မွေးရာပါနှလုံးရောဂါများ

မွေးရာပါ နှလုံးရောဂါဆိုတာ မွေးဖွားလာစဉ်ကတည်းက နှလုံးတည်ဆောက်မှုမှာ ချို့ယွင်းချက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ပါလာတဲ့ အခြေအနေမျိုးပါ။ မွေးရာပါ နှလုံးရောဂါဆိုတာက မွေးကတည်းက ချို့ယွင်းချက် ပါလာတဲ့ အခြေအနေပါ။ မွေးရာပါ နှလုံးရောဂါက နှလုံးက သွေးစီးဆင်းမှုတွေကို ပြောင်းလဲ စေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မွေးရာပါနှလုံးရောဂါများ

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မွေးကတည်းက ကျန်းမာရေး ပြဿနာ တစ်ခုခု ပါလာတဲ့ ကလေးငယ်လေးတွေဟာ အခြား ကလးငယ်လေးတွေနဲ့ မတူပါဘူး။ အစားအစာကစလို့ နေထိုင်မှု အထိ အသေးစိတ် ဂရုစိုက်ပေးနိုင်မှ ကျန်းမာစွာနဲ့ အရွယ်ရောက် ကြီးပြင်းလာမှာပါ။ ဒီ တစ်ခေါက်တော့ မွေးရာပါ နှလုံးရောဂါ ပါလာတဲ့ ကလေးလေးတွေကို ကျန်းမာနေစေဖို့အတွက် အာဟာရ ပြည့်အောင် ဘယ်လို ကျွေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြား ကျန်းမာတဲ့ ကလေးတွေထက် ကြီးထွားမှု နှေးပါတယ်။ ဥပမာ ပြောပြရရင် မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးလေးတွေက အခြားကလေးတွေထက် ပိုပိန်တာ၊ ပိုညှက်တာမျိုး ရှိနိုင်သလို အခြား ကလေးတွေထက်လည်း ထိခိုက်လွယ်ပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန် […]

မွေးရာပါနှလုံးရောဂါများ ကို ရှာဖွေမည်။

မွေးရာပါနှလုံးရောဂါများ

မွေးရာပါနှလုံးရောဂါရှိသည့်သင့်ကလေးကို ဘယ်လိုဂရုစိုက်မလဲ

မိဘများနေဖြင့် မွေးရာပါနှလုံးရောဂါရှိသည့်ကလေးငယ်ကို ပြုစုရခြင်းသည်ခက်ခဲပါသည်။ ဤဆောင်းပါးသည် သင့်ကလေးကိုစောင့်ရှောက်ပုံနှင့် မိဘများတွေ့ကြုံရမည့်အခက်အခဲများကို ဖြေရှင်းနိုင်ရန် အကြံပြုချက်များပေးပါမည်။ သင့်ကလေးဆေးရုံတွင်ရှိနေစဉ် သင့်ကလေးသည် ဆေးရုံတွင်ခွဲစိတ်ရန်ရှိနေစဉ်တွင် သူတို့သည် အကြောဆေးသွင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ အသက်ရှူစက်မှတစ်ဆင့်အောက်ဆီဂျင်ရှူခြင်း၊ ရင်ဘတ်မှအရည်စုပ်ထုတ်ခြင်းစသည့် ကုသမှုများခံယူရမည်။ ထိုလုပ်ဆောင်မှုများသည် ကလေးများသာမက မိဘများကိုပါကြောက်လန့် စိုးရိမ်စေသည်။ အောက်ပါအချက်အလက်များက မိဘများက ကလေးများကို စောင့်ရှောက်ရန်ကူညီနိုင်ပါသည်။ • ကလေးနှင့်ရင်းနှီးသောအရာဝတ္ထုများ ယူလာပါ။ ဥပမာ -အကြိုက်ဆုံးဝက်ဝံရုပ်၊ ကစားစရာများ(သို့) သက်တောင့်သက်သာဖြစ်စေသော စောင်များဖြစ်သည်။ • တတ်နိုင်သမျှ ကလေးနှင့် အတူနေပေးပါ (သို့) ကလေးနား မကြာခဏ သွားနေပေးပါ။ • သူတို့မိသားစုဝင်များ၏ နေ့စဉ်အကြောင်းကို ပြောပြပါ။(သို့) အကြိုက်ဆုံးသီချင်းကိုဆိုပေးပါ။ • သူနာပြုများကို သင့်ကလေး၏အကျင့်များ၊ နေ့စဉ်အချိန်ဇယား၊ သင့်ကလေးအသုံးပြုလေ့ရှိသော စကားလုံးများကို ပြောပြထားပါ။ • ဆေးရုံဝန်ထမ်းများကို အကူအညီတောင်းကာ သင့်ကလေးကိုဂရုစိုက်ရန် မှန်ကန်သောနည်းလမ်းကို မေးမြန်းပါ။ အောက်ဆီဂျင်ပြဿနာများကို ကိုင်တွယ်ခြင်း။ မွေးရာပါနှလုံးချို့ယွင်းမှု အချို့က သင့် ကလေး၏ […]


မွေးရာပါနှလုံးရောဂါများ

Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Ventricular septal defect (သွေးလွှတ်ခန်းနှစ်ခုကြားနံရံ ပျက်စီးခြင်း ) ကဘာလဲ။ သွေးလွှတ်ခန်းနှစ်ခုကြားနံရံပျက်စီးခြင်း သည် သွေးလွှတ်ခန်း နှစ်ခု၏ အဖြစ်များသော မွေးရာပါ ချို့ယွင်းမှုတစ်ခု ဖြစ်သည်။ သွေးလွှတ်ခန်းနှစ်ခုသည် နှလုံး၏ အောက်ဖက်မှ အခန်းနှစ်ခန်း ဖြစ်ပြီး အပိုင်းအခြား များဖြင့် ခွဲခြားထားပါသည်။ နှလုံး၏ ဘယ်ဘက်အခြမ်းသည် ပုံမှန် အားဖြင့် ဖိအားပြင်းပြင်းဖြင့် သွေးများကို စုပ်ထုတ်ပါသည်။ ညာဘက်ထက် အောက်စီဂျင် နည်းပါသည်။ သွေးလွှတ်ခန်းကြားနံရံတွင် အပေါက်တစ်ခု ဖြစ်လာခြင်းသည် နှစ်ဘက်မှ သွေးများကို ရောထွေးစေကာ အောက်ဆီဂျင် နည်းသောသွေးများကို ခန္ဓါကိုယ်သို့ သယ်ဆောင် စေပါသည်။ အဓိက ဆိုးကျိုးမှာ နှလုံးမှ လုံလောက်သော သွေး မထုတ်လုပ်နိုင်ခြင်းကြောင့် နှလုံးပျက်စီးခြင်း ဖြစ်သည်။ ကလေးများတွင် ပျက်စီးခြင်းသည် သွေးကြောမကြီးအဆို့ရှင်နားတွင် ဖြစ်ပါက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်