backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း

ပါရမီများ၊ စွမ်းရည်များသည် ကလေးတစ်ယောက်တွင် မွေးရာပါဖြစ်သော်လည်း ယဉ်ကျေးလိမ္မာခြင်းကတော့ မွေးရာပါမဟုတ်ပါ။ ကြမ်းတမ်းမှုများနှင့် ပြည့်နေသည့် လောကကြီးအတွင်း ကလေးများ လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေးနေစေဖို့ သွန်သင်ပေးရမှာ မိဘတို့၏ တာဝန်သာဖြစ်သည်။

ယဉ်ကျေးလိမ္မာတယ်ဆိုတာ ဘာတွေလဲ။

ယဉ်ကျေးတယ်၊ လိမ္မာတယ်ဆိုသည်မှာ ထမင်းစားဝိုင်းမှာ စည်းကမ်းမရှိစားတာမျိုးလောက်တင်မဟုတ်ပါ။ တစ်ယောက်၏ ခံစားချက်အပေါ် တစ်ယောက်က အလေးထားခြင်းတို့အထိပါ ပါဝင်ပါသည်။

ယဉ်ကျေးလိမ္မာခြင်းသည် ဘဝနေနည်းတစ်ခု ဖြစ်သည်။ လူမှုရေးဆိုင်ရာ အခမ်းအနားတွေရှိမှ ဟန်လုပ်ရမည်မျိုးမဟုတ်ပါ။ ထို့ကြောင့် ကလေးများကို ငယ်စဉ်ကတည်းက စောနိုင်သလောက် စောစောသင်ပေးပါမှ သူတို့အတွက် အကျင့်တစ်ခုလိုဖြစ်သွားစေမည် ဖြစ်၏။

ကလေးများကို ဘာကြောင့် ယဉ်ကျေးလိမ္မာအောင် သွန်သင်ရပါသလဲ။

ကျွမ်းကျင်သူများက ကလေးများကို စောစောစီးစီး လိမ္မာယဉ်ကျေးအောင် သင်မပေးထားလျှင် ဆိုးကျိုးများစွာ ရင်ဆိုင်ရမည်ဟု ယုံကြည်ကြ၏။ ကြီးကြီးငယ်ငယ် ဘယ်သူမှ ဆိုးသွမ်းသည့်ကလေးမျိုးကို ကြိုက်မည် မဟုတ်ပါ။ လိမ္မာယဉ်ကျေးအောင် မသွန်သင်ဘဲ ကလေးကို လောကကြီးထဲနေခိုင်းခြင်းသည် ကျောင်းကို ထမင်းဘူးမပါ လွယ်အိတ်မပါဘဲ လွှတ်လိုက်သည်နှင့် အတူတူပင်ဖြစ်သည်။

ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း 

ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း အကောင်အထည်ဖော်ရာမှာ အသုံးဝင်မယ့် နည်းလမ်းကောင်းများကတော့

သင့်ကလေးများကို ယဉ်ကျေးလိမ္မာ စေလိုလျှင် သင်ကိုယ်တိုင်အရင် ယဉ်ကျေးပါ။ ကလေးများကို သင်ဖို့အတွက် ပထမဆုံး နည်းလမ်းသည် သင်ကိုယ်တိုင် ကျင့်သုံးနေထိုင်ပြခြင်း ဖြစ်ပါသည်။ ထို့အတူ ရုန့်ရင်းသည့်စကားမျိုးကို ရှောင်ပါ။ ကလေးများကို မဆဲစေလိုလျှင် သင်လည်း မဆဲပါနှင့်။ မိဘအများစုသည် ကလေးရှေ့တွင် ကြမ်းတမ်းစွာ ပြောဆိုကြခြင်းဖြင့် ကလေး၏ စကားပြောပုံစံကို ဖျက်စီးပစ်တတ်ကြပါသည်။

  • အရေးကြီးဆုံး စကားလုံးများကို သင်ပေးပါ။

ကလေးတိုင်းသည် စကားလုံး ငါးလုံးကို ဘာမှမပြောတတ်ခင် ကတည်းက သိထားသင့်ပါသည်။ “ကျေးဇူးပြုပြီး” ၊ “ကျေးဇူးတင်ပါတယ်” ၊ “ခွင့်ပြုပါ” ၊ “ခွင့်လွှတ်ပါ” ၊ “ရပါတယ် ကျေးဇူးပါ” စသည် ငါးမျိုးကို သိထားသင့်ပါသည်။

  • စိတ်ရှည်ပါ။ တစ်ရက်တည်းနဲ့တော့ ယဉ်ကျေးလိမ္မာလာမည်မဟုတ်ပါ။

ကလေးများကို သူတို့ကိုယ်တိုင် စည်းကမ်းအသစ်များကို လေ့လာရင်း နေသားကျစေရန် အချိန်ပေးပါ။

သင့်ကလေးက သိပ်ငယ်လွန်းသေးလျှင် အများကြီး မမျှော်လင့်ထားပါနှင့်ဦး။ လမ်းလျှောက်တတ်စ ကလေးက ထမင်းစားစဉ် လိုက်နာရမည့် ကျင့်ဝတ်များကို သိဦးမည်မဟုတ်ပါ။ သို့သော် ထမင်းစားပွဲတွင်တော့ သင့်ဧည့်သည်များနှင့် ခဏတာ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံးပေးနိုင်ပါသည်။

  • သဘောထားကို မပြောင်းပါနှင့်။

သဘောထား မပြောင်းခြင်းနှင့် ထပ်လောင်း အားဖြည့်ခြင်းများက ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ရာတွင် အရေးကြီးပါသည်။ သင်ရော၊ သင့်အိမ်ထောင်ဖက်ရော၊ ကလေးအုပ်ထိန်းသူရော ကလေးကို သွန်သင်မည့်ပုံစံကို တူညီစွာ သိထားရပါမည်။ အစားစားလျှင် မဆော့ဖို့ သင်က သွန်သင်ထားပြီး နောက်တစ်ယောက်က ဆော့ခွင့်ပြုသည်ဆိုပါက ကလေးစိတ် ရှုပ်ထွေးသွားနိုင်ပါသည်။

  • ဘက်လိုက်မှုများကို သင့်ရင်ထဲမှာသာထားပါ။

အကယ်၍ သင့်မှာ လူတစ်ယောက် သို့ လူတစ်စုနှင့် ပတ်သက်ပြီး ဘက်လိုက်မှုများရှိနေပါက ကလေးရှေ့မှာ ထုတ်မပြသည်အထိ အဆင်ပြေပါသည်။ ကလေးကို ဘက်မလိုက်တတ်ဘဲ ဆင်ခြင်တုံတရား ရှိအောင်၊ တခြားသူများကို ကိုယ်ရည်ကိုယ်သွေးကိုသာ ကြည့်ပြီး ဆုံးဖြတ်တတ်အောင်၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှု မရှိအောင် သွန်သင်ကြရမည် ဖြစ်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement