နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

သိကိုသိထားသင့်တဲ့ နှလုံးတုန်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း ၁၀ ချက် ။ ။

နှလုံးတုန် တယ်ရင်တုန်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ပါပါတယ်။ နှလုံးဆိုတာ ကိုယ်ခန္ဓာအတွက် အရေးအကြီးဆုံးမလား။ ဒီ အရေးကြီးလှတဲ့ နှလုံးလေး တစ်ခုခုဖြစ်နေပြီလို့ပြတဲ့ အချက်တွေထဲမှာ နှလုံးတုန်တာကလည်း တစ်ခုအပါအဝင်လေ။ ဒါမေပယ့် နှလုံးတုန်တိုင်း ကိုယ့်မှာ နှလုံးရောဂါရှိနေပြီလို့ ပြောလို့ကလည်း မရသေးပါဘူး။ ကျန်းမာရေးပြဿနာမဟုတ်တဲ့ အခြား နှလုံးတုန်စေတဲ့အကြောင်းအရင်းတွေကလည်း ရှိသေးတယ်လေ။ ဒီတော့ နှလုံးတုန်ခြင်းကို ဘယ်လိုအကြောင်းအရာတွေကဖြစ်စေလဲ ဆိုတာ ကြည့်လိုက်ရအောင် ။ ( ၁ ) ကဖင်းဓာတ်အလွန်အကျွံသောက်မိတာ ခုခေတ်ကြီးက ကော်ဖီ လေးတစ်ခွက်လောက်မှာ မသောက်လိုက်ရရင် ကိုယ့်ရဲ့တစ်နေ့တာက ဟာတာတာဖြစ်နေရတဲ့ ခေတ်ကြီးမဟုတ်လား။ တချို့ဆို တစ်ခွက်တောင်မဟုတ်ဘဲ ကော်ဖီ သုံးလေးခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့သူတွေလည်း အများကြီးပါနော်။ အဲဒီမှာ စပြီး သူတို့တွေ ရင်တုန်တာပါပဲ။ ကဖင်းဓာတ်ရဲ့ အာနိသင်ကိုက […]


