက်တွေကျွေးခြင်းနှင့် သိစရာများ

လူအများအပြားကတော့ အော်ဂဲနစ်အစားအစာတွေရဲ့ မြင့်မားတဲ့ ဈေးနှုန်းကို ဂရုမထားပဲ သားသမီးတွေကို ကျွေးဖို့ အကြံပြုကြပါတယ်။ ပိုးသတ်ဆေး မပါဝင်တာကြောင့်အော်ဂဲနစ်အစားအစာတွေက ကလေးတွေအတွက် ကောင်းတယ်လို့ယုံကြည်ပါတယ်။ သင်အော်ဂဲနစ်အစားအစာကို ပိုက်ဆံပိုပေးဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်၊မသင့်ကို အောက်ကဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။ ကလေးရဲ့ အစားအစာထဲမှာ ပိုးသတ်ဆေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ဖြစ်သင့်ပါသလား ပြောနေစရာတောင် မလိုပါဘူး။ ပိုးသတ်ဆေးတွေကို အထူးသဖြင့်လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နှင့် သစ်သီးများထဲတွင်အများဆုံး တွေ့နေကြပါတယ်။ ပိုးသတ်ဆေးတွေက စိုက်ခင်းကိုဖျက်စီးတတ်တဲ့ မှို၊ အင်းဆက်ပိုးမွှားများနှင့်ရောဂါများမဖြစ်အောင် ကောက်ပဲသီးနှံများကိုကာကွယ်စောင့်ရှောက်ကူညီပေးပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပိုးသတ်ဆေးတွေက လူ့ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ်ရှိပါတယ်။ ဒီဓာတုပစ္စည်းတွေက ကင်ဆာ၊ အဆုတ်ရောဂါ၊ မျိုးဆက်ပွားပြဿနာများနှင့် endocrine စနစ်များမမှန်ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အမူအကျင့်မမှန်ခြင်း၊ သင်ယူမှုစွမ်းရည်ကျခြင်းများနှင့် ဦးနှောက်နှင့်အာရုံကြောစနစ်ပင် ရေရှည်ပျက်စီးမှုဖြစ်နိုင်ပါတယ်။ ပိုးသတ်ဆေးနှင့်ထိတွေ့မှု ရှည်လျားသည်ဖြစ်စေ တိုသည်ဖြစ်စေ သင့်ကလေး၏ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တကယ်တော့တချို့ဆိုးကျိုးတွေကလည်း ချက်ချင်း မပေါ်တတ်သေးပါဘူး။   ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေထက် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးတွေရဲ့ အတွင်းရေးကိစ္စတွေမှာ သင်ဝင်စွက်ဖက်သင့်သလား

ကိုယ်ရေးကိုယ်တာကိစ္စ ဝင်ရောက်စွက်ဖက်မှုဆိုတာ အုပ်ထိန်းမှုနဲ့ပတ်သက်ပြီး ဗဟုသုတနည်းတာနဲ့ဆက်စပ်နေပါတယ်။ သင့်ကလေးရဲ့ ကိုယ်ပိုင်လွတ်လပ်မှုပေးတာနဲ့ ကာကွယ်မှုပေးတာကို ချိန်ညှိနိုင်ဖို့ မိဘတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ? ကိုယ်ရေးကိုယ်တာကိစ္စ ဝင်ရောက်စွက်ဖက်မှုလား မိဘတွေရဲ့ လုပ်ပိုင်ခွင့်လား ? ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်လာပြီဆိုရင် မိဘတွေဘက်က ဘယ်လိုစည်းမျဉ်းတွေ လုပ်သင့်မလဲ။သူတို့တွေရဲ့ ဒိုင်ယာရီကိုဖတ်ကြည့်မှာလား၊ ဖုန်းပြောနေတာကို နားထောင်မှာလား ဒါမှမဟုတ် သူတို့ဘယ်လိုဖြတ်သန်းနေသလဲဆိုတာသိဖို့ လိုက်စုံစမ်းနေဦးမှာလား။ တချို့မိဘတွေကတော့ ဒီလုပ်ရပ်တွေက တရားမျှတတယ်လို့ သဘောထားကြပြီး လက်ခံနိုင်တယ်လို့လည်း တွေးကောင်းတွေးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းကကော တကယ်ထိရောက်မှုရှိရဲ့လား။ ကလေးတွေက သူတို့အတွင်းရေးတွေကို သူတို့ဘာသာချယ်လှယ်လိုကြပြီး မိဘတွေသိဖို့လိုတယ်ထင်တာကိုသာ ပြောပြတတ်ကြပါတယ်။ ဒီတော့ သူတို့ကိစ္စကိုဝင်ရှုပ်နေပြီလို့ထင်ရင် သူတို့ကပိုလျှို့ဝှက်တတ်ကြပြီး မိဘတွေကိုလည်း သူတို့အကြောင်းအသိမပေးတတ်တော့တာပုံမှန်ပါပဲ။ ဒီပြသနာကို ဖြေရှင်းချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ သတင်းပိုရဖို့တိုက်ရိုက်မေးတာပိုကောင်းပါတယ်။ ဒါပေမယ့် ကံမကောင်းရင် ပိုခုခံမှုလုပ်တတ်ပါတယ်။ ကလေးတွေက သင်သူတို့အကြောင်းသိရဖို့လုပ်နေတာကိုလည်း အသိမှတ်မပြုပါဘူး။ ပြီးတော့ သင်သူတို့ရဲ့ privacy […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း