brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အိပ်ချိန်နည်းလွန်း၊များလွန်းသူတွေမှာ Heart attack ဖြစ်နိုင်ခြေပိုများ

အိပ်ချိန်နည်းလွန်း၊များလွန်းသူတွေမှာ Heart attack ဖြစ်နိုင်ခြေပိုများ

အိပ်ချိန်နည်းလွန်း၊များလွန်းသူတွေမှာ Heart attack ဖြစ်နိုင်ခြေပိုများ

ကျန်းမာရေးအတွက် အိပ်ချိန်မှန်ဖို့အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် မှန်မှန်အိပ်တယ်ထင်လား။ နိုးပါနော်။ အိပ်ချိန်မှန်အောင်ဂရုစိုက်တဲ့သူနည်းပါတယ်။

အလုပ်များရင် ညနက်တာ၊ မိုးလင်းပေါက် ဂိမ်းဆော့တာ ၊ အရေးကြီးကိစ္စရှိလို့ အစောကြီးအိပ်ရာထရတာ၊ ပိတ်ရက်ဆို နေမြင့်တဲ့ထိ လှိမ့်အိပ်တာ၊ ဒါတွေအကုန်လုံးက အိပ်ချိန်ကို ပုံမှန်မထားရှိလို့ပါ။ အကျိုးဆက်ကတော့ ကျန်းမာရေးအတွက် အမျိုးစုံတဲ့ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။

လေ့လာမှုအသစ်အရတော့ အိပ်စက်ချိန်ပုံမှန်မရှိတာ၊ မလုံလောက်တာက နှလုံးကျန်းမာရေးကိုထိခိုက်နိုင်ကြောင်းသေချာစေပါတယ်။ အိပ်စက်ချိန်အတိုင်းအတာက လူတစ်ယောက်ရဲ့ နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေအန္တရာယ်ကို လွှမ်းမိုးနိုင်ပါတယ်လို့ သုတေသနတွေ့ရှိချက်အသစ်ကဆိုပါတယ်။

အမေရိကန်နဲ့ဗြိတိန်သုတေသီတွေကဗြိတိန်နိုင်ငံအတွင်းက အသက် ၄၀- ၆၉ နှစ်အတွင်းရှိ လူဦးရေ ၄၆၁၃၄၇ ဦးရဲ့ အိပ်စက်မှုအလေ့အထနဲ့ ကျန်းမာရေးမှတ်တမ်းတွေကိုလေ့လာခဲ့တာဖြစ်ပြီး American College of Cardiologyဂျာနယ်မှာဖော်ပြခဲ့တဲ့သုတေသနဖြစ်ပါတယ်။

တစ်ညကိုအိပ်ချိန် ၆ နာရီမပြည့်တဲ့သူတွေက နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများတယ်လို့ သုတေသနက ဆိုပါတယ်။ တစ်ညကို ၉ နာရီကျော်အောင်အိပ်တဲ့သူတွေကတော့ ဒီအန္တရာယ် ၃၄ ရာခိုင်နှုန်းပိုများပါတယ်။

အိပ်ချိန် ၆ နာရီကနေ ၉ နာရီအတွင်းရှိတဲ့သူတွေက နှလုံးလုပ်ဆောင်ချက်ရပ်ဆိုင်းနိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရပါတယ်။

လေ့လာသူတွေက နှလုံးကျန်းမာရေးနဲ့အိပ်စက်ခြင်းကို သက်ရောက်မှုရှိနိုင်တဲံအချက်တွေကို ဖယ်ထားပြီး ဆန်းစစ်ဖို့ကြိုးစားခဲ့ကြတာပါ။ အဲဒီအချက်တွေထဲမှာ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ကျန်းမာရေး၊ ဝင်ငွေ၊ ပညာရေး၊ဆေးလိပ်သောက်ခြင်း၊စတာတွေပါဝင်ပါတယ်။

တစ်ညကို ၅ နာရီအိပ်စက်တဲ့သူတွေဟာ ၇နာရီကနေ ၈ နာရီအတွင်းအိပ်စက်သူတွေထက် နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၅၂ ရာခိုင်နှုန်းပိုများပါတယ်။ တစ်ညကို ၁၀ နာရီအိပ်စက်သူတွေကတော့ ဒီအန္တရာယ် နှစ်ဆပိုများပါတယ်တဲ့။

ဒါ့ကြောင့် အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးအကြံပြုချက်က –

  • အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်ကိုနေ့တိုင်းတသမတ်တည်းသတ်မှတ်ထားပါ။ ပိတ်ရက်ဆိုရင်တောင် အရမ်းကာရောမအိပ်မိဖို့ သတိထားပါ။
  • သဘာဝအလင်းရောင်ကို အလုံအလောက်ခံယူပါ။ အထူးသဖြင့် မနက်အစောပိုင်းနေရောင်ခြည်။
  • ကိုယ်လက်လှုပ်ရှားမှုနေ့တိုင်းရှိပါစေ၊ အိပ်ရာဝင်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်းမလုပ်ပါနဲ့။
  • အိပ်ရာမဝင်ခင် နာရီပိုင်းအတွင်း အစားအသောက်တွေရှောင်ပါ။ အထူးသဖြင့် အဆီများတာ၊ အချိုများတာတွေနဲ့ အရက်ဘီယာတွေကိုပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။