ကိုလက်စထရောလ်

သွေးတွင်းကိုလက်စထရောများနေတဲ့ လက္ခဏာတွေ

သင့်မှာ ဒီလက္ခဏာတွေဖြစ်နေပြီလား။ ဒါဆိုရင်တော့သွေးတွင်းကိုလက်စထရောများနေပြီဖြစ်တာကြောင့် သတိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့သွေးတွင်းကိုလက်စထရောများရင် ခန္ဓါကိုယ်မှာဖြစ်တတ်တဲ့ လက္ခဏာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ သွေးတွင်းကိုလက်စထရော ကိုလက်စထရောမှာ ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ကိုလက်စထရောတွေရှိသလို အကျိုးမပြုတဲ့ ကိုလက်စထရောတွေလည်းရှိပါတယ်။ ဒါပေမယ့်သွေးတွင်းမှာ ကိုလက်စထရောပါဝင်မှုများရင်တော့ မကောင်းတာအမှန်ပါပဲ။ ဒီလိုပြောရတဲ့ အကြောင်းကတော့သွေးတွင်းကိုလက်စထရောများတာက အသံတိတ်လူသတ်သမားတစ်ယောက်ဖြစ်နေတာကြောင့်ပါ။ကိုလက်စထရောက ခန္ဓါကိုယ်က ဆဲလ်တိုင်းမှာရှိပါတယ်။ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံးလည်ပတ်စေဖို့အတွက်လည်း လိုအပ်တဲ့အရာတစ်ခုပါ။နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲကနေရရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်တင့်တဲ့ပမာဏထက်ကျော်လွန်သွားမယ်ဆိုရင်တော့ ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာလိုမျိုးရောဂါတွေကို ခံစားရနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောများနေတယ်ဆိုတာကိုဖော်ပြနေတဲ့လက္ခဏာတွေ သွေးတွင်းကိုလက်စထရောများတဲ့အခါ ခန္ဓါကိုယ်မှာ အခုလိုပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ မျက်ခွံမှာ အဝါရောင်အဖုလေးတွေထွက်လာမယ် အပေါ်မျက်ခွံမှာဖြစ်ဖြစ်၊အောက်မျက်ခွံမှာဖြစ်ဖြစ် နာကျင်မှုမရှိဘဲခပ်ပျော့ပျော့ဖုလေးတွေ စမ်းမိနေပြီလား။ ဒါကအမြင်အာရုံကို ထိခိုက်မှုမဖြစ်စေပေမယ့်သွေးတွင်းကိုလက်စထရောတွေများနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့် မနက်ခင်းမျက်နှာသစ်တိုင်း မျက်ခွံပေါ်မှာ အဝါရောင်ဖုလေးတွေရှိနေလားစစ်ပါ။ မျက်ကြည်လွှာတဝိုက်မှာမီးခိုးရောင်အရစ်လေးတွေဖြစ်နေမယ် မှန်ကြည့်တဲ့အခါမှာ မျက်ကြည်လွှာလေးတဝိုက်ကိုသေချာစိုက်ကြည့်ပါ။ မျက်ကြည်လွှာတဝိုက်မှာ မီးခိုးရောင်အရစ်လေးဖြစ်နေမယ်ဆိုရင် ဒါကသွေးတွင်းကိုလက်စထရောများနေတာပါ။ အသက် ၄၅ နှစ်အထက် လူကြီးတွေမှာပိုအဖြစ်များပါတယ်။ ခြေတွေလက်တွေထုံကျဉ်မယ် သွေးတွင်းကိုလက်စထရောများတာကသွေးကြောလေးတွေထဲမှာ အဆီတွေစုပုံမှုဖြစ်ပြီးသွေးကြောလေးတွေပိတ်ဆို့သွားပြီးခြေလက်တွေထုံကျဉ်တာမျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့်ခြေလက်တွေထုံကျဉ်မှုကသွေးတွင်းကိုလက်စထရောများနေတာဖြစ်နိုင်ပါတယ်။ ဦးခေါင်းနောက်ဖက်နဲ့ဇက်ကြောတွေထဲကနာကျင်နေမယ် သွေးတွင်းကိုလက်စထရောများတာကသွေးကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးခေါင်းပိုင်းဆီကိုသွေးစီးဆင်းရောက်ရှိမှုနည်းသွားစေနိုင်ပါတယ်။ ဒီလိုနည်းသွားတာက အချိန်တိုင်းလိုလို ဇက်ကြောတက်တာ၊ခေါင်းကိုက်နေတာမျိုးတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့်ခေါင်းခဏခဏကိုက်မယ်၊ […]


