Aortic stenosis – aorta နှလုံးသွေးကြောကျဉ်းတာကြောင့်ဖြစ်ရတဲ့ ရင်ဘတ်အောင့်ခြင်းကတော့ ကျဉ်းနေတဲ့သွေးကြောထဲ သွေးတွေပို့တဲ့အချိန် အလုပ်ပိုလုပ်ရတဲ့ နှလုံးကြွက်သား နာကျင်တာကြောင့် ဖြစရတာပါ။
အဆုတ်ကြောင့်ဖြစ်ရတဲ့ ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်တယ်ဆိုတာနဲ့ နှလုံတစ်ခုတည်း ပြောလို့မရပါဘူး။ အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့်လည်း ရင်ဘတ်အောင့်တာ ဖြစ်တတ်ပါတယ်။ ဘယ်လို အဆုတ်ပြဿနာတွေကြောင့် ရင်ဘတ်အောင့်တတ်လဲဆိုတာ ကြည့်ရအောင်။
Pneumonia – ဒီ အဆုတ်ပိုးဝင်ပြီး အဆုတ်ရောင်တဲ့ပြဿနာဟာ အဆုတ်ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းကို အဓိက ဖြစ်စေတဲအကြောင်းအရင်းပါ။
Pulmonary thromboembolism (PTE) – အဆုတ်သွေးကြော သွေးခဲပိတ်တဲ့အခါမျိုးမှာလည်း ရင်ဘတ်အောင်တဲ့ ဝေဒနာခံစားရတတ်ပါတယ်။
Pneumothorax – အဆုတ်နဲ့ အဆုတ် အလွှာကြားထဲ လေဝင်တဲ့ပြဿနာတွေမှာလည်း ရင်ဘတ်အော့်တတ်ပါတယ်။
Pleurisy – အဆုတ်ကိုခြားထားတဲ့ အလွှာပါးလေး ရောင်တဲ့ပြဿနာ pleurisy ကြောင့် အသက်ရှူတဲ့အခါတိုင်း ရင်ဘတ်အောင့်တတ်ပါတယ်။
Pulmonary hypertension – အဆုတ်သွေးကြော တွေမှာ ဖိအားများတဲ့ ပြဿနာဖြစ်တဲ့ pulmonary hypertension ကြောင့် ရင်ညွှန့်အထက်နားလောက် အောင့်တဲ့ဝေဒနာခံစားရတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။