နှလုံးရောဂါ

ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ။

အသက်လေးရှူလိုက်လို့ ရင်ညွှန့်နားက စူးကနဲအောင့်သွားတယ်၊ ကိုယ်ခန္ဓါ အလှည့်အပြောင်းမှာ ရင်ဘတ် လေးတစ်ချက်ချက် အောင့်သွားတတ်တဲ့ ပြဿနာကို ကြုံဖူးတဲ့သူ မရှားပါဘူး။ လူအများစုကတော့ ဒီလို ဖြစ်လာပြီဆိုရင် လေထိုးတာနေမှာ၊ လေပဲနေမှာဆိုပြီး ပေါ့ပေါ့ဆဆေတွေးလိုက်ကြတာများပါတယ်။ တကယ်တော့ ရင်ဘတ်အောင့်တဲ့ပြဿနာဟာ လုံးဝကို မပေါ့ဆသင့်တဲ့ အရာတစ်ခုပါ။ ဘာေ့ကြာင့်လဲဆိုတော့ ဒီရင်ဘတ်အောင့်တာ နှလုံးနဲ့ အဆုတ် ရောဂါတွေရဲ့ အဓိက လက္ခဏာဖြစ်နေလို့ပါ ။ အသေးစိတ်ဆက်ကြည့်လိုက်ရအောင် ။ နှလုံးရောဂါဆိုင်ရာ ရင်ဘတ်အောင့်ခြင်း ။ ။ Angina – ဒီ angina ဆိုတဲ့ ရင်ဘတ်တစ်ခြမ်းအောင့်တာနဲ့ MI လို့ခေါ်တဲ့ နှလုံးကြွက်သားပုတ်ပြီး ရင်ဘတ်အောင့်တဲ့ နှစ်ခုက ဆင်တူတတ်ပါတယ်။ မတူတာတွေကတော့ angina ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာဟာ လေ့ကျင့်ခန်းကြောင့် ၊စိတ်ဖိစီးမှုကြောင့်၊ ရာသီဥတုကြောင့်နဲ့ အများဆုံး သက်ဆိုင်ပြီး […]


နှလုံးသွေးကြောကျဉ်းရောဂါများ

အိပ်ချိန်နည်းလွန်း၊များလွန်းသူတွေမှာ Heart attack ဖြစ်နိုင်ခြေပိုများ

ကျန်းမာရေးအတွက် အိပ်ချိန်မှန်ဖို့အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် မှန်မှန်အိပ်တယ်ထင်လား။ နိုးပါနော်။ အိပ်ချိန်မှန်အောင်ဂရုစိုက်တဲ့သူနည်းပါတယ်။ အလုပ်များရင် ညနက်တာ၊ မိုးလင်းပေါက် ဂိမ်းဆော့တာ ၊ အရေးကြီးကိစ္စရှိလို့ အစောကြီးအိပ်ရာထရတာ၊ ပိတ်ရက်ဆို နေမြင့်တဲ့ထိ လှိမ့်အိပ်တာ၊ ဒါတွေအကုန်လုံးက အိပ်ချိန်ကို ပုံမှန်မထားရှိလို့ပါ။ အကျိုးဆက်ကတော့ ကျန်းမာရေးအတွက် အမျိုးစုံတဲ့ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ လေ့လာမှုအသစ်အရတော့ အိပ်စက်ချိန်ပုံမှန်မရှိတာ၊ မလုံလောက်တာက နှလုံးကျန်းမာရေးကိုထိခိုက်နိုင်ကြောင်းသေချာစေပါတယ်။ အိပ်စက်ချိန်အတိုင်းအတာက လူတစ်ယောက်ရဲ့ နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေအန္တရာယ်ကို လွှမ်းမိုးနိုင်ပါတယ်လို့ သုတေသနတွေ့ရှိချက်အသစ်ကဆိုပါတယ်။ အမေရိကန်နဲ့ဗြိတိန်သုတေသီတွေကဗြိတိန်နိုင်ငံအတွင်းက အသက် ၄၀- ၆၉ နှစ်အတွင်းရှိ လူဦးရေ ၄၆၁၃၄၇ ဦးရဲ့ အိပ်စက်မှုအလေ့အထနဲ့ ကျန်းမာရေးမှတ်တမ်းတွေကိုလေ့လာခဲ့တာဖြစ်ပြီး American College of Cardiologyဂျာနယ်မှာဖော်ပြခဲ့တဲ့သုတေသနဖြစ်ပါတယ်။ တစ်ညကိုအိပ်ချိန် ၆ နာရီမပြည့်တဲ့သူတွေက နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများတယ်လို့ သုတေသနက ဆိုပါတယ်။ တစ်ညကို ၉ နာရီကျော်အောင်အိပ်တဲ့သူတွေကတော့ ဒီအန္တရာယ် ၃၄ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး သွေးခဲနိုင်ချေ မြင့်မား ။ ။

အမျိုးသားတွေထက် အမျိုးသမီးတွေဟာ သွေးခဲနိုင်ချေပိုမြင့်မားတယ် ။ deep vein thrombosis လို့ခေါ်တဲ့သွေးပြန်ကြော သွေးခဲပိတ်ခြင်း ရောဂါ ဖြစ်နိုင်ချေ ပိုများတယ်ဆိုရင် အံ့သြသွားမလား။ ဒီကိစ္စက အမှန်ပါ။ နာတာရှည်သွေးပြန်ကြော ရောဂါတွေ၊ သွေးခဲတဲ့ ပြဿနာတွေအမျိုးသားတွေမှာလည်းဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ တွေ့ရပိုများပါတယ်။ သွေးခဲတာ ကြောက်စရာလိုလို့လား။ ထိခိုက်ဒဏ်ရာ တစ်ခုခုရလို့ သွေးထွက်တဲ့အခါ ကိုယ်ခန္ဓါက သွေးခဲစေပြီး သွေးတိတ်ေအာင် လုပ်ရပါတယ်။ ဒါကကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပေမယ့် deep vein thrombosis လို့ခေါ်တဲ့ သွေးပိတ်ကြောပိတ်တဲ့ ပြဿနာမှာတော့ ဒီသွေးခဲတဲ့ ကိစ္စက တရားခံပါ။ ဒါတင်မက ခဲနေတဲ့သွေးခဲလေးတွေပြုတ်ထွက်ပြီး အဆုတ်သွေးကြော နှလုံးသွေးကြောတွေမှာ သွားပိတ်ရင် ပိုပြီး ပြဿနာကြီးသွားပါပြီ။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပြဿနာတွေက မိန်းကလေးတွေမှာမှ ဘာ့ကြောင့် ပိုဖြစ်ရတာလဲ အမျိုးသမီးတွေမှာ သွေးခဲနိုင်တဲ့ ပြဿနာတွေ ဖြစ်ရတာ ဒါတွေကြောင့်ပါ။ ( […]


သွေးတိုးရောဂါ

လေထုညစ်ညမ်းခြင်းကြောင့် သွေးတိုးဖြစ်လာနိုင်ခြေပိုများ

ညစ်ညမ်းတဲ့လေထုကိုရှူရှိုက်ရတာများတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါဖြစ်လာနိုင်ခြေ အရမ်းများတယ်လို့ စပိန်သုတေသနအသစ်တစ်ခုအရ သိရပါတယ်။ လေ့လာမှုအရ အိန္ဒိယနိုင်ငံအတွင်းကလေထုညစ်ညမ်းမှုဒဏ်အများဆုံးထိတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါအန္တရာယ်သိသိသာသာပိုများတာကိုတွေ့ရပါတယ်။ Epidemiologyဂျာနယ်မှာဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ ဟိုင်ဒရာဘတ်မြို့အနီးကကျေးရွာ ၂၈ ခုဆီက လူဦးရေ ၅၅၃၁ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေရဲ့သွေးဖိအားကို တိုင်းတာခဲ့ပြီး သူတို့ရဲ့နေအိမ်တဝိုက်မှာလေထုတွင်းညစ်ညမ်းမှုန်ပါဝင်မှုညွှန်းကိန်းအဆင့်(PM2.5)နဲ့black carbon တို့နဲ့ နှစ်စဉ်ထိတွေ့မှုကို ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ပါဝင်သူတွေဟာ အိမ်မှာ ဘယ်လိုလောင်စာမျိုးသုံးပြီးချက်ပြုတ်သလဲဆိုတာတွေပါ အပါအဝင် သူတို့ရဲ့လူမှုရေး-စီးပွားရေးအနေအထား၊ ဘဝနေထိုင်မှုပုံစံနဲ့နေအိမ်အခြေအနေကိုဖော်ပြနိုင်ဖို့ စစ်တမ်းတွေဖြေဆိုရပါတယ်။ သိသိသာသာပါပဲ။ ပါဝင်သူအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ ကျန်းမာရေးနဲ့ညီတဲ့ PM ညွှန်းကိန်းအတိုင်းအတာထက်10 µg/m³ကျော်လွန်ထိတွေ့ခဲ့တာဖြစ်ပါတယ်။လေ့လာမှုမှာ သတ်မှတ်ထားတဲ့ PM2.5 အဆင့်နဲ့ ထိတွေ့မှုပျမ်းမျှအဆင့်က33 µg/m3ဖြစ်ပါတယ်။ သွေးဖိအားတိုင်းတာမှုတွေအရ ပါဝင်သူတွေရဲ့ထက်ဝက်နီးပါး(၄၆ ရာခိုင်နှုန်း)ဟာ သွေးတိုးရှိနေတာတွေ့ရပြီး အတော်များများကရောဂါရှိတာမသိသေးသူတွေ၊သေချာမကုသသူတွေဖြစ်နေခဲ့ပါတယ်။ PM2.5 ထိတွေ့မှုမှာ 1µg/m3 ပိုများနေတာက အမျိုးသမီးတွေမှာ သွေးဖိအား ၄ ရာခိုင်နှုန်း မြင့်လာတာနဲ့ သိသိသာသာဆက်နွယ်နေတယ်လို့ တွေ့ရှိချက်တွေကဖော်ပြခဲ့ပါတယ်။ ဒီဆက်နွှယ်မှုမှာ အမျိုးသားတွေကတော့ […]


နှလုံးရောဂါ

နှလုံးကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာ (၈) မျိုး

နှလုံးရောဂါရှိထားပြီးသားလူတွေရော၊ နှလုံးရောဂါရှိမရှိ မသိသေးတဲ့သူတွေရော ကိုယ့်မှာဖြစ်တဲ့လက္ခဏာတွေအကြောင်းသေချာသိထားဖို့လိုတယ်၊ အချိန်မီကုသနိုင်အောင် လက်ဦးဖို့လိုတယ်ဆိုတာလေး သတိပေးချင်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးက လက္ခဏာ အတိအကျမပြတတ်ပါဘူး။ ရုပ်ရှင်တွေထဲကလို ရင်ဘတ်လေးဖိပြီးလဲကျသွားတာမျိုး အမြဲတမ်းမပြပါဘူး။တချို့လက္ခဏာတွေက မောတာ၊ရင်ဘတ်အောင့်တာတင် မဟုတ်သလို အချိန်မီမကုသနိုင်ရင် ဘာဆက်ဖြစ်သွားနိုင်လဲဆိုတာလည်း အပိုင်ပြောဖို့မလွယ်ပါဘူး။ မသေချာရင် နှလုံးကိုစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။ အကယ်၍ကာယကံရှင်က အသက် ၆၀ နဲ့အထက် ရှိနေသူဖြစ်ရင်၊ ဝနေရင်၊ ဆီးချိုရှိရင်၊ ကိုလက်စထရောများရင်၊သွေးတိုးရှိရင်ဖြစ်နိုင်ခြေပိုများတတ်ပါတယ်။ ဒီလိုအချက်တွေ ကိုယ့်မှာရှိတာများလေ ပိုသတိထားသင့်လေဖြစ်ပါတယ်။ အထူးသဖြင့် ဒီလက္ခဏာတွေကို ဂရုစိုက်ပါ - (၁) ရင်ဘတ်ထဲက ဝေဒနာ နှလုံးအတွက်အန္တရာယ်အများဆုံးအဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ ရင်ဘတ်အောင့်တာပါပဲ။ နှလုံးသွေးကြောပိတ်နေတာ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းတာဆိုရင် ရင်ဘတ်ထဲအောင့်တယ်၊ တင်းကျပ်ကျပ်ကြီးဖြစ်နေတယ်၊ ဖိထားသလို ခံစားရတယ်။ ဒီခံစားချက်ကို ဘယ်လိုခေါ်ဆိုလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တချို့က ရင်ဘတ်မှာအလေးကြီးဖိထားသလို ခံစားရတယ်ပြောပေမယ့် ပူလောင်နေတယ်၊ ဖိညှပ်သလိုနာတယ် လို့လည်း […]


နှလုံးရောဂါ

ကိုယ့်မှာ နှလုံးရောဂါရှိနေတာ သိနိုင်မယ့် လက္ခဏာ (၉) ခု

နှလုံးရောဂါရှိနေပြီလားလို့ ကိုယ့်ကိုယ်ကို သံသယရှိတဲ့အချိန်တွေရှိတတ်ပါတယ်။မောတယ်၊ ရင်ဘတ်အောင့်တယ်(တခါတလေလေထိုးတာဖြစ်နေတတ်တယ်) ဆိုရင် ငါတော့နှလုံးရောဂါဖြစ်နေပါပြီဆိုပြီး စိတ်ပူနေတတ်တာက ပြဿနာမရှိပေမယ့် တကယ်တမ်းဆေးကုသဖို့လိုအပ်နေတဲ့သူတွေကရောဂါကိုစောစောမသိလို့ အချိန်မီမကုသနိုင်တာမျိုး၊ ရုတ်တရက် နှလုံးရပ်မှသိရတာမျိုးက အန္တရာယ်ကြီးပါတယ်။ ကိုယ့်မှာ နှလုံးရောဂါရှိနေတာ ဘယ်လိုသိမလဲ ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ဖို့ အချက်ပြနေတာပါ။ (၁) အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာ (ညအိပ်ချိန် တအားဟောက်တာ) ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဟောက်တတ်တဲ့အကျင့်ဆိုတာ ကုသလို့ရပါတယ်။ (၂) အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်တာ သွေးတွင်းအဆီဓါတ်triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတွေဖြစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါသွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊လေဖြတ်ခြင်းအန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။ (၃) လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း အားနည်းတာ လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တာ သင်သိပါသလား။ သုတေသနတွေအရ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း၊ […]


မွေးရာပါနှလုံးရောဂါများ

မွေးရာပါ ပြာနှမ်းနှလုံးရောဂါကုသခြင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

မွေးရာပါ ပြာနှမ်းခြင်း နှလုံးရောဂါ Tetralogy of Fallot ဆိုတာ ဖြစ်တဲ့သူ သိပ်မရှားလှတဲ့ရောဂါတစ်ခုပါ။ မွေးကင်းစကလေးအရွယ်တည်းက ဒီရောဂါရှိမရှိသိနိုင်ပြီး နာမည်အတိုင်း ဖြစ်တဲ့သူက အသက်ရှူရကြပ်တာ၊ နှုတ်ခမ်းတွေ၊ အသားအရေတွေနဲ့ လက်သည်းတွေပြာနှမ်းတဲ့ဝေဒနာကိုခံစားရလေ့ရှိပါတယ်။ ဒီတော့ ကိုယ့်ကလေးမှာ ဒီလို မွေးရာပါပြဿနာရှိနေခဲ့မယ်ဆိုရင်တော့ ခုပြောပြမယ့်မေးခွန်းတွေ မေမေတို့ခေါင်းထဲမှာ တန်းစီနေလိမ့်လို့ထင်ပါတယ် ။ မွေးရာပြာ ပြာနှမ်းတဲ့နှလုံးရောဂါကုသဖို့ ဘယ်ဆရာဝန်ကို ရွေးချယ်ရမှာလဲ ။ ။ မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါကိုပြသဖို့ဆို ကလေးဆရာဝန် ( ဒါမှမဟုတ် )နှလုံးအထူးကု ဆရာဝန်ကို အဓိက ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မွေးရာပြာ ပြာနှမ်းတဲ့နှလုံးရောဂါက မျိုးရိုးလိုက်တတ်လား။ အများစုကတော့ မျိုးရိုးမလိုက်တတ်ဘူးဆိုပေမယ့် ကံမကောင်းစွာနဲ့ ၁၅ ရာခိုင်နှုန်းကတော့ tetralogy of Fallot ရှိနေတဲ့ မိဘတွေဆီက မျိုးရိုးဗီဇက ကလေးတွေဆီ ရောက်သွားနိုင်ပါတယ်။ tetralogy of Fallot […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

အမျိုးသမီးထုရဲ့နှလုံးကျန်းမာရေးအတွက် သိထားသင့်တဲ့ အန္တရာယ်အချက်(၁၀)ချက်

နှလုံးမှာ မကျန်းမမာဖြစ်တဲ့ နှလုံးရောဂါတွေက အမျိုးအစားအများကြီးရှိပါတယ်။ ဒါပေမယ့် တချို့အမျိုးအစားတွေက အမျိုးသမီးတွေမှာပိုအဖြစ်များတတ်သလို မိန်းကလေးနဲ့ယောကျာ်းလေးမှာ လက္ခဏာတွေကလည်း ကွာခြားတတ်ပါသေးတယ်။ ဒီတော့ ကျွန်မတို့ မိန်းကလေးတွေ ကိုယ့်နှလုံးရဲ့ကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်လေးတွေလေ့လာကြည့်ဖို့လိုပါတယ်။ ဒါမှပဲကြောက်စရာကောင်းတဲ့နှလုံးရောဂါအန္တရာယ်ကို ကာကွယ်နိုင်မယ်၊စောစာကုသနိုင်မယ်လေ။ အမှန်တော့ နှလုံးရောဂါရှိသူတွေဟာ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထဲကလို ရင်ဘတ်လေးဖိဖိပြီး အေးဆေးနားနေရတဲ့၊ လူတကာအလိုလိုက်ခံရနေတဲ့ ကံကောင်းသူတွေမဟုတ်ကြပါဘူး။ ကုသထိန်းချုပ်လို့ရတဲ့ အဆင့်လေးတွေကနေ ဗုံးတစ်လုံးလို အချိန်မရွေးထပေါက်ကွဲနိုင်တဲ့အဆင့်လည်းဖြစ်သွားနိုင်ပါတယ်။ သတိထားရမယ့် လက္ခဏာတွေ ရုပ်ရှင်ထဲမတော့ နှလုံးရောဂါဆို ရင်ဘတ်အောင့်တယ်၊မောတယ်။ တကယ်တမ်းက အမျိုးသမီးတွေမှာ သိသိသာသာနှလုံးရောဂါလက္ခဏာပြတာ နည်းပါတယ်၊ သိသာတာက အသက်ရှူမဝ၊ မွန်းကျပ်တဲ့ဝေဒနာကိုခံစားရတာပါ။မေးရိုး၊ ခါး ဒါမှမဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်မှုခံစားရနိုင်တယ်။နောက်ပြီး မအီမသာဖြစ်တာ၊ခေါင်းမူးတာ စတဲ့လက္ခဏာတွေပါဖြစ်နိုင်ပါတယ်။ ရင်ကွဲနာ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ နှလုံးကြွက်သားအားနည်းတဲ့ရောဂါပါ။ ဒီရောဂါအခြေအနေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေရုတ်တရက်ထွက်လာတာကြောင့်၊ ဥပမာ အသည်းကွဲတာ၊ အိမ်ထောင်ကွဲတာ၊ မိဘဆွေမျိုးနဲ့မိသားစုဝင်ဆုံးပါးတာ လိုမျိုး စိတ်ထိခိုက်ခံစားရတဲ့ကိစ္စတွေကြုံလာရပြီးနောက် